ကိုးလလွယ် ဆယ်လဖွား
ဒုက္ခများ ခါးစည်းခံလို့ 
မွေးခဲ့  ကျွေးခဲ့  ပြုစုခဲ့တဲ့
ချစ်ကျေးဇူးရှင် မြတ်မိခင်
အကျွနုပ်အား မွေးဖွားပြုစု
ယုယမှုအဝဝနဲ့  ပညာစုံလင် သင်ကြားစေခဲ့။
နှစ်တွေကြာမြင့် ခုချိန်ထိလည်း
တွေ့ မြင်လိုက်တိုင်း ကလေးယောက်လို ထင်မြင်ဆဲမို့ 
စိတ်မချချင် အစဉ်ပူပင်နေမြဲပါ။
ဒီနေ့ ဒီရက် ရောက်ပြန်တိုင်းလည်း
မြတ်ဘုရားထံ သူဆုပန်မြဲ
ကိုယ့်အတွက် သူဆုတောင်း
ဘေးဘယာ ဝေးကွာရစေကြောင်းနဲ့ 
ကုသိုလ်တိုးပြု အစုစုကို မျှဝေပေးခဲ့ ။
သို့ ပေမဲ့လည်း အလိုက်မသိ ကိုယ်မိုက်မိ၏
လွန်တာတွေရှိလို့  ဝန္တာမိပါ
မွေးမိခင်အား ဦးချတောင်းပန် ကန်တော့ပါချင်၊
နောင်အစဉ် အမှန်ပြင်ကာ နေပါမည်ဟု
ဒီမွေးရက်မှာ ဂတိချွေ၏
►Posted by
:kiki
:
at
3/16/2009 06:58:00 AM
Subscribe to:
Post Comments (Atom)
3 comments:
မိဘကျေးဇူးကို မွေးနေ့မှာ ရေးပြီး ကန်တော့ထားတာ မြင်ရတော့ သိပ်ကောင်းပါတယ်ရှင်
မိဘ ကျေးဇူးကို ဆပ်ထားတာ တကယ် ကောင်းတယ်
မွေးနေ့စပြီး ဘ၀တစ်လျှောက်လုံး ပျော်ရွှင်နိုင်ပါစေဗျာ
သာဓု သာဓု သာဓု
မွေးနေ့ ရောက်မှ
မိုက်ခဲ့တာကို သတိရသေးတဲ့အတွက် ဝမ်းသာပါတယ်..
ကဗျာလေးနဲ့ ဆုတောင်းတဲ့အတိုင်း ဆုတောင်းပြည့်ပါစေဗျာ..
Post a Comment