နီးခြင်း ဝေးခြင်း ပညတ်ခြင်းမှာ
မင်းဟာ ငါနဲ့  အဝေးဆုံး ကမ္ဘာ။
ချစ်ခြင်း မုန်းခြင်း ပြုံးပျော်ခြင်းမှာ
မင်းကို ချစ်တာ အဓိက ပါ။
အဝေးတွင် ကြွေးတင် ပေးမပြေခြင်းမှာ
ငါဘဲ အမြဲစဉ် ပေးဆပ်မှာ။
စိတ်နှောင် အရိပ်မှောင် လရောင်မဲ့ ရင်
ငါပင် ထာဝစဉ် ရင်ဆိုင်ချင်။
အစုတ်တက ရှုပ်ပွ ဒုက္ခများစွာ
ကိုယ်သာ ကြိတ်မှိတ် ခံစားမှာ။
ပျော်ရွှင် သုခ သံသာများဟာ
မင်းအတွက် သီးသန့်  ဖြစ်စေရာ။
အဲဒီလောက်တောင်ချစ်တာများမှာ
ဥပက္ခာ ပြုရက်တာ ခံရလေတဲ့ ဘဝပေမို့ ၊
ဆန္ဒတွေရှိပေမဲ့  အမှန်မပြတဲ့  ငါ့ဦးနှောက်မှာ
သံသယတွေများစွာပါဘဲလေ။
( Tension တွေများလို့  Chatting တွေလည်း မဝင်ချင်ပါ။ အိပ်မက်ဆိုးက နိုးထချင်ပါမှလမိုက်ညရဲ့  ဝင်္ကဘာထဲ တဝဲဝဲလည်နေမိလို့ ဝေးတမြေက မေမေရေ ကယ်ပါအုံးဗျို့ ။
အလုပ်ကြွေးတွေ ဆပ်မကုန်သေးပါ။အမှားတရံ မရှိပေမဲ့  အမှန်တရားလည်း ရှာမတွေ့ နိုင်သေးတဲ့ အဝေးရောက် တမ်းတခြင်းတခု )
►Posted by
:kiki
:
at
3/26/2009 11:57:00 AM
Subscribe to:
Post Comments (Atom)
5 comments:
အမရေ အလည်ရောက် လာခံစားပါတယ်ဗျာ.. ကျနော်လဲ ဒီလိုပဲ အမေ့ကို လွမ်းတယ်ဗျ
လေးစားလျက်
တောင်ပေါ်သား
မကြီးရေ..ကဗျာလေးကို ခံစားသွားတယ်။ထပ်တူပါပဲ။
မေ့ကိုလွမ်းနေတယ်။
မကြီးရေ..ကဗျာလေးကို ခံစားသွားတယ်။ထပ်တူပါပဲ။
မေ့ကိုလွမ်းနေတယ်။
လွမ်းမှ... ဝေးတမြေက မေမေအော်နေတာလားမမရ... မမကလည်း မမမေမေ နားအေးအေးနေပါစေနော်.. သိပ်ကောင်းတဲ့ သိပ်လှတဲ့ ခံစားချက်တွေကို ဖော်ညွှန်းတဲ့ ရင်ကိုထိစေတဲ့ ကဗျာပါပဲမမရေ
ူသံသယတွေနဲ့ ဝေးပါစေ
Post a Comment