ဒီပုံလေးတွေကတော့ တရုပ်ပြည်က ဗမာတန်းပေါ့ ( ကမ္ဘာတဝှမ်း နိုင်ငံတွေ အတော်များများမှာ တရုပ်တန်း( ချိုင်းနားတောင်း) ..
ဆိုတာရှိနေကြတယ်လေ ။ ဒါပေမဲ့ ဗမာတန်းဆိုတာတော့ရှားတယ်ပေါ့ )
ဒီပုံတွေမှာမြင်ရတဲ့  နေရာလေးကတော့  တနင်္ဂနွေနေ့  လူအစည်ဆုံးလို့ ပြောလို့ ရတဲ့  ဝှာရှင်းကျဲ ( Hwa Shin Street ) ပါ ။
ထိုင်ပေမြို့ ရဲ့  ကျုံးဟို မြို့ နယ်လေးမှာ ။ ဗမာပြည်ကပြန်လာတဲ့ လူတွေ စုနေကြတဲ့ ရပ်ကွက်လေးတခုပါ ၊
လူဦးရေပေါင်း သုံးသောင်းလောက်ရှိတယ်ပြောတယ်။
ဒီလမ်းလေးမှာ တနင်္ဂနွေတရက်ဆို မနက်မှညနေအထိ စားသောက်ဆိုင်တွေမှာ လူအစည်ဆုံးလေ။
ဗမာ၊ရှမ်း၊ တရုပ်၊ကုလား၊ယိုးဒယား စာ အတော် စုံအောင်ရပါတယ် ။ မုန့် ဟင်းခါး ။အုန်းနို့ ခေါက်ဆွဲ ။လက်သုတ်စုံ
ကြာဆံဟင်းခါး ၊ ရှမ်းခေါက်ဆွဲ ၊ကြေးအိုး၊ ဆီချက် ၊အကြော်စုံ ။ ဘူးသီးကြော် ။မန္တလေးပဲကြော် ။ဗယာကြော်
၊စမူဆာကြော် ၊ လဖက်ရည် က အစ ၊မလိုင်၊ နံပြား ၊ပလာတာ ၊အာလူး ပူရီ ။ ဒန်ပေါက်၊ ဗမာ ဟင်းမျိုးစုံ ။
( အင်းပြောရင်းဆိုရင်းတောင်စားချင်လာပြီ)။
ပြီးတော့ ဗမာပြန်ဆရာဝန်တွေ ဖွင့် ထားတဲ့  ဆေးခန်းတွေ ၃-၄ ခု ၊dental , OG, Internal Medicine Clinic လေးတွေ..
ဗမာပြည်ကိုငွေလွှဲချင်ရင်၊ ပါဆယ်ထုပ်ပို့ ချင်ရင်လဲ ဗမာဖြစ်ပစ္စည်းတွေ ရောင်းတဲ့ ဆိုင်ကနေတဆင့် ပို့ လို့ ရတယ်လေ ။
ပြီးတော့ မကြာခင်မှာကျရောက်တော့မဲ့ သင်္ကြန်ပွဲနဲ့  တခြား ပွဲတော်ရက်ကြီးတွေ..ဥပမာ သီတင်းကျွတ်မီးထွန်းပွဲ ၊လိုမျိုးလေးတွေ
ဆိုရင်လည်း ဒီနေရာလေး. ၊ လမ်း လေးကို ဟိုဘက် ဒီဘက် ထိပ် ပိတ်ပြီး အလယ် မှာ ကျင်းပကြတာများပ်ါတယ် ။ ဒီလမ်းနဲ့ တဆက်တည်း
မှာရှိတဲ့  ကျုံးရှောက်ကျဲ မှာလည်း ဗမာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း တခု ရှိပါသေးတယ်
ဒါကြောင့်  ဒီနေရာလေးကို တရုပ်ပြည်က ဗမာတန်းလို့ ခေါ်ရင်လဲ မမှားပါဘူး ...
ဗမာပြည်နဲ့ ဝေးနေရပေမဲ့  ဗမာပြည်ရဲ့  အငွေ့ အသက်လေးတွေ ရနေသေးလို့  အားရက်တိုင်း ဒီနေရာလေး ရောက်ဖြစ်ပါတယ်။
အလွမ်းပြေ ..စိတ်ဖြေစရာ နေရာလေး တခုပါ ။
3 comments:
ကောင်းတယ်... မရောက်ဖူးတဲ့ အရပ်က စိတ်ဝင်စားစရာတွေ တင်ပေးတော့ လေ့လာရတာ အမြတ်ပဲ.. ကျေးဇူးတင်ပါတယ်မမရေ
တိုင်ပေမှာ အဲလို ဗမာဆိုင်တွေ ရှိတာ ခုမှသိတယ်။ ကောင်းပါပေ့။
မသိတာလေးတွေ သိသွား၇တယ်။ ကောင်းပါတယ်
Post a Comment