ဝေးတနေရာမှ တွေးဆကာ ပူနေရသူအဖို့ 
အမြဲပင် မြင်ချင်ကြားချင်ပေါ့ သူ့ ရုပ်သွင်နဲ့ သူ့ သံစဉ်
အချိန်ရှိသရွေ့ ကွန်ရှေ့ မှာထိုင်၊ ကွန်ပစ်ကာစောင့်မှိုင်နေရပ
ကန်သင်းရိုးထက်က ရွှေဗျိုင်းနဲ့ အပြိုင် လည်တိုင်ကိုရှည်လို့ 
ယိုင်နဲ့ စွာဗျာ ပွေ ။
ဝင်လာချိန်မှာ သူတမင်ကလာ မမြင်ယောင်ဆောင်တာများ
ကိုယ်သိပေမဲ့ မသိသလိုနေခဲ့
သူခေါ်လိုက်ရင် ဘဝင်ဟိုက်အောင် အိုက်တင်တောင်ကိုယ်မလုပ်အား
သူခေါ်တုံးမှာ ကိုယ်မပြုံးရင် မုန်းတော့မယ်အထင်ရောက်
ဘယ်လောက်ပင်အိပ်ချင်ပေမဲ့  အခွင့်ရေးလေးတမျှင်တောင်
မဆုံးနိုင်လောက်အောင် အရေးထားမိပါရဲ့ 
မဖုရားသခင်။
သို့ သော်ငြားလည်း ကိုယ့် chatting တွေ သူမဝင်လိုတိုင်း
connection ကို အပြစ်ပုံချ ငြင်းခဲ့ တဲ့ အကြိမ်ပေါင်းများစွာ
ငတုံး ငအ ကိုယ့်မှာတော့ မဆီမဆိုင် လဒ မှိုင်၍
ထိုထို လဒ အသက ကို ဂုဏ်ပုဒ်ဖေါ်ကာ ရွတ်ဆိုမိသေး
ရွှေမေတ္တာတွေ အခါခါပေးလို့ ။
ထို တချိန်တည်းတွင် ပျိုကညာခင်မှာဖြင့်
အကောင့်မျိုးစုံ အဖုံဖုံ နာမည်များစွာနဲ့ 
အမောင်သကောင့်သားအပေါင်းတို့ အား
အီစီကလီ Q Q Q ကာ မြှု နိုင်တဲ့  အစွမ်းများဟာဖြင့်ရင် ၊
စွမ်းအားရှင် ထိပ်ခေါင်တင် အလား
သြချရလောက်အောင် ကို ထူးခြား။
( စွမ်းအားရှင်ဆိုတာကို အဓိပ္ပါယ် အကောက်မလွဲကြစေချင်ပါ ။ သံသယ ဆန်ဆန် အတွေးများ တိုက်ဆိုင်နေပါက ခွင့်လွှတ်တော်မူစေချင်ပါ၏ )
►Posted by
:kiki
:
at
3/17/2009 08:27:00 AM
Subscribe to:
Post Comments (Atom)
4 comments:
အောင်မလေးဟဲ့
ချက်တင် အဘိဓာန် ကို ကဗျာ တတန် စာ တတန်နဲ့ ဖွဲ့ နွဲ့ နေလိုက်တာ..
သြချလောက်ပါတယ်...
အဟေးးးဟေးး
ကောင်းတယ်..ရယ်ရတယ်..
စွမ်းအားရှင်ဆို ဟို စွမ်းအားရှင်လားလို့ ဟိဟိ ထိတ်တာ :P
မမ
စွမ်းအားရှင်ကို ကြောက်မိပါ၏..။
Post a Comment