ကြောက်လို့  ဟိုးအနောက်မှာ ကပ်ပြီးပုန်းနေတဲ့  ကျောက်ကပ်လေး ၂လုံးရှိနေလို့  တော်ပါသေးရဲ့  ။ နှစ်လုံး လိုသာ
တစ်ခုတည်းသာရှိနေရင် ဖြတ်ထုတ်ပစ်လို့ လဲ မလွယ်ဘူး ။ ကျောက်ကပ် ၂ ခု စလုံးဟာကောင်းမွန်ကျန်းမာနေမယ်ဆိုရင် တခုကို ဖြတ်ပြီး သူနဲ့  သွေးတူ မျိုးတူတဲ့  လိုအပ်နေတဲ့ လူတယောက် ဆီအစားထိုးပေးလို့ ရတယ် ။ ဒါပေမဲ့ သူ့ မှာကျန်နေတဲ့ တခုကသာ နောက်ထပ် ရောဂါတခုဝင်လာရင်တော့  ရှေ့ လျှောက် မလွယ်ဘူးပေါ့ ။
ကျောက်ကပ် ပျက်စီးရခြင်း အကြောင်းများ...
-မွေးရာပါ ကျောက်ကပ်သွေးလွှတ်ကြောကျဉ်းခြင်း ။
-polycystic kidneys ,(AutosomalDorminentPolycysticKidneys) ADPKD,-မျိုးရိုးဗီဇနှင့်သက်ဆိုင်သော ရောဂါတမျိုးဖြစ်ပြီး ကျောက်ကပ်တွင် ရေဘူဘောင်းအိတ်ငယ်များသဏ္ဍန်ထွက်ပေါ်နေခြင်း။
-ဆီးလမ်းကြောင်းပိတ်ဆို့ ခြင်း။ဥပမာ ..ကျောက်ကပ်မှာ ကျောက်တည်ခြင်း ။ဆီးပြွန်ကျဉ်းခြင်း ။ အမျိုးသားများတွင် Prostate ခေါ် ဆီးကြိတ်ကြီးပြီး ၄င်း၏အလယ်တွင်ရှိနေသော ဆီးလမ်းကြောင်းကို ကာလရှည်စွာ ဖိထားခြင်းကြောင့် ဆီးကောင်းစွာ မသွားနိုင်ဘဲ ဆီးလမ်းကြောင်းတလျှောက် ပိုးဝင်လွယ်စေတဲ့ အပြင် ၊ကျောက်ကပ်မှာလဲ အရည်များစုပြီးကြီးမားလာကာ နောက်ဆုံး ဆီးမထုတ်နိုင်ကာ ပျက်စီးတတ်ပါသည် ။
- မကြာခဏ ဘက်တီးရီးယားပိုးတွယ် ယောင်ယမ်းခြင်းကြောင့်ကျောက်ကပ်ဆဲလ်များပျက်စီးခြင်း။
-သွေးတိုးနှင့် နှလုံး ရောဂါ - ဆေးမှန်စွာမမှီဝဲသူများ သွေးဖိအားမြင့်ခြင်း ကာလကြာလျှင် သွေးကြောနံရံ ထူပြီးသွေးကြောပိတ်လွယ် ပြီး ကျောက်ကပ်သို့  စီးဆင်းသော သွေးနည်းပါးပြီး အဆိပ်အတောက်များကို ကုန်စင်အောင် မစွန့် ထုတ်နိုင်တော့ဘဲ ပျက်စီးရသည် ။
-ဆီးချို ရောဂါ -အာရုံကြောများထိခိုက်ပြီး နောက်ဆုံး ကျောက်ကပ် ပျက်စီးရသည် ။
-Acetaminophen , Tylenol , Ibuprofen အစရှိသော အကိုက်အခဲပျောက်ဆေးများကို လွန်ကဲစွာ သောက်သုံးခြင်း။
ခံစားရမည့် ရောဂါ လက္ခဏာ များ ....
-မောပန်းလွယ်ခြင်း ။
-အစားအသောက်ပျက်ခြင်း ။
-ပျို့ ချင် အန်ချင်ဖြစ်ခြင်း ။
-ညဘက်တွင် ဆီးအကြိမ်ပေါင်းများစွာ သွားခြင်း ။
-ခြေ ၊လက် ၊ မျက်နှာ များ ဖေါသွပ် ယောင်နေခြင်း ။
-အကယ်၍ အဆုပ်ထဲတွင် အရည်များစုနေပါက အသက်ရှူ ရန်ခက်ခဲ ပြီး မောတတ်ခြင်း ။
-အရေပြားအလွန်အမင်းယားယံခြင်း ။
-အရိုးအဆစ်များကိုက်ခဲခြင် ။ အရိုးကျိုးလွယ်ခြင်း။
-လိင်မှုဆက်ဆံရာစိတ်ပြောင်းလဲခြင်း။
ကျောက်ကပ် ကောင်း /မကောင်း ဘယ်လို စမ်းသပ် သိရှိနိုင် မလဲ....
၁ - ဆီးစစ်ခြင်း ။
ဆီးထဲတွင်ပါဝင်သည့် ပရိုတင်းဓါတ် ၊အယ်ဗျူမင် Albumin ခေါ် အသားဓါတ်တမျိုး ။အစရှိတာကို စစ်ခြင်း ။
၂၄ နာရီထွက်သောဆီးစုစုပေါင်းရှိသော ပမာဏနှင့် ဆီး၊သွေးထဲမှာရှိသော ဆိုဒီယမ် ၊ creatinine ဓါတ်ကိုတွက်ချက်ပြီး ကျောက်ကပ် ကောင်း/မကောင်း သိနိုင်ပါတယ်။
၂- သွေးစစ်ခြင်း ။
သွေးထဲမှာရှိသော BUN , Creatinine ,Electrolytes ( Na , K , P, Ca ) , Urea , Nitrogen , Calcium ထုံးဓါတ်,Phospharus , Sodiumဆားဓါတ် , Potassium ,လိင်နှင့်ဆိုင်သော ဟော်မုန်းဓါတ်များ စစ်ဆေးခြင်း
၃- ဓါတ်မှန် ၊ ultrasound လုပ်ပြီး ကျောက်ကပ် ပုံ သဏ္ဍန် ၊အရွယ်အစား ၊ ကျောက်တည်မှု တို့ ကို ရှာဖွေပြီး ကျောက်ကပ် ပုံမှန်ရှိ/မရှိ သိနိုင်ပါတယ် ။
ဘယ်လို အခြေအနေမှာ ကျောက်ကပ်ရောဂါကို ကုသရမလဲ။
အကြမ်းအားဖြင့် ပုံမှန် တာဝန် မထမ်းဆောင်နိုင်တဲ့ကျောက်ကပ် ကို အချိန်မှန် ၃လ တကြိမ် သွေး ၊ ဆီး ။စစ်ပြီး ၆လ တကြိမ်လောက် ultrasound ရိုက် မှတ်တမ်းတင်ရပါတယ် ။ဒီကြားထဲ နေထိုင်မကောင်းဖြစ်ရင်တော့ လိုအပ်သလို စစ်ဆေးရတာပေါ့ ။
တကယ်လို့  ကျောက်ကပ်ပြွန်မွှားလေးမှာ သွေးလည်ပတ် စစ်ယူနှုံး -Glomarular Filtration Rate( GFR ) က ပုံမှန်လူ မှာ 100-140ml/min(အမျိုးသား) နဲ့  85-115 ml/min( အမျိုးသမီး) ထက် အတော် နဲ ပါး ပြီး 15 ml/min အောက်မှာ ရှိနေသူတွေဟာ ကျောက်ကပ် ဆေးကြောဖို့ လိုအပ်နေပါတယ် ။
ကျောက်ကပ်ဆေးနည်း ၂မျိုးရှိပါတယ်
(၁)-Hemodialysis - အဆိပ်အတောက်လွန်ကဲနေတဲ့ သွေးကို သွေးလွှတ်ကြောမှ ထုတ်ယူပြီး ကျောက်ကပ် ဆေးတဲ့ စက်မှတဆင့် သန့် စင်၍သွေးပြန်ကြောသို့ပြန်ပို့ ပေးခြင်း။
အဲဒီနည်းနဲ့ ဆို တပါတ်မှာ ၃ ကြိမ် ၊ တကြိမ်မှာ ၃ နာရီ မှ ၅ နာရီ ကြာအောင် ဆေးကြောရပါတယ်။ ဒါကို ဆေးရုံတွေ မှာ အပြင်လူနာ အနေနဲ့  ပြုလုပ်ပေးပါတယ်။
(၂)- Peritoneal Dialysis - ဗိုက်တွင် ခွဲစိပ် တတ်ဆင်ထားသော ပြွန် မှ တဆင့် ၊ဝမ်းတွင်းခေါင်း အမြှေးကို ဖြတ်၍ သန့် စင်ပေးခြင်း ။ဒီနည်းကတော့  လူနာကိုယ်တိုင် ကိုယ့်အိမ်မှာဘဲ ကိုယ်တိုင်ဆေးလို့ ရပါတယ်။ နေ့ တိုင်း တနေ့ ကို ၃ခါ မှ ၄ ခါထိ ၊ တခါကို ၁နာရီလောက်ဘဲ ကြာပါတယ် ။ဒီနည်းက ပို လွယ်ကူအဆင်ပြေပေမဲ့ ။ကိုင်တွယ်တာ မသန့် ရှင်းရင် ပိုးမွှားတွေ ဝင်ဖို့ လဲ လွယ်တယ်လေ ။ ဒါကြောင့် သိပ်ကြာကြာသုံးရတာ မကောင်းဘူးပေါ့ ။
ကျောက်ကပ်ဆေးရတဲ့  ဒုက္ခ နဲ့  ဝေဒနာတွေ အတော်လေးများပါတယ် ။
-သူများတကာတွေလို စားချင်တာတွေ ၊ စားချင်သလောက် မဆင်မခြင်ဘဲ စားလို့ မရဘူး ။ ရှောင်ရတဲ့  အစားအသောက်တွေ အများကြီးပါဘဲ။
-သွေးသွင်းတဲ့ အပ်ထက်ကြီးတဲ့  အပ်နဲ့ တကြိမ်မှာ အနဲဆုံး ၂ခါ ။ တပါတ်မှာ ၃ကြိမ် အထိုးခံရတယ် ။
-သုံးတာကြာလာတော့ သွေးလွှတ်ကြော၊သွေးပြန်ကြောတွေ မကြာခဏပျက်စီးလို့ ခဏခဏ ပြန်ခွဲစိပ်ခံရတာလဲ ရှိပါတယ် ။
ဆေးပုံဆေးနည်းတွေကိုတော့ ရှုပ်နေမှာစိုးလို့ အသေးစိတ်မပြောတော့ပါဘူး ။
ဒီအောက်က ပုံ လေးကိုကြည့် ပါ ..
သွေးလွှတ်ကြောနဲ့ သွေးပြန်ကြော ကို ခွဲစိပ်ပြီး ဆက်ပေးရပါတယ်။ ArterioVenousFistula(AVF) လို့ ခေါ်ပါတယ်
ဒါကတော့ HD စက်နဲ့  ကျောက်ကပ်ဆေးနေပုံပါ ။
ဒီလူနာလေးဟာ မွေးရာပါ ကျောက်ကပ်သွေးကြောကျဉ်းရောဂါကြောင့်  ၁၆ နှစ်သားအရွယ်ကတည်းက ကျောက်ကပ်လုံးဝ ပျက်စီးပြီး အသစ်လဲဖို့ Renal Transplantation အလှည့် စောင့်ရင်း ခုဆိုရင် ၂၄ နှစ်သားအရွယ်ရောက်နေပါပြီ ။ ခုထိ ပေးမဲ့ donar မရသေးပါဘူး ။
ဒါကြောင့် တချို့ လူတွေဟာ တရုပ်ပြည်မကြီးဖက်သွားပြီး ခွဲစိပ်ခံကြပါတယ်။ဒီတော့ ဖြစ်လာတဲ့ နောက်ဆက်တွဲပြသနာတွေ စိတ်ဝင်စားမယ်ဆိုရင် နောက်ကြုံတော့ ဖေါက်သည်ချပါမယ်။
ဆေးထိုးအပ်ကြောက်သူများ မကြည့် ပါရန်...... :))
►Posted by
:kiki
:
at
3/04/2009 11:28:00 PM
Subscribe to:
Post Comments (Atom)
1 comments:
အမရေ ကျောက်ကပ်ကအများကြီးကျယ်ပြန့်ပါတယ်။ တချို့ဟာတွေဆို သွေး၊ ဆီးစစ်ရုံနဲ့မသိနိုင်ဘူး။ အထဲမှာ ဘာဖြစ်နေတာလဲ ဆိုတာသေချာသိရဖို့ဆိုရင် biopsy လို့ခေါ်တဲ့အသားစထုတ်စစ်ဆေးတာလုပ်ရပါတယ်။ ညီမဆိုလည်း ၂ခါလုပ်မှ အသားစရတာ။ ပထမတခါက အတွင်းကတခြားနေရာကိုထိပြီး ဒဏ်ရာရသွားလို့။ နောက်ညီမရောဂါဆိုရင် ခန္ဓာကိုယ်ထဲကရောဂါတိုက်ဖျက်တဲ့ IGA လို့ခေါ်တဲ့ ပရိုတင်းကကျောက်ကပ်ထဲကိုရောက်ပြီး ကိုယ့်ကိုယ်ခံအားစနစ်ကိုပြန်တိုက်တာမျိုးပေါ့။ ဘာပဲဖြစ်ဖြစ် ရေးထားတာတွေက ဗဟုသုတရလို့ ကျေးဇူးနော်။ ပုံတွေတော့သိပ်မကြည့်ရဲဘူး။ :D
Post a Comment