လူ့ ခန္ဓာကိုယ် တခုလုံးမှာ ဘယ်အစိတ်အပိုင်းက အရေးအကြီးဆုံးပါလဲ ။
ဦးဏှောက် ၊ နှလုံး ၊အဆုပ် ၊အစာအိမ် ၊ အူ ၊အသည်း ၊ ကျောက်ကပ် ၊ကလီစာ၊လိင်အင်္ဂါ အစိတ်အပိုင်း ။
အင်းလေ... ပြောနေရတာ ထမင်းဆိုင်မှာ ရောင်းတဲ့ဟင်းအမည် တွေ ရွတ်ပြနေတယ်လို့ ထင်ကြမှာဘဲ ။ ကိုင်းကျွန်းမှီ ၊ကျွန်းကိုင်းမှီ ဆိုသလိုပါဘဲ ။အားလုံးက သူ့ နေရာနဲ့သူ အရေးကြီးကြပါတယ် ။ ခန္ဓာကိုယ်ထဲ ကသွေးလှည့်ပါတ် မှုမှာ ဓါတ်ပြုမှုတွေမှ ဖြစ်ပေါ်လာတဲ့ မလိုအပ်တဲ့  အဆိပ်အတောက် ဘေးထွက်ပစ္စည်းတွေကို စွန့် ပစ်ရာမှာ အဓိက အရေးကြီးတဲ့  တာဝန် ကို အသည်းနဲ့ ကျောက်ကပ် တို့ က ပြုလုပ်ပေးကြပါတယ် ။ ဒီတော့  အသည်း နဲ့ ကျောက်ကပ်မကောင်းတဲ့  သူတွေမှာ ဒီအညစ်အကြေးတွေ လိုအပ်တာထက် တဖြေးဖြေးပိုများလာပြီး နောက်ဆုံးတော့ အသက်အန္တရာယ်ပေးတဲ့ အထိ ဆိုးဝါးလာ နိုင်ပါတယ် ။
အသည်းနဲ့ ပတ်သက်တဲ့ရောဂါ တချို့ ကို ပြီးခဲ့တဲ့  ပို့ စ်လေးတွေမှာ အနည်းအကျဉ်းတင်ပြပြီးခဲ့ ပါပြီ ။ဒီနေ့ တော့  ကျောက်ကပ်နဲ့ ဆိုင်တဲ့  ရောဂါ လေးတွေ အကြောင်း အကျဉ်းချုံးလေး ပြောပြချင်ပါတယ် ။
ကြောက်လို့ ကပ်နေတဲ့ ကျောက်ကပ် ၂လုံးဟာ ဝမ်းတွင်းခေါင်း အမြှေးပါးရဲ့  အနောက်ဖက် ။ ခါးလယ်ကျောရိုး နံပါတ်T12 မှL3 နေရာမှာ တည်ရှိပြီး အလျား ၉ မှ ၁၃ စင်တီမီတာ ရှည်ပါတယ် ။များသောအားဖြင့် ဘယ်ဖက်တလုံးက ညာဖက်တလုံးထက် ယောင်ယောင်လေးကြီးတတ်ပါတယ် ။
လုပ်ငန်းတာဝန်များ ။
ခန္ဓာကိုယ်ကြီးတခုလုံး ကျန်းမာနေဖို့  သူ့ မှာရှိတဲ့  အစိတ်အပိုင်းတွေက သူ့တို့ တာဝန်သူတို့ကောင်းမွန်စွာထမ်းဆောင် နေမှ ဖြစ်တယ် ။ အစိတ်အပိုင်းတခု ချို့ ယွင်းချက်ရှိပြီဆို သူနဲ့ ဆက်နွယ်နေတဲ့  ပတ်ဝန်းကျင် အဖေါ်တွေက အပြန်အလှန် ကူညီလုပ်ဆောင်ပေးကြတယ် ။ဒါက အစဦးပိုင်းမှာပေါ့ ။ ဒါပေမဲ့  အချိန်ကြာလာရင် ပြုပြင် ထိမ်းသိမ်းမှုမရှိဘဲ ပစ္စလက်ခတ်နေပါများရင် တော့  ဘယ်သူမပြု မိမိမှု ။ပျက်စီးခြင်းသို့ရောက်ရတာပါဘဲ ။
ကိုကြောက်(ကျောက်ကပ်) နဲ့ ကိုသည်း(အသည်း)တို့ ရဲ့ တာဝန်တွေကလည်းအများသား ။S1နဲ့  S2 တို့ လိုပေါ့ ။နေရာတကာ လူတွင် ကျယ်လုပ်ရတာလေ ။ ဒီလိုပြောလို့ တလွဲမထင်ကြပါနဲအုံး။တိုင်းပြည်အတွက် တာဝန်ကြီးပုံ ...အဲ ..ခန္ဓာကိုယ်တွက် တာဝန်ကြီးပုံတွေ က ဒီလိုပါ ။
(၁) Excretion of waste products ..
Municipal မြူနီစီပါယ် ဝန်ကြီးပေါ့ ။ ခန္ဓာကိုယ် မှာ ဇီဝကမ္မ ဖြစ်ပျက် မှု မှဘေးထွက်ပစ္စည်း အဆိပ်အတောက်များ...ဥပမာ၊ ပရိုတင်းအသားဓါတ်ရဲ့ ဘေးထွက် ပစ္စည်းဖြစ်တဲ့  ..ယူရီးယား ၊ နိုက်တြိုဂျင် ။ယူရိတ် အက်စစ် စသည်တို့ ဟာ လိုအပ်တဲ့ ပမာဏ ထက်များနေရင် အဆိပ်တက်စေတတ်တယ်။
.ဒီဓါတ်တွေကို-- Renal Function Test အနေနဲ့ ၊ Blood Urea nitrogen( BUN ) , Creatinine ဆိုပြီး သွေးစစ်လို့ ရပါတယ် ။ကျောက်ကပ် တာဝန်ကို အကြမ်းဖျင်းစစ်ဆေးတဲ့နည်းပါ ။ ပုံမှန် တာဝန်ထမ်းနေတဲ့ ကျောက်ကပ်ပိုင်ရှင်ရဲ့ သွေးမှာ BUN 8-25 mg/dl နဲ့  Creatinine 0.6-1.5 mg/dl ရှိရပါတယ် ။
(၂) Homeostasis ...(for balance of fluid , electrolyte , acid, base )
sugar , Sodium ,Potassium ,bicarbonate , Hydrogen ,Oxygen ,Aminoacid ၊
အစရှိတဲ့ ဓါတ်တွေကို ညီမျှအောင် ညှိပေးတဲ့ အလုပ် ၊ ဒါတွေ မညီမျှရင်နောက်ကြာလာရင် ဆီးချို ၊ သွေးတိုး ။အစရှိတဲ့ ရောဂါတွေ ဖြစ်လာတတ်တယ် ။ နောက်တခု က ကျောက်ကပ် နဲ့  သူ့ ဂုတ်ပေါ်မှာ ခွစီးထားတဲ့ အက်ဒွီနယ်ဂလင်း (Adrenal Gland ) တို့ မှ AntiDiuretic Hormone( ADH) ခေါ်တဲ့  ဟော်မုန်းတမျိုးထုတ်ပေးပြီး ဆီးသွားတဲ့ လုပ်ငန်း ။ဆီးပမာဏ ကို ထိန်းချုပ်ပေးတယ် ။ ဆီးအနဲ အများ ကို သူလုပ်ရ တာပေါ့ ။ ဘာရာထူးခေါ်မလဲ minister of export & import နဲ့ ဆင်တာပေါ့ ။
(၃) Erythropoiesis ...( red blood cell production)
ကျောက်ကပ်ထဲက ဆဲလ် တချို့ ဟာ သွေးနီဥ လေးတွေထုတ်လုပ်ပေးကြသေးတယ် ။ သွေးနီဥကို
အဓိက အားဖြင့် ရိုးတွင်းချဉ်ဆီ မှ ထုတ်လုပ်ပေးပါတယ် ။ဒီတော့ သူတာဝန်ပျက်လာရင်
သွေးနီဥတွေပါလျော့ နည်းလာတတ်ကြတယ်။ဒါကြောင့်  ကျောက်ကပ် မကောင်းတဲ့ လူတယောက် ဟာ မျက်နှာ နဲခြေ လက်တွေ ဖေါအစ် နေကြပြီး ၊ သွေးအားနည်း အနီးမီးယား ရှိ တတ်ကြလို့ ကြည့် လိုက်ရင် ဖြူဖတ် ဖြူရော်နဲ့ ပေါ့ ။ ပြီးတော့ သူတို့  အသက်ရှူရင် urea , ketone ယူရီးယား အနံ့  အသက် တွေ ရှိနေကြတယ်
ဒီတော့  ဒီကျောက်ကပ်လေး ၂ခု တာဝန် မကျေရင် ဘာတွေ ဖြစ်မယ်ထင်သလဲ ။
S1 နဲ့  S2 ၂ဦး အပေးအယူ မမျှတ ။ တာဝန်မကျေ ထင်ရာ စိုင်းနေရင် သူ့  အရှင်သခင်
ဒီ ကိုယ်ခန္ဓာကြီး ဘာတွေဖြစ်လာမလဲ။သဘောကွဲပြားမှုတွေကြားကမြေဇာပင်လေးတွေရဲဆုတ်ယုတ်မှုတွေနဲ့ တဆင့် ဖြစ်ပေါ်လာမဲ့  ရောဂါ ဝေဒနာလေးတွေ အကြောင်း နောက်ရက်တွေမှာ ဆက်ပါမယ် ။
( ဒီ သူဌေး ထိပ်ပြောင်ကြီးက သူတင်ရမဲ့ စာတမ်းတွေ သူ့ ဟာသူ မရေးဘဲ ဒီမှာလာပုံပြီး
လွှဲချထားလို့သူ့အတွက်မရေးသေးခင်ကိုယ်ဟာကိုယ်ဗမာပြန်စာလုံးစီရင်းတလက်စတည်းအမှတ်တရ ရေးနေရလို့  တနေ့ မှာ အပိုင်းလေးတပိုင်း ပုံစံနဲ့ တင်ပြနေရခြင်း ဖြစ်ပါတယ် )
နောက်ရက်တွေမှာ ကြောက်လို့ ကပ်နေပါတယ်ဆိုတဲ့  ဒီ အလုံးလေး ၂လုံးကို ဘယ်လို ဆေးကြော
သန့် စင်ပေးရတယ် ဆို တာ ပြော ပြပါမယ် ။
►Posted by
:kiki
:
at
3/03/2009 04:17:00 PM
Subscribe to:
Post Comments (Atom)
1 comments:
ကျေးဇူးအထူးတင်ပါတယ် ဗဟု နဲ့ သုတကို ယူပြီး ပြန်သွားပါတယ်
လေးစားလျက်
တောင်ပေါ်သား
Post a Comment