ဒီကိုရောက်ခါစ တရုပ် စကားမတတ၊် စာမတတ် နဲ့ ရီစရာလိုလို ငိုချင်စရာလိုလို ကိုယ်တွေ့ လေးတွေ ပြောချင်နေတာ။ အရင်က ဘယ်သူ့ ပြောပြရမှန်းမသိဘူး ။ခုမှ အဆင်ပြေတော့တယ် ..နားထောင်မဲ့ သူမရှိလဲ ကိစ္စမရှိဘူး ။ ကိုယ်ရေးချင်တာတွေ ရေးလိုက် ၊ပြောလိုက်ရရင် စိတ်ထဲပေါ့သွားနိုင်တဲ့  ဒီလို Blog လေးတွေ ပေါ်လာတာ ခပ်ကောင်းကောင်းရယ် ။
ကိုယ် ဒီကိုရောက်လာရတာတသက်လုံးယောင်လို့ တောင်အိပ်မက်ထဲ ထဲ့ မမက်ခဲ့ ဘူး၊ မမျှော်လင့်ဘဲ့ အကန် ခံလိုက်ရပြီးရောက်လာတဲ့  ဘောလုံးလေးတလုံးလိုပေါ့ ။အမျှော်အမြင်ကြီးတဲ့ မားသားကြီးက အမိပြည်မှာဆက်နေရင် ပြောမရ ဆိုမရလေး ၊အိမ်မကပ်တဲ့ ဟာလေး ။ ဒီလိုမှပြည်နှင်ဒါဏ်မပေးရင် တနေ့ တော့ ဒုက္ခ နဲ့ လှလှနဲ့ တွေ့ ရချည်သေးရဲ့ ဆိုပြီး တချက်လွှတ် အမိန့် ချလိုက်လို့  မယောင်မလည်နဲ့  လုပြည် ဝပြည် ကိုလေလွင့် လာရတာပေါ့ ။ အချိန် တလ အတွင်း ဘာမှမဆိုင်တဲ့ လူမျိုးခြား ။ရေခြား ။ မြေခြားမှာ သွားနေရအောင် ဘာမှလဲ ကြိုတင်ပြင်ဆင်မှုမရှိဘဲ ရောက်လာရတာ ။စာရေး၊ စာဖတ်တတ်ဖို့ ဝေးသေး ။စကားတောင် ၁. ၂. ၃. ၄ အလုံးကွဲအောင် မပြောတတ်ပါဘူး ။ဒီရောက်တော့ အမ တဝမ်းကွဲ တွေအိမ်မှာ နေရတယ်လေ ။ ရောက်ခါစဆိုတော့ ဘာအလုပ်မှ လုပ်လို့ မရသေးဘူး ။ တရားဝင်နေထိုင်ခွင့်  လက်မှတ်ရမှ အလုပ်ရှာလို့ ရတယ် ။ နို့ မဟုတ်ရင် ပြသနာတက် နိုင်တယ် ။ ဒါကြောင့် တလလုံးလုံး အိမ်မှာဘဲ နေရတာ ။ အမဝမ်းကွဲ အလုပ်သွားနေတဲ့ အချိန်ဆို အိမ်မှာ တယောက်ထဲ ပျင်းနေတာ ။ စကားလဲ မပေါက် ။ လမ်းတွေလဲ မကျွမ်းဆိုတော့  အိမ်စောင့်နတ်နဲ့ မတည့်တဲ့ ကိုယ်တယောက် နေ့ခင်း နေ့ လည် ဘာလုပ်ရမှန်းမသိ ။ သူတို့ ဆီက လွှင့်တဲ့ TV programme တွေလည်း ကိုယ်နားမလည် ၊ မကြည့် ချင် ၊ တခါမှလည်းမခွဲဘူးတဲ့  အမေ့ကိုလွမ်းလို့ တနေ့ တနေ့  ခိုးပြီးငိုနေရတယ် ။(ဗမာပြည်မှာရှိနေတုန်းကတော့ အိမ်ဆိုတာကြီးကို မကပ်ချင်တာ ၊နီးတကျက်ကျက် ၊ဝေးတသက်သက် ဆိုတာ သိပ်မှန်တာဘဲ )
။ ကော်ဖီကြိုက်တဲ့ ကိုယ် ၊ ဒီရောက်လို့ မကြာခင် ဦးဆုံးတွေ့ ရတဲ့  ဒုက္ခ ( ခုတော့ ရီစရာ အဖြစ်လေးပေါ့ )။ က ဒီလို ။ တရက်မှာ အမ ဝမ်းကွဲက အလုပ်အစောကြီးထ သွားရတယ် ။အိုဗာတိုင်ရှိလို့ မိုးချုပ်မှပြန်ရောက်မယ်မှာသွားတယ် ။ကိုယ် စားဖို့  ထမင်း၊ဟင်း အဆင်သင့် ထားပေးခဲ့ တယ်ပေါ့ ။ဆာရင် နွှေးစားပေါ့လေ ။ အိပ်ယာထရင် ကော်ဖီသောက်တတ်တဲ့ ကိုယ် ။ ကော်ဖီဖျော်ခါနီးမှ ဗူးထဲမှာ သကြားမရှိတော့မှန်းသိတယ် ။ သကြားမပါတဲ့ ကော်ဖီလည်းမသောက်တတ်တော့ ကိုယ့်ဟာကိုယ် ထွက်ဝယ်မယ်ပေါ့ ။ တော်သေးတယ် ။နေတဲ့ အိမ်တွေက နီးကပ်ပြွတ်ကြပ်နေကြပေလို့ ဘဲ ။ အမေရိကလိုဆိုရင်တော့ မလွယ်ဘူး ။ အိမ်အောက်ဆင်းပြီး ဟိုငေး ဒီငေး နဲ့  စတိုးဆိုင်လေးတွေ့ တော့ ခပ်တည်တည်ပေါ့ .။စကားလဲမတတ်တော့  ဘယ်လိုမေးရမှန်းမသိ ။ အိတ်ပေါ်မှာရေးထားတဲ့  စာလုံးတွေကလဲ ဘာတွေမှန်းမသိ ၊အဖြူရောင် အမှုံ့ တွေ့ တာနဲ့ ခပ်တည်တည် ကောက်ယူ .ပိုက်ဆံရှင်း ပြီး အခန်းထဲ ကို အောင်နိုင်သူမျက်နှာနဲ့ ပြန်လာတာပေါ့ ။ ပြီးတော့ ဗိုက်ကလဲ အတော်လေးဆာနေပြီလေ ။ပေါင်မုန့် လေးကင် ..ထောပတ်လေးသုတ်၊ကော်ဖီကို မတ်ခွက်ကြီးအပြည့် ဖျော် ။ သီချင်းလေးဖွင့် ၊ ဗမာပြည်က ပါလာတဲ့ အချစ်အလွမ်းး ဝတ္ထုလေးနဲ့ ။စားရင်းသောက်ရင်း နှပ်မယ်ပေါ့ ။ ဝတ္ထု က စာမျက်နှာ တဝက် မကျိုးသေးဘူး ။ မင်းသမီးမထွက်ရသေးခင် ဘဝပျက်သွားရှာတယ် ။အမလေး … ငံလိုက်တာဟဲ့ ။။ ဖွီးကနဲထွေးထုတ်လိုက်တဲ့  ကိုယ့်  တံတွေး နဲ့ အစာတွေကြားထဲ သူမှောက်ရက်မျောရရှာတယ် ။ တကယ်တန်း သနားသင့်သူက မလည်မဝယ်လေး ကိုယ်ပါဘဲလေ ။။ ကိုယ့်ဟာကို လူတတ်ကြီးလုပ်ပြီး သကြားနဲ့  ဆားနဲ့ ကို မှာပြီး ဝယ်လာမိလို့ ပါ ။ကော်ဖီတခွက် ကို ကော်ဖီမှုန့် ၂ဇွန်း+ ကော်ဖီမိတ် ၃ဇွန်း+ ဆား ၂ဇွန်း ဖေါ်မြူလာလေး ။ ခုထိ မမေ့ နိုင်သေးပါ ။ espresso မဟုတ်ဘဲ espressalt လို့ အမည်ပေးရမယ် ။
( သူတို့ ဆီကလူတွေ အင်္ဂလိပ်စာ အတော်ညံ့ကြတယ် ။ ပစ္စည်းတွေပေါ်မှာ များသောအားဖြင့်  တရုပ်စာလုံးတွေဘဲ ရေးကြတယ် ။ကိုယ်ကလည်းတရုပ်လို တလုံးမှ မတတ်တော့ အထင်လေးနဲ့ ရမ်းလိုက်တာ …မှားတဲ့ အခါလည်း မှားပေမပေါ့ လေ) ။ အခုနောက်ပိုင်းတော့ အတော်လေးအဆင်ပြေနေပါပြီ ။ SUGAR နဲ့  SALT ကို အိတ်လေးတွေပေါ်မှာ မြင်ရလို့  `နောက်ဒီလို အဖြစ်မျိုး ကြုံတဲ့ သူများမရှိတော့ဘုလို့ ထင်ပါတယ် ။
ဒီအပေါ်ကပုံလေးကိုတော့ google image မှကူးယူထားပါတယ် ။
►Posted by
:kiki
:
at
3/01/2009 02:46:00 AM
Subscribe to:
Post Comments (Atom)
2 comments:
ကျနော်လဲ ကော်ဖီကြိုက်တယ်ဝေး..
မနက်မိုးလင်းကနေမိုးချုပ်ထိ
ကော်ဖီသောက်နေရရင် ထမင်း မစားလဲနေနိုင်တယ်..
espresso ကတော့ ကျနော် အကြိုက်ဆုံးကော်ဖီပါ..
ကော်ဖီ နံ့ သင်းသင်းလေး
ဆားကော်ဖီကိုတော့ မသောက်ချင်ဘူး.. အခု
သောက်ချင်သွားပြီး... ပြန်တော့မယ်..
အခုရော..စကားပြောတတ်ပီးလား...ဟ..ဟ..
ကျနော်လဲကော်ဖီကိုကြိုက်တယ်..
အထူးသဖြင့် espresso ကိုကြိုက်တယ်
တနေကုန်ထမင်းမစားလဲကော်ဖီသောက်နေရရင်ကျေနပ်တယ်
ဒါပေမယ့်ဆားကော်ဖီကိုတော့မသောက်ချင်ပါဘူး..
ကော်ဖီအကြောင်းပြောလို့ ကော်ဖီဆာသွားပီး..
ပြန်တော့မယ်..
Post a Comment