မူးတာကြိုက်သူများအတွက် မူးစေတတ်တဲ့ Fig လို့ခေါ်တဲ့ အသီးတမျိုး အကြောင်း ဖေါက်သည်ချလိုက်ပါတယ် ..သူ ကမူးယစ်ဆေးဝါးထဲ ပါ မပါတော့ မပြောတတ်ပါ ။ ဘာပဲဖြစ်ဖြစ် မူးယစ်စေတတ်တယ် ဆိုတာ ကတော့ မကောင်း ဘုးပေါ့လေ ။ မူးယစ်နေချိန်မှာ လူစိတ်ပျောက်တတ်တယ် ။ အမှားတွေ ပြုတတ်တယ် ။ ဗဟုသုတ အနေနဲ့ ကြားဖူးတယ်ရှိအောင် တင်ပြပေးတာပါ ..(သိပြီးသားသူတွေ ရှိမှာပါ ။ ကိုယ်တိုင်က ခုမှ သိရတော့ ရီစရာ ပုံလေးကို မျှဝေပေးရအောင် ဒီ အသီး အကြောင်း ဟိုရှာ ဒီရှာ နဲ့ ရေးပေးလိုက်ပါတယ်)
Fig အသီး အခြောက်
Fig အသီးရဲ့ အတွင်းမှာ အပွင့် ရှိတယ် ။ သူက ပြောင်းပြန်ကြီး။ အသီးထဲမှာ အပွင့်တဲ့လေ ။
Fig အသီးအကြောင်း အနဲငယ် ပြောပြပါမယ် ။ ဗဟုသုတ ပေါ့ ။
အနောက်တောင် အာရှ ၊မြေထဲပင်လယ် ၊အာဖရိက ၊ သြစတြေးလျ၊ အမေရိကတိုက်၊ချီလီ ၊ မက္ကဆီကို စသော ပူအိုက်စွတ်စိုသောဒေသများမှာ အလေ့ကျပေါက်တဲ့  Fig ဟုခေါ်သောအသီးတစ်မျိုးမှာ ၊ fiber ခေါ် အမျှင်များ ။ ခန္ဓာကိုယ်အတွက် လိုအပ်သော ဗီတာမင် အေ၊ စီ၊ ကေ ဓါတ်များ ,ကယ်လ်ဆီယံ ထုံးဓါတ် ,copper, manganese, magnesium, potassium, နဲ့  သကြားဓါတ် အစရှိသည့်ဓါတ်များ ပါဝင်တဲ့ အတွက် ဝမ်းပျော့ ဝမ်းမှန်စေပြီး antioxident ခေါ် ဇီဝကမ္မ ပျက်စီးမှုကို ထိန်းချုပ်ပေးနိုင်သော အစွမ်း တွေ ရှိပါတယ် ၊ အဲဒီ Fig အပင်က Ficus carica မျိုးနွယ်ထဲမှာပါဝင်တယ် ။ သူ့ ရဲ့ မျိုးစု Family က Moraceae ပါ ။
အပြင်ပုံ သဏ္ဍန် မှာ အောက်ခြေကားပြီး အပေါ်သို့  သေးသွယ်ချွန်တက်သွားလို့ ခေါင်းလောင်းပုံရှိပါတယ် ။ အရောင်အနေနဲ့ ခရမ်း၊ အညို၊ အစိမ်း၊ အဝါ၊ နီ ညို၊ အမဲ မျိုးစုံဖြစ်နိုင်ပါတယ် ။ ထူးခြားချက်ကတော့ သူ့ ရဲ့  ပန်းပွင့် ဟာ အသီးထဲမှာ တည်ရှိနေခြင်း ပါဘဲ ။ ဒါကြောင့် တရုတ်ဘာသာ အရ သူ့ ကို အပွင့်မဲ့ အသီး (無花 , 无花果 ) လို့ ခေါ်ကြပါတယ် ။
ဒီအသီးက ပျော့ပြီး ပါးလွှာတဲ့ အခွံသာ ရှိတဲ့အတွက် မှည့်တာနဲ့ ပျော့ပြဲလွယ်တဲ့ အတွက် သူ့ ကို အခြောက်ခံ ပြီးမှ သယ်ရ ၊ရောင်းရတာလွယ်ပါတယ် ။ သူ့ ကို jam ( ယို ) လိုမျိုးထိုးပြီး စားသုံးကြပါတယ် ။
တောထဲမှာ အလေ့ကျပေါက်တဲ့ ထိုအသီး ရာသီရောက် ၍မှည့်သောအခါ အပူချိန်ပြင်းသော အရပ်ဒေသဖြစ် လို့ အချဉ်ပေါက်၍ ယမကာအာနိသင်ကိုရရှိစေတယ်ပေါ့ ။ တောတွင်းတိရစ္ဆာန်များ လာရောက်စားသောက် ကြတယ် လေ ။ အချို့တောကောင်များက အပင်ကကို ခါရမ်း ပြီး အသီးကို ချွေ ချ တယ် ။ ဥာဏ်ကြီးရှင် ဌက်များကတော့ သူ့အန္တရာယ်ကို ကြိုသိ လို့  လုံးဝမစားတတ်ကြ ပါ ဘူး တဲ့ ။
တိရစ္ဆာန်တွေဘယ်လို မူးတတ်ကြလည်းဆိုတာ သိချင်ရင် အောက်မှာဆက် ကြည့်လိုက် နော် ။ ဆင် နဲ့ မျောက် နဲ့ ဘော်ဒါတွေ ပိုက်ဆံ မကုန်ဘဲ မူးနေကြတာ ။ ပြင်သစ်လို ပြောနေတာ ဘာတွေမှန်းတော့ နားမလည်ပါ .. ပုံကိုကြည့် ရန်သာ ပါလေ )
အရက်သမားတွေ ဗမာပြည်က ချက်အရက်တွေထဲ ဘာမှန်းမသိတဲ့ ဟာတွေရောချက်ထားကြလို့  အသည်းရောဂါတွေ ရပြီး တနှစ် တနှစ် ရှောဘရားသား ဖြစ်သွားကြတာ မနည်းဘူး လို့  သိရတယ် ။ အန္တရာယ်ကင်းစွာ နဲ့ မူးလို သူများ ဤသို့  ပြုကြပါကုန် ....( အားပေး အားမြှောက် ပြု ခြင်း မဟုတ်ပါ ။ ပြောမရ ဆိုမရ နဲ့ သောက်တတ်ကြသူများ အတွက် စဉ်းစားမိလို့ပါ)
ဒီက အချက်အလက်တွေ ယူပါတယ်။
တောထဲ တောလည်ထွက်ရင်း ဒီလို အသီးတွေ တွေ့လို့ လျှောက်မစားကြနဲ့နော် ။။
►Posted by
:kiki
:
at
9/19/2009 09:10:00 PM
Subscribe to:
Post Comments (Atom)
21 comments:
ကိရေ ရီရတယ် ဟိဟိ
နောက်ဆိုရင် နောက်ကျမှ ရောက်လာမယ်သိလား စိတ်မပူနဲ့နော် လာမယ် မလာဘူးမမှတ်နဲ့နော် ဘိုင် တာ့တာ
ဝက်ဝံတို့ ကတော့အရင်မူးသွားးး အဲ.. ဉ်ီးသွားပြန်ပြီး)
အမရေ အသီးက မစားဖူးတော့မူးမမူးမသိဘူး၊ ခု တိရစ္ဆာန်တွေမူးတာကိုကြည့်ရင်းက တကယ်မူးသွားလို့ 
ပြန်ပြီ ။ မူးမူးနဲ့ အိပ်တော့မယ် ဘိုင်....
အဲဒီအသီးတော့ မြင်ဖူးတယ်...
စားတော့မစားဖူးဘူး
မူးလဲ မူးဘူးသေးဘူး... ဘူးဘူးဘူး...
တိန်တိန်တိန်...
ဂွိန်...
းဝ)
အဲ့ဒါသဖန်းသီးပါအစ်မရဲ့ ဒိန်းဒိန်းလိုလည်း FIG လို့ပဲခေါ်တယ်။ ဒီမှာတနေ့ငတ်လို့ ငတ်တယ်ဆိုတာက မြန်မာပြည်က ကတွတ်ယိုကိုသတိရလို့ ယိုဆိုပြီးသံဗူးနဲ့ရောင်းတာကိုဝယ်ပြီးစားတာ အသီးလိုက်ကို သကြားနဲ့အုန်းနဲ့ထိုးထားတာကောင်းတော့မကောင်းဘူးပေါ့ အငတ်ပြေအားရပါးရစားလိုက်တာ အစ်မကစောစောကမှမပြောတာ မူးတာမမူးတာတော့သတိမထားမိလိုက်ဘူး နောက်နေ့ကျတော့ဘယ်ပြောကောင်းမလဲ ပန်းလိုက်တဲ့ အီးအီးတွေ အဟိ့....လွန်ပါရောပဲ:) ၂ခါ ၃ခါလောက်စားပြီးမှပန်းမမဖြစ်တတ်မှန်းသိပြီးရပ်ထားလိုက်ရတယ် ခုထိ့တော့နည်းနည်းကျန်သေးတယ် ။ယိုးမဟုတ်ဘဲတစ်လုံးလိုက်ဝယ်ရင်ဒီမှာ တစ်လုံးကိုပဲ ဈေးကြီးလိုက်တာ ၁၅ပေးရတယ် ။အစ်မစာရေးတာကနောက်ကျနေတယ် အဲ့လိုမှန်းသိရင်မ၀ယ်စားပါဘူး သူများကကျိုက်ထီးရိုးကတွတ်ယိုကိုသတိရလို့ဝယ်မိတာ အဟိ့
ဟုတ်တယ်... အဲဒါ သဖန်းသီးပဲ...
မစားဖူးတော့ မူးမမူး မသိဘူး...
အကောင်တွေကတော့ ပိုက်ပိုက် မကုန်ပဲ မူး ကုန် ကြတာပဲနော်... တန်တာပေါ့...း)
အဲဒီအသီးက မမြင်ဖူးဘူး, မြန်မာနိုင်ငံမှာ အဲလိုအသီးပုံစံလေးရှိတဲ့အပင်တော့ တွေ့ဖူးတယ် အောက်ခြေမြေကြီးထဲ သီးတာလေ , အဲဒီအသီးလို့ အတွင်းထဲ ပွင့်သလိုပဲ ယိုလုပ်တယ်လေ ဘာယိုမှန်းမသိတောလို့
ဗဟုသုတရပါတယ်
ဟားဟား... အကောင်လေးတွေ မူးပြီးလမ်းလျှောက်နေတာ အရက်မူးတဲ့သူတွေ လျှောက်တာနဲ့ တဂိုက်ထဲပဲ... ထွိန်နင် တူတူဆင်းထားတာကျနေတာပဲ.... ရီရတယ်နော်....
ဟဟ ရယ်လိုက်ရတာဗျာ .... သဘောတွေကိုကျလို့  ... ကျေးဇူး ဆရာမျောက် တွေဟန်ကို သဘောအကျဆုံးပဲ ပျော်စရာ ....
ကျေးဇူးပါ မျှဝေတဲ့အတွက်
:))
အောင်မလေးဟဲ့ ရယ်လိုက်ရတာ ... ဗိုက်တောင်နာတယ်... မူးတာမှဒေါင်ချာကိုစိုင်းနေတာပဲ ဟားဟား
အောင်မလေးဟဲ့ ရယ်လိုက်ရတာ ... ဗိုက်တောင်နာတယ်... မူးတာမှဒေါင်ချာကိုစိုင်းနေတာပဲ ဟားဟား
Fig Tree တွေပေါလို့..
Farm ville ထဲမှာ ... ဟိ...နီညိုရောင် အသီးလေးနဲ့
အပြင်မှာတော့ မမြင်ဖူး၊ မစားဖူးသေးဘူး...။
ဟယ်ရီရတယ်... အဲဒီအသီးက မူးစေတတ်တာ အခုမှသိတယ်...
အယ် အခုလို သေသေချာချာလေး စုစည်းပီးတော့ တင်ပေးတာကျေးဇူး မူးနေတာ သေအောင်ရယ်ရတယ် မူးမယ်ဆိုတာကြီးပဲ တကယ်ပါပဲ။ သမိးတော့ ၃ခေါက်ကြည့်သွားတယ်။ ဗဟုသုတရသွားတယ်မမရေ
ခင်မင်လျှက်
ညီမလေး ပါးလုံး
အောင်မလေးကိုယ့်ဟာနဲ့ကိုယ်စား
ရောဂါမရတော့ဘူးပေါ့
မဟုတ်ရင်ရောဂါရနေဦးမယ်
ကြည့်ကျက်သောက်အမရေ
အဲ...ကြည့်ကျက်စားလို့ :P
အသီးက စားလို့ အရမ်းကောင်းတယ်
ချိုတယ်
ခုချိန် ကျနော်တို့ ဆီမှာ ပေါမှပေါ...
အိမ်တိုင်းမှာသီးတယ်.. သူက အရက်ဖောက်မယ်ဆိုလဲဖောက်စရာ... ကြာကြာထားရင် ဝိုင်အနံ့ထွက်နေပြီးလေ..
ကျနော်တော့ကြိုက်တယ်.. ဒါပေမယ့် ခွဲစားရင်သေချာကြည့်ရတယ်... အထဲကို.. တစ်ချို့ အသီးမှာ အသီးလောက်ကောင်လေးတွေရှိတယ်.. အဲဒီလောက်ကောင်လေးတွေက အသီးထဲက အမျှင်လေးနဲ့ တူတူပဲ သေချာကြည့်မှ မြင်တယ်.. ဒါပေမယ့် တစ်ခါတစ်လေ မကြည့်ပဲ စားလိုက်တာပဲ ။ အဟီးး
ကြိုက်တယ်.
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်
ဖွားကိရေ တခါမှ မတွေ့ဖူးဘူးဗျ အတော်ဘဲ ပိုက်ပိုက် မရှိတဲ့ သူငယ်ချင်းတွေကို အလကားမူးလို့ မရအောင် ဝေမျှလိုက်အုံးမယ် ချက်နည်းမသိရင်တော့ ဖွားကိ ကိုပဲ လာအကူအညီတောင်းတော့မယ်နော် .... အဟိ ..
ဟဟဟားးးးးးးးးးးးးး
မူးနောက်စွာ ပြန်သွားပြီ။ အသီးကြောင့်မဟုတ်။ အရယ်လွန်ကာ မူးခြင်းဖြစ်သည်။ ဟိဟိ
ဗဟုသုတပါပဲ Kiki ရေ။ စားပြီးတော့ မူးနေတဲ့ တိရိစ္ဆာန်လေးတွေကို သနားလည်းသနား ရယ်လည်း ရယ်ချင်...း)
ဟုတ်တယ် သဖန်းသီးပဲ မမကိရေ မစားချင်ပေါင်။ စားပြိးမူးမယ်ဆိုရင်။ အကောင်လေးတွေ သနားပါတယ်။ ဒါတောင် နက်နှေးနေလို့ သေချာမကြည့်ရဘူး။
ပုံထဲက အသီးမြင်ဖူးတယ်ဗျ..။ အဟေဟေ မဆိုးဘူးဟ... ပိုက်ဆံမကုန်ပဲ မူးမှာ ရှယ်ပဲ...။
Post a Comment