ဒီ တခါ ကတော့ သူများထက်ထူး ဦးနှောက် ၂ ခု ပါပေမဲ့ အသက်မရှည် နိုင်ကြရှာတဲ့ ကလေးတွေ အကြောင်း လေးပါ ။
ဒီ ကလေး ကတော့ မြန်မာနိုင်ငံ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့  မှာ မွေးဖွားခဲ့ တာလို့  ဆိုပါတယ် ။
မွေးနေ့ အတိအကျ နဲ့  မိဘများကိုတော့ သေချာ မသိပါဘူး ။ မေးလ်တခုမှ ရတာပါ ။ ဘယ်လိုဘဲ ဖြစ်ဖြစ် ဒီလို ကလေးမျိုးဟာ ခွဲစိတ်ကုသမှုကို အချိန်မှီ မခံယူနိုင်ဘူး ဆိုရင် လူကောင်းတဦးလို အသက်ရှင် နေထိုင်ဖို့  ခက်လှပါတယ် ။ ( ပုံ အရ ဆိုရင် မိဘများ ကလည်း သိပ်တတ်နိုင်တဲ့  အခြေအနေ မရှိပါဘူး ) ။ နောက်ဆက်တွဲ သတင်း တော့ မရသေးလို့ သူတို့ ရဲ့  ကံကြမ္မာ ဘယ်လို ရှိမလဲ မမှန်းတတ်ပါ ။
(ဒီစာလေးရေးထားတာ ၅ ရက်လောက်ရှိပါပြီ ။ ခုမှ ဒီကလေးနဲ့ပတ်သက်တဲ့ သတင်းလေးကို ဒီနေရာ မှာတွေ့ လိုက်မိ လို့ နောက်ဆက်တွဲ သတင်းလေးကို ဆက်ရေးလိုက်ရ ပါတယ် ။တရုပ်သတင်းဌာနတခုမှ ဒီလ ၈ ရက်နေ့ ထုတ်သတင်းလေးပါ ။ )
စိတ်မကောင်းစရာ ပါဘဲ။ ဒီကလေး ကို ခွဲစိပ်ပြီး နေပြည်တော် ဆေးရုံသို့ အပို့ လမ်းမှာတင် ဆုံးပါးသွားရ ရှာပါတယ် ၊။ မိခင် အမည် ဒေါ်အေးအေးမူ ။ကလေး က မွေးတုံးက ကိုယ်အလေးချိန် ၅ ကီလိုဂရမ်ရှိပါတယ် တဲ့ ။
ဦးခေါင်း ၂လုံးပေမဲ့ နှလုံး ကတော့ တခုသာပါ တာကို ဆေးပညာ အရ ကတော့ monozygotic conjoined birth လို့ခေါ်ပါတယ် ။ အယောက် ၈သောင်းမှာ မှ ၁ယောက်သာ ပါဖို့ အခွင့် အလမ်းရှိပြီး အသက်ရှင်သန် နေနိုင်နှုန်း ကတော့ ၂၅% သာ ရှိပါတယ် ။
တခြား နိုင်ငံတွေ မှ အလားတူ ကလေးငယ်များနဲ့ ယှဉ်ကြည့် ရအောင် ရှာဖွေ တင်ပြပေးလိုက်ပါတယ်။
...........................................................................................................................
ဒီက နေရတဲ့ သတင်းတခု မှာ တော့...
ဦးခေါင်းတခုမှာ မျက်နှာ ၂ခု ပါတဲ့ ဒီမိန်းကလေးငယ်လေးကို ၂၀၀၈ ခု ဧပြီလ က အိန္ဒိယ နိုင်ငံ ဒေလီမြို့ နဲ့  မိုင် ၄၀ ကွာဝေးတဲ့  ကျေးရွာလေး မှာ မွေးဖွားခဲ့ပါတယ် ။ ဖခင်ဖြစ်သူက အသက် ၂၄ နှစ်သာရှိပြီး ဆင်းရဲ ချိုတဲ့ တယ် ။သူတို့ ရဲ့  ပျှမ်းမျှ တနေ့ ဝင်ငွေက ၂ ဒေါ်လာ အောက်မှာ ရှိပါတယ် ။ သူတို့ ဆီက သန်းပေါင်းများစွာသော ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ ဟာ ကျန်းမာရေးစစ်ဆေးမှု ကို မခံစားကြရပါဘူး ။
..............................................................................................................................................
ဒီ နေရာ က သတင်းလေးပါ.....
ဒီ ဦးခေါင်း ၂ လုံး နဲ့  ခန္ဓာကိုယ် တခုတည်းသာ ပါတဲ့ ၁၂ ပေါင် ၁ အောင်စ အလေးချိန် နဲ့  သားယောင်္ကျားလေး ကိုတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ၂၀၀၉ ခု သြဂုတ်လ ၂၅ ရက်နေ့ က ကက်ဗိုပါ မြို့  ရှိ ဆေးခန်း တခု မှာ ဗိုက်ခွဲ မွေးဖွားခဲ့ပါတယ် ။ သူရဲ့  မိဘ ၂ ပါးဟာလည်း ဆင်းရဲ ကြတဲ့ အတွက် စရိတ် မတတ်နိုင်ပါဘူး။ ကံဆိုးတဲ့  ဒီကလေး ဟာ လူ့ ဘဝမှာ ၄၈ နာရီကြာသာ နေလိုက်ရပါတယ်။
........................................................................................................................................
အင်ဒိုနီးရှားနိုင်ငံ မှာလည်း ၂၀၀၉ ခု ဂျူလိုင်က ၂၇ ရက်နေ့က မွေးဖွားခဲ့တဲ့ ၃.၂ ကီလို ဂရမ် အလေးချိန်ရှိတဲ့  အလားတူ ဦးခေါင်း၂လုံး ။ နှလုံးကတော့ တခုစီပါနေပေမဲ့ တခြား အင်္ဂါရပ်များ တခုစီသာ ပါရှိတဲ့ ယောကျာင်္းလေး ဟာလည်း ၅ ရက်သာ လူ့ လောကကြီးမှာ နေထိုင်လိုက်ရ ပြီး Arifin Ahmad ဒေသ ဆေးရုံ မှာ ဆုံးပါးခဲ့ရပါတယ် ။ အဆုပ်ပျက်စီး လို့ သေဆုံးရတာပါတဲ့ ။
...................................................................................................................................
ဒီက ရတဲ့  သတင်းအရတော့
ကံကောင်းတဲ့  ကလေးလို့ ဆိုရ ပါမယ် ။ ၂၀၀၉ ဂျူလိုင်လ ၃၀ ရက်နေ့  ထုတ် သတင်းအရ ၊ ၂၀၀၄ ခုနှစ် တုံးက ဖိလစ်ပိုင် နိုင်ငံ မနီလာမြို့  Dr. Jose Fabella Memorial Hospital ဆိုတဲ့ အစိုးရဆေးရုံ တခု မှာ ခေါင်း ၂လုံး ပေမဲ့ နှလုံး တခုသာပါ တဲ့ မိန်းကလေး ကို မွေးဖွားခဲ့ ပါတယ် ။ သူ့ ကို အမေရိကန် နိုင်ငံ ၊ New York City ရှိ Montefiore Medical Center သို့ ပြောင်းလဲ ပေးပို့ ခဲ့ပြီး ခွဲစိတ်ကုသမှု အဆင့်ဆင့် ကို အချိန်မှီ ပြုလုပ်ပေးနိုင်ခဲ့တဲ့ အတွက် ယနေ့ ထိ ကျန်းမာ စွာ အသက်ရှင်သန်လျှက် ရှိနေပါသေးတယ်တဲ့ ။
...............................................................................................................................
ဒီအောက်က ဗီဒီယို လေးကတော့ အရွယ်ရောက် ပြီး သာမန်လူတွေလို နေထိုင် သွားလာ နေနိုင်ကြတဲ့ အမေရိကန် သူ ၊ Britney နဲ့  Aby လို့ခေါ်တဲ့ မိန်းကလေး ပါ ။ ဦးနှောက် ၂ ခုပါတော့ ပိုပြီးများ မှတ်ဥာဏ်ကောင်းမလား မပြောတတ်ပါ နော် ။ ဒါပေမဲ့ မျက်နှာ ၂ခုပါတော့ မိန်းကလေးပီပီ လိုအပ်မဲ့ မျက်နှာ အလှပြင် ပစ္စည်းတွေ အတွက် ပိုကုန်ပါလိမ့်မယ် ။ အရွယ်ရောက်တော့ ရည်းစားထားတဲ့အခါ ... ဟဲဟဲ သူမကို အနမ်းတွေ ပိုပေးနေရမှာဘဲ ။
၂၀၀၇ ခုနှစ်တုံးက ၁၆ နှစ်ပြည့် မွေးနေ့ ပွဲလေး မှာ မိဘ နှစ်ပါး ။ ၁၄ နှစ်အရွယ် မောင်လေး၊ ၁၂ နှစ်အရွယ် ညီမလေးတို့ နဲ့ အတူပျော်ရွှင်နေကြတဲ့ ပုံလေးလဲ ပါ ပါတယ် ။
( အနမ်းတွေ ရော ပန်းတွေရော နဲ့ ရှုပ်ရှက်ခတ် နေတတ်တဲ့ ကိုသားကြီး အတွက် နောက်တောင်ကျနေပြီ ထင်ပါရဲ့  )
ကြုံရ ဆုံရ ဘုံ ဘဝမှာ ဝဋ္ဋ်နာ ကံနာ တွေ ပါလာခဲ့ ကြပြီး ပေမဲ့ အကျိုးပေးခြင်း ကတော့ ကွာခြား နေတတ်ကြ ပါသေးတယ် လို့  သာ ပြောရပါတော့မယ် ။
►Posted by
:kiki
:
at
9/09/2009 10:09:00 AM
Subscribe to:
Post Comments (Atom)
23 comments:
တစ်ကွ
ပထမ
အမ်လက်လွန်သွားတာ
သုံးဖြစ်သွားပါပေါ့လား
ဟိ ဟိ
ိုအို လေ ဘာပဲဖြစ်ဖြစ်ပါလေ အမားအိမ်ပဲဟာ
သောင်းကျန်းချင်တိုင်းသောင်းကျန်းလိုက်မယ်
လေးတောင်ယူဖို့ မေ့သွားတယ် ကြည့်စမ်း ကြည့်စမ်း
ငါး ဖြစ်သွားပြီ
ငါးကွ ရေမှာပျှော်တဲ့ငါးကွ
ထိုင်းက အခြောက်တွေလို ခြောက်တယ်ကွာ
ခြောက် ခြောက် ခြောက်
လပ်ကီးဆဲဗင်း ပါ ခင်မျာ
ဆဲဗင်းပါ
အမေရိကန်တွေ အော် အော်နေတဲ့ ရှစ်
ှရှစ်ပါတယ်
ရှစ် ရှစ်
အဟတ် အမားရေတော်လောက်ပြီနော်
သောင်းကျန်းရတာမောလှပြီ
ကိုးလေးတော့ယူလိုက်မယ် ဟုတ်ပြီလား
ဂိုး ဂိုး ဂိုး ဟာလေ ဟာလေဟာ လေး
တူး သရီး ဂိုး ဟာလေ ဟာလေး ဟာလေး
ကိုး ကိုး ကိုးကိုး ကိုး
ဒီခါ သေချာမန့် ပြီ
အမား ရေ ကျန်းမာရေး စောင့်ရှောက်မူနဲ့ ဆိုင်မလား
နိုင်ငံမဖွံဖြိုးတာနဲ့ ဆိုင်မလားဟင်
ဖတ်ပြီး တော့စိတ်မကောင်းဖြစ်ရတယ်
ဆင်းရဲတဲ့လူနဲ့ ချိုတဲ့ နိုင်ငံမှာပဲ ဆုံးပါးတာများတယ်နော်
အတိတ်ဘဝက မကောင်းမူများနေလို့ လားမသိဘူး
ဒါဆိုရင်တော့ ဒီဘဝမှာ မကောင်းမူလုပ်နေတဲ့
အနော့တို့ ပြည်သူ့ အချစ်တော်လည်း
နောက်ဘဝ ဆက်တိုင်း ဒီလိုဖြစ်မှာထင်တယ်
ဆိုင်လားမဆိုင်လားမသိဘူးသူ့ နဲ့ 
ချစ်လွန်းသော်လည်း မုဒိတာပွားရတယ်
ဟူးးးးးး ဘာပြောရမလဲ ဖွားကီရ မြန်မာလိုဆိုရင်တော့ ကံ၏အကျိုးပေါ့ အသက်ရှင်နေနိုင်တယ်၊ ဘ၀ကို အရှုံးမပေးဘူး ကျနော်တို့ လေးစားရမှာပါ။ စဉ်းစားနေတာ သူတို့က စိတ်၂ခုနဲ့ဆို ဘယ်လောက်တောင် ခက်ခဲနေမလဲလို့ တခေါင်းက ဟိုဟာလုပ် နောက်တခေါင်းက ဟိုဟာလုပ်း) တော်တော်ကို စဉ်းစားရခက်တဲ့ သဘာဝက ပေးတဲ့ ရလာဒ်တခုပါပဲ
လေးစားလျက်
တောင်ပေါ်သား
စုစည်းတင်ပြပေးတဲ့အတွက် ကျေးဇူးပါ...
မြင်ရတွေ့ရတာ စိတ်မမြေ့စရာ ကြေကွဲစရာပါလား...
သတ္တ၀ါတွေ ကျန်းမာချမ်းသာကြပါစေ...
အင်း ကျနော်မေတ္တာပို့နေတုန်းမှာပဲ...
အပြာရောင်ကားလေးနဲ့ တယောက်ပီးတယောက်
အင်း... မေတ္တာဓါတ်တွေ ပျက်ပြယ်ကုန်ပြီလားမသိ...
ကြည့်ပြီး စိတ်ဆင်းရဲသွားတယ် မမကိကိရာ
.................
း((((
ဘဝဆက်တိုင်းအတူနေရပါစေဆိုတဲ့ ဆုတောင်းများ မှားသွားသလားမသိဘူး
ပြဿနာတော့ တကယ့်ပြဿနာပဲ
ပါးစပ်နှစ်ပေါက်ပါတော့ အတင်းကနှစ်မျိုးပြောလိမ့်မယ်
ရည်းစားဖြစ်ရင်မလွယ်ဘူး
စိတ်ကောက်ရင် မျက်စောင်းနှစ်ခါထိုးခံထိမယ်
ချစ်ကျီစယ်ရင်လည်း ပါးလေးခုကြီးများတောင်
ပတ်နမ်းပေးရမယ်
အဲဒီခေါင်းနှစ်လုံး တစ်ယောက်နဲ့တစ်ယောက်
ရန်ဖြစ်ရင်တော့ ဒုက္ခပဲ
ကောင်မလေး၂ယောက်တော့ ကြည့်ဖူးတယ်
မြန်မာနိုင်ငံကအကြောင်းတော့ ခုမှပဲသိရတယ်
သနားစရာနော်းးးမမ
ဒါနဲ့ အခုတလော ၁ ကနေ ၉ ထိရတဲ့ သူကို ဘာပေးတာလဲ ဟင် ဘာဆုလဲ ????????????
တော်တော်ကြိုးစားကြပါလား
မွေးစားသမီးလား? သြော် အဲဒါတော့ သားလဲမသိဘူးလေ.... ဒါပေမယ့်မွေးစားအဖေနဲ့ပိုတူမှာပေါ့ စကားက များတာကို
ဘ၀ ဘ၀ ဒီလိုပဲဒီလိုပဲ
ဗဟုသုတတွေ ရပါတယ်...... ဘ၀ပေးဆိုးလှပါတယ်နော်......
ဖွားကိ ရေ မြန်မာနိုင်ငံကအကြောင်းကတော့ အခုမှပဲ သိတော့တယ် ... ငွေကြေးမတတ်နိုင်တဲ့ ကလေးများက သနားဖို့ကောင်းပါတယ် ... အထူးသဖြင့် မြန်မာနိုင်ငံမှာ ဒုက္ခအရောက်ဆုံးပါပဲ အစိုးရက ခွေးဖြစ်နေတာကိုး
Kiki ရေ သေချာစုဆောင်းပြီး ပြန်ဝေမျှတာ ကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံက ကလေးလေးရဲ့ နောက်ဆက်တွဲ သိချင်နေတာ ခုမှ သိရပါတယ်။
အမေရိကားက ကျန်းကျန်းမာမာ အသက်ရှင်နေတဲ့ ကောင်မလေးတွေကိုလည်း သိပ်ကို စိတ်ဝင်စားမိပါတယ်။ လက်တွေ ခြေတွေကို စိတ်၂ခုနဲ့ ဘယ်လို control လုပ်နေကြလဲဆိုတာ သိချင်လိုက်တာ။
နောက်ဆုံးပြောသွားတဲ့စကားလေး... “အမြဲတမ်းစကားပြောရမယ့် လူရှိနေတယ်။ အဲတော့ ဘယ်တော့မှ အထီးကျန်မဖြစ်ဘူးပေါ့” ဆိုတာကို သဘောကျလိုက်တာ။ အကောင်းမြင်တတ်လိုက်ကြတာ...
မေ၇သေချာ ကိုစုထားတာပါလားနော်။ ဟိုကောင်မလေးနှစ်ယောက်ကို ကြည့်ရတာ စိတ်ထဲမှာ တမျိုးပဲဖြစ်တယ်။ အပေါ်က ကလေးတွေလည်း တော်တော်ကို သနားဖို့ကောင်းတယ်နော်။ ခွဲစိတ်လိုက်ရင်ေ၇ာ ဘယ်လိုဖြစ်မလည်းနော်။
ခင်မင်လျှက်
ညီမလေးပါးလုံး
ဒီအိမ်လေးက လာလာလည်တိုင်း နေရာလုတတ်ကြတာကိုး .....
သိသွားပြီး ..နောက်တခါ များလည်း လာလုမှာနော် ...သတိထားတော့ ဘယ်သူတစ်ဖြစ်တော့မလဲလို့ ...ဗြဲ
ထူးဆန်းထွေလာတွေရေးတာဖတ်လို့ကောင်းတယ် ဖတ်သွားတယ်နော် သူများလိုတော့ တစ်မဖြစ်လိုက်ဘူး.....ရွှတ်ဖတ်.
ကိရေ ကြက်သီးတဖြန်းဖြန်းထ သွားတယ် ဟုတ်တယ် ဂယ်ပြောတာ ဘာလို့လဲမသိဘူးရယ် ဟွင်းးး စိတ်ထဲမကောင်းဘူး ကွယ် အဲလိုမျိုးတွေ ဖတ်ရတာ ဟင်းးးးးးးးးးးး သက်ပြင်းရှည်ကြီးချသွားတယ် နော် ကိရေ ဘိုင်တာ့တာ
ဘွားရေ ဖတ်ပြီး ပုံတွေကြည့်ပြီး စိတ်မကောင်းလဲဖြစ် ၊ ရှေးဘ၀ကံအကျိုးပေးလို့ပဲ ပြောရမလားနော်။ သနားပါတယ်။
အပေါ်က ခလောက် ဘယ်လိုဖြစ် တယောက်တည်း တစ် ကနေ ခုနှစ်ထိယူတယ်။ :(
ဖတ်ပြီးတော့ စိတ်မကောင်းဖြစ်ရပါ၏ ဘ၀ကံအကျိုးပေးနည်းတာလား ဆုတောင်းမှားခဲ့လို့လား တစ်ခုခုတော့ တစ်ခုခုပါ ။ သတင်းအချက်အလက်တွေ စုဆောင်းပြီးတင်ပြတဲ့ ဖွားကိကိုလည်း ကျေးဇူး
Post a Comment