Sep15,2009
ချစ်သောမေမေ ..
မေမေ့ သမီးလေးဟာ ခုဆိုရင် ဘုရားသခင်ရဲ့ စောင့်ရှောက်မှုအောက် အေးချမ်းတဲ့နေရာလေးတခုမှာ ရောက်လို့ နေပါပြီ ။ သူဟာ သမီးကို ချစ်ခင်စွာနဲ့  သမီးရဲ့  နှလုံးပျက်ပြုန်း မတတ် ဝမ်းနည်းကျေကွဲ ငိုကြွေးနေရတဲ့ ဘဝကို နားလည် စာနာပေးပါတယ် ။
မေမေ့ သမီးလေးဟာ ခုဆိုရင် ဘုရားသခင်ရဲ့ စောင့်ရှောက်မှုအောက် အေးချမ်းတဲ့နေရာလေးတခုမှာ ရောက်လို့ နေပါပြီ ။ သူဟာ သမီးကို ချစ်ခင်စွာနဲ့  သမီးရဲ့  နှလုံးပျက်ပြုန်း မတတ် ဝမ်းနည်းကျေကွဲ ငိုကြွေးနေရတဲ့ ဘဝကို နားလည် စာနာပေးပါတယ် ။
မေမေ့ဆီမှာ ခဏတာနေခဲ့ရတဲ့ အချိန်လေးတွေမှာ သမီးလေး ပျော်ခဲ့ရသလို ထိတ်လန့် မှုတွေလည်း ရှိခဲ့ရတယ် ။လောကကြီးမှာ ဘာတွေ ဖြစ်ပျက်နေကြသလည်း သမီးနားမလည် မိခဲ့ရပါဘူး မေမေရယ် ။ အမှောင်ထဲမှာနေရပေမဲ့ သမီးကိုယ့်ခြေ လက်လေးတွေ ကိုကြည့်ရင်း တနေ့ ကျရင် မေမေ့လို လှလှပပလေး ဖြစ်ရမယ်လို့ စိတ်ကူးယဉ် နေခဲ့ရင်းနဲ့ ဒီပတ်ဝန်းကျင်လေးကို ခွဲခွာ ရလိမ့်မယ်လို့ မထင်မိခဲ့ပါဘူး ။ သမီးလေးရဲ့ အချိန်များစွာ ကို အမေ့ရင်မှာ အိပ်စက်အနားယူရင်း စဉ်းစားတွေူးတောရင်းနဲ့ ကုန်လွန်စေခဲ့ရတာ မေမေ သိမှာ ပါ နော် ။ မေမေ နဲ့ သမီးတို့ အကြားမှာ ခိုင်မြဲတဲ့ သံယောဇဉ်လေး တခု ငြိတွယ် ခဲ့ ပြီးသားပါ ။
မေမေ ဝမ်းနည်းကျေကွဲ စွာ ငိုကြွေး တဲ့ အချိန်လေးတိုင်းမှာ သမီးလည်း ကြားသိနားလည်လို့  မေမေနဲ့ အတူ ငိုကြွေး ခဲ့ရဖူး ပါတယ်။ တခါတလေ မေမေ ကြောက်ရွံ့  တုန်လှုပ်စွာ အော်ဟစ်နေတတ်တဲ့ အချိန်လေးတွေ မှာလည်း မေ့သမီးလေး အမေ့ဘေးမှာ အတူပူဆွေးပေးနေလျှက်ပါ။ ဖေဖေရဲ့ ဒေါသတကြီး အော်ဟစ်သံ တွေကြားရတဲ့အခါ သမီးအရမ်းကို ဝမ်းနည်းမိခဲ့ရတယ် ။မေမေဘာလို့များ ဝမ်နည်းခြင်းကြီးစွာနဲ့ ငိုကြွေးနေခဲ့ရတာပါလည်း၊ပျော်ရွှင်ခြင်းတွေ ကင်းမဲ့နေခဲ့ရတာပါလည်း မေမေရယ် ။ တနေ့ လုံး ငိုနေခဲ့တဲ့ မေမေ့ကို ကြည့်ရင်း သမီးစိတ်ထိခိုက်မိရတယ်၊။
အဲ့ဒီနေ့မှာဘဲကြောက်စရာ အဖြစ်တခု ဖြစ်ခဲ့ရတယ်။ မကောင်းဆိုးဝါးတကောင်ကို သမီးတွေ့ လိုက်ရတယ်။ သမီးရဲ့ နွေးထွေးတဲ့  အသိုက်အမြုံလေးတခုဆီ သူရောက်လာခဲ့တဲ့  အချိန်တုံးက သမီးလေ .. အရမ်းကို ထိတ်လန့်  တုန်လှုပ်မိခဲ့တယ် မေမေရယ် ။၊သမီးမှာ ရှိသမျှအားအင်လေးနဲ့  ရုန်းကန် အော်ဟစ်ခဲ့ပေမဲ့ ဘယ်သူမှ မကြားကြတာလားဟင် ။ အကူအညီပေးမဲ့သူဆိုလို့  တဦးတယောက်ကိုမှ ရှာမတွေ့ မိခဲ့ပါဘူးလေ ။ အဲ့ဒီ မိစ္ဆာကောင်ကြီးက သမီးနဲ့  နီးလာလေလေ ကြောက်ရွံ့ ခြင်းတွေ ပိုများလေလေ နဲ့  မေမေ့ကို အားကိုးတကြီး အော်ခေါ်ခဲ့ပါတယ်မေမေရယ်။ သမီးလေးကို လာကယ်လှည့်ပါအုံး လို့  ။ မိစ္ဆာကောင်ကြီး က သမီးကို ဖျက်ဆီးနေပါပြီ မေမေရေ။
သူ့ ကြောင့် သမီးရဲ့ လက်တွေ လည်း နာကျင်လှပါပြီ တစစီ တစစီ ပျက်စီးခဲ့ရပါပြီ ။ သူ့ ကို အမျိုးမျိုး တောင်းပန်ခဲ့ပေမဲ့  သူ့ လုပ်ရပ် ဟာ ရပ်တန့် လို့  မသွားခဲ့ ပါဘူး ။ နောက်တဆင့် တက်ပြီး သမီးရဲ့ ခြေထောက်တွေ ကိုပါ ဖျက်ဆီးခဲ့တယ် မေမေ ။ အဲဒီလို သေလုမြောပါးဒါဏ်တွေ ခံစား နေရချိန်မှာ သိလိုက်ရတာ ကတော့ " မေမေ သမီးကို သိပ်ချစ်တာဘဲ " လို့ ပြောလာမဲ့  မေမေ့မျက်နှာ လေးကို ဘယ်တော့ မှ တွေ့ ခွင့် ရတော့ မှာ မဟုတ်ဖူး ဆိုတာ ပါဘဲ ။ သမီး မေမေ့ ကို အငို မျက်ရည် တွေ ဆက်မကျ စေချင် ပါဘူး ။
။ မေမေ့ အတွက် ပျော်စရာ လေးတွေ ဖန်တီးပေးဖို့  စိတ်ကူး ပြီးသားပါ မေမေ ။ မေမေ့ သမီးလေး အဖြစ် ဆက်နေချင်ပါသေးတယ် ။ သမီးရဲ့  နှလုံးသားတွေ ကွဲအက်ကျေပျက် နေကြ ပါပြီ မေမေရေ ။မေမေ နဲ့  မခွဲခွာရသေးခင် အချိန်လေးမှာ မေမေ့ကို သိပ်ချစ်တဲ့ အကြောင်းလေး မေမေနားလည်အောင် ပြောပြချင်လိုက်တာ ။သမီးရဲ့  နောက်ဆုံး အချိန်လေး ရောက်ရှိလို့ လာပါပြီ မေမေ ။ သမီးကို နတ်သမီးလေး က လှပတဲ့  နေရာလေးတခု မှာ နေဖို့  လာခေါ်လို့  မလိုက်ချင်ပေမဲ့ လိုက်လာ ခဲ့ ရပါပြီ .. .
နေရာသစ်က အရှင်သခင် ဟာ သမီးကို ချစ်ပါတယ် သမီးရဲ့  အားကိုးဖွယ်ရာ အဖေလို ပါဘဲ .. သူ က သမီးကို ကြင်နာစွာ ပြော ခဲ့ ပါတယ် . သမီး နာကျင် ခံစားခဲ့ ရတာ တွေ ကို သူ အားလုံး သိပါတယ် တဲ့  . တနေ့ မှာ သူ သမီးကို ရှင်းပြတယ် . သမီး ဘဝ ကို ဖျက်ဆီးခဲ့ တဲ့  မိစ္ဆာ ဆိုသူ အကြောင်း ကို လေ သူ့ ကို ......
"Abortion". လို့  ခေါ်ဆို ကြတယ် တဲ့ ။
သမီး ဒီစာလေးကို ရေးရတာ ဟာ မေမေ့ကို ဘယ်လောက်ချစ်ခဲ့ ရ တဲ့ အကြောင်း နဲ့ မေမေ့ သမီးလေး ဆက်ဖြစ်နေရ ဖို့ ကို ဘယ်လောက် ကြိုးစား ခုခံ ခဲ့ ရတယ် ဆို တာ ပါဘဲ မေမေ ။နောက်ဆုံးမှာတော့ အဲဒီ မိစ္ထာကောင်ကြီး ကို အားမတန် လို့ မာန်လျှော့ ပြီး အရှုံး ပေးခဲ့ ရပါတယ် ။ သမီး မေမေနဲ့  မခွဲ ချင်သေးဘူး မေမေ ရယ် ။ အဲ့ ဒီ ဆိုးဝါးလှတဲ့  မိစ္ဆာကောင် ကြီးကို သတိထား နေပါနော် ။ သမီး လေ မေမေ့  ကို သိပ်ချစ်ပါတယ် ။
မှ / ချစ်သမီး ငယ်လေး ....
( သမီးလေးရဲ့  စာ လေးက ဒီမှာတင် အဆုံးသပ် ခဲ့  ပါပြီ ။ ရှေ့  ဆက် ကြည့်ချင်သေးရင်တော့ ကြည့်ကြပါ ။ ဒါပေမဲ့  အသည်းငယ်သူ များ ၊ ရွံ တတ်သူများ ။ အန်လွယ်သူများ မကြည့် ကြရန် ကြိုတင် သတိပေး အပ်ပါတယ်)
ဒီနေရာ လေးက ရတဲ့ အကြောင်း အရာလေးကို တတ်သမျှ မှတ်သမျှ နီးစပ်အောင် ဘာသာ ပြန်ပေးလိုက်ပါတယ် ၊ ဖတ်ရတာ အဆင်မပြေ ဘူး ဆိုရင်တော့ ဘာသာ ပြန်သူ ဖွားကိ ရဲ့  ညံ့ဖျင်းမှု ကြောင့် လို့  သတ်မှတ်ပေးကြပါ ။
ဒီကိစ္စရပ်တွေ ကိုယ့် မျက်စိရှေ့ မှာ တင်သတ်ဖြတ်နေတာ ကိုယ်တိုင် တွေ့ ခဲဖူးပါတယ်။ချစ်စဖွယ် ၃၄ ပတ်သားလေး အဖေမပေါ်ပဲ မွေးလာပြီးခါစ အူဝဲ အော်နေစဉ်မှာ ဆေးထိုးပြီး လူ့ ဘဝထဲက ထွက်စေခဲ့တာ ခုထိမျက်စိထဲက မထွက်သေးပါဘူး ။ အဲ့ ဒီ အချိန်တွေ တုံးက စိတ်မကောင်း ဖြစ်လွန်းလို့  အဲ့လိုတွေ လုပ်နေကြတဲ့  ဆေးရုံကနေ အလုပ်ထွက်လာခဲ့ ဖူး ပါတယ် ။ ကလေး မလို ချင်ရင်လည်း စောစော စီးစီးတည်းက မရအောင် တားဆီးလို့ ရရဲ့  သား နဲ့  .. ဒီလို အသက်တချောင်းရယ် လို့ ဖြစ်လာ ပြီးတော့မှ ရက်ရက်စက်စက် သတ်ဖြတ်ပစ်ကြတာ ၊ ဒီနိုင်ငံမှာလည်း ငွေမျက်နှာ တခုတည်းသာကြည့် တတ်ကြတဲ့  ဆရာဝန်တွေ ကိုယ်တိုင် ခုလို သားသတ်သမား လုပ်နေကြတာ တွေ မြင်ရ တွေ့ ရတာ အတော်လေး ချောက်ခြား စရာကောင်းလှပါတယ် ။
Therapeutic Abortion တို့  Diagnostic Abortion တို့  ဆိုတာကတော့လူနာ တကယ် လိုအပ်နေလို့ လုပ်ပေးရတဲ့ ကုသမှု ၊ ရောဂါရှာဖွေမှု တို့  အတွက် မို့ လို့  လူသတ်တယ်လို့  မဆို နိုင်ပါဘူး ။ ဒါပေမဲ့ ဒီ ကိုယ်ဝန်ကို မလိုချင်လို့  တမင်သက်သက် ဖျက်ချတဲ့ Induced Abortion မျိုးကတော့ မလုပ်အပ်တဲ့ အရာတွေပါ ။
သူတို့  ကတော့ ငှက်ပျောသီး အခွံ နွှာစားတာထက်တောင် လွယ်နေသလိုဘဲ ။ ထွက်လာတဲ့ အပိုင်းအစ တွေကို ပလပ်စတစ်အိတ်တွေ နဲ့ ထုပ် ပြီး deep freezer ထဲ မှာ အပြုံ လိုက် ထဲ့ထားတာ မတော်တဆ တွေ့ မိတဲ့ အချိန်တုံး က အသက်ရှူရပ်သွားမတတ် ဖြစ်ခဲ့ရ ဖူးပါတယ် ။ OG ဆေးရုံ တခုမှာ တလ မွေးတဲ့ မွေးတဲ့ ကလေးဦးရေ အရေ အတွက် က ဖျက်ချပစ်တဲ့ သန္ဓေသား ဦးရေ ရဲ့  ၄ ပုံ ၁ ပုံ တောင် မရှိပါဘူး ။
အောက်မှ ပုံများမှာ သန္ဓေသား အရွယ်အစား လပတ် အလိုက် ဖြစ်ပေါ် နေပြီးသော အင်္ဂါရပ်များ ကို ပြထားပါတယ် ။ အသည်းငယ်သူများ မကြည့်ကြဖို့  ထပ်မံ အသိပေး အပ်ပါတယ် ....
Aborted at 7 weeks.
This Is Dedicated To The Memory Of All The Aborted Babies Throughout The World.
It is a good story.. stop abortion. it kills a new life man.. they deserve better than this..
လူ ဆန် တဲ့  အ သိ တ ရား တွေ အ ချိန် မီ ရ နိုင် ကြ ပါ စေ ။
►Posted by
:kiki
:
at
9/15/2009 06:34:00 PM
Subscribe to:
Post Comments (Atom)
17 comments:
အောင်းဝါးးးးးးး
အောင်းဝါးးးးးးးးးးးးးးးးး
အောင်းဝါးးးးးးးးးးးးးးးးးးးးးးးးးးး
ရက်စက်ကြလေခြင်း...
တပ်မတော်သာအမိ တပ်မတော်သာအဖ ဆိုတာ ဒါကိုပြောတာထင်ရဲ့.........................
ရက်စက်လိုက်ကြတာဗျာ...
အယ် နံပါတ် ၁နေရာလာယူတာ ဦးလူထွင်းကြီး ဦးသွားပြီ။း((း((
အယ် နံပါတ် ၁နေရာလာယူတာ ဦးလူထွင်းကြီး ဦးသွားပြီ။း((း((
ဟီး ၂ခါနှိပ်မိသွားတာ။ ပို စ့်လည်းခုထိမဖတ်ရသေးဘူး။ ပုံတွေတွေ့ မိသွားလို့ မကြည့်ရဲတော့ဘူး။
ဘာတွေတင်မှန်းမသိဘူး။ သူများနေမကောင်းရင် ဆေးလာကုရမယ်။ ဒါပဲ :((
ပိုစ့်တော့ဖတ်သွားတယ်နော် ။ ပုံတွေတော့မကြည့်ရဲဘူး။ အသည်းငယ်တာဟုတ်ဖူး၊ အသည်းကကြီးတောင်ကြီးနေသေး ။း)
မကိရေ တခုလောက်တော့မေးချင်တယ် ဘေးနားက coin လေးတွေက ဘာလုပ်တာလဲဟင် မသိလို့နော် တကယ် မသိလို့နော်
စိတ်မကောင်းဘူး ဖွားကိရာ ဖတ်ရတာ မကြောက်တတ်ပါဘူး အသည်းလဲမငယ်ပါဘူး ပုံတွေ သေချာကြည့်သွားတယ် စိတ်ထဲလဲ မကောင်းဘူး ဘာလို့လဲမသိဘူး ကြက်သီးတဖြန်းဖြန်းထ နေတယ်
ပြန်တော့မယ် တာ့တာ ဒီတခါ စိတ်မကောင်းလို့ မသောင်းကျန်းတော့ဘူး ဘိုင်
လူဖြစ်ပြီး လူမဆန်တာပါ။ ဒါကြောင့် သူတို့ လဲ
လူအဖြစ်သံသယာမှာ ဘယ်တော့ မှရရှိလိမ့် မယ်
မဟုတ်ပါ။ အပေါ်ယံဖေါက်ပြန်နေတဲ့ လူ့ အသိုင်းအဝိုင်း
ကြီးရဲ့ ပြရုပ်တစ်ခုလို့ မြင်မိပါတယ်။ လေးပုံတစ်ပုံတဲ့ ။
လွန်လွန်းအားကြီးပါတယ်ဗျာ။
မမကီ..ကျွန်တော်တို့  ဗမာပြည်မှာရော..ဟင်..။
စိတ်မကောင်းလိုက်တာ...လူမဆန်တဲ့ အပြုအမူတွေပဲ... STOP ABORTION !!!
ဖွားကီ ဖတ်ပြီး စိတ်မကောင်းဖြစ်မိတယ် ပုံတွေ ကြည့်မိတော့ လူသားမမြောက်သေးတဲ့ ကလေးငယ်တွေကို ပြေးမြင်မိတယ်ဗျ
၁၁ ပတ် ကလေးက ၉ ပတ်မြောက် ကလေးထက် ပိုငယ်တာလား ဘေးက ကွိုင်ကို ကြည့်ပြီး နှိုင်းယှဉ်မိတာပါ
လေးစားလျက်
တောင်ပေါ်သား
သံဝေဂယူစရာပဲနော်....... ပဋိသန္ဓေနေရခြင်းဒုက္ခက မြင်မကောင်းလိုက်တာနော်... တော်တော်ဝဋ်ကြီးတဲ့ ကလေးတွေပဲ....... မိဘတွေကလဲ မိဘစိတ်ကင်းမဲ့လိုက်တာနော်.....။ ကာဗာ အရင်မသုံးကြဘူးထင်တယ် သတ္တ၀ါတစ်ခုဖြစ်လာရင်တော့ ရရှိတဲ့ ဘ၀လေးကို ပိုင်ဆိုင်နှမြောကြတာပဲလေ။ အချို့ ရရှိထားတဲ့ ပြိတ္တာဘ၀လေးကို စွန့်လွှတ်ရမှာကြောက်လို့ သာဓုကြားနိုင်တဲ့နေရာနဲ့ ဝေးဝေးနေကြတယ်တဲ့
မယ်ကိရယ်...
သည်ပုံတွေ့ကြည့်ပြီး ဘယ်လို ချမ်းမြေ့ရပါ့မလဲ
ရက်စက်ပါပေ့...
နောက်ဆို ကျေးဇူးပြုပြီး Graphic ဖြစ်တာတွေ ဘလော့ပေါ်မှာ မတင်ပါနဲ့လား...
လင့် လုပ်ချင်ရင်တော့ လုပ်ပါ...
စစ်သားလုပ်ဖူးပါတယ်... စစ်တိုက်ဖူးပါတယ်...
သေခြင်းတရားကို လက်တကမ်းမှာရော မျက်စေ့ရှေ့မှောက်မှာပါကို မြင်ဖူးပါတယ်... သွေးထွက်သံယိုတွေ မမြင်ချင် အဆုံး မြင်ဖူးပါတယ်...
သို့သော်လည်း သည်လိုပုံတွေကိုတော့ မကြည့်ရက်ဖူး...
အူတွေ လိပ်တက်လာတယ်...း(
ကိလေးရေ.. ဖေဖေပြီးတော့မေမေကိုတနေပြန်ပြီဆိုပြီး...လာနောက်မလို့လာတာ... ဖတ်ပြီးတော့ အသက်ပေးသွားရတဲ့ကလေးတွေ အတွက်... စိတ်မကောင်းလိုက်တာ..သူငယ်ချင်းရေ.... မိခင်လောင်းရဲ့ဘဝ ဘယ်လောက်မြင့်မြတ်တယ်ဆိုတာ.. သူငယ်ချင်းက ပြသပေးလို့ ကျေးဇူးပါ...
အမေတွေရဲ့ချစ်သမီးကောင်းလေးတွေ ... မြင့်မြတ်တဲ့မိခင်ဘဝကို... သန့်ရှင်းစွာ ခံယူတတ်ကြမယ်ဆို၇င်ဖြင့်... အ၇မ်းကို မင်္ဂလာရှိတဲ့လောကကြီးဖြစ်မှာပဲနော်...
မမြင်ဖူး မတွေ့ဖူးတာတွေ ကြည့်ရလို့ ကျေးဇူးတင်ပါတယ် ...ကိကိရယ်...
စိတ်ဝင်စားလို့ အသည်းလည်းမငယ်တတ်လို့ အကုန်ကြည့်သွားပါတယ်...ဒါတွေကတော့ ဓါတ်ပုံတွေ
မို့လို့ ကြည့်ရဲတာပါ...အပြင်မှာတော့ ကြည့်ရဲမယ်မထင်ပါ...ကိုယ့်ရှေ့မှာ ကားမှောက်သွားတာ
( တယောက်မှ ဘာမှမဖြစ်ပါ ) ကို မျက်ဝါးထင်ထင် မြင်လိုက်ရတာတောင် ရင်တွေတုန်ပြီး စိတ်ထဲမကောင်းလိုက်တာ...အဲလိုမျိုးသာ မြင်လိုက်ရရင်တော့လား မစဉ်းစားရဲတော့ဘူး...
ဒီလိုဖြစ်တာတွေကတော့ ဘယ်သူ့ကို အပြစ်တင်ရမလဲ... ကြက်သီး တဖြန်းဖြန်း ထမိတာတော့ အမှန်ဘဲ...အခုတလော တော့ ဒီကဆေးရုံမှာ ခလေးတွေ ပိုမွေးကြလို့ အခန်းတွေမှာ ပြည့်နေတယ်လို့ သူငယ်ချင်း ဆရာဝန်ကပြောပြလို့ သိရတယ်...
လုပ်ရက်ကြတယ်နော် ..း(((
အသည်းငယ်ပေမယ့် စိတ်ဝင်စားလွန်းလို့ ကြည့်သွားတယ်။ :( ရင်ထဲမကောင်းဘူး။ ငိုချင်သလို၊ သနားသလို၊ ဘာမှန်းမသိတော့ဘူး။
လန့်တောင်သွားတယ်ဗျိုးးးး
ထမင်းဆင်းစားခါနီးလာကြည့်တာ
မွေးမေလေ့ လို့အော်ရတော့မယ်ထင်တယ်
ဟုတ်ပါ့ဗျာ
စောစောစီးစီးပဲ ကာကွယ်ကြပါတော့လည်း
အသက်တစ်ချောင်းရယ်လို့ ဖြစ်တည်လာပြီးမှ
အခုလို သတ်တာကတော့ ဆိုးဝါးလှပါတယ်
ဘာပဲပြောပြော လူသတ်မှုဟာ လူသတ်မှုပါပဲ
အားးးးးးးးးးးးးး
ထမင်းစားရင်း ကြည့်နေတာ... အီးးးးးဟီးးးးးး
လူသတ်သမားတွေ လူသတ်သမားတွေ....
မြန်မြန်ကြွပါစေ။ ဟူးးးးးးးးးး
ထမင်းဆက်မစားနိုင်ပါ။
Post a Comment