အိုး အသင် ဘလောဂ်လောကကြီး.. ဘာတွေဖြစ်ကုန်ကြပါသနည်း ။
ကူးစက်မြန်ရောဂါတွေများ အတော်ကြောက်ဖို့ ကောင်းနေပါပကောလား
ဟိုလူက ဒီလူပေါ်တက် ၊ ဒီလူက ဟိုလူပေါ်တက် ၊ ကြံကြံဖန်ဖန်တွေ ရှာကြံပြီးတက် ၊
အတက် မတော် ၊ အရှက်ပေါ် ၊ အဲဒါလဲ ဆက်ပြီးတက် ၊
အတက် မတတ် ၊အရှက်ပြတ် ၊ အဲဒါလဲ ဆက်ဆက်ပြီးတက် ၊
ရောဂါဇစ်မြစ်ရှာကြည့် တော့လဲ ဘာမှန်းရေရေ ရာရာ မရှိ ။
ရောဂါ မသိ ၊ ဆေး မရှိ ။ အတော် ခက်ပါ၏ ။
( စကားလုံး အဓိပ္ပါယ် ရှင်းလင်းချက် ... တက်= တက်ဂ် = Tag )
လာပြန် လေပြီ နောက် တရောဂါ ..
အမောင် တောင်ပေါ်သားလေး ရဲ့  တက် ဝါးလုံးရှည်ကြီးနဲ့  အရမ်းခံ လိုက်ရတဲ့ အထဲ မှာကံမကောင်းသူတွေ အတက်ခံ လိုက်ရပြန် လေပြီ ။ အဲဒီတော့ ဘာဖြစ်သလဲ ၊ ဘာမှ ဖြစ်ဖူးလေ ။
ဘာတွေရေးရမှန်း မသိ ဖြစ်နေတုံးမှာ ရေးစရာ အကြောင်းအရာလေး hint ပေးသွားသူ ၊ မောင်တောင်ပေါ် မြောက်ပေါ်လေးကိုဘဲ ရှာကြံပြီး ကျေးဇူး တင်လိုက်ပါတယ် ။ အဟက် .. တပြားမှ မကုန်တဲ့ ကျေးဇူးတွေ စွပ်တင်ပြစ်လိုက် ပါတယ် ။
ဘာတဲ့  ဒီ တခေါက် ရောဂါ နာမယ်က .. နိုင်ဂံဂျားပြန်တဦး၏ ငြီးချင်း ဆိုလား ။
ငြီးတယ် ။ ညီးတယ် ။ ညဉ်းတယ် ။ သံတူကြောင်းကွဲလေးတွေ ပါဘဲ ။ ဘယ်တခု ကို ဆိုလို သလဲ တော့ အသေအချာမသိပါဘူး ။သီချင်း ငြီး နေတယ် ။နားညီးတယ် ။ တပွမ်ပွမ်နဲ့  ညဉ်းညူ နေတယ် ။ အဓိပ္ပါယ်တွေ က မတူကြ ဘူးနော် ။
ပြီးတော့ မြန်မာ ဘလောဂ်ခေတ်ကြီးမှာ သတ်ပုံ စာလုံးပေါင်း တွေကို တည်းဖြတ်ပေးမဲ့ သူ မရှိကြတော့ ။ဖတ်ရင် အသံ ၊ရေးရင် အမှန် တင် မကတော့ပါဘူး ။ရေးချင်ရာရေး ရေးချင်သလိုရေး ပေါင်းချင်သလိုပေါင်း ( စာလုံး ပေါင်းတာကို ဆိုလိုပါတယ် ။လဒတွေ နဲ့ ပေါင်းသင်းတာကို ထဲ့ မပြောပါဘူး ) ။ အားလုံး က understand ( အန်ဒါစကပ် လုပ်ပြီး နားလည်သဘောပေါက် နေကြပြီး ဖြစ်ပါတယ် ) ။
ဥပမာ ... သူငယ်ချင်း = သယ်ရင်း ၊ ဘော်ဘော်ကြီး ။ ။ ပိုက်ဆံ = ပိုက်ပိုက်
ကိုယ်တို့ ငယ်စဉ် အခါက မြန်မာစာတွေ သင်ပေးခဲ့ ဖူးတဲ့  ဆရာ/မ တွေသာ သိရင် ယူကြုံး မရ ဖြစ်ကြ မှာ အမှန်ပါဘဲ ။
ခေတ်ကြီးကလည်း မတူတော့ ပေဘူးလေ ။ ရောမ ပြည်ရောက် ရောမ သားလို ကျင့်ကြရတာပေါ့ ။
ကဲ road map ကြီးလွဲ ခါနီးနေပြီ ။ ကိုယ့်ဖက်ပါအောင် ပြန်ဆွဲလိုက်အုံး မှ ပါဘဲ ။ လာလေ့ ။
ခုလည်း ကြည့် လေ ( နိုင်ဂံဂျားပြန်တဦး၏ ငြီးချင်း ) နိုင်ဂံဂျား= နိုင်ငံခြား ဒီလောက်တော့ အားလုံး သဘောပေါက်ပြီးသားဘဲ မဟုတ်လား ။
နိုင်ငံခြား ဆိုတာ ကိုယ့်အမိနိုင်ငံ နဲ့  မြေခြား ရေခြား နယ်နိမိတ်ချင်း ခြားနားသွားတဲ့  တခြားနိုင်ငံတခု( အဟိ ရှင်းရှင်းလေးကိုရှုပ်အောင်လုပ်နေတာ)၊
လူတွေက ဘာလို့ နိုင်ငံခြား ကိုသွားကြတာလဲ ။ ဒါလဲရှင်းပါတယ် ။အကြောင်းအမျိုးမျိုးကြောင့်ပေါ့ ။ တချို့ က မနေချင်လို့ သွားတယ် ။ တချို့ က ကိုယ့်ပြည် ကိုယ် နေချင် ပေမဲ့  ဆက်နေဖို့  မဖြစ် နိုင်တော့လို့ ။ တချို့  က အလုပ် လုပ်ဖို့ ၊ကျောင်းတက်ဖို့ ၊ ပိုက်ပိုက်ရှာဖို့  ၊ပညာ ရှာဖို့ ။ ကြင်ယာရှာဖို့  ။ထွက်သွားတဲ့လူတွေထဲ မှာလဲ အခြေ အနေခြင်း အကျိုးပေးတာခြင်း ဘယ်တူနိုင်ပါ့မလဲနော် ။ ဟိုမှာ ကိုယ့်ဆွေမျိုး မိတ်ဆွေ ကူညီမဲ့ သူ ကျောထောက်နောက်ခံ ရှိပြီးသားသူတွေ အတွက်ကတော့ ဒီလောက်ကြီး ခက်ခဲ ပင်ပန်းစွာ မ ရုန်းကန် ရပေမဲ့ ၊ တယောက်ထဲ ဘာမှ မပါ ဘလာသက်သက် သူများဆီ မှာ အကြွေးယူ စရိတ်အကုန်ခံ ပြီး စွန့် စားထွက်ခွာလာရသူတွေ အတွက်တော့ အတော်လေး ပင်ပန်းကြရပါတယ်။ အခက်အခဲ ကိုယ်စီ ရှိကြတာပါဘဲ။ ရေမြေ ၊ ဘာသာစကား၊ဓလေ့ မတူတဲ့ တစိမ်းတွေ ကြား တကောင်ကြွက် မျက်နှာငယ်ဘဝ နဲ့  မရေရာတဲ့ ရှေ့ ရေးတွေ ကို စမ်းတဝါးဝါး လျှောက်ခဲ့ ကြရတာတွေ ကိုယ်တွေ့ ကြုံ ဖူးတဲ့သူ အချင်းချင်းမှဘဲ ကိုယ်ချင်းစာနာ တတ်ကြမှာပါ ။
ဒီတော့လည်း မြန်မာပြည်ကြီးအတွင်းမှာဘဲ ရှိနေ ကျန်နေခဲ့ ကြတဲ့ သူတွေ က နိုင်ငံခြားသွား နေ အလုပ်လုပ်နေကြသူတွေ ကိုနိဗ္ဗာန် ရောက်နေတဲ့အတိုင်း အထင်ရှိနေကြတာတွေ ကို အပြစ်မတင်ရက်ပါဘူးလေ။ကိုယ့်အကြောင်းကိုယ်ပြောပါမယ် ဆိုတော့ တချို့ အပိုင်းအစလေးတွေကိုလည်း ပြောပြီးသားဖြစ်နေတာတွေ ရှိတော့သက်ဆိုင်ရာ နေရာလေး ၁ ၂ မှာ သွားကြည့် လို့ ရပါတယ် နော်။
အကြွေး နှင့် စတဲ့ ကိုယ့်ဘဝ= သုည အနှုတ်( zero minus )
ကျောင်းပြီး ဘွဲ့ ရ ဟိုရုတ်ရုတ် ဒီရုတ်ရုတ်နဲ့  ဂုတ်ကနဲ ပါသွားမစိုးလို့  မာတာမိခင်က အကြံပေးတယ် ..နိုင်ငံခြား ထွက်တော့တဲ့ ။ ဆက်နေလဲ ခုလောက်ဆို ၆၅ နှစ်နဲ့တိုးမှာ ရာနှုန်းအပြည့်ပေါ့။
ဒါကြောင့်  အစီအစဉ်မရှိဘဲ ထွက်လာတယ် ၊အိမ်နဲ့ ဦးဆုံး အကြိမ်ခွဲလာရတာ ။ ဘဝတူချင်းဆိုတော့ ခံစားပေးနိုင်ကြမှာပါ ။ခရီးစရိတ် ။ EC လျော်ဖို့ ငွေ ။ မျက်နှာငယ်စွာ ကိုင်ရမဲ့  PP နီနီလေး ရဖို့  ပွဲစား စရိတ် ။ အားလုံးပေါင်းလိုက်တော့ မာတာပီတုရဲ့  ၂ကျပ်သား အကွင်းလေး ၂ကွင်း ရှောသွားခဲ့တယ် ။ဒါက စိတ်ထဲမှာဦးစွာ ကျခဲ့ရတဲ့ မျက်ရည် တစက်ပါ ။ ကိုယ့်ဘဝရဲ့ ဦးဆုံး နဲ့ အဝေးဆုံး တကိုယ်တော် ခရီး စထွက် လာတဲ့အချိန် မှာ ခေါင်းစိမ်းကြီး ရဲ့ တခြမ်းသာသာ ပဲ လက်ထဲပါခဲ့တာ ။
စဉ်းစားကြည့်ကြနော် ။ ဒီလို တရားဝင် လဲလှယ် ပေးလိုက်တဲ့ ငွေကလေး တပဲတပြားလောက်နဲ့  ရောက်ရောက်ချင်းအလုပ်မရှိခင် ဘယ်လို နေ၊ စား၊ သုံး ပြီး အသက်ဆက်ကြရမလဲ ဆိုတာလေ
စိန်စီသောည စိန်မှုံကြဲ နေကြရတဲ့  လက်တဆုပ် လူတန်းစားတွေ ဘယ်လိုလုပ် သိနိုင်ကြပါ့မလဲ ။ခေါက်ဆွဲခြောက်ပြုတ်တထုပ် ၊ ကြက်ဥတလုံးနဲ့ တရက်စာ ဖြေရှင်းခဲ့ရတဲ့ ရက်ပေါင်းများစွာ လည်း ဘယ်သူမှ သိကြမယ် မထင်ပါ ။ ကိုယ်သင်ထား တတ်ထား တဲ့ ပညာ ဆိုတာကြီးကို ချောင်ထဲ ထိုးထားပြီး ဘာမှ မဆိုင်တဲ့  သမာအာဇီဝ ရရာအလုပ်လေးတွေ ပြောင်းလဲလုပ်ပြီး တင်ထားခဲ့တဲ့ အကြွေးလေးတွေ ဆပ်ချင်ဇောနဲ့  နေ့ မနား ညမအိပ် လုပ်ခဲ့ရတာတွေ ကိုရော ၊ဘယ်သူသိမလဲ ။ စကားမပေါက်လို့  ခိုင်းတာ တမျိုး လုပ်တာ တခြားနဲ့  အထက်က လူ မျိုးခြားတယောက်ရဲ့  ဆူပူ ကြိမ်းမောင်းခံခဲ့ ရတာတွေ ကိုရော ၊ ဘယ်သူမှ မသိခဲ့ ပေမဲ့  ကိုယ့်ရင်ထဲ မှာခုထိ နာကျဉ်း နေဆဲပါ ။
ဒီရောက် ခါစ မှတ်ပုံတင် မရမှီ စပ်ကြား သမုဒ္ဒရာ ဝမ်း တထွာရဲ့ တဝက်လောက် အတွက် လျှာမြက်ပေါက် ခါနီး ဆဲဆဲလေးမှာရရာလေး ကျုံးလုပ်ရပါတယ် ။ ဒီဇာတ်လမ်းကို ဘယ်သူ့ မှ မပြော ဖြစ်ဘဲ ကိုယ့်ရင်ထဲ သိမ်းထားခဲ့တာ ဆယ်စုနှစ် တခုကျော်ခဲ့ ပါပြီ ။အိမ်က အမေ သိရင်လည်းစိတ် မကောင်းဖြစ်မှာ စိုးလို့ ပါ ။ခုတော့ မှ နောင်လာနောက်သားတွေ ကြားဖူး နားဝရှိအောင် ရှေးတုံး က အဖြစ်မှန် လေးတွေကို ပြုံပင် လို သဘောထားပြီး ဖတ်ကြပေါ့နော် ။
တိုင်းတပါးမှာ ကျွန် အဖြစ်လုပ်ရတဲ့ ပထမဦးဆုံး အလုပ်လေး ကတော့ ဗြူတီ ပါလာ တခုမှာပါ။
ဆိုင်ပိုင်ရှင်မကြီးက ဗမာပြန် ဝဝ ကြီးပေါ့။ အပြောလေးကတော့ ချိုနေတာဘဲလေ ။ အဲဒီအချိန်က တရုပ်နှစ်သစ်ကူး နီးနေတဲ့ အချိန် သိကြတဲ့အတိုင်း ဒီက လူတွေ ကျားမ မရွေး အလှပြင်ကြတာ ။ ဆံပင် ကောက်တယ် ၊ ဖြောင့်တယ် ။လျှော်တယ်၊ဆေးဆိုးတယ် ၊ အစုံပါဘဲ ။ ရောက်ခါစ နေတဲ့  အခန်းကျဉ်းလေးက သူ့ ဆိုင် အပေါ်ထပ်မှာလေ ။ ဒီတော့ သူ့ဆိုင်မှာဝိုင်းလုပ်ပေးဖို့  ပြောတာနဲ့  အိုကေပေါ့ ။ ဘယ်ရမလဲ ၊ ခိုးစားတာမှ မဟုတ် ၊ လုပ်မယ်ပေါ့ ။ ခက်တာက တသက်နဲ့တကိုယ် သူများကို ခေါင်းလုပ်ပေးဖို့ မပြောနဲ့  ကိုယ့်ခေါင်းတောင် ကိုယ် ဖြောင့်အောင်ဖီးဖူးတာမဟုတ် ၊ သူက (သဌေးမ ပေါ့လေ ) သင်ပေးပါတယ် ။ခေါင်းလျှော်ပုံ လျှော်နည်း ။ နှိပ်နည်း တွေ။ အဟက် လက်အချိန် အဆ မသိတော့တအားနဲ့  ဖိကုပ်မိတာ ၊ နှိပ်မိတာ ၊ ပြီးတော့ မိန်းမကြီးတယောက်ကို ခေါင်းလျှော်ပေးတုံး ရေ အပူ အအေး စပ်ဖွင့်တာ ခလုပ်မှားနှိပ်မိလို့  အဲဒီမိန်းမကြီးရဲ့ ခေါင်း ရေပူလောင်သွားတာ ။ဒီမိန်းမကြီးရဲ့ လက်ညှိုးငေါက်ငေါက် ထိုးပြီး အဆဲခံခဲ့ ရတာ ။
အဲဒီ အချိန်တုံး ကတော့ အတော်လေး ခံရခက် ခဲ့ ဖူးပါတယ် ။ မနေတော့ဘူး ဆို ပြီး အမေ့ဆီ ပြန်ပြေးတော့မလို့ ပါဘဲ။ ဒါပေမဲ့ ဒီကို လာဖို့ လုပ်ပေးရတဲ့ ကြားပွဲစား ဆိုတဲ့ သူတွေကိုပေးရမှာနဲ့ ကုန်ကျစရိတ် က အကြွေးတွေ အများကြီး ဆပ်စရာရှိနေလို့  ဒီ မုန်းစရာ ငွေအသပြာ မျက်နှာကြီး ပြန်မြင်ယောင်ပြီး စိတ်ကို မနည်းတင်းထားခဲ့ ရပါတယ် ။အမေကတော့ ဘယ်ပြန်တောင်းပါ့မလဲနော်။ ဒါပေမဲ့ မိဘက ကိုယ့်အတွက် ကျွေမွေး ပြုစု ၊ပညာသင်ပေး၊ ဥစ္စာပေးနဲ့  ဆပ်မကုန်တဲ့ ကျေးဇူးတွေ ကို တတ်နိုင်သလောက် ပေးဆပ်ချင်နေတဲ့ စိတ်နဲ့ လည်းဖြေသိမ့်ရ ၊ အားတင်းခဲ့ ရ တာပါ။ ည ည ဆိုရင်တော့ အခန်းကျဉ်းလေး ထဲ လူ ၄ယောက် စု အိပ်ရတော့ သူများ မသိရလေအောင် ကြိတ်ပြီး ငိုခဲ့ ရတဲ့  အကြိမ်ပေါင်းလည်း မရေမတွက် နိုင်ခဲ့ ပါဘူး ။လက်ချောင်းတွေလဲ တနေလုံးရေနဲ့ထိနေရတော့ ပဲကြီးရေစိမ် လို ပွပြီးတွန့် နေတာလေ ။ အဟက် ။အဲဒီအချိန်က လိမ်းစရာ lotion ( အသံထွက်အတိုင်း ဗမာလိုရေးရင် အထင်လွဲ မစိုးလို့  အင်းဂလိပ် လိုဘဲ ရေးလိုက်မိတယ်..နားလည်ပေးကြပါ )အဲဒီ အရည်ကြီး ဝယ်သုံး ဖို့ ရာတောင် လက်ထဲမှာ ဗလာဗလာ အသပြာ မရှိရှာ လို့  ဟင်းချက်တဲ့  အဆီ
ကြီးတွေ လိမ်းလိုက်သေးတယ် ။ အခန်းဖေါ်တွေ မသိအောင် လိမ်းရတာလေ ။ တော်ကြာ တောသား အပြောခံရမှာလဲ စိုးသေးတယ်ပေါ့။
။ ပြောရအုံးမယ် ။ ဒီရောက်လို့ ကိုယ့် ပထမဦးဆုံး လုပ်အားခ စရတဲ့ နေ့ က ၊ ရီရမလား ငိုရမလားမသိ ၊ ခေါင်းပုံ အဖြတ်ခံရ တာတော့ သိလိုက်ပါတယ်။ ဒီသူဌေးမ ကလည်း ဗမာပြည်က ပြန်လာတဲ့  သူ အချင်းချင်း လုပ်ရက်တာလေ။တပတ် လုံး လုံးလက် အရေခွံတွန့် အောင်လုပ်လိုက်ရတဲ့ လုပ်အားခ NTD 500 ဆိုတာ အစိမ်းလေး ၁၅ ဒေါ်လာ စာဘဲ ရှိပါသဗျို့  ။ပြီးတော့ ရုပ်ရှင် တပွဲ လိုက်ပြတယ်။ ထမင်းကျွေးတယ်ပေါ့ ။ဘာဘဲ ဖြစ်ဖြစ်လေ ချွေးနဲစာလေးမို့  အမှတ်တရ တော့ ရှိနေပါသေးတယ် ။
ဒုတိယ အလုပ် ကတော့ စက်ရုံသေးလေးတခု မှာ အမဝမ်းကွဲ တယောက်က အလုပ်သွင်းပေးတယ် ။ အင်္ကျီ
ချုပ်တဲ့စက်ရုံလေး ။ဒါလည်း စိတ် ညစ်ပြီးလုပ်ရတာပါဘဲ ။ တသက်လုံး ကိုယ့်အဝတ် ပေါက်လို့  ပြဲလို့ တောင် ကိုယ့်ဟာကိုယ် မချုပ် ၊ အမ အလတ်လေးက စိတ်ရှည်လက်ရှည် ချုပ်ပေးခဲ့တာ ၊ ဒီရောက်တော့ စက်ကြီးတွေနဲ့ ဖြတ်ရ ။ ချုပ်ရတာလေ ။ မလုပ်တတ် လုပ်တတ် နဲ့ ငိုက်သာသွားလို့ ကတော့ လက် အပြတ်ဘဲ ဆရာ ။ချုပ်ရိုးကြောင်းကလည်း အမူးသမား ၂ကောင်ယိမ်းထိုးနေတဲ့ အတိုင်း ဟိုရွဲ့  ဒီစောင်း တွေလေ ။ ဒီတော့ သူဌေးမ က လက်သယ် ရှာ တယ်ပေါ့လေ ။ တရားခံ တွေ့ တော့ အပြစ်ပေးတာ ။ နင်ဒီနေရာမှာ မလုပ်နဲ့ တော့ တဲ့ ။ ပိုပြီး ပင်ပန်းတဲ့ နေရာကို ရွှေ့ ပေးလိုက်တယ် ။ အဝတ် ပိတ်စ အလိပ်ကြီးတွေ ကို ထမ်းရတာ ။ ပြီးရင် စားပွဲပေါ် တင် ။ ဟိုဘက် ဒီဘက် ညီအောင်ဖြန့်  ထပ်ပေးပြီး ညှပ်တဲ့ နေရာ မှာ အဆင်သင့် စီပေးရတာ ။ စ စချင်း လုပ်ရတဲ့  တပတ်လုံး တကိုယ်လုံး ကိုက်ခဲ ပြီး ည ကျမှ အမေထဲ့ ပေးလိုက်တဲ့  တေဇောဘမ်း ပရုပ်ဆီတွေ လိမ်းအိပ်ရတာ ။တကဲ့  ကို ပင်ပမ်း ခြင်းကြီးစွာနဲ့ဖြတ်ကျော်ခဲ့ရတဲ့ အချိန် များပေါ့ ။ ဒီကြားထဲ ညနေပိုင်း အလုပ်ဆင်းတော့ အိမ် အမြန်ပြန်ပြေး ရေချိုး ထမင်းစား ( များသော အားဖြင့် ခေါက်ဆွဲအခြောက်ထုပ် ပြုပ် ) ပြီးရင် နေတဲ့ ရပ်ကွက်လေးထဲ က ဗမာပြန် ဆရာဝန်မ တယောက် ဖွင့်ထားတဲ့  ကိုယ်ပိုင်ဆေးခန်း( တကယ်ဆို ကိုယ်ပိုင်တာ မဟုတ် ၊ သူပိုင်တာပါ) မှာ ကူညီလုပ်ကိုင်ပေးရ ပါတယ် ။ မှတ်မှတ် ရ ရ တလ ၈၀၀၀ ရတယ်ပေါ့ (ဘယ်လောက်မှ မရှိပါ ။ အဲဒီ အချိန်လောက်က 1US$=40 NTD လောက် ပဲ ရှိတာပါ) အလုပ် ၂ခု အသေအကျေ လုပ်တာတောင် ရတာ နဲ့  စားတာ ။ အိမ်လခ ၊ခရီးစရိတ် ၊ ဘာညာ ကွိကွ ဆို လက်ထဲ ဘာမှ မစုမိပါဘူး ။ဒီကလူ ကို ပေးစရာရှိ တဲ့ အကြွေးကိုလဲ အရစ်ကျ ဆပ်နေရသေးတာ ဆိုတော့ ၂ နှစ် နီးပါးလောက် ကြာမှ ဘဲ နဲနဲချင်း စပြီးစုရ ပါတယ် ။
နောက် တတိယ အလုပ်...ဒီအကြောင်းကိုတော့ နောက်များမှဘဲ ဆက်ရေးပြ ပါတော့မယ် ။ ခုတောင် အတော်လေး ရှည်လျား ထွေပြား နေပြီမို့  ဒီလောက်နဲ့ ဘဲ ရပ်နားထားပြီး လုပ်စရာ ရှိနေသေးတဲ့ ကျွန်အလုပ်လေး ကို ဝမ်းရေးအတွက် ဆက်လက်လုပ်လိုက် ပါအုံးမယ် ။
( ကိုတောင်ပေါ်သားလည်း ဘလောဂ်ရေး တာ ခဏ နားအုံးမယ်လို့ ဆိုထားတော့ ရောယောင်ပြီး တခန်းရပ်ထားလိုက် ပါရစေ။ သူ ထပ် လာမအော်ခဲ့ ရင်တော့ ဒီလောက်ပါဘဲပေါ့ ။ )
တချို့  လူကြီးတွေက ပြောတယ် ဘုရားဖြောင့်အောင်ရှစ်ခိုးလို့ မရလို့ ဆိုပြီး မြန်မာပြည်ကိုလွမ်းတဲ့  ကိုရင်ဂို့  သီချင်းကြီးကို ပိတ်ခိုင်း နေလို့  ပိတ်ပေးလိုက်ရပါတယ် ။တော်တော်ကြာ ကားပြာကြီး အခမဲ့ စီးနေရမစိုးလို့  သူတို့ မကြိုက်တာတွေ မဖွင့်ရဲ ပါဘုး . :))
28 comments:
ကိေ၇ကိုယ်ချင်းစာတယ် ရင်ထဲမှာတနင့် တပိုးခံစားလိုက်၇တယ်
စာမဖတ်ရသေးဘူး အရင်ပြေးလာမန့်တယ် ခုစာစဖတ်မယ်
အပေါ်ကစာတန်းလေးကနေရာအရင်ဦးထားတာ ခုတော့ အဲဒါတွေအကုန်ကျော်ဖြတ်လာခဲ့ ပြီနော်ကိ တယောက်ထာဝစဉ်ပျော်ရွှင်ပါစေကိကိုအမြဲပျော်စေချင် ပါတယ် ခင်မင်မှုမေတ္တာများစွာဖြင့်  သုဒြေ္န
မကိကီရေ.. ဖတ်ပြီး ခံစားရပါတယ်ဗျာ။ အဲလိုဖတ်ပြီးတိုင်း ကိုယ့်တိုင်းပြည် အုပ်စိုးတဲ့သူတွေကို ဘာပြောရမှန်းကို မသိအောင် ဆဲချင်တာဗျာ။
တခုတော့ ကျွန်တော်ယုံကြည်တယ်ဗျ။ ကျွန်တော်တို့  ဗမာလူမျိုးတွေက သူများတွေဆီမှာ ပင်ပင်ပန်းပန်းနဲ့  မိသားစု၊ ဆွေမျိုးတွေကို ထောက်ပံ့တဲ့ အကျိုးကျေးဇူးရလဒ်တွေ တနေ့ တော့ မလွဲမသွေ ခံစားရမယ် ဆိုတာပါပဲ။
အစစ အရာရာ အဆင်ပြေပါစေဗျာ..။
ငြီးသံကြီးကလဲ ရင်မောစရာဂျီးပါလား ကွယ်ရို့...
ကိကိရေ
ဒီလိုကြုံရတာ ကိကိတစ်ယောက်ထဲမဟုတ်ပါဘူး။
ကိကိလို ကိုယ့်အားကိုယ်ကိုး ကိုယ့်လမ်းကိုဖောက်တာ တော်ရုံလူ မလုပ်နိုင်ပါဘူးလို့ ရေးမလို့ ပါ။
ဒါပေမဲ့ ကြီးတော်ကိက ခုနေ မိန်းမ၀၀ကြီးဖြစ်နေပြီး ဆိုင်ထဲက နေ ရှဲရှဲ ရှဲရှဲနေ သေးပေါက် အယ်လေ သူ့ ပွတ်ချီ ကျေးဇူးစကားဆိုနေလား
ဆေးခန်းဖွင့်ပြီး ဗမာပြည်က ချာတိတ်ကို လက်ချာရိုက်နေလား
စက်ရုံထောင်ပြီး အထည်မချုပ်ပဲ
lotion တွေ စိတ်နာနာနဲ့ လိမ့်ပိတ် ထုတ်နေလား
ဘာမှ မလုပ်တော့ပဲ ၀အိုင့်နီပဲ တစ်နေ့ အကြိမ်တစ်သိန်းပြောပြီ အေးအေးဆေးဆေး မန်မန်စွတ်နေလား
ကောကော ကောကောနဲ့ ဘလော့ပဲလျှောက်လည်နေလား
ဘာမှ ပြောလို့ မရ ဆက်ရန်ရှိသေးသည် အို့ ပါး ကားတွေလိုပဲပေါ့
မအယ်
မအယ်ရေ .. ခုနေလဲ မိန်းမ ဝဝကြီးမဖြစ်ချင်ဘူး ။ နောင်လဲ မဖြစ်ချင်ပါဘူး ။
အဖြစ်ချင် ဆုံးက ခမောက်လေးဆောင်းပြီး ကိုယ့် အိမ် ကိုယ် ပြန် . လယ်ထွန် နေရရင် ကျေနပ် ပါပြီ ။ ဘလောဂ် မလည်ရလို့ လည်း အသက် မထွက်သွား လောက်ပါဘူး နော် ။
နောင်ဆို လယ်သမားတွေ က ပရိုဂရမ်မာကြီးတွေလုပ် ကြမှာလေ .. ( အိမ်မက် ထဲ မှာ... ????)
မကြီးရေ..ကြားရတာ အဲ ဖတ်ရတာ စိတ်မကောင်းဖြစ်မိတယ်။ ဒီလိုပဲနော်.နိုင်ငံခြားရောက်ရင် ရွှေဘုံပေါ်တန်းရောက်သွားတယ် ထင်နေတဲ့ သူတွေ သိစေချင်လိုက်တာ။ ချစ်မကြီး အဆင်ပြေပျော်ရွှင်ပါစေ။။
အမရေ လာခံစားသွားတယ်ဗျာ..
ပြောလိုက်သမျှ စိတ်မကောင်းစရာလေးတွေဗျာ.. ဒါပေမဲ့ ငါတို့အမအတွက် ဂုဏ်ယူပါတယ် မိန်းကလေး တယောက်ထဲ ရုန်းကန်ရတဲ့ဘ၀၊ လောကကြီးကို ရဲရဲဝင့်ဝင့်ရင်ဆိုင်နိုင်တာတွေပေါ့ အပိုင်းတွေ စောင့်နေပါတယ်ဗျာ..
လေးစားလျက်
တောင်ပေါ်သား
ဒါမှ ငါ့အမားကွ ကြိုက်တယ် တုံးတိုက်တိုက် ကျားကိုက်ကိုက် ဆိုသလိုမျိုး အလုပ်သည်တာအလုပ် အမားကိုကြည့်ပြီးအားတက်လာတယ် အားကျတယ်လည်းမရှိပါဘူး အမားကခံပေးထားတာကိုး
ရေးလိုက်တာ ကလည်း လွတ်တယ်ကိုမရှိဘူးကို လဒ တွေ နဲ့ ပေါင်းပါဘူး လဒ နဲ့ ပေါင်းတာ မြေခွေး ပဲရှိတာကို
နာ့ပါဘူးနာ့က အေးဆေးမူးနေတာ အဟီး နင့်လည်းဒီတောင်ကိုကျော်သွားပြီ
နာ့ကျန်သေးတယ် ရေးဖို့ ကို
မကြီးရေ...
ဖြစ်ပီးမှတော့ မထူးတော့ပါဘူးနော်..
ခရီးများဆုံးထိလျှောက်ကြမယ်..
မကြီးနောက်မှာ ကျနော်တို့ရှိတယ်..
ဖြစ်လာရင် အရင်ဆုံးထွက်ပြေး မလို့
မထင်ပါနဲ့
ကာကွယ်မှာပါ မကြီးနောက်ကနေ
ပျော်ပျော်နေပါ
ဒုက္ခဆိုတာ ခဏပါ
ခရီးများဆုံးထိလျှောက်
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်
ခုလိုဝေမျှတဲ့အတွက် ကျေးဇူးတင်ပါတယ်။ စိတ်မကောင်းလည်းဖြစ်မိပါတယ်။
ချိတ်ညစ်ပါဒယ် ဆို ဘာတွေ ပျော့...
တွ....
ပြုတ်
ရုန်းကန်ရတာတွေက ခက်ခဲလွန်းပါတယ်..။
ကျော်ဖြတ်ပြီးရလာတဲ့ အောင်မြင်မှုကလည်း ချိုမြိန်ပါတယ်..။
ကီကီ ချိုမြိန်တာတွေ ရဘို့...ကျားယို..
မမကီကီ....ရုန်းကန်ခဲ့၇တဲ့ဘဝတွေ............
ကျခဲ့ရတဲ့မျက်ရည်တွေ...........................
အားလုံးကိုကျော်ဖြတ်ပြီးနောက်.........
အောင်မြင်မှုကလက်ကမ်းကြိုနေမှာပါ.........
မေဖြတ်လာရတဲ့ဘဝကလဲအရမ်းကိုကြမ်းပါတယ်...
တနေ့ နေ့တော့မျှဝေဖြစ်မှာပါ........
မမအောင်မြင်ပါစေနော်.......
မမကိုချစ်တဲ့
မေလေး
မကြီးကိရေ ဒါတွေဖတ်ရတော့ အနော်တော်တော်အသုံးမကျတဲ့လူပဲ မကြီးကိရယ် လုပ်ရတာတွေကလည်း ပင်ပန်းလိုက်တာနော် ဂုဏ်ယူပါတယ် လေးစားပါတယ်
myanmar sar ma yike tat loe myanmar_english twae yike like mal..
a yan ko tha bal kya par tal
ma chit ma mone a kg sone ko lay
မမကိရေ့ . အခုလိုပဲနို်င်ငံခြားကို မိဝေး၊ဖဝေး၊မိသား
စုတွေဝေးပြီးရှာဖွေနေကြရသူခြင်းမို့ စာနာစွာနဲ့ 
ပဲဖတ်ပြီး စိတ်မကောင်းဖြစ်မိပါတယ်လို့ ။
တဖက်က လှည့် ပြောရင်တော့  မတုပ်လိုက်နဲ့ နော်..
ဒီလဒ တွေကို ကျေးဇူးတင်ရမယ်နော်။သူတို့ ကြောင့် 
ကျွန်တော်တို့ ဒီကိုရောက်နေတာပါ။ဗမာလူမျိုးတွေကို
အမြင်ကျယ်အောင် သူတို့ ကကျွန်တော်တို့ ကို ကိုယ့် ဒူး
ကိုယ်ချွန်ပြီး အပြင်ထွက်ဖြစ်အောင်ကို တွန်းအားပေးခဲ့လို့ ပါ။ဒီဘဝရောက်မှဒီလိုပဲဖြေရတယ်ဗျို့ ။
hoke tal........
thu toe ko kyay zu tin ya mal
ဖွားကိရေ... Empathy အပြည့်နဲ့ကို ဖတ်ရှုခံစားသွားပါတယ်ခင်ဗျာ။
yu ya
မယ်ကိရယ်
ညည်းမလဲ ဒုက္ခတွေ အများသားကလား
ငါ့ညီမလေး အဲဂလို ဒုက္ခတွေ ခံရမှန်း မသိလိုက်ဖူး...
အေးလေ
အားလုံးလိုလိုပဲ တခု မဟုတ် တခု ခံရတာပါပဲလေ...
မငိုနဲ့အေ့...
ဘ၀ဆိုတာ သည်လိုပဲလေ...
ရီစရာတွေ ပြောပြီး ခုလိုပဲ ညည်း ရီပစ်လိုက်စမ်းပါ...
ချစ်ခင်လေးစားသော အကိုကြီး
အောင်သာငယ်
ဖတ်ပြီး စိတ်မကောင်းဘူး။ ဒါပေမဲ့ မခိကဇွဲရှိတဲ့ သတ္တိရှိတဲ့သူမိုလို့ ကျွန်မကတော့ အလိုလို အားကျအတုယူမိသွားတယ်။ ဘ၀က ဘယ်လောက်ကြမ်းတမ်းပါစေ.. ဟာသနှောလို့ ဟားတိုက်ရယ်ရင်း ရှေ့ဆက်သွားဖို့ အားတွေရှိသွားပြီ..
thank you
မကိ ... ဆက်ရန်ကုန်စောင့်မျှော်နေတယ်နော် ...
ကိုယ်ချင်းစာတယ်ကိရယ် ရွှေမလည်း ကိလိုပဲ အမေ.ရွှေတွေ မ လာခဲ.တာပေါ.။ ကိတို. ရွှေမတို. ကျွန်ဘ၀က အမြန်ဆုံး လွတ်မြောက်ဖို. လက်တွဲကြိုးစားကြ၇အောင် ။
အရမ်းလေးစားပါတယ်ခင်ဗျာ-
ကိုယ့်ပြည့်ကိုယ်ရွာမှာသွားပြီးတိုးတက်အောင်
လုပ်ချင်စမ်းပါဘိ။ နိုင်ငံခြားမှာသူ့ကျွန်ခံနေတယ်လို့ သဘောမထားဘဲ
အသိပညာ-အတတ်ပညာတွေသင်ယူနေတယ်လို့ သဘောထားပြီး - တနေ့ (တနေ့ သောအခါ )
ကိုယ့်တိုင်းပြည်ကိုယ်ပြန်တဲ့တနေ့ဒီအတတ်ပညာ
အသိပညာတွေကိုအသုံးချကြရမှာပေါ့-လယ်သမားတွေပရိုဂရမ်မာကြီးတွေမလုပ်ပေဘူးလို့ ဘယ်သူပြောနိုင်မှာလဲခင်ဗျာ-ကျန်းမာပါစေ
မမကိုကျွန်တော်သူငယ်တန်းကတည်းကသိတာ..ဆရာမကမမနာမည်ကိုအရင်ဆုံးသင်ပေးတာလေ..ဘာတဲ့..
ကကာ..ကိကိ...ကုကု..ဆိုလားပဲအဟိ...
အခုစာလာဖတ်တာပါ...ကိစ္စတစ်ခုတည်းအပေါ်မှာပဲလူတွေကာစိတ်သဘောထားအမျိုးမျိုးကွဲတတ်ကြတာသဘာဝပါ..ဘာပဲပြောပြောအကောင်းမြင်စိတ်ကလေးထားတာတော့ကျွန်တော်ကြိုက်တယ်..နောက်လည်းလာအားပေးပါဦးမယ်..ပြန်ပြီ..
စိတ်မောမိတယ်။ ဖတ်ရင်းနဲ့။ ပြီးတော့လဲ ပြီးခဲ့ပါပြီလေ။ ဒါပေမဲ့ တွေးကြည့်ပြန်ရင်တော့ စိတ်မကောင်းချင်စရာကြီး။
Post a Comment