ငါးပိ နှင့် ပတ်သက်၍ အများပြည်သူ သိရှိနိုင်ရန် အသိပေး ကြေညာချက်
မေလ ၁ ရက်နေ့  မှာ မြန်မာ့အလင်း နဲ့ ကြေးမုံ သတင်းစာများမှာ ကျန်းမာရေးဝန်ကြီး ဌာနက ငါးပိ နှင့် ပတ်သက်ပြီး အများပြည်သူ တွေကို အသိပေး ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ကင်ဆာဖြစ်စေနိုင်သော အနီရောင် ဆိုးဆေးများ သုံးထားတဲ့ စိမ်းစားငါးပိ နှင့် အခြား ငါးပိများပါဝင်ပါတယ်။
မေလ ၁ ရက်နေ့ ထုတ် မြန်မာ့အလင်း သတင်းစာ စာမျက်နှာ ၁၀ နဲ့ ကြေးမုံ သတင်းစာ စာမျက်နှာ ၇ ပါကြေညာချက် အပြည့်အစုံကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
ငါးပိ နှင့် ပတ်သက်၍ အများပြည်သူ သိရှိနိုင်ရန် အသိပေးကြေညာချက်
နေပြည်တော် ဧပြီ ၃၀
ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့ စားသုံးနိုင်ရန် စဉ်ဆက်မပြတ် စစ်ဆေးလျက်ရှိသည်။
ငါးပိရောင်းဝယ်ရေးလုပ်ငန်းများနှင့် ဈေးကွက်များရှိ ငါးပိနှင့် ငါးပိထောင်းများကို ဓာတ်ခွဲစစ်ဆေးရာ အစားအသောက်တွင် သုံးစွဲရန် ခွင့်မပြုသော အနီရောင်ဆိုးဆေး (Rhodamine B ) ပါဝင်မှုကို တွေ့ရှိသည်။
စားသုံးရန် မသင့်
Rhodamine B သည် ချည်၊ သိုးမွေး၊ ပိုးထည်၊ စက္ကူ၊ သားရေများကို အရောင်ဆိုးသော ဓာတုပစ္စည်းဖြစ်ပြီး ရောဂါပိုးရှာဖွေရာတွင် အသုံးပြုသည့် ဓာတ်ခွဲခန်းသုံး ဆိုးဆေးလည်း ဖြစ်သည်။ ငါးပိများကို ဆေးဆိုးရခြင်းမှာ အညိုရောင်ငါးပိကို ပန်းရောင် အဖြစ် အမြင်လှစေရန်ဖြစ်သည်။ Rhodamine B ကို စားသုံးမိပါက အစာအိမ် အူလမ်းကြောင်း ရောင်ရမ်းခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဦးနှောက်အာရုံကြော ထိုင်းမှိုင်းခြင်း စသော လတ်တလော ဆိုးကျိုးများကို ဖြစ်ပေါ်စေပြီး ရေရှည်တွင် ကင်ဆာရောဂါ ဖြစ်စေ ခြင်းကြောင့်၊ Rhodamine B ပါဝင်သော ငါးပိများသည် စားသုံးရန် မသင့်ကြောင်း နှိုးဆော်အပ်ပါသည်။
အရေးယူမည်
ငါးပိ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများသည် အစားအသောက်တွင် သုံးစွဲရန် ခွင့်မပြုသော ဓာတုဆိုးဆေးများကို လုံးဝ အသုံးမပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက အမျိုးသား အစားအသောက် ဥပဒေ ပုဒ်မ၂၈(က)အရ တရားစွဲဆို အရေးယူမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
အစားအသောက်တွင် သုံးရန်ခွင့်မပြုသည့် ဆိုးဆေး Rhodamine B ပါဝင်သော စိမ်းစားငါးပိနှင့် ငါးပိထောင်း အမှတ်တံဆိပ်များ
၁။ အောင်သူဇ မြိတ်ငါးပိ ပါဝင်မှုရှိ
၂။ ပြည့်ပြည့် မြိတ်ငါးပိ ပါဝင်မှုရှိ
၃။ ဒေါ်အေးမြ(မြိတ်) မြိတ်စိမ်းစားငါးပိ ပါဝင်မှုရှိ
မြိတ်ငါးပိကင် ပါဝင်မှုရှိ
မြိတ်ငါးပိထောင်းချဉ်စပ် ပါဝင်မှုရှိ
၎။ စွမ်း မြိတ်ပုစွန်ငါးပိ ပါဝင်မှုရှိ
၅။ ကင်းမွန် အဆင့်မြင့်စိမ်းစားငါးပိ ပါဝင်မှုရှိ
၆။ အောင်စိုးမိုး မြိတ်စိမ်းစားပုစွန်ငါးပိ ပါဝင်မှုရှိ
၇။ ရွှေပုစွန် ငါးပိ ပါဝင်မှုရှိ
၈။ ကောင်းမှကောင်း မြိတ်ငါးပိ ပါဝင်မှုရှိ
၉။ ဒေါ်သိန်းခင် မြိတ်ငါးပိ ပါဝင်မှုရှိ
၁၀။ ပွင့်ဦး ရခိုင်ငါးပိထောင်း ပါဝင်မှုရှိ
၁၁။ သိင်္ဂီ မြိတ်ပုစွန်ငါးပိထောင်း ပါဝင်မှုရှိ
၁၂။ မရွှေမိုး ပုစွန်ငါးပိထောင်း ပါဝင်မှုရှိ
၁၃။ အမေ့လက်ရာ ရွှေမြိတ်ငါးပိဖျော် ပါဝင်မှုရှိ
ရွှေမြိတ်ငါးပိထောင်း ပါဝင်မှုရှိ
ငါးပိထောင်း ပါဝင်မှုရှိ
၁၄။ စိုး မြိတ်ငါးပိထောင်း ပါဝင်မှုရှိ
၁၅။ ပင်ပျိုရွက်နု ပုစွန်ငါးပိထောင်း ပါဝင်မှုရှိ
မရန်းသီးငါးပိထောင်း ပါဝင်မှုရှိ
ရခိုင်ငါးပိထောင်း ပါဝင်မှုရှိ
ရွှေငါးပိထောင်း ပါဝင်မှုရှိ
၁၆။ တုံတုံ ပုစွန်ငါးပိထောင်း ပါဝင်မှုရှိ
၁၇။ ကျော်ခန့် ပုစွန်ငါးပိထောင်း ပါဝင်မှုရှိ
၁၈။ ပိုင်ပိုင် ပုစွန်ငါးပိထောင်း ပါဝင်မှုရှိ
၁၉။ ဖိုးခွားလေး ငါးပိထောင်း ပါဝင်မှုရှိ
၂၀။ အရီးတောင်း ငါးပိထောင်း ပါဝင်မှုရှိ
၂၁။ မီဆိုရာ မြိတ်မျှင်ငါးပိရှယ် ပါဝင်မှုရှိ
၂၂။ ရွှေမြိတ်သူ မြိတ်မျှင်ငါးပိ ပါဝင်မှုရှိ
၂၃။ မိ ရခိုင်ငါးပိထောင်း ပါဝင်မှုရှိ
၂၄။ ရွှေပုလဲ ကြက်သားငါးပိထောင်း ပါဝင်မှုရှိ
၂၅။ စိုးပွဲရုံ အောင်မျှင်သန့် စိမ်းစားငါးပိ ပါဝင်မှုရှိ
ဝင်းမျှင် စိမ်းစားငါးပိ ပါဝင်မှုရှိ
၂၆။ ဦးမောင်ငယ်ပွဲရုံ လင်း/၆၈၈ စိမ်းစားငါးပိ ပါဝင်မှုရှိ
K-L ၆၇၇ စိမ်းစားငါးပိ ပါဝင်မှုရှိ
ဝင်းချို ၅၅၁ စိမ်းစားငါးပိ ပါဝင်မှုရှိ
Top ၆၈၃ စိမ်းစားငါးပိ ပါဝင်မှုရှိ
PK ၆၈၇ စိမ်းစားငါးပိ ပါဝင်မှုရှိ
ပိုင် ၆၈၀ စိမ်းစားငါးပိ ပါဝင်မှုရှိ
T လင်း ၆၈၅ စိမ်းစားငါးပိ ပါဝင်မှုရှိ
လင်းချို ၅၅၄ စိမ်းစားငါးပိ ပါဝင်မှုရှိ
၂၇။ စိန် မေတ္တာပွဲရုံ ဘိုမစိမ်းစားငါးပိ ပါဝင်မှုရှိ
လင်းစိမ်းစားငါးပိ ပါဝင်မှုရှိ
T စိမ်းစားငါးပိ ပါဝင်မှုရှိ
Top စိမ်းစားငါးပိ - ပါဝင်မှုမရှိ
Super စိမ်းစားငါးပိ - ပါဝင်မှုမရှိ
၂၈။ တိုးပွား ပွဲရုံ မြင့်စိမ်းစားငါပိ ပါဝင်မှုရှိ
လင်းချို အောက်စစိမ်းစားငါးပိ ပါဝင်မှုရှိ
Super စိမ်းစားငါးပိ ပါဝင်မှုရှိ
လင်းချို စိမ်းစားငါးပိ ပါဝင်မှုရှိ
ညီချိုထိုးမြိတ် စိမ်းစားငါးပိ ပါဝင်မှုရှိ
တိုးဇင် စိမ်းစားငါးပိ ပါဝင်မှုရှိ
A1 (မြိတ်) စိမ်းစားငါးပိ ပါဝင်မှုရှိ
မာချောင်းသား (မြိတ်)စိမ်းစားငါးပိ ပါဝင်မှုရှိ
ဇင်ဝင်း(မြိတ်) စိမ်းစားငါးပိ ပါဝင်မှုရှိ
WA (မြိတ်) စိမ်းစားငါးပိ ပါဝင်မှုရှိ
ချိုရှယ်(မြိတ်) စိမ်းစားငါးပိ ပါဝင်မှုရှိ
ဇင်မွှေးချို(မြိတ်) စိမ်းစားငါးပိ ပါဝင်မှုရှိ
KKK စိမ်းစားငါးပိ ပါဝင်မှုရှိ
AAA စိမ်းစားငါးပိ ပါဝင်မှုရှိ
ကောင်းကောင်းမျှင်သန့် စိမ်းစားငါးပိ ပါဝင်မှုရှိ
ကောင်းထက်စိမ်းစားငါးပိ ပါဝင်မှုရှိ
ဟိန်းရှယ်စိမ်းစားငါးပိ ပါဝင်မှုရှိ
ထိုက်စိမ်းစားငါးပိ ပါဝင်မှုရှိ
ပီတိ စိမ်းစားငါးပိ ပါဝင်မှုရှိ
ချောစိမ်းစားငါးပိ ပါဝင်မှုရှိ
ရွှေဝါစိမ်းစားငါးပိ ပါဝင်မှုရှိ
နှင်းရှယ်စိမ်းစားငါးပိ ပါဝင်မှုရှိ
ထွန်းတောက် စိမ်းစားငါးပိ ပါဝင်မှုရှိ
နေလ စိမ်းစားငါးပိ ပါဝင်မှုရှိ
ခိုင်ဂါး စိမ်းစားငါးပိ ပါဝင်မှုရှိ
နီလာ စိမ်းစားငါးပိ ပါဝင်မှုရှိ
နုချိုမွေး စိမ်းစားငါးပိ ပါဝင်မှုရှိ
အေတောင်း စိမ်းစားငါးပိ ပါဝင်မှုရှိ
ချိုမွှေး စိမ်းစားငါးပိ - ပါဝင်မှုမရှိ
မြတ် စိမ်းစားငါးပိ - ပါဝင်မှုမရှိ
2K ချို စိမ်းစားငါးပိ - ပါဝင်မှုမရှိ
ဖြူရှယ် စိမ်းစားငါးပိ - ပါဝင်မှုမရှိ
မျိုး စိမ်းစားငါးပိ - ပါဝင်မှုမရှိ
၂၉။ ကောင်းမှကောင်း
(ဒေါ်ဝင်းမြင့် ပွဲရုံ) စိမ်းစားငါးပိ ပါဝင်မှုရှိ
အောင်လှိုင်ရွာ(စိမ်းစားငါးပိ - ပါဝင်မှုမရှိ
၃၀။ မြိတ်ပတ္တမြားပွဲရုံ စိန်နှင့်ရှေ့ဖျားစိမ်းစားငါးပိ ပါဝင်မှုရှိ
ဖြိုးနောက်မီး စိမ်းစားငါးပိ ပါဝင်မှုရှိ
မျိုးစားချို နောက်မီးစိမ်းစားငါးပိ ပါဝင်မှုရှိ
၂၂ မျှင်သန်ချိုနောက်မီးစိမ်းစားငါးပိ - ပါဝင်မှုမရှိ
၃၁။ ရွှေပြည်သစ် ပွဲရုံ ငွေယမုံ စိမ်းစားငါးပိ ပါဝင်မှုရှိ
ဇော်ဂါး စိမ်းစားငါးပိ ပါဝင်မှုရှိ
မာန် စိမ်းစားငါးပိ - ပါဝင်မှုမရှိ
သန့်ဇော် စိမ်းစားငါးပိ - ပါဝင်မှုမရှိ
ခင် စိမ်းစားငါးပိ - ပါဝင်မှုမရှိ
S မသခ စိမ်းစားငါးပိ - ပါဝင်မှုမရှိ
၃၂။ နဒီ ဧရာပွဲရုံ တနင်္သာရီတိုင်း TYW စိမ်းစားငါးပိ ပါဝင်မှုရှိ
ဧရာဝတီသိန်း စိမ်းစားငါးပိ - ပါဝင်မှုမရှိ
ဧရာဝတီတိုင်းကြယ်သုံးလုံးစိမ်းစားငါးပိ - ပါဝင်မှုမရှိ
ဧရာဝတီတိုင်းအင်တာ စိမ်းစားငါးပိ - ပါဝင်မှုမရှိ
ဧရာဝတီတိုင်းမြောင် စိမ်းစားငါးပိ - ပါဝင်မှုမရှိ
၃၃။ ထိုက်ထိုက် ငါးပိထောင်း - ပါဝင်မှုမရှိ
၃၄။ ရှင်းသန့် ငါးပိထောင်း - ပါဝင်မှုမရှိ
၃၅။ ရွှေနဂါး မြိတ်ပုစွန်ငါးပိ - ပါဝင်မှုမရှိ
၃၆။ ဇီးချိုင် လက်ထောင်းရခိုင်မျှင်ငါးပိ - ပါဝင်မှုမရှိ
၃၇။ အင်ကြင်း ပုစွန်ငါးပိထောင်း - ပါဝင်မှုမရှိ
ကျန်းမာရေး ၀န်ကြီးဌာန
အစားအသောက်တွင် သုံးရန်ခွင့်မပြုသည့် ဆိုးဆေး Rhodamine B ပါဝင်သော စိမ်းစားငါးပိ နှင့် ငါးပိထောင်း အမှတ်တံဆိပ်များ
စဉ် အမှတ်တံဆိပ်/လုပ်ငန်း ငါးပိအမျိုးအစား Rhodamine B
ပါဝင်မှု ရှိ Rhodamine B
ပါဝင်မှုမရှိ
၁။ အောင်သူဇ မြိတ်ငါးပိ ပါဝင်မှုရှိ
၂။ ပြည့်ပြည့် မြိတ်ငါးပိ ပါဝင်မှုရှိ
၃။ ဒေါ်အေးမြ(မြိတ်) မြိတ်စိမ်းစားငါးပိ ပါဝင်မှုရှိ
မြိတ်ငါးပိကင် ပါဝင်မှုရှိ
မြိတ်ငါးပိထောင်းချဉ်စပ် ပါဝင်မှုရှိ
၎။ စွမ်း မြိတ်ပုစွန်ငါးပိ ပါဝင်မှုရှိ
၅။ ကင်းမွန် အဆင့်မြင့်စိမ်းစားငါးပိ ပါဝင်မှုရှိ
၆။ အောင်စိုးမိုး မြိတ်စိမ်းစားပုစွန်ငါးပိ ပါဝင်မှုရှိ
၇။ ရွှေပုစွန် ငါးပိ ပါဝင်မှုရှိ
၈။ ကောင်းမှကောင်း မြိတ်ငါးပိ ပါဝင်မှုရှိ
၉။ ဒေါ်သိန်းခင် မြိတ်ငါးပိ ပါဝင်မှုရှိ
၁၀။ ပွင့်ဦး ရခိုင်ငါးပိထောင်း ပါဝင်မှုရှိ
၁၁။ သိင်္ဂီ မြိတ်ပုစွန်ငါးပိထောင်း ပါဝင်မှုရှိ
၁၂။ မရွှေမိုး ပုစွန်ငါးပိထောင်း ပါဝင်မှုရှိ
၁၃။ အမေ့လက်ရာ ရွှေမြိတ်ငါးပိဖျော် ပါဝင်မှုရှိ
ရွှေမြိတ်ငါးပိထောင်း ပါဝင်မှုရှိ
ငါးပိထောင်း ပါဝင်မှုရှိ
၁၄။ စိုး မြိတ်ငါးပိထောင်း ပါဝင်မှုရှိ
၁၅။ ပင်ပျိုရွက်နု ပုစွန်ငါးပိထောင်း ပါဝင်မှုရှိ
မရန်းသီးငါးပိထောင်း ပါဝင်မှုရှိ
ရခိုင်ငါးပိထောင်း ပါဝင်မှုရှိ
ရွှေငါးပိထောင်း ပါဝင်မှုရှိ
၁၆။ တုံတုံ ပုစွန်ငါးပိထောင်း ပါဝင်မှုရှိ
၁၇။ ကျော်ခန့် ပုစွန်ငါးပိထောင်း ပါဝင်မှုရှိ
၁၈။ ပိုင်ပိုင် ပုစွန်ငါးပိထောင်း ပါဝင်မှုရှိ
၁၉။ ဖိုးခွားလေး ငါးပိထောင်း ပါဝင်မှုရှိ
၂၀။ အရီးတောင်း ငါးပိထောင်း ပါဝင်မှုရှိ
၂၁။ မီဆိုရာ မြိတ်မျှင်ငါးပိရှယ် ပါဝင်မှုရှိ
၂၂။ ရွှေမြိတ်သူ မြိတ်မျှင်ငါးပိ ပါဝင်မှုရှိ
၂၃။ မိ ရခိုင်ငါးပိထောင်း ပါဝင်မှုရှိ
၂၄။ ရွှေပုလဲ ကြက်သားငါးပိထောင်း ပါဝင်မှုရှိ
၂၅။ စိုးပွဲရုံ အောင်မျှင်သန့် စိမ်းစားငါးပိ ပါဝင်မှုရှိ
ဝင်းမျှင် စိမ်းစားငါးပိ ပါဝင်မှုရှိ
၂၆။ ဦးမောင်ငယ်ပွဲရုံ လင်း/၆၈၈ စိမ်းစားငါးပိ ပါဝင်မှုရှိ
K-L ၆၇၇ စိမ်းစားငါးပိ ပါဝင်မှုရှိ
ဝင်းချို ၅၅၁ စိမ်းစားငါးပိ ပါဝင်မှုရှိ
Top ၆၈၃ စိမ်းစားငါးပိ ပါဝင်မှုရှိ
PK ၆၈၇ စိမ်းစားငါးပိ ပါဝင်မှုရှိ
ပိုင် ၆၈၀ စိမ်းစားငါးပိ ပါဝင်မှုရှိ
T လင်း ၆၈၅ စိမ်းစားငါးပိ ပါဝင်မှုရှိ
လင်းချို ၅၅၄ စိမ်းစားငါးပိ ပါဝင်မှုရှိ
၂၇။ စိန် မေတ္တာပွဲရုံ ဘိုမစိမ်းစားငါးပိ ပါဝင်မှုရှိ
လင်းစိမ်းစားငါးပိ ပါဝင်မှုရှိ
T စိမ်းစားငါးပိ ပါဝင်မှုရှိ
Top စိမ်းစားငါးပိ - ပါဝင်မှုမရှိ
Super စိမ်းစားငါးပိ - ပါဝင်မှုမရှိ
၂၈။ တိုးပွား ပွဲရုံ မြင့်စိမ်းစားငါပိ ပါဝင်မှုရှိ
လင်းချို အောက်စစိမ်းစားငါးပိ ပါဝင်မှုရှိ
Super စိမ်းစားငါးပိ ပါဝင်မှုရှိ
လင်းချို စိမ်းစားငါးပိ ပါဝင်မှုရှိ
ညီချိုထိုးမြိတ် စိမ်းစားငါးပိ ပါဝင်မှုရှိ
တိုးဇင် စိမ်းစားငါးပိ ပါဝင်မှုရှိ
A1 (မြိတ်) စိမ်းစားငါးပိ ပါဝင်မှုရှိ
မာချောင်းသား (မြိတ်)စိမ်းစားငါးပိ ပါဝင်မှုရှိ
ဇင်ဝင်း(မြိတ်) စိမ်းစားငါးပိ ပါဝင်မှုရှိ
WA (မြိတ်) စိမ်းစားငါးပိ ပါဝင်မှုရှိ
ချိုရှယ်(မြိတ်) စိမ်းစားငါးပိ ပါဝင်မှုရှိ
ဇင်မွှေးချို(မြိတ်) စိမ်းစားငါးပိ ပါဝင်မှုရှိ
KKK စိမ်းစားငါးပိ ပါဝင်မှုရှိ
AAA စိမ်းစားငါးပိ ပါဝင်မှုရှိ
ကောင်းကောင်းမျှင်သန့် စိမ်းစားငါးပိ ပါဝင်မှုရှိ
ကောင်းထက်စိမ်းစားငါးပိ ပါဝင်မှုရှိ
ဟိန်းရှယ်စိမ်းစားငါးပိ ပါဝင်မှုရှိ
ထိုက်စိမ်းစားငါးပိ ပါဝင်မှုရှိ
ပီတိ စိမ်းစားငါးပိ ပါဝင်မှုရှိ
ချောစိမ်းစားငါးပိ ပါဝင်မှုရှိ
ရွှေဝါစိမ်းစားငါးပိ ပါဝင်မှုရှိ
နှင်းရှယ်စိမ်းစားငါးပိ ပါဝင်မှုရှိ
ထွန်းတောက် စိမ်းစားငါးပိ ပါဝင်မှုရှိ
နေလ စိမ်းစားငါးပိ ပါဝင်မှုရှိ
ခိုင်ဂါး စိမ်းစားငါးပိ ပါဝင်မှုရှိ
နီလာ စိမ်းစားငါးပိ ပါဝင်မှုရှိ
နုချိုမွေး စိမ်းစားငါးပိ ပါဝင်မှုရှိ
အေတောင်း စိမ်းစားငါးပိ ပါဝင်မှုရှိ
ချိုမွှေး စိမ်းစားငါးပိ - ပါဝင်မှုမရှိ
မြတ် စိမ်းစားငါးပိ - ပါဝင်မှုမရှိ
2K ချို စိမ်းစားငါးပိ - ပါဝင်မှုမရှိ
ဖြူရှယ် စိမ်းစားငါးပိ - ပါဝင်မှုမရှိ
မျိုး စိမ်းစားငါးပိ - ပါဝင်မှုမရှိ
၂၉။ ကောင်းမှကောင်း
(ဒေါ်ဝင်းမြင့် ပွဲရုံ) စိမ်းစားငါးပိ ပါဝင်မှုရှိ
အောင်လှိုင်ရွာ(စိမ်းစားငါးပိ - ပါဝင်မှုမရှိ
၃၀။ မြိတ်ပတ္တမြားပွဲရုံ စိန်နှင့်ရှေ့ဖျားစိမ်းစားငါးပိ ပါဝင်မှုရှိ
ဖြိုးနောက်မီး စိမ်းစားငါးပိ ပါဝင်မှုရှိ
မျိုးစားချို နောက်မီးစိမ်းစားငါးပိ ပါဝင်မှုရှိ
၂၂ မျှင်သန်ချိုနောက်မီးစိမ်းစားငါးပိ - ပါဝင်မှုမရှိ
၃၁။ ရွှေပြည်သစ် ပွဲရုံ ငွေယမုံ စိမ်းစားငါးပိ ပါဝင်မှုရှိ
ဇော်ဂါး စိမ်းစားငါးပိ ပါဝင်မှုရှိ
မာန် စိမ်းစားငါးပိ - ပါဝင်မှုမရှိ
သန့်ဇော် စိမ်းစားငါးပိ - ပါဝင်မှုမရှိ
ခင် စိမ်းစားငါးပိ - ပါဝင်မှုမရှိ
S မသခ စိမ်းစားငါးပိ - ပါဝင်မှုမရှိ
၃၂။ နဒီ ဧရာပွဲရုံ တနင်္သာရီတိုင်း TYW စိမ်းစားငါးပိ ပါဝင်မှုရှိ
ဧရာဝတီသိန်း စိမ်းစားငါးပိ - ပါဝင်မှုမရှိ
ဧရာဝတီတိုင်းကြယ်သုံးလုံးစိမ်းစားငါးပိ - ပါဝင်မှုမရှိ
ဧရာဝတီတိုင်းအင်တာ စိမ်းစားငါးပိ - ပါဝင်မှုမရှိ
ဧရာဝတီတိုင်းမြောင် စိမ်းစားငါးပိ - ပါဝင်မှုမရှိ
၃၃။ ထိုက်ထိုက် ငါးပိထောင်း - ပါဝင်မှုမရှိ
၃၄။ ရှင်းသန့် ငါးပိထောင်း - ပါဝင်မှုမရှိ
၃၅။ ရွှေနဂါး မြိတ်ပုစွန်ငါးပိ - ပါဝင်မှုမရှိ
၃၆။ ဇီးချိုင် လက်ထောင်းရခိုင်မျှင်ငါးပိ - ပါဝင်မှုမရှိ
၃၇။ အင်ကြင်း ပုစွန်ငါးပိထောင်း - ပါဝင်မှုမရှိ
ကျန်းမာရေး ၀န်ကြီးဌာန
အထက်ပါ အကြောင်းအရာလေးကို ဤနေရာမှ ရယူပြီး ဆားချက် ထားခြင်းဖြစ်ပါတယ် ။ ရေးသားသူနဲ့ ပေးပို့ သူများကို ကျေးဇူးတင်ပါကြောင်း အရင်ပြောချင်ပါတယ်။
http://forverfriends.ning.com/profile/1aknnl72ysz4b
http://forverfriends.ning.com/profiles/blog/show?id=2863689:BlogPost:62675&xgs=1
အမလေးးးး မောလိုက်တာနော် ။
ဘာဖြစ်လို့ များ ဒီလောက်ကြီး ရှည်ရှည်ဝေးဝေး ဖေါ်ပြနေရတာလဲ။
ဤ ကုမ္ပဏီမှ ထွက်သော ငပိမှလွဲ ၍ တခြားသော ငပိများ ကို ကူးသန်းရောင်းဝယ်ဖေါက်ကားခြင်းမပြုရ ဆိုပြီး သူတို့ နဲ့ အမျိုးအဆွေ မကင်းရာ မကင်းကြောင်း မှ ထုတ်လုပ်သော တံဆိပ် အနည်းငယ်မျှကို ဖေါ်ပြလိုက်ရင် ပြီးနေတာဘဲ မဟုတ်လား နော် ။
ပြီးခဲ့တဲ့ တနှစ်တိတိ နာဂစ်တုံးက လူတွေသိန်းနဲ့ချီပြီး ပိုးစိုးပက်စက် တိရစ္ဆာန်တကောင်နဲ့ မခြား သေကျေ ပျက်စီးခဲ့ စဉ်အခါတုံးက၊ စားရမဲ့ ၊သောက်ရမဲ့ ၊နေရမဲ့ ၊ဒုက္ခတွေ လှိုင်လှိုင်ရောက်ခဲ့ စဉ် အခါက ဒို့ ပြည်သူတွေကို သက်ရှိလူ တဦးအနေနဲ့ တောင် မသတ်မှတ်ခဲ့ကြတဲ့  အကြီးအကဲ ဆိုသူ ဒီလူကြီးများဟာ ဘာဖြစ်လို့  ခုချိန် ကျတော့မှ ပြည်သူလူထုကြီးတရပ်လုံးရဲ့  ကျန်းမာရေး နဲ့ အသက်ဘေးတွေ ကို ထိခိုက်မှာ စိုးရိမ် သယောင် စေတနာရေစီးကမ်းပြိုများနဲ့  ထုတ်ဖေါ်ပြောကြား ပေးနေရပါသလဲ ။စဉ်းစားစရာတွေ ဦးဏှောက်ထဲကို မဟုတ်မဟပ် အတင်းအကြပ်ဝင်ရောက်လာတဲ့အတွက် ဒီလက်ကလည်း မနေနိုင်မထိုင်နိုင်ရေးသားမိခြင်းပါ။
ကောက်ချက်ချမိသည်ကတော့
၁- ၂၀၁၀ ခုနှစ်နီးလာ၍လား ။ ရွေးကောက်ပွဲအတွက် လူတွေယုံကြည်ထောက်ခံမှု ရယူလိုချင်တယ်ဆိုရင်လည်း ဒါက အသေးအမွှား ကိစ္စလေးပါနော် ။ ဒီလောက်နဲ့တော့ ဒို့ ပြည်သူတွေ နားမယောင်သေးပါဘူး။
၂- နိုင်ငံအတွင်းရှိရှိသမျှ စီးပွားရေးလုပ်ငန်းများကို သူ့ နဲ့ နီးစပ်ရာဆွေမျိုးတွေ ကလက်ဝါးကြီးအုပ်စရာတွေ အကုန်လုံး နီးပါး မရှိသလောက်ဖြစ်နေတာမို့ လဖက်ပြီးတော့ ငပိဘက် ခြေဦးတည့်နေတာလား ။
ကိုယ်တို့ ဗမာလူမျိုး တွေတသက်လုံး ဘိုးစဉ်ဘောင်ဆက် စားသုံးလာခဲ့ကြတဲ့ လဖက်နဲ့ ငပိတွေမှာ ခုချိန် မှာမှ တိုက်တိုက်ဆိုင်ဆိုင် ဒီလုပ်ငန်းရှင်တွေက ဘေးအန္တရာယ်တွေ ဖြစ်စေတယ်ဆိုတဲ့ ဒီ ဓါတု ပစ္စည်းတွေ ထဲ့ သွင်းထုတ်လုပ်နေခဲ့ ကြပါသလဲ နော် ။ လွန်ခဲ့တဲ့ နှစ်ပေါင်းအတော်ကြာကတည်းက သုံးစွဲနေခဲ့ကြတာ ဆိုရင်လည်း ဘာလို့ စောစောစီးစီးဖေါ်ထုတ် မကြေငြာခဲ့ တာပါသလဲ ။
ဒီပစ္စည်းတွေကြောင့် ဒို့ ပြည်သူတွေ ဘယ်လောက်အထိ များ ဒုက္ခရောက်ပြီးဖြစ်ခဲ့ပါပြီလဲ ။
ဒီလို ဖေါ်ထုတ်ပေးလိုက်တော့ ဒီတံဆိပ်ကိုပြောင်းပြီး နောက်ထက်တခြားအမည်နဲ့ ပြုလုပ်ရင်ရော ၊
(အမျိုးသား အစားအသောက် ဥပဒေ ပုဒ်မ၂၈(က)အရ) ဒီ ပုဒ်မကြီးက ဘယ်လောက်ထိ ကြီးမားသလဲဆိုတာကို လူအများနားလည်အောင်ရှင်းပြဖေါ်ပြပေးရင်ရော ။ ပိုမကောင်းပေဘူးလား
ဒီလို အန္တရာယ်တွေရှိပါတယ်လို့ ပြောထားပြီးမှ စားနေမယ်ဆိုရင်လည်း ကိုယ့် အပြစ်ကိုယ်ခံကြတာပေါ့နော် ။
ငပိဆိုတာ ..အနံ့ အသက်ဆိုးဝါးပေမဲ့ ကြိုက်တဲ့ သူတွေအတွက်တော့ နတ်သုဒ္ဒါတမျှလောက်ဖြစ်နိုင်ပါတယ် ။
အလွန်အကျွံဆိုရင်တော့ မကောင်းဘူး ဆိုတာ လူတိုင်းသိကြမှာပါ ။ သွေးတိုး ၊ နှစ်လုံး ရောဂါသမားများနဲ့ လုံးဝ မတည့် ဘူး ဆိုတာ အားလုံးကြားဖူးကြမှာပါ။
ဒီတော့လည်း အသက်ကို ဥာဏ်စောင့်တယ်ပြောပြော ကံစောင့် တယ်ဘဲဆိုဆို ရှောင်နိုင်ရင်တော့ အကောင်းဆုံးပေါ့နော် ။
မိတ်ဆွေတို့ ကို အကြံကောင်းပေးလိုတာကတော့ ငပိနဲ့ လဖက် ဘာမှ မစား ။ ရေသောက် ဗိုက်မှောက် နေကြပါစို့ လား လို့ ပါ ။ အသားမှာဝက် ။ အရွက်မှာ လဖက်။ အင်း .. ဘာမှ စားကောင်းတဲ့ အရာ မကျန်တော့ပါလားလေ ။ဒီငပိလေးလက်တသစ်နဲ့  အဟာရဖြစ် အသက်ဆက် နေကြရတဲ့ ကျောမွဲတွေ ဘာများဆက်လက်စားသုံးပြီး ဘာတွေကို မျှော်လင့်နေကြရအုံးမှာပါလဲ။
(ရေများများသောက်ရင် ကျန်းမာရေးအတွက်အထောက်အကူပေးပါတယ် ။ရေမသန့် ဘူးတွေထဲကရေလည်း ရောဂါ ရ ရင် ရနိုင်လို့  ရာနှုန်းပြည့်တော့ အာမ မခံ နိုင် ပါ ။ ဗိုက်မှောက်နေရင်တော့ အကုန်အကျသက်သာမှာပေါ့လေ ။ စီးပွားရေးတွေကလည်း မပြေလည်ကြဘူးဆိုရင်တော့ ဒီနည်းလေးနဲ့  အဆင်ပြေကြမယ်ထင်ပါတယ်နော် )
ဈေးဝယ်ထွက်ရင်လဲ ရှောင်ရန် ဆောင်ရန် တံဆိပ် များ ကို စာရွက်တခုပေါ်မှာ ကူးရေးထားပြီး သွားလေရာမှာ ဆောင်ထားကြပါရန်။
မည်သူမဆို လွတ်လပ်စွာ သဘောထားကွဲလွဲ ပိုင်ခွင့်ရှိပါသည်ပေါ့ ။
►Posted by
:kiki
:
at
5/05/2009 03:19:00 AM
Subscribe to:
Post Comments (Atom)
16 comments:
ငါးပိမကြိုက်ဘူး
ဖြစ်ချင်တာဖြစ်
မစားဘူးဝူးးးဝူးးးး
ရှမ်းပဲပုတ်ကျန်သေးတယ် အဟတ်မကြီးကီရ ပဲပုတ်တောင် အနံအသတ်နဲ့ မလွတ်လို့ ပိတ်မယ်ကြာတယ် ပြည်ပကိုတင်ပို့ လို့ မရတော့ဘူးတဲ့ အဟိ ပဲပုတ်စားပြီးလူလည်အရှက်ကွဲလို့ လေ သူ့ တို့ ကိုလူလယ်ခေါင်အရှက်ခွဲတာပဲပုတ်ပေါ့ သိတယ်ဟုတ်
လူလယ်ခေါင် မှာကျယ်ကျယ်ထွက်တော့ ဒေါသထွက်တာပေါ့ ထိန်းလည်းမရတော့ အသာလေးထုတ်ပါတယ် အနံက ထောင်းကနဲ့ ထွက်လာရော ဒီတော့အရှက်ကွဲတာပေါ့ အဟိ
ချ အမရေ တော်မလှန်ရင် ကျုပ်လှန်မှာနော့
ဘာတွေလည်းတော့တိဖူး
လက်ဖက် ငါးပိ ဟိဟိ ဘာကျန်သေးလဲတိဝူး ဘာမှစားတော့ဝူး အဲဒါဆို ဘာစားရမလဲ.. ဟူး ဒီမှာလည်း ဟိုဟာမစားရ ဒီဟာမစားရ.. ရေတောင် လွတ်ရဲ့လားအေ စိတ်ညစ်တာပဲ ဘာပဲဖစ်ဖစ် အနော့်ဆီမှာရှိတဲ့ ငပိက ဘာတံဆိပ်ပါလိမ့်... မနက်မှကြည့်တော့မယ်အေ ထူးပါဘူးနော်.. စားပြီးလို့ ဘူးတောင် တ၀က်ကျိုးတော့မယ့်ဟာ အဟီးးး ကြည့်တော့ ကြည့်ရမယ် တော်ကြာ...
လက်ဖက် ၊ ငပိ၊ ဟီးးးးးးးး တော်သေးသည်။ ခီလောက် ပြောသလို ရှမ်းပဲပုတ်တောင် ပါလာရင်တော့ ဒုက္ခ... အမရေ ငပိထောင်း စပ်စပ်လေး စားချင်လိုက်တာ ဟီးးးးး
လေးစားလျက်
တောင်ပေါ်သား
မကီကီရေ....
ပိုစ့်လေး တော်တော်ကောင်းတယ်ဗျာ...
အောက်မှာ မကီထောက်ပြတာလေး ကောင်းတယ်...
ပျော်ရွှင်ပါစေဗျ...
ဒါ့ကြောင့်ပြောတာပေါ့ ကိကိရဲ့ 
့ဒီအစိုးရက ဆိုးဆေးဗလဗွနဲ့ ပါ စားသုံးရန် မသင့်မဟုတ်ဘူး ထားရှိလျှင်ပင် အန္ထရယ် ရှိတယ်။
လွှင့်ပစ်လိုက်ကြ။
:D
ကိကိပဲပြောလိုက်တော့
ရေသန့်ဆိုတာမှာတောင် အနည်နဲ့ ဆေးလိပ်တိုနဲ့ .. နောက်ဆို ရေသန့်ဘူးကနေ စိမ်းပြာနေရညှိထုတ်လို့ရချင်ရနေမှား)
တီထွင်ကြံဆ နည်းလမ်းရ .. မပိုင်ဘူးလား :P
ဒီပို့စ်လေးကို အားရတယ် ငပိက အရေးမကြီးဘူး အရေးကြီးတာကို ထောက်ပြထားတဲ့ kiki ရဲ့ အရေးအသားနဲ့ မကောင်းတာကို မကောင်းပါဘူးလို့ ပြောတာကို နှစ်သက်တယ်..ကျွန်တော်တို့တွေက နိင်ငံရေးဘလော့တွေမဟုတ်ပေမယ့် ကြုံလာရင် လိုအပ်ရင် ရေးကြရမယ်...ကောင်းတယ် သဘောကျတယ်။
...ခင်မင်သောအားဖြင့်...
ပဟေဋိ ဆိုလို့  သိချင်တာနဲ့  လိုက်လာတာ အခုတော့ တွေ့ ပြီ။ တားမြစ်ထားသော တံဆိပ်တွေကို ကျန်းမာရေး အသိနဲ့ ပါ ထောက်ပြထားတဲ့ အတွက် ကျေးဇူးပါဗျာ။ ကျွန်တော်က ငပိ အရမ်းကြိုက်တဲ့သူ၊ လက်ဖက်လဲ ပါတယ်။ အခုတော့ ကိကိ အကြံပေးသလို ရေသောက် ဗိုက်မောက် နေရမလို ဖြစ်နေပြီ။ ညစ်တယ်ကွယ်။
ခုခေတ် ပြည်သူတွေက အစိုးရ ဒါတွေ ထောက်ပြတာနဲ့  အစိုးရက ကောင်းတာတွေ လုပ်နေပါလားဆိုပြီး ခေါင်းလိုက် ညိတ်မယ့် သူတွေ မဟုတ်တော့ပါဘူး ကိကိရေ။ နောက်ဆုံးတော့ ဒိုင်းညောင့် ဒိုင်းညောင့် အသံထွက်လာမှာပါပဲလေ..။ ၀မ်းနည်းသွားပြန်ပြီ။ လစ်ပြီ။
ဆိုင်မှာ သွားစားဖို့ ခပ်ခက်ခက် ဖြစ်သွားပါပြီလား။ ဆိုင်ကို ဘာငါးပိ သုံးလဲ မေးရင်လဲ ရိုက်ပေါက် ဖြစ်ဦးမယ်။ အိမ်မှာ သုံးတဲ့ ငါးပိကိုလဲ တံဆိပ် ဖတ်ကြည့်ရဦးမယ်။ ပို့စ်လေး ဖတ်လို့ ကောင်းပါတယ် ခင်ဗျာ။
cbox မပေါ်လို့ဒီမှာလာရေးတာပါ။မေဒီဇာ ကနေရောက်လာပါတယ်. ဒီကောင်တွေကို လဒနဲ့မနိုင်းပါနဲ့လဒ သိက္ခာကျပါတယ်
ဟုတ်တယ်နော် နာဂစ်တုန်းက လူတွေ သိန်းချီပြီး ဒုက္ခရောက်တုန်းက သူတို့နဲ့မဆိုင်သလို မျက်နှာလွှဲခဲပစ် ကမ်းကုန်အောင် ယုတ်မာပြီး အခုကျမှာ လူတွေကို အစားအသောက်ရှားရတဲ့အထဲ လိုက်ပြီး ဒုက္ခပေးနေတဲ့ လူယုတ်မာကြီးတွေ..
အဟီးး တော်ပါသေးရဲ့ ကျနော်က ငပိမကြိုက်လို့။ ဟိ။ လက်ဖက်ကလဲ မတည့်လို့မစားဖူး။ ရှမ်းပဲပုပ်ကလဲ ကိုတိုးပဲပုပ်ဖတ်ပြီးထဲက မစားတော့တာခုထိ။ ဒီတော့ကျနော်လွတ်တယ်။ နာကွ။ အဟိ။
မကြီးကီ.. ကောင်းတယ်.. ပီခီလောက်ပြောသလို ရှမ်းပဲပုတ်ပဲ ကျန်တော့တယ်နော်... ဒါလည်း မလွတ်ဘူးဆိုရင်.. ကုန်သလောက်ရှိပြီနော်...
Thank you, I have recently been searching for information about this topic for ages and yours is the best I have discovered so far.
Beneficial info and excellent design you got here! I want to thank you for sharing your ideas and putting the time into the stuff you publish! Great work!
Post a Comment