ထိုင်လည်း သူ့ ကိုသတိရ
ထလည်း သူ့ ကိုသတိရ
စားလည်း သူ့ ကိုသတိရ
သွားလည်း သူ့ ကိုသတိရ
အိပ်လည်း သူ့ ကိုသတိရ
စိတ်ထဲ သူ့ ကိုသတိရ
ဘယ်ရောက်ရောက် သူ့ ကိုသတိရ
ဘာကြားကြား သူ့ ကိုသတိရ
ဘာလုပ်လုပ် သူ့ ကိုသတိရ
ကြောက်လည်း သူ့ ကိုသတိရ
မှောက်လည်း သူ့ ကိုသတိရ
နေရာတကာ သူ့ ကိုသတိရ
အမြဲတမ်း သူ့ ကိုသတိရ
မူးနေတုံးလည်း သူ့ ကိုသတိရ
ရူးနေတုံးလည်း သူ့ ကိုသတိရ
မင်းကိုအချိန်ပြည့်  ငါသတိရ ။
ဒါပေမဲ့ 
မင်းကြည့်မရတာက ငါ
မင်းသတိမရတာက ငါ
လွမ်းနေတာက ငါ
လန်းမနေတာက ငါ
အပန်းမပြေတာက ငါ
ရတာမလို လိုတာမရ
ဂွကျလှတဲ့  ငါ့ဘဝ ။
ဒီနေ့ စိတ်ထဲဘယ်လိုဖြစ်နေမှန်းမသိ။တခုခုကိုအလိုမကျဖြစ်နေမိလို့  ထွက်ပေါက်ရှာပြီးပေါက်တတ်ကရအော်လိုက်တာပါ။တယောက်သောသူကိုသတိရရင်း... အတူတူသွားစားခဲ့ကြဘူးတဲ့ ရန်ကုန် မြေနီကုန်း ရွှေမန်းရုံရှေ့ နားက ဝက်သားဒုတ်ထိုးရောင်းတဲ့လူကြီးရယ်၊သူ့ ခြင်းတောင်းထဲကဝက်အစုံဒုတ်ထိုးတွေရယ်။ ဘယ်လိုစားချင်လာမှန်းမသိပါဘူး။
အခုနေတဲ့တိုင်းပြည်ကလည်းတရုပ်ပြည်သာဆိုတယ်။ဝက်သားဒုတ်ထိုးမရှိဘူးတဲ့လေ။
အံ့သြစရာပါဘဲ။ဝက်တုပ်ကွေးရာသီမှာ ဝက်သက်ပေါက်ပြီးရူးနေတဲ့အရူးတယောက် ဝက်ရူးပြန်နေတဲ့ အကြောင်းလေးပါ။
မတော်တဆ လာဖတ်မိသူများအား ရူးသွပ်စွာနဲ့ ဘဲ တောင်းပန်အပ်ပါတယ်............
►Posted by
:kiki
:
at
5/01/2009 01:00:00 AM
Subscribe to:
Post Comments (Atom)
10 comments:
ဝက်ရူးပြန်တာလား... ဝက်သက်ပေါက်တာလား... ဝက်တုတ်ကွေးလား... တော်တော်ဒုက္ခပေးတဲ့ ဝက်ပါလား...
အို ဒို့က ဝက်ခေါင်း ထင်နေတာ အဲလေ လိပ်ခေါင်းထင်နေတာ ဟိ ကြောက်နေရပါလား
:)) ဘယ်လိုဖြစ်တာလဲ မကြီးရ..၀က်ရူးပြန်ဆိုလို့..ဟိဟိ ဒီရောက်မှ ၀က်သက်ပေါက်နေတာပါလားဆိုတာ သိတာ။။
အမယ်သူက တယောက်သောသူဆိုပါလား..??????
ဝက်သားဒုတ်ထိုးအကြောင်းကြားရင်း စမ်းချောင်းလမ်းက ၀က်သားဒုတ်ထိုးကို သတိရတယ်။
အဟား ၀က်ရူးရယ် ပြန်တတ်ပါလေကောဗျာ
ဟုတ်တယ် ဒီစနေ တနင်္ဂနွေ ၀က်သားတုတ်ထိုး လုပ်စားဖို့ ဟာကို ..အခုတော့ ၀က်မြင်ရင် ချမ်းချင်နေတယ် တုပ်ကွေးမိမှာစိုးလို့ ဟင့် ငိုချင်တယ်..ခံတွင်းပျက်နေတာ ၀က်သားတုပ်ထိုးလေး ကစ်မလို့ဟာကို :)
ပြောရင်ပိုတယ်ထင်မယ် ဒီနေ့ညနေ ၀က်သားတုတ်ထိုး
လုပ်စားဖြစ်သေးတယ်.ကျန်သေးတယ်အမရေ ..
စားချင်ရင် ကျုံးဟိုလာခဲ့ကွယ်
ဝက်ရူးပြန်နေရင် ..ကိုယ့်ကိုပြန်ဆေးထိုးထားတော့.. သူလည်းမထူးဘူး.. ကိုရဲအတိုင်းပဲ... ဘာတွေဖြစ်နေကြတာတုံး.. အစည်းအဝေးလေးမခေါ်လိုက်တာနဲ့.. :D
နည်းနည်းတော့ သက်သာပြီရှင်..ကျမ်းမာရေး ဂရုစိုက်လို့ သတိပေးတာ အရမ်းကို
ကျေးဇူးတင်ပါတယ်နော်.
ငြိမ်းချမ်းပျော်ရွှင်ပါစေ
ဒုတ်ထိုးကိုသတိရတာလား တယောက်သောသူကိုသတိရတာလား
ဒုတ်ထိုးစားချင်တာတော့အမှန်ပဲ
မြင်ယောင်မိတယ် ..း(
အို.. မိုင်.. အီဒီယော့ရေ.. နာမည်နဲ့  လိုက်ပါတယ်ကွာ..
Post a Comment