May19,2009
http://www.youtube.com/watch?v=tHJKKdEo8TQ&NR=1
ဒီပုံထဲမှာတွေ့ ရတဲ့  Death Valleyလို့ ခေါ်တဲ့ ဒီသေမင်းတမန်တောင်ကြား လွင်တီးခေါင် ဟာ အမေရိကန်ပြည်ထောင်စု ၊ကယ်လီဖိုးနီးယားပြည်နယ် ထဲမှာတည်ရှိပြီး မြောက်အမေရိကတိုက်ရဲ့ အနောက်တောင်ဒေသမှာ အပူဆုံးဒေသတခုပါ။အပူဆုံး စံချိန်မှာ ၁၉၁၇ ခုနှစ်က 56.7 'C ဒီဂရီ စင်တီဂရီတ် ( 134' F ဒီဂရီဖါရင်ဟိုက်)ရှိခဲ့ပါတယ်။ တနှစ်ပတ်လုံးမှာမှ မိုးရွာသွန်းရက်ဟာ ၁၈ ရက်လောက်ဘဲရှိတတ်ပြီး မိုးရေချိန်မှာလည်း ၂လက္မ( ၅၀ မီလီမီတာ) ခန့် သာရှိတာမို့  မြေကြီးတွေဟာ ပတ်ကြားအက်နေကြပါတယ်။ဒီလွင်တီးခေါင်ဟာ ပင်လယ်ရေမျက်နှာပြင်ထက် ၂၈၂ ပေ တောင်မှ နိမ့်ကျတဲ့ ဒေသတခုပါ။
ဒီဒေသမှာ မိုးရွာတဲ့အခါမြေပက်ကြားအက်ထဲ ရေတွေစိမ့် ဝင်ကာ ရွှံ့  မြေစေးတွေ ဖြစ်လာပြီး သူ့ အပေါ်မှာရှိနေတဲ့ ကြီးမားတဲ့ ကျောက်တုံးကြီးတွေတောင်မှ ပေပေါင်းထောင်ပေါင်းများစွာ ရွေ့လျောသွားကြတယ် တဲ့။ အံ့သြစရာပါဘဲ ။
ဒါပေမဲ့  ခုအောက်ဖက်မှာ မြင်တွေ့ ရမဲ့ ပုံ ကိုတော့  နဲနဲ သံသယ ဖြစ်မိပါတယ် ။moving rocks တင်မကတော့ဘဲ flying rocks လို့ တောင် ခေါ်ရမလိုပါဘဲ ။ Computer effect လုပ်ထားလေမလားဆိုတဲ့ အတွေးလေးတောင် ဝင်လာမိပါတယ် ။ ဖြစ်နိုင်ပါ့မလားနော်။တကယ်သာဆိုရင်တော့ သူတို့တွေကို မြန်မာပြည် အလည်ပိုင်းက ကျပ်ပြီးပြေးနေတဲ နေရာမှာ ဒီအတုံးတွေ သွားလွှတ်ထားပေးရမယ် ။အဟဲ ။
ဒီ အကြောင်းလေးတွေကို အသေးစိတ် သိချင်တယ်ဆိုရင်တော့ အောက်မှာပါတဲ့  လင့်ခ် ထဲမှာ ဆက်ပြီးဖတ်ရှုြ့ကည့် ကြပါနော် ။
movie လေးတွေ ကိုတော့ Youtube ထဲမှ ကူးယူ ဖေါ်ပြထားခြင်း ဖြစ်ပါတယ်။
မဟုတ်မှန်းသိပေမဲ့  စိတ်လှည့်စားတာ ညာခံရတာချင်း အတူတူ ဒီလို အညာလေးတွေ ကမှ ပျော်စရာ ကောင်း လိမ့် မယ် ထင်ပါတယ်။
လိမ်တယ် ညာတယ် လူညာကြီးရယ် ဘာညာ ဖြီးအုံးမယ်...
ပျို ပျို မေ ကို မဟုတ်ပါဘဲ လည်း လုပ်ဇာတ်ခင်းလို့ ရယ်.......
►Posted by
:kiki
:
at
5/19/2009 11:00:00 PM
Subscribe to:
Post Comments (Atom)
9 comments:
မကြည့်တတ်ဘူး... ထိုးပြတဲ့ စာတန်းကလဲ မြန်လွန်းတော့ လိုက်ဖတ်လို့  မမီဘူး.. မဖတ်တတ်တာလဲ ပါတာပေါ့...
ကိုတိုင်ကပဲ အိဒိယော့မိုလို့ လားမသိဘူး.. နားမလည်ဘူး...
ဘာပဲဖြစ်ဖြစ် ဆက်လုပ်ရဲဘော်...
ကြည့်တော့ကြည့်သွားတယ်
အကိုကြီးထွေးပြောသလိုပဲ
ကျနော်လဲ အကိုကြီးရဲ့ ညီမို့လားတော့မသိဘူး
နားလည်ဘူး
သူမလဲလို့ ကိုယ်လိုက်မလည်တာလဲပါတာပေါ့
သူနားလည်ရင် ရောချလို့ရသေး
သေချာပြန်ရှင်းပြ မကြီးကီ
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်
ဟဟ..ဟုတ်ပါ့..ဟုတ်ပါ့.. သေချာပြန်ပြောပြ..
လွမ်းစရာ ဇတ်လမ်းလေးတွေလဲရှိလား ဟင်...
မရဖူး.. ပြန်ရှင်းပြ နော် မကီနော်..။
အောက်ကဟာတော့ ယုံဘူး... ချစ်မကြီးကိက တော်ပါ့အေ.. ဗဟုသုတ မှတ်သွားပါကြောင်း..
အောက်က Video ကိုကြည့်ပြီး သဘောကျသွားပါတယ်။ အဲလိုရိုက်ဖို့ စိတ်ကူးရှိတဲ့လူတွေ တော်တယ်နော်။ ပြန်ဝေမျှတာ ကျေးဇူးပါ ညီမလေး kiki ရေ...
အမလေး ငါ့အမကိုများ ညီမလေးကီကီတဲ့ 
ရီလိုက်ချင် အားရပါးရကိုရီလိုက်ချင်
ခွက်ထိုးခွက်လန်အော်ရီလိုက်ချင် အမက ခုမှ 25 ပဲရှိသေးတာဗျ ဆိုင်လားဟင် အဟီး
အောက်ကဗွီဒီယိုက ပိုကောင်းတယ်...
kiki ကလဲ ပျင်းရင်သူ့ လိုပဲ ကျောက်တုံးတွေနဲ့  ကစားတယ်ထင်ရဲ့
ပျင်းစရာကောင်းတယ် အဟီး ကျနော့်နားလာခဲ့ ဒီထက်စွမ်းတာ လုပ်ပြဦးမယ် လိမ်တယ် ညာတယ် လူညာကြီးရယ် ဘာညာ ဖြီးအုံးမယ်... (မဖြီးဘူးနော့်)
လေးစားလျက်
တောင်ပေါ်သား
ကိကိရေ
လာကြည့်ပါတယ် ဖတ်ပါတယ်
ကျေးဇူးပါနော်
ခင်မင်လျက်
Post a Comment