ဒီလို mask တွေ သုံးပြီး ဝက်တုပ်ကွေးပိုးကို အသက်ရှုလမ်းကြောင်းထဲ မဝင်အောင် ဟန့် တားနိုင်ပါတယ်။
ဝက်တုပ်ကွေးအတွက် ကုသရေးနှင့် ကာကွယ်ရေး အတွက် အသုံးပြုနိုင်သော ဆေး များနှင့် အညွှန်းများ
အသေးစိပ်သိလိုပါက ဒီနေရာမှာဆက်လက်ဖတ်ရှုနိုင်ပါတယ်။
http://www.cdc.gov/swineflu/recommendations.htm#
http://www.cdc.gov/swineflu/recommendations.htm#
အခုဆိုရင် ဝက်တုပ်ကွေးအတွက် ..ရောဂါဖြစ်ပွားနေကြသူများအတွက် ကုသဖို့ နဲ့  ရောဂါဖြစ်ပွားဖို့ နီးစပ်သူများအတွက် ကာကွယ်ဖို့  ဆေး ဝါးကို ကမ္ဘာကျန်းမာရေးအဖွဲ့ ကြီးမှ တရားဝင် ထုတ်ဖေါ်အသိအမှတ်ပြုပြီး ဖြစ်ပါတယ်။အထက်ပါဆေးများမှာ Neuraminidase Inhibotor များဖြစ်ကြပါတယ် - Oseltamivir(Tamiflu) မှာ သောက်ဆေး အဖြစ် ပြုလုပ်ထားပြီး Zanamivir(Relenza) မှာရှုဆေးဖြစ်ပါတယ် ။ အဲဒီ ရှုတဲ့ အမျိုးအစားဟာ Asthma အက်စ်မာ ရင်ကြပ်ပန်းနာ သမားတွေ အတွက် မသင့်တော်လှပါဘူး။ ဇယားကွက်ထဲကအတိုင်း ဆေးအမျိုးအစားကို အသက်အရွယ်အလိုက် ခွဲခြားထားပေးပြီး အသုံးပြုရမဲ့ အလေးချိန်ပမာဏ ဆေးစံနှုန်းတွေကို ကိုယ်ခန္ဓာ အလေးချိန်အလိုက် ကြည့်ပြီး တနေ့ သောက်ရမဲ့ အကြိမ်အရေအတွက်ကို သိနိုင်ပါတယ်။
အကြမ်းဖျင်းအားဖြင့် ကာကွယ်မှု အနေနဲ့သောက်သုံးရတဲ့ ပမာဏဟာ တကယ့်ရောဂါခံစားနေရသူတွေသောက်ရတဲ့ဆေးပမာဏရဲ့ တဝက်သာရှိပါတယ်။
ဒီဆေးတွေက အခုမှ အသုံးပြုနေတဲ့ ဆေးအသစ်တွေမဟုတ်ပါဘူး ။
ဒီဆေး ၂ မျိုး အပြင် Paramivir ဆိုတဲ့ ဆေးတမျိုးကိုလည်း သုံးနိင်ပါတယ်။ သူကတော့ အကြောဆေးအနေနဲ့ ထိုးရမှာ ဖြစ်လို့  ရောဂါ ပြင်းထန်သူများနဲ့ ပို သင့်တော်ပါတယ်။
နောက်တချက်က mass vaccination အတိုင်းအတာ အများကြီးနဲ့ လူထုတွေကို ကာကွယ်ဆေးထိုးဖို့ အတွက် သက်ဆိုင်ရာနိုင်ငံ အသီးသီးမှ ကြိုးစားနေကြပါတယ် ။ လိုအပ်တဲ့ထိုးဆေး အရေအတွက်က များလွန်းတဲ့အတွက်ကြောင့်  အမေရိကန်လို နိုင်ငံကြီးတွေမှာတောင် အလုံအလောက်ထုတ်လုပ်ဖို့ ကို အချိန် ၃ လလောက်ကြာမယ်လို့ မှန်းထားကြပါတယ်။
အဲဒီလို ကာကွယ်ဆေးတွေကို ထိုးဖို့ အဆင်သင့်ဖြစ်နေပြီးရင်တော့ ညွှန်ကြားချက်တွေအတိုင်း လိုက်နာ ဆေးထိုးထားရင် ဒီဝက်တုပ်ကွေးအန္တရာယ်ဟာ ကပ်ဘေးကြီးတခုအနေနဲ့ ဖြစ်ပေါ်လာနိုင်စရာအကြောင်းမရှိပါဘူး။
အဓိက ကြိုတင်ကာကွယ်ရေးကတော့...
၁ ။ လူစုလူဝေး ရှိတဲ့ နေရာ . လေဝင်လေထွက် မကောင်းတဲ့ နေရာ ..ဥပမာ .ဆေးရုံ . ရုပ်ရှင်ရုံ ..
ပိတ်လှောင်မွန်းကြပ်သောနေရာများ ၊ သို့  မလိုအပ်ဘဲ သွားရောက်ခြင်းတို့မှ အတတ်နိုင်ဆုံး ရှောင်ရပါမယ် ။ တကယ်လို့  မသွားမဖြစ် ရှောင်လွှဲမရ ခဲ့ ရင်လည်း နှာခေါင်း။ပါးစပ်တို့ ကို ပိုးမွှားအလွယ်တကူ ဝင်ရောက်နိုင်ခြင်းမရှိအောင် mask များတပ်ဆင်ကြပါ ။ အဲဒီ ဗိုင်းရပ်စ်ပိုးဟာ ပြင်ပအရာဝတ္ထုတွေမှာ ၂နာရီမှ ၄ နာရီ အထိသာ အသက်ရှင်သန်နေနိုင်တာပါ။ ပြီးတော့ ပူအိုက်ခြောက်သွေ့ တဲ့ နေရာမျိုးမှာ ကြာရှည် မရှင်သန်နိုင်ပါဘူး။
ဒါကြောင့်  မြန်မာပြည်မှ လူအများ အတွက် ဘုရားက စောင့်ရှောက်ထားပြီးဖြစ်ပါတယ်။ စိတ်မပူကြပါရန်။
ပြီးတော့ ပိုးဟာ ရောဂါရှိသူ နှာစေး နှာချေ ချောင်းဆိုးလိုက်လို့  သူ့ တံတွေးအမှုံအစက် များပြန့် ပွားတဲ့  ၆ ပေ ပတ်ဝန်းကျင်မှာ ဒီပိုးတွေ ပြန့် နှံ့ တတ်ပါတယ် ။ဒီတော့ နှာစေး ချောင်းဆိုးသူနဲ့ ဝေးလေကောင်းလေပါ ။ တကယ့် ရောဂါပြန့် နံ့ နေတဲ့ နေရာမျိုးဆိုရင် ရိုးရိုး mask ထက်ပိုပြီးလုံခြုံတဲ့  N95 mask များတပ်ဆင်သင့်ပါတယ်။
၂။အစာမစားမီ လက်ကိုစင်ကြယ်စွာဆေးကြောပါ ။ တကယ့် ရောဂါပြန့် နံ့ နေတဲ့ နေရာမျိုးဆိုရင် ပိုစိတိချရအောင် အရက်ပျံနဲ့ ပွတ်တိုက်ဆေးကြောသင့်ပါတယ် ။အရက်ပျံထဲမှာ ဒီပိုးတွေ မရှင်သန်နေနိုင်ပါဘူး။ မိမိပတ်ဝန်းကျင်မှာ ထိတွေ့  အသုံးပြုနေကြ အရာများ ဥပမာ ..တယ်လီဖုန်း စကားပြောခွက် ။ ကွန်ပြူတာ ကီးဘုတ်။ ကျောင်းပတ်ဝန်းကျင်မှာဆိုရင် စားပွဲ ကုလားထိုင်မှ အစပေါ့ ။သန့် ရှင်းရေးလုပ်ပေးရပါမယ်။
၃။ မိမိကိုယ်ခံအင်အားကောင်းမွန်နေရင် ဒီပိုးတွေ လာမနှောက်ယှက်နိုင်ပါဘူး ။ အိပ်ရေးဝအောင်အိပ် ။ သန့် ရှင်းလတ်ဆပ်တဲ့အစာ အဟာရ ကို မှီဝဲရင် ဘာမှကြောက်စရာမလိုပါ။
၎။ဝက်သားကြိုက်သူများလဲ စားနေကြအတိုင်း ဆက်လက်စားသုံးနိုင်ပါတယ် ။ကျက်အောင်ချက်ဖို့ သာ လိုပါတယ်။ဒီအသားထဲကနေ ပိုးတွေကူးစက်ကြတာမဟုတ်ပါဘူး။ သားစိမ်းငါးစိမ်းစားရင် တခြားဝမ်းပျက်တာတွေဖြစ်ပြီး တခြားမဆိုင်တဲ့ ရောဂါတွေ ဝင်လာမှာ စိုးရတာပါ။
ဒီ အဓိကအချက်တွေကို ရှေ့  က ပို့ စ်တွေမှာလည်း တင်ပြထားပြီးဖြစ်ပေမဲ့ ပြန်ပြီးမှတ်မိနိင်အောင် ထပ်မံထဲ့ သွင်းပေးတာပါ။
ဒီတော့ ဝက်တုပ်ကွေးဟာ ဒီလောက်ကြီးလဲ ကြောက်စရာ မလိုလှပါဘူးးနော်။
►Posted by
:kiki
:
at
4/30/2009 04:38:00 PM
Subscribe to:
Post Comments (Atom)
2 comments:
ရေးပေးလို့ ကျေးဇူးတင်ပါတယ်။ ဟိ ဟိ၊ ပြည်ပထွက်ရမှာ ကြောက်နေတာ။ အခုလိုဆိုတော့လည်း သိပ်မခက်ဘူးနော်။ ကျမက ကောင်းကောင်းမအိပ်တော့ အိပ်ရေးဝဝအိပ်ဖို့တစ်ခုပဲ ကြိုးစားရမယ်။ :P
ခုချိန်မှာ အလိုအပ်ဆုံး ကျန်းမာရေး ဗဟုသုတတွေကို ဝေမျှပေးတာ အရမ်းကျေးဇူးတင်ပါတယ် ညီမလေး kiki ရေ...
Post a Comment