ဒီနေ့  ဧပြီလ ၅ရက် တနင်္ဂနွေ အလုပ်နားရက် မနက်အိပ်ရာထတော့ ထုံးစံအတိုင်းဗမာတန်းသွားပြီး မနက်စာ သွားစားတော့ သင်္ကြန်ရေသဘင်ပွဲ နဲ့ ကြုံရတယ်။
လွန်ခဲ့ တဲ့ ၇ နှစ်လောက်က စပြီး ဒီထိုင်ဝမ်မှာလည်းဗမာပြန်တွေ စုပေါင်းပြီး ကျုံးဟိုမြို့ နယ်မှ အစိုးရတာဝန်ရှိသူ များရဲ့ ပံ့ပိုးမှုများနဲ့  နှစ်စဉ် သင်္ကြန်မတိုင်မီ ရှေ့ တပါတ်ရဲ့ တနင်္ဂနွေနေ့ မှာ မြန်မာရိုးးရာ သင်္ကြန်ပွဲလေးကို အဝေးရောက် အလွမ်းပြေ အထိန်းအမှတ်လေး တခု အနေနဲ့ ကျင်းပ ကြပါတယ် ။ ဒီနှစ်မှာလဲ ဝှာရှင်းကျဲ လမ်းမ တလျှောက် ကားလမ်းမကို ပိတ်ပေးထားပြီး မြို့ နယ်ရဲ့  မီးသတ်ကား ၂စီး မှ ရေ နဲ့ ကလေး လူကြီးမရွေး တပျော်တပါး ရေပက်ကစား ကြ ပြီး ၊ အထူးအစီအစဉ်အဖြစ် မြန်မာပြည်မှ ရောက်ရှိနေကြတဲ့  အကယ်ဒမီ ရန်အောင် ။ ချောစုခင် ။ ကြာညိုသွယ်( သူ့ နာမယ်တော့  သေချာ မသိပါ .ခုမှ ပထမဦးဆုံးအကြိမ် ကြားဖူးခြင်းဖြစ်လို့ မှားရင် ခွင့်လွှတ်ပါရန် ) တို့  အဖွဲ့ မှ အဆိုအကများနဲ့ ဖျော်ဖြေကြတာနဲ့ ဒီမှာရှိနေကြတဲ့  သူတွေရဲ့ တင်ဆက်ဖျော်ဖြေမှုများကို ညီအကို မောင်နှမများ ကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ်
6 comments:
သြော်..မကြီးက သင်္ကြန်တောင် ကျပြီးနေပေါ့လေ။ ရဘူး။ ငုံလေး အရင်လောင်းမယ်လို့ အော်ထားရက်နဲ့။
:))
လာကြည့်ပါတယ်..လာကြည့်ပါတယ်...လာကြည့်ပါတယ်..
အယ်အမ တရုတ်မလေးတွေအေးဘူးလားဟင်
ဘောင်းဘီအတိုလေးနဲ့ အဟိ အဟိ အဟိ
သရေကျလာပြီ အမရာ သင်္ကြန်ကျတာကိုပြောတာနော်
အင်းသူများတွေသင်္ကြန်တွေ ချည်းပဲတင်နေတယ်
ကောင်းပါ့ နင့်မောင်တော့ ဘာလုပ်ရမှာလည်းမသိဘူးဖြစ်နေတယ်
လာကြည့် သွားပါတယ် ကိကိ---
ပျော်ရွှင်ပါစေ--
ကျေးဇူးပါဗျာ... ဘာပဲပြောပြော ကြိုးစားပန်းစားတင်ထားပေတာကိုက အလွမ်းပြေကြည့်ခွင့်ရခဲ့ပါပြီ..
ထိုင်ဝမ်ရဲ့ မြန်မာသင်္ကြန်အကြို ပျော်ရွှင်နေတာကို အားကျစွာ ကြည့်သွားတယ်။
နှစ်သစ်မှာ ပျော်ရွှင်မှုတွေနဲ့ ပြည့်စုံနိုင်ပါစေ
ဝင်းဇော်
Post a Comment