တနေ့  မှာပေါ့ ... အိမ်တအိမ်မှာ ၊ ဖုံးသံမြည်လာတယ်......
ကလင် ကလင် ကလင် ...
"ဟယ်လို...မိန်းမလား"
"ရှင်.........."
"မိန်းမလား.........လို့....."
"မဟုတ်ပါဘူးရှင်...ကျွန်မကဒီအိမ်ကအိမ်ဖော်ပါ"
"သြော်...အေးအေး...မင်းမမလေးကော....ရှိလား"
"ဟုတ်..."
"ခေါ်ပေးကွာအရေးကြီးလို့"
"..ရှင်...မမလေးကသူ့အမျိုးသားနဲ့အိပ်နေတယ်..မခေါ်ပေးရဲဘူး"
"ဘာ.....သူ.ယောင်္ကျားနဲ့ဟုတ်လား..."
"အင်းလေ..သူတို့  အိပ်နေကြတုန်းဘဲ ''
"ဒီမှာ ၊ ဒီမှာ ငါကမှ..သူ.ယောင်္ကျား...မှတ်ထား....... ဒီကောင်မ ခုလင်ငယ်နဲ့အိပ်နေတယ်ပေါ့.........
တောက်...သေမယ့်သာမှတ်...
ဟေ့...ဟေ့..ဒီမှာ...မင်းအခုချက်ချင်း အခန်းထဲဝင်ပြီး..ဒီင်္ကောင်မ ကိုရော အကောင်ကိုရော..သတ်ပစ်စမ်းကွာ.."
(အိမ်ဖော်မလေး..ဆတ်ခနဲတုန်သွားပြီးမှ).....
"ရှင်..!!!! ...မ...မ..လုပ်ပါရစေနဲ့ရှင်"
"တောက်...နင်ပါသေချင်လို့လား...ငါအခုပြန်လာလိုက်ရ..၃ လောင်းပြိုင်ဖြစ်သွားမယ်...နား လည်လား..သွားစမ်း သွားစမ်း
အံဆွဲထဲမှာသေနတ်ရှိတယ်...နှစ်ယောက်စလုံးကိုပစ်သတ်..
ကြားလား...ဖြစ်သမျှငါရှင်းမယ်..သွားပစ်လိုက်စမ်း"
"ဟို... ဟိုလေ......."
"ဟိုလေ ဒီလေလုပ်မနေနဲ့..ဘာလဲ..နင်ပါသေချင်လို့လား"
"မဟုတ်ပါဘူးရှင်....သ.သ..သွားပါ့မယ်.........."
( ခဏအကြာ....ဒိုင်းခနဲသေနတ်သံနှစ်ချက်ကြားလိုက်ရသည်) ။
"ပြီး..ပြီးပြီ..ဘာ..ဘာဆက်လုပ်ရမှာလဲဟင်....."
"အေး...ပြီးရင်..ဂုန်နီအိတ်နဲ့ထုပ်ပြီး...အိမ်ရှေ့ယူလာခဲ့
ပြီးရင်ပြော.."
(အနည်းငယ်ကြာပြီးနောက်.....)
"ပြီးပြီ...ဆက်ပြော..."
"ပြီးရင်....အိမ်ရှေ့ကရေကန်ဘေးမှာ ခဏချထား...ငါပြန်လာမယ်...ကြားလား"
"ရှင်...ဘာကြီး.........."
"ရေကန်ဟေ့...ရေကန်...နားလေးနေလား..ငါဒေါသထွက်နေရတဲ့အထဲ"
"ဟို..ဟိုလေ...အိမ်ရှေ့မှာရေကန်မရှိဘူးရှင့်"
"ဘာ...ဟုတ်လို့လား? ။ ဘာလို့ မရှိရမှာလည်းဟ "
"ဟုတ်....ဟုတ်...တကယ်ပြောနေတာပါရှင့် "
"ဒါ..ဒါဖြင့်.ခုပြောနေ တဲါ့ phone နံပါတ်ကဘယ်လောက်လဲ .ဟင်..."
"123456789 လေ...."
"ဗျာ......987654321 က မဟုတ်ဖူးလား ...အဟင်း..ဘယ်လိုပြောရမလဲ..... sorry ပေါ့နော်..အဟင်း
ဟို..ဟိုလေ... phone မှားသွားလို့..သိလား...ဒါပဲနော်"
ဂလောက် ... တီ... တီ......
ဒီရယ်စရာ လေးကို ကြားဖူးကြမလား မသိဘူး နော် ။ forward mail တခုက ရယ်စရာ ဆန်ဆန် ဇာတ်လမ်းလေးကို နဲနဲ ပြန် လည်စမ်းသစ်ထားတာ ပါ ။
ဒါပေမဲ့ တကယ်တန်း တွေးကြည့် လိုက်တော့ ရယ်အားထက် ငိုအားသန်ရမလိုပါဘဲ ။ လူတဦးတယောက်ရဲ့  မစဉ်းစား မဆင်ခြင်ဘဲ ဒေါသအလျှောက် ပြုလုပ် လိုက်တာ ဟာ တဖက်သား အတွက် ဘယ်လောက် ဒုက္ခရောက်သွားစေနိုင်သလည်း ဆိုတာ ။ကိစ္စတခုကို မပြောခင် ၊ မလုပ်ခင် ၊ ဦးဆုံး သေချာ စဉ်းစားသင့်တာပေါ့ ။ တဖက်သား အခြေအနေကို ထဲ့ မတွက် ပဲ ကိုယ့်ဖက်က လွယ်လွယ်တွေး ၊ လွယ်လွယ် ဆုံးဖြတ် ၊ငါတကောကောနဲ့ ၊ ဒေါသရှေ့ ထားပြီး လုပ် လိုက်တဲ့  အရာတခု ဟာ တဖက် လူရဲ့  ဘဝတခုလုံး ကို ထိခိုက်သွားစေတယ် ၊ ပျက်စီး ဆုံးရှုံး သွားတတ်စေတယ် ဆို တာ ၊ ပြုသူ အဟောင်း ဖြစ်သူအသစ် ဆိုသလို ။ ခံလိုက်ရတဲ့  သူ အတွက် မသက်သာ လှပါဘူး ။
ုပြီးတော့ လည်း လွယ်လွယ်ကူကူ ဆောရီး ဆိုတဲ့ စကား တခွန်း နဲ့  သူ့ ရဲ့  အမှားတွေ ၊အပြစ်တွေ ကျေပျက်သွား နိုင်ပါ့မလား ။
တချို့ များဆို ပိုဆိုးသေးရဲ့  ။ ကိုယ့်ဖက်က မှားမှန်းသိရက် နဲ့ ဆောရီး တခွန်းလေးတောင် တောင်းပန်ုခြင်းတောင် မရှိတဲ့ သူမျိုး ။
ကိုယ့်စေတနာတွေ အထင်လွဲခံရတာမျိုး နဲ့  တဖက်သတ် စီရင်ချက်ချခံလိုက်ရတာမျိုးတွေ ထပ်ပြီး ပေါင်းလိုက်ရင်တော့ ....
ဪ ... နေရင်းထိုင်ရင်း အ ကုသိုလ် ဝင်တယ် ထင်ပါရဲ့  ။
ချစ်တတ်လို့  မုန်းတတ်ကြတာ ၊ မချစ်တတ်ရင်ရော .. အမုန်းဆိုတာ ရှိအုံး မှာလား ...
အချစ်ကြီးလို့  ၊အမျက်ကြီးတယ် လို့လည်း ဆင်ခြေတွေ ပေးတတ်ကြသေးရဲ့  ။
မချစ်မမုန်းတာ အကောင်းဆုံးပါဘဲ ။
(မဆိုင်တာတွေ လျှောက်ရေးနေမိတယ် ။ခုတလောစိတ်တွေထွေ နေမိလို့  ၊ ဆောရီးပါ ။ )း(
►Posted by
:kiki
:
at
9/04/2009 01:00:00 AM
Subscribe to:
Post Comments (Atom)
22 comments:
လုပ်တုန်းကလုပ်ပြီး ဆောရီးဆိုရင် လုံးဝခွင့်မလွှတ်နိုင်ပါဘူး.. second chance က နေရာတိုင်းမှာ မရှိသင့်ဘူး။ တချို့ကိစ္စတွေက နှစ်ခါဖြစ်မလာနိုင်ဘူးလေ..
အလဲ့..
နှလုံးသားပြဿနာကိစ္စဆိုပါလား
နှိပ်ဟ :)
sorryလို့ပြောလိုက်ရုံနဲ့တော့ မကျေပါဘူးနော်
လုံးဝမပြောတဲ့လူတွေထက်စာရင်တော့
တော်သေးတာပေါ့နော်
အပေါ်ကရယ်အားထက် သိုအားသန်ရမယ့်
ဟာကို ငိုအားမသန်ဘဲ အားမနာလျှာမကျိုး
ဝါးလုံးကွဲ ရယ်သွားပါကြောင်း ။
မှန်ဒယ်... မှန်ဒယ်... မှန်ဒယ်.....
ဘာတွေဖြစ်နေလဲ မယ်ကိရေ့...
ဖွားကိက သတ်လိုက်တဲ့ တယောက်လား...
အသတ်ခံလိုက်ရတဲ့ တယောက်လား...
းဝ)
အဲ့လဲ ကိုသားကြီး ပြောသလိုမျိုး နှလုံးသား ကိတ်ချလား ... စိတ်ထိန်းပါနော် ..... လူမှန်ရင် အမှားရှိရင် တောင်းပန်တတ်ရမှာပေါ့နော် ... ဟုတ်တယ် လူတော်တော်များများက မတောင်းပန်တတ်ဘူး ... အဲလိုလူမျိုးတွေဆို ဖနှောင့်နဲ့ ကို ကန်ပစ်ရမယ်...
ဆောရီးတခွန်းနဲ့တော့ မလုံလောက်နိုင်ဘူးထင်တယ် မကိရေ
ဆောရီးဆိုတာနဲ့ အပြစ်တွေ ကျေသွားမလား ခွင့်လွှတ်လိုက်ရမလား
အပြစ်လုပ်တိုင်း ခွင့်လွှတ်ကြေးဆို အပြစ်လုပ်သူတွေ ပိုရောင့်တက်လာကြမှာပေါ့
ခွင့်မလွှတ်တတ်လို့ မရင့်ကျက်ဘူးဆိုရင်လည်း အပြောခံလိုက်ပါ့မယ် ..
တချို့နေရာတွေမှာတော့ အခွင့်အရေး တခါလောက်တော့ ပြန်ပေးသင့်တယ်ထင်ပါတယ်
သူ့နေရာနဲ့ သူပေါ့နော် ..း))
(လျှာရှည်သွား၏) :D
စိတ်လျော့ပါ စိတ်လျော့ပါ ခိခိ
မမကိကိ က ဖုန်းဆက်တဲ့သူပဲဖြစ်ရမယ် ဟိဟိ စတာနော်
ချစ်တတ်လို့  မုန်းတတ်ကြတာ ၊ မချစ်တတ်ရင်ရော .. အမုန်းဆိုတာ ရှိအုံး မှာလား ...
အချစ်ကြီးလို့  ၊အမျက်ကြီးတယ် လို့လည်း ဆင်ခြေတွေ ပေးတတ်ကြသေးရဲ့  ။
မချစ်မမုန်းတာ အကောင်းဆုံးပါဘဲ ။
:D
ဟီးဆောရီးနဲ့ လဲ မဆိုင်...စတာပါ။
ဟုတ်တယ်..ဆောရီးဆိုပီးးး အရာရာကို ကြေအေးပစ်လို့ရခဲ့မယ်ဆိုရင်....
အဲတဖက်က ပြန်ကြည့်တော့လဲ တချို့ဆို ဆောရီးတောင် ပြောမသွားတော့ ..ဒီလိုလူနဲ့ပဲ ယှဉ်မိရင် သူကပဲ နဲနဲပိုကောင်းနေသလိုလို..
ဆောရီး မလုပ်ဖြစ်အောင် မလုပ်မိအောင်နေတတ်ဖို့ လိုပါတယ် အမကိကိရာ..။
အင်း ဖွားကီ ဆောရီးဗျာ..း) အဟေးးးးးး ဘာလဲ နှလုံး ပြဿနာ မကြီးနော် ပေါက်တတ်ကရတွေ လုပ်နေတယ်ပေါ့ ယုန်ထင် ကြောင်ထင်တောင် ဖြစ်သွားတယ် အဟီးးးး
လေးစားလျက်
တောင်ပေါ်သား
ဆောရီး တစ်ခွန်းပြောရုံနဲ့ ပြဿနာတွေ ပြီးမသွားနိုင်ပါဘူး နော့ ဒီရယ်စရာလေးဖတ်ဖူးတာကြာပြီ ခုပြန်ဖတ်ရတော့
ထပ်ရယ်ရတာပေါ့ မမကိရေး))
လူသတ်ခိုင်းပြီးမှ sorry တဲ့လား
ဆောရီးလို့ မပြောဘူးဗျာ
ဝမ်းနည်းပါတယ် လို့ ပဲပြောတော့မယ်
အမားရေ စောကြီး နှစ်လုံးနဲ့ ရှုပ်နေတယ်ထင့်ပါ့
အမလေး...ကြောက်စရာဆော်ရီးကြီးပါလား
ှSorry ! ခုမှရောက်လို့း)
ဖတ်ဖူးတာပေါ့ အဲဒီဟာသက တော်တော်လေး ရီဖို့ကောင်းသား..... တကယ်ဆိုရင်တော့ ရီစရာမကောင်းဘူး
ရယ်သွားပါတယ် ဖွားကိရေ ဟိဟိ
ကြီးတော်ကိရေ ဖတ်ပြီးသားရယ်စရာလေးပေမယ့် ထပ်ရီ သွားပါတယ် င်္ဒီလိုဆောရီးမျိုးကြတော့ ဘယ်လို လုပ်ရပါ့မလဲနော် မြန်မာနိုင်ငံမှာ အခုနာမည်ကြီးနေတဲ့ မင်းသားလေး စွမ်းဇာနည် ကလည်း “ဆောရီးကိုကို“ တဲ့။ အင်း ဆောရီးခေတ်ကြီးများလား ကိကိရေ...
နောက်ဆုံးရေးခဲ့တဲ့စာရေးသူရဲ့ ......... ခုတလောစိတ်တွေထွေ နေမိလို့  ၊ ဆောရီးပါ ။.ဆိုတဲ့ဆောရီးကတော့တော်တော့ကိုခွင့်မလွှတ်ချင်စ ရာပဲ :P
ဘွားရေ sorry နော် :)
အာ..ဟား.. ပညာပေးပုံလေးတော့ သဘောကျသွားပြီဗျာ... ဟုတ်တယ်ဗျ.. တခါတလေ အဲလိုမျိုး ဖြစ်တတ်တယ်ဗျ.။ မင်းကတော့ ဆောတီး .အဘကတော့ ထီးကျိုးသွားပြီ ဆိုတာလိုပဲ... တဖက်လူကတော့ အောက်သက်သက်နဲ့ ခံလိုက်ရတယ်ဗျ..အဟေဟေ.. သဘောကျစရာလေးပါပဲဗျာ..။
Sorry လို့ ပြောလိုက်တာနဲ့  တဘက်သားလူနစ်နာသွားခဲ့တာသေချာနေပြီ။ အင်း-- တနေ့ ကို လူပေါင်းဘယ်လောက်တွေကများ အဲဒီ (Sorry) ဆိုတာကြီးကိုပြောနေကြလဲ--
Post a Comment