တီ တာတီ ... တွင် တွင် .. ( ဖုံးသံလွင်လွင် မြည်နေပြီ)
"သားလေး မြတ်နိုးရေ မေမေ ထမင်းပွဲ အဆင်သင့်ပြင်ထားပြီးပြီ ။တဖက်ခန်းက ညီမလေး ခေါ်ပြီး ဆင်းလာ ကြတော့နော် ။"
" ဟာ မေကြီးကလည်း သား ဂိမ်းဆော့နေတာ လယ်ဗယ် ၂၀ ခုမှ တက်တာ .. လက်မအားဖူး . ဗိုက်လဲ ဆာသေးဘုး ခုနကမှ မက်ဒေါ်နယ် စားထားတာ .မေကြီးကိုယ့်ဟာကိုယ် ပဲ ဖုံးဆက်ခေါ်လိုက်တော့ "
ခင်ကလျှာ နုနုထွဋ် တယောက် ၆ တန်းကျောင်းသားလေး သားတော်မောင် မြတ်နိုးကို စားတော်ခေါ်ဖို့  ပြောမရ တော့ ၄ တန်းကျောင်းသူ ချစ်မငြီး သမီးထွေးလေး တွယ်တာ ဆီ ဆက်ရပြန်သည် ၊
တီ တီ တီ .. လိုင်းအင်ဂေ့ရှ် အသံ သာ ကြားရပြန်သည် ။
တီ တီ တီ .. လိုင်းအင်ဂေ့ရှ် အသံ သာ ကြားရပြန်သည် ။
ခက်တာပဲ ဒီကလေး နှစ်ယောက် နဲ့ တော့၊ သမီးငယ်လေးကလည်း သူ့ သူငယ်ချင်းတွေနဲ့  တချိန်လုံးဖုံးပြော နေတာ ခုတောင် အမျှင်မပြတ်သေးပါလား ။ သူ့  အိုင်ဖုံး လေးနဲ့ အလုပ်ရှုပ်သွားပြန်ပါပြီ ။
အိမ်ရှေ့ မြက်ခင်းပေါ်တွင် ဂေါက်သီးရိုက်လေ့ကျင့်နေသော လင်တော်မောင် မိုးထက်အောင်ဟိန်း တယောက်ကလည်း အသီးအနှံထဲတွင် အကြိုက်ဆုံး မှာ ဂေါက်သီး ဟု ဆိုရလောက်အောင်ကို တဂေါက်ထဲ ဂေါက်နေပြန်တော့ အပြင် ကလပ်တွေမှာ မြာသွားပွေ ၊ ကဲနေတာထက်စာလျှင်မျက်စိအောက်မှာ ဂေါက်စွဲ နေတာကမှ တော်သေးရဲ့ လို့ သဘောထား ခွင့်လွှတ်ထားရသည်ပေါ့ ။
ထမင်းဟင်းဆိုရင် ပူပူနွေးနွေးမှ စားတတ်တဲ့  ချစ်ဒါလင် အတွက် ချက်ပြီး ပြုတ်ပြီးတာနဲ့  စားတော်တည်နိုင်ဖို့  ပင့်ဖိတ်ရအုံးမည် ။ ထမင်းစားခန်းထဲမှ လှမ်းမြင်နေရသော သူ့ ယောကျာင်္းကို ခေါ်ဖို့  အိုင်ဖုံး လေးကို နှိပ်ရပြန်သည် ..
တီတန်တန် ...တူတူတီး
"မောင်ရေ ..ထမင်းစားဖို့  အသင့်ဖြစ်ပြီ နော် ။ သားနဲ့ သမီးတို့ ကို ခင်ခေါ်တာ မရဘူး ။ မောင်ဖုံးဆက်ပြီး ခေါ်ကြည့်ပါအုံး ။ တနင်္ဂနွေ တရက်ပဲ မိသားစု စုံစုံလင်လင် အတူစားကြရအောင် ။ မောင်ကြိုက်တတ်တဲ့ ဂဏန်းချဉ်စပ်လေးချက်ထားတယ် နော် "
ဪ .. ကြည့် လိုက်ကြပါအုံး ..သူတို့ မိသားတစု ဒီအိမ်လေး ထဲမှာ ဟိုနဲ့ ဒီနဲ့  အော်ပြောလိုက်ရင် ရနေသား နဲ့  ..ဟန်းဖုံး ကိုယ်စီ ကိုင်ပြီး ၊ဘာမဟုတ်တဲ့ စကားလေး တခွန်းပြောဖို့  တရက်မှာ အကြိမ်ပေါင်းများစွာ ဆက်နေကြတဲ့ ဖုံး တွေ .. ဖုံးတွေ ။ အင်းလေ ၊ ဆက်နိုင်ကြပေ မပေါ့ ။
ဖုံးတလုံး တန်ဖိုးကလည်း ဘယ်လောက်မှ မရှိ ၊ပြောခ ကလည်း သက်သာ ၊ အချိန်မရွေး လိုင်းသွားလျှောက် ။ ဖုံး ကုမ္ပဏီ လိုင်းတူတူ ဆိုရင် အလကား ပြောလို့ ရတာလည်း ရှိသေး ။ ဖုံးခ သွင်းရတာလည်း နေရာတိုင်းလိုလို မှာရှိနေတဲ့ 7-Eleven တို့ ,OK တို့ Family Mart တို့  လို အစုံရောင်းတဲ့ ဆိုင်တွေမှာ ၂၄ နာရီ ပေးသွင်းလို့ ရနေတာဘဲ ဟာ ။
3 G ဖုံးလေးနဲ့  ဆို သမီးရည်းစားတွေ တယောက်မျက်နှာ တယောက်ကြည့်ကာ အကြည်ဆိုက် နေလည်း ရသေး။ဒီလို တနင်္ဂနွေ အားရက်လေးကို ခင်ကလျှာ နုနုထွဋ် တယောက် သူ ချစ်သောမိသားစုလေးနှင့် အတူ ပျော်ရွှင်စွာ ကုန်ဆုံးလေ့ရှိသည် ။
ဒီကျွန်းနိုင်ငံလေးမှာ အခြေချ လာရောက်နေထိုင်ပြီးကတည်းက ဒီ ဆယ်နှစ်တာ ကာလအတွင်း သူ့ ဘဝလေး အေးချမ်းသာယာ နေခဲ့ ရသည် ။ဒါပေမဲ့  ရွှေပြည်ကြီးမှာ ကျန်နေခဲ့ တဲ့  သူ့ မိဘများဆီ သာကြောင်း မာကြောင်း သတင်းများ မေးဖို့ ရန် ဖုံးဆက်လိုက်တိုင်းမတော့ ကြည်လင်နေသော စိတ်အစဉ်မှာ အမြဲတမ်း အလိုမကျ ရင်တမမ ဖြစ်ခဲ့ ရပေတော့သည်။ ဘာကြောင့်များပါလိမ့် ။
ဖုံးခေါ်လိုက်တိုင်း "တီ..တီ..တီ..လူဂျီးမြင်း ခေါ်ဆိုနေသော ဖုံးမှာ ဆက်သွယ်ရေး ဧရိယာ ပြင်ပသို့ ရောက်ရှိနေပါသဖြင့် ခေါ်ဆို၍ မရနိုင်ပါရှင် "
" လူကြီးမင်း ခေါ်ဆိုသော ဖုံး မှာ ၊ဖုံး ပိတ်ထားပါသဖြင့် နောက်မှ ခေါ်ဆိုပါရှင် "ခက်တော့ တာပါဘဲ ။ တကမ္ဘာလုံးမှာ ဖုံးခေါ်ခ ဈေးအကြီးဆုံး နိုင်ငံထဲတွင် ဂုဏ်ယူ ဝံ့ကြွားစွာ နေရာယူ ထားသော အမိရွှေ နိုင်ငံမှ ဆက်သွယ်ရေး ဝန်ဆောင်မှု မှာ ဒီလို ဒီလို ယဥိကျေးသိမ်မွေ့ စွာ ဖြေကြားနေသူ လေးကြောင့် တဖက်က ဖုံးခေါ်သူခမျာ စကား တလုံး မှ မပြောလိုက်ရသေးခင်မှာပဲ ဖုံးကပ်တွေ တကပ်ပြီး တကပ် ကုန်ပါလေရောလား ။
ဒီဖုံးတကပ် နဲ့ အမေရိကန် ၊ဒါမှ မဟုတ် ပြည်မကြီး က သူငယ်ချင်းတွေဆီ အလ္လာပ သလ္လာပ ပြောရင် ၆ နာရီကြာ ပြောလို့ရတာ ။ရွှေပြည်ကြီးသို့ ဆက်လို့  ကံကောင်းထောက်မစွာ ဖြင့် စကားပြောလိုက် ရရင်တောင် မိနစ် ၂၀ ပဲ ခံပါသည်တဲ့ ။ဒီတော့ လည်းလေ ဒီတော့ လည်းပေါ့ ။
ခင်ကလျှာ နုနုထွဋ္ဋ်တယောက် ရွှေပြည်ကြီးသို့  ဖုံးတခေါက်ဆက်ဖို့  အရေး အထပ်ထပ် အခါခါတွေး နေရသည်ပဲပေါ့ ။ဒီလိုဆိုတော့ ရွှေပြည်က လူတွေ ဖက်က ကြည့် ပေးကြ ပြန်ပါအုံးလေ ။ သူတို့ တတွေ ဒုက္ခကမှ တကဲ့ ဒုက္ခကြီးပါလား လို့ ကွယ် ။
၂၁ ရာစုထဲံမှာ လူတိုင်း လူတိုင်း ဖုံးတလုံးကိုင်ဖို့  ဆိုတဲ့ အထဲမှာ ရွှေပြည်က လူတွေ ကို ချန်ထားရစ်ခဲ့ကြတယ်နော် ။မကိုင်လို့ မဖြစ် အရေးအကြောင်း ရှိရင် ဆက်သွယ်ရအောင်ဆိုတဲ့ ရည်ရွယ်ချက်ကလေးနဲ့  ရှိစုမဲ့ စုလေး ခြစ်ချုပ်ပြီး ဝယ်ထား ၊ သုံးနေကြရသူ အများရဲ့  ဒုက္ခ တွေ ကလည်း မသေးလှပါတကား ။
အကြောင်းရင်းကတော့ ဒီလိုပေါ့ အပေါင်းအသင်းတို့ ရေ
တယ်လီဖုန်းဘီလ်ကိစ္စ ပြည်သူများ အခက်အခဲကြုံ
အောင်ကျော်မိုး/ ၂၄ စက်တင်ဘာ ၂၀၀၉
နအဖစစ်အစိုးရက ၀န်ဆောင်မှုများ အပြည့်အ၀မပေးနိုင်ဘဲ ၎င်းတို့တောင်းခံထားသည့် တယ်လီဖုန်းကြိုတင်ငွေများ အချိန်မီမပေးသွင်းနိုင်သူများကို ဖုန်းလိုင်းများဖြတ်တောက်နေသဖြင့် ပြည်သူများ အခက်ကြုံနေကြသည်။
စစ်အစိုးရ စာတိုက်နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက မိုဘိုင်းဖုန်းများနှင့် ကြိုးဖုန်းသုံးစွဲသူ အားလုံးကို (၃) လစာ ကြိုတင်ငွေ ပေးသွင်းရန်နှင့် ပျက်ကွက်ပါက တယ်လီဖုန်းလိုင်း ဖြတ်တောက်မည်ဟု ကြေညာခဲ့ပြီးနောက် ယခုကဲ့သို့ လုပ်ဆောင်နေခြင်း ဖြစ်သည်။
မဟာဗန္ဓုလလမ်းထောင့် ရန်ကုန်တိုင်း ဆက်သွယ်ရေးရုံး ငွေစာရင်းဌာနတွင် ငွေသွားသွင်းသူတဦးက “ကျမက တလကို ပုံမှန် ကျပ် (၆) သောင်းလောက်တော့ ဘီလ်ဆောင်ရတယ်။ ခု (၃) လစာ တယ်လီဖုန်းကြိုတင်ခွန် (၂) သိန်းခွဲ ဆောင်ပါဆိုပြီး ပြောတယ်။ ငွေပမာဏကများတော့ စုနေတာနဲ့ ချက်ချင်းမဆောင်ဖြစ်ဘူး။ ခုတော့ တယ်လီဖုန်းလိုင်း အဖြတ်ခံလိုက်ရပြီ။ ခု ဒီရုံးမှာ ငွေလာဆောင်တော့လည်း လူတွေက အရမ်းတိုးကြပ်နေတယ်” ဟု ပြောသည်။
နအဖစစ်အစိုးရ ဆက်သွယ်ရေးဝန်ကြီးဌာနသည် ပြီးခဲ့သည့်မတ်လမှစ၍ အသစ်ထုတ်ပေးသည့် မိုဘိုင်းဖုန်းများနှင့် ကြိုးဖုန်းအားလုံးအတွက် ကြိုတင်ဖုန်းဆက်သွယ်ခ ငွေကျပ် (၅) သောင်းစီ ကောက်ခံခဲ့ကာ နောက်ပိုင်းအသုံးပြုနေသည့် မိုဘိုင်းဖုန်းအားလုံးကို နောက်ဆုံးသုံးခဲ့သည့် (၃) လစာနှင့် ညီမျှသည့် ကြိုတင်ငွေ ပေးသွင်းရန်၊ မပေးသွင်းပါက လိုင်းဆက်သွယ်မှု ဖြတ်တောက်ခြင်းတို့ လုပ်ခဲ့ကြောင်း သိရသည်။
ယခုထပ်မံ၍ နှစ်ပေါင်းများစွာ အသုံးပြုလာသည့် တနိုင်ငံလုံးရှိ ကြိုးဖုန်းများကိုလည်း ကြိုတင်ငွေ (၃) လစာပေးသွင်းရန်၊ မပေးသွင်းပါက လိုင်းဖြတ်တောက်မည်ဟု ကြေညာပြီး အမှန်တကယ် လိုင်းဖြတ်တောက်ခြင်းတို့ ပြုလုပ်ခဲ့သည်။
ဂျီအက်စ်အမ်ဖုန်း ငွေသွင်းမည့်သူ တဦးကလည်း “ကျနော်တို့က ဖုန်းဝယ်ထားပြီးကတည်းက ငွေ (၅) သောင်း ကြိုတင်သွင်းရတယ်။ ခု ဖုန်းအဖြတ်ခံလိုက်ရတော့ ဘာလုပ်ရမှန်းမသိဘူး။ ဒီရုံးကို လာစုံစမ်းတော့ ဖုံးနံပါတ် (၃) ခု ပေးတယ်။ လွန်ခဲ့တဲ့ (၃) ရက်က အဲဒီနံပါတ်ကို တနေ့လုံးဆက်တယ်။ အမြဲတမ်း ဖုန်းလိုင်းမအားဘူးကြီးပဲ ဖြေနေတယ်။ ဒါနဲ့ မနေ့က ကြိုတင်ငွေ (၅) သောင်း ထပ်လာသွင်းလိုက်တယ်။ ဒါလည်း ဖုန်းလိုင်း ပြန်ပွင့်မလာသေးဘူး။ အဲဒါ ငွေစာရင်းဌာနကို အချိန်ကုန်ခံပြီး သွားစုံစမ်းတော့ နိုင်ငံခြားကို ဆက်ထားတာ အက်ဖ်အီးစီ (၃) ဒေါ်လာဖိုး ပေးစရာရှိလို့ ပိတ်လိုက်တာလို့ ပြောတယ်။ ခု အက်ဖ်အီးစီကို မှောင်ခိုဈေးမှာ သွားဝယ်ပြီး ငွေပြန်လာဆောင်ရဦးမယ်” ဟု ပြောသည်။
ယခုကဲ့သို့ တပြိုင်တည်း လိုင်းဖြတ်တောက်မှုကြောင့် ဗိုလ်ဆွန်ပက်လမ်း ငွေစာရင်းဌာနရုံးတွင် ငွေသွင်းသူများ နေ့စဉ် ကြပ်ပိတ်နေပြီး အချို့ နံနက်မှ ညနေအထိ တန်းစီစောင့်ဆိုင်းကြရကာ အချို့မှာမူ ဝန်ထမ်းများနှင့် လာဘ်ပေးလာဘ်ယူ လုပ်ထားသည့် ပွဲစားများကို တယ်လီဖုန်းစာအုပ် တအုပ် ငွေကျပ် (၁) ထောင်ပေးပြီး အမြန်ငွေသွင်းကြကြောင်း သိရသည်။
မြန်မာနိုင်ငံသည် တယ်လီဖုန်းအသုံးပြုခွင့်နှင့် ပတ်သက်၍ ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံး နိုင်ငံများထဲမှ တနိုင်ငံဖြစ်ပြီး ဝန်ဆောင်မှု အညံ့ဖျင်းဆုံး နိုင်ငံလည်းဖြစ်သည်။
သတင်းအပိုချပ်လေးလည်း ရှိပါသေး ... ဆက်လက်ရှုစားတော်မူကြပါကုန်
အို..... ဘယ်သူ ဘာတွေပြော နေကြတာလည်း ။ ကိုယ်တို့ ရွှေပြည်ကြီးက ငွေစက္ကူတွေ ကို စုတ်ပြတ်သလေး ၊ ညစ်ပတ်သလေး နဲ့  ၊ ။ ကဲ ... ဒီလောက်တောင် ဖြစ်လှတာ ရိုက်ထုတ်လိုက် မကွဲ့  .. လာလေရော့ ၅၀၀၀ ကျပ်တန် ။
ငါ့ သားသမီး မြေး မြစ်တွေ ပျော်ပျော်ကြီးသာ သုံးကြပေရော့ ။ ဆာလာအိတ်တွေ ဂုံနီအိတ်တွေ နဲ့  မနိုင် မနင်း မ ပြီး ငွေတွေ ချေနေကြရ တဲ့  ၊အရောင်းအဝယ် ကိစ္စ တွေမှာ အချိန်ကုန် လူပန်း သက်သာအောင် ဘဘကြီးများက စီစဉ် ပေးလိုက် ပါပြီတဲ့ ။
တိန် တိန် တိန်....
ငါးထောင်တန် ငွေစက္ကူများ မြန်မာနိုင်ငံတွင် ထွက်ရှိ
မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ စက်တင်ဘာလ 24 ရက် 2009 ခုနှစ် 20 နာရီ 00 မိနစ်
အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ငါးထောင်ကျပ်တန် ငွေစက္ကူသစ်များ ထုတ်လုပ် ဖြန့်ဝေတော့မည် ဖြစ်ကြောင်း
မြန်မာ့ ရုပ်မြင်သံကြားက ယနေ့ည သတင်းတွင် ကြေညာသွားသည်။
ဒီမှာ အပြည့်အစုံ ရှိတယ်နော်
ဘာများပြောချင်ကြပါသေးသလည်း ပရိဿတ်ကြီးတို့  .....
ဒီပုံလေးပေးသွားတဲ့ မမိုမိဂျိစံ ကို စိန်မျောက်မျောက်မှ ကျေးဇူးတင်ပါသည် ။။။ ခွှီး ခွှီးးးး

►Posted by
:kiki
:
at
9/25/2009 12:06:00 PM
Subscribe to:
Post Comments (Atom)
19 comments:
စာလာဖတ်တယ်မကိကိရေ ...
သတင်းလေးတွေနဲ့ စိတ်ကူးလေးနဲ့ ပေါင်းလိုက်တာ သဘောကြတယ်ဗျာ
အားပေးနေပါသည်။
တီတီ တန်တန် လမင်းကိကိလား။ ရုပ်ရှင်ဇာတ်လမ်း ၀ယ်ချင်လို့ ပါ။
မြတ်နိုးနဲ့ တွယ်တာတဲ့လာ လမင်းကိကိကလည်း နာမည်ပေးတော်ချက်။
ဗမာပြည်အတွက် ဇာတ်ညွှန်းရေးနေတာလားလို့ ။ ရုပ်ရှင်ထဲကအတိုင်းပဲ ကွက်တိ ထက်ဒိ တော်ပါပေတယ်အေ့ တော်ရေ့ ။
မပြောတော့ပါဘူး မမကိကိ
အားလုံးက သိပြီးသားပဲ :D
ထပ်ပြီးလည်း မပြောတော့ဘူး မမကိကိ
ပြောလည်း ပလာတာကျွေးသလို စောင်းတီးသလို ဖြစ်မှာစိုးလို့ ..
အင်ဖော်မေးရှင်းမှ မကောင်းဘဲ
ရွှေပြည်က လူဂျီးတွေ သိနိုင်မယ် မထင်ပါဘူး :D (မဟုတ်လည်း သူတို့က အရေထူနေပြီ ..) အကုသိုလ် အကုသိုလ် :P
မိုးခါး
သတင်းတွေကတစ်ဝက်ပေါ်တစ်ဝက်ပျောက်နဲ့ကိကီကတော့ ဂိဂီ ဖြစ်တော့ မယ်နဲ့ တူတယ်...
( Gigi Leung လေးတော့ ဖြစ်မယ်မထင်ဘူးနော်...
ဟားဟား ...) ...
ဟုတ်ပါ့ မမကိကိရာ..
ထိုင်းအင်တာနေရှင်နယ်ဖုန်းလိုင်းတွေက ပရိုမိုးရှင်းပေးတယ် ဖရီးပါ ဒါမှမဟုတ် ဈေးအနည်းဆုံး ဈေးနဲ့ အခုပရိုမိုရှင်းပေးနေတယ် စသဖြင့် ဆက်လာတိုင်း မြန်မာပါလားဟင် မေးရင် ငြိမ်ငြိမ်သွားကြတယ် နောက် ပါဘူးတဲ့...
ဖုန်းကဒ် ၀ယ်ထားရင် အိမ်ခေါ်တာ ပြောတောင် မပြောရသေးဘူး ဂွီဆို ကုန်ရောပဲ..လိုင်းဖုန်းလဲ ပြောကောင်းကောင်းနဲ့ပြောလို့ ဖုန်းဘေလ်လာရင် ကိုယ့်ကိုကိုယ်သတ်သေချင်တယ် လစာ တစ်ဝက်စာလောက်ရှိတယ် ဖုန်းဖိုးကတင် :(((
တီတီ..တီ.. တွမ်တွမ်..တွမ်..
တွင်တွင်..တွင်..တူတူ..တူ ...တစ်တစ်..တူးးးးး
အဲ ..သတင်းအပြည့်အစုံနောက်လိုက် လိုက်တာ ၂ယောက်ကနေ ၅ယောက်နေရာဦးသွားပြီ၊ တယ်မြန်ပါ လား..ဟရို့ ..
တူ တူ ...တူ..တူ ..တူး) လိုင်းကျသွားပြီ။း))
ဘာမှမပြောချင်တော့ပါဘူးကွယ်....
ငါးထောင်တန် စက္ကူကြီး ဘယ်သူ ကိုင်မလဲဟင်။ ဟိဟိ
ဆက်သွယ်ရေး ဧရိယာပြင်ပ ကနေ မေးခွန်း ထုတ်သွားသည်။
စိတ်ကိုကုန်လွန်းလို့...
ပြောချင်ဆိုချင်စိတ်ကိုမရှိဘူး...
ရွှေနိုင်ငံက ကျေးဇူးရှင်ဘဘကြီးများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာတော် မူကြပါစေတော်...
ရေတော့ ချိုးပြီးပြီ၊မန့် တော့ မယ်ဟဲဟဲ...
ဖုန်းကတော့ တစ်ကမ္ဘာလုံးမှာဈေးအကြီးဆုံးပဲ။
ဖုန်းတစ်လုံးလိုချင်ရင်၊ဘဝတစ်ခုလုံးရဲ့ အချိန်တစ်ဝက်ကိုရင်းရမယ်။ငွေစက္ကူကသူတို့ စေတနာနဲ့ လုပ်ပေးတာလေ။နောက်ဆာလာအိပ်နဲ့ ထမ်းသယ်ရမှာစိုးလို့ ။အမြဲတန်းဆန့် ကျင်နေလို့ 
ဒီတစ်ခါသူတို့ ဖက်ကပြောပေးတာ။မကီနဲ့ တော့ 
ရန်သူဖြစ်ပါပြီ။
အဖိုးအဖွားတို့ပြောတဲ့
"ထောင်မလဲ သဲကော်" ဆိုတဲ့ ဂျပန်ခေတ်က ပိုက်ဆံတွေအကြောင်း သွားသတိရတယ်...
အခုတော့ ပိုဆိုးပေါ့...
း(
တယ်လီဖုန်းဖိုးကတော့ ကိကီပဲ သွားဆောင်ပေးတော့... ဆက်သွယ်ရေးဌာနမှာ လူနာဟောင်းတွေရှိတယ်ဆို...
းဝ)
ကိရေ... နင်လုပ်လိုက်ရင် ဘာပြောရမှန်းကို မတိတော့ဘူးးး.... ဟဲဟဲ..... ဂယ်ပဲ..
ဘာမှမပြောချင်ဘူး ဘာမှမပြောချင်ဘူး ဟွင်းးးး အတူတူပဲ ကိရ ဒီမှာလေ ၅ ပေါင်တန်ကဒ်ဝယ်ထားရင် မိနစ် ၃၀ အလွန်ဆုံးပဲ ဒါတောင် အပြည့်မရဘူး စင်ကာပူ ခေါ်မလား မိနစ် ၁၀၀၀ ရတယ် သိလား ကဲ စဉ်းစားသာကြည့်တော့ ပြောချင်ဘူး ပြောချင်ဘူး ကဲ ပြန်ပြီ လိုက်ထော်နဲ့တော့ ဘိုင် တာ့တာ ဒုန်းးးးးးးးဒုန်းးးးးးးးး
အော်ကုန်ကြပြီအပေါ်မှာအပေါ်မှာ သူများဘာအော်ရမလဲလို့ စဥ်းစားနေတာ ဒုန်းဝေး နေတာနဲ့ ဒုံးတုံးတုံးပဲလုပ်သွားတယ် ။
kiki ရေ......
အိမ်ဖုန်းဆက်တာတောင်ဆက်သွယ်ရေးဧရိယာပြင်ပ
ရောက်နေလို့တဲ့...ရွှေနိုင်ငံကအိမ်များ လကမ္ဘာရွှေ့သွား
သလားလို့..အထိတ်တလန့်တောင်ဖြစ်သွားတယ်
ဟုတ်တယ်ဗျ ဖုန်းဈေးက အရမ်းကြီးတာပဲ.... စိတ်ညစ်တယ်ဖုန်းခေါ်ရတာ အိမ်ကို... တော်သေးလို့ ရွာမှာ ဖုန်းခေါ်ပေးတဲ့အိမ်လေးရှိလို့ ဖုန်းခေါ်နိုင်တာ။ မဟုတ်ရင် စာနဲ့ ဆက်သွယ်ရမယ့် အမျိုးပဲ။။။။ ဖုန်းဈေးတွေ သက်သာပြီး မြန်မာလူမျိုးတိုင်း ဖုန်းကိုယ်စီကိုင်နိုင်ကြပါစေလို့ဆုတောင်းရမယ်။
မမကိ ရေ ပြောတော့ဘူး။ မမကိရေးထားတာလေး အတွေးနဲ့ အရေး သတင်းလေး ထွေးထားတာကိုက စိတ်ကူးက ကောင်းတယ်။ ဂလိုဘယ်လ်လိုက်ဇေးရှင်းလေ ဆုတ်ယုတ်တဲ့ဘက်ကို တိုးတက်လာတဲ့ ရွှေပြည်။
ဆန်းတပြားပြားပါလားဗျာ..
yu ya
Post a Comment