ဒီလိုလူလည်းရှိပါသေးလား လို့  အံ့သြသွားရလောက်တဲ့  သတင်းလေး တပုဒ်ဖတ်လိုက်ရလို့  ပြောပြချင်ပါတယ်။ ကိုယ်တို့ ရွှေနိုင်ငံကြီးက လူငယ် လူရွယ် လူလတ် လူကြီး အားလုံး နီးပါး ၊ အခါအခွင့်သင့်တဲ့အခါ နိုင်ငံခြား ဆိုတာကို စွန့် စားသွားလာ ပြီး နေထိုင် လုပ်ကိုင် ပညာရှာဖွေ ချင်နေကြတယ် ။ အနည်းဆုံးကတော့ ရောက်ဖူး မြင်ဖူးတယ်ရှိအောင် ဆိုပြီး လည်ချင်ကြမှာပါ ။ဘာလို့ ပါလည်း ။
ကိုယ့်နိုင်ငံတွင်းမှာ နေရ ၊ထိုင်ရ၊ စားသောက်ရ ၊ပညာသင်ရ၊ အလုပ်လုပ်ကြရ ၊ တာတွေ အဆင်မပြေကြလို့လား ။ များသောအားဖြင့် ကတော့ ဟုတ်ပါတယ်။ ဒါတွေက အဓိက ကြောင်းရင်းတွေ ထဲက အကြောင်းလေး တချို့ ဖြစ်နေကြပြီကိုး။ ( လူတိုင်းကိုတော့ မဆိုလို ပါဘူး ။ အရမ်း ကာရော အဆင်ပြေ ဇိမ်ကျ ဗိုလ်ကျ ၊ ပါးစပ်ကလေးဟပြီး လက်ညိုးလေးညွှန်ရုံနဲ့ အစိမ်းတွေ အနီတွေ အပြာတွေ ချြသေ့င်္တွေ နောင်ဆို ဆင်ဖြူတွေ လှိမ့်ပြီးရ နေကြသူတွေ များ မတော့ ကုတ်နဲ့ ကော်ထုတ်တာတောင် ဘယ်ကိုမှ မသွားလို ကြပါဘူး ၊ ကိုယ်ပိုင် လေယာဉ်လေးစီးပြီး နိုင်ဂံဂျားကို တပတ်တခါ ရှော့ပင်းထွက်နေနိုင်သူများ အတွက်တော့ ခြွင်းချက် ပေါ့ )။ ဒီတော့ နိုင်ငံခြားထွက် သူ များ တကယ်လို့  ကြိုက်ရာရွေးချယ်ခွင့် ရှိတယ် ဆိုရင် ဘယ်နိုင်ငံကြီးသို့ သွားလိုပါသလည်း ၊ လို့  ဆိုလာခဲ့ ရင် ..... အမေရိကား ... ဆိုတဲ့  နိုင်ငံ ကြီးလို့ ဖြေမဲ့သူများ ရာခိုင်နှုန်း အများဆုံး ဖြစ်ကြလိမ့်မယ် ။ ဘာလို့  အဲ့ ဒီ နိုင်ငံကို မှ သွားချင် အခြေစိုက် ချင်၊ ပညာသင်ချင် အလုပ်လုပ်ချင်ကြတာလည်း ဆိုရင် ရော ....
ကမ္ဘာပေါ်မှာ အတိုးတက်ဆုံး မို့ လို့  ။ လူ့ အခွင့်အရေး အပြည့်အဝ ရလို့ ၊၊ ဒီမိုကရေစီ အပြည့် ရှိလို့  ၊။ အစရှိသဖြင့် အမျိုးစုံသော အကြောင်းပြချက်တွေ ထွက်လာ ကြမှာပါဘဲ ။ ဒါကလည်း ဘယ်သူ့ ကိုမှ အပြစ်ပြောလို့ မရပါဘူးလေ ။ လူဆိုတာ တိုးတက်ဖို့  အားထုတ်နေကြတဲ့  သတ္တဝါ တမျိုး မဟုတ်လား ၊ ရှေ့ ဆက်ပြီး အမြင့်ကိုပဲ မြင့်သထက် မြင့်အောင် လှမ်းတက်ချင်သူတွေ ချည်းပါဘဲ ။ သာသည့်မြေသို့  ဆိုတာ ကို ဘယ်သူမသွားချင် မရောက်ချင် မနေချင် ရှိပါ့မလဲ ၊ ဒါဆိုရင် အဲ့ ဒီ တိုးတက်ကောင်းမွန် လှတဲ့  နိုင်ငံကြီးမှာ မွေးဖွား ကြီးပြင်း နေထိုင် နေကြတဲ့သူတွေ များ ကရော ၊ ဒိထက် ပိုကောင်းမဲ့ နေရာ ကို မရွှေ့ ပြောင်း မနေထိုင်လိုကြတော့ဘူးတဲ့လား။ရုပ်ဝထ္တုပိုင်းဆိုင်ရာ အနေနဲ့ ကြည့်ရင် သူတို့ နိုင်ငံကြီးတွေမှာ ပြီးပြည့်စုံအောင်ကြွယ်ဝနေကြပေမဲ့ သူတို့ နိုင်ငံသားအားလုံး လည်း တန်းတူ ခံစားနိုင်ကြတာ မဟုတ်ပါဘူး ။ဆင်းရဲ နဲ့  ချမ်းသာ ဆိုတာ နေရာတိုင်း နိုင်ငံတိုင်းမှာ ရှိနေကြတာဘဲ မဟုတ်လား ။ ဒီ့အပြင် စိတ်ပိုင်းဆိုင်ရာ နဲ့ပတ်သက်ပြီးတော့ ရော ....၊ လူအမျိုးမျိုး စိတ်အထွေထွေ ဆိုတော့ စိတ်ဓါတ် ကောင်းမွန် ပြည့်ဝသူများ ရှိသလို ၊ သေးသိမ်ညံ့ဖျင်း ကောက်ကျစ်ကြသူတွေ လည်း နေရာတိုင်း၊ လူမျိုးတိုင်း ၊ နိုင်ငံတိုင်းမှာ ရှိနေကြတာပါဘဲ ။
ဒီတော့ ဒီလို နိုင်ငံကြီးတွေမှာ နေထိုင်ကြသူ နိုင်ငံကြီးသား ဆိုသူတွေ တချို့ တလေ မှာ ရှိနေကြတဲ့ စိတ်ဓါတ်ရေးရာ နဲ့ပတ်သက်ပြီး ခုတလောမှာ ကြားလိုက်ရတဲ့ သတင်းလေး တွေ အပေါ် အခြေခံပြီးတော့ ကြားရ နားဝ မချမ်းသာ ဆိုသလို ပြောပြချင်လာတယ် ။
တခုက ဒီ နိုင်ငံမှာ တွေ့ လိုက်ရတဲ့ ယနေ့ ထုတ် သတင်းစာပါ အကြောင်းအရာလေးပါ ။ အသက် ၄၄ နှစ်ရှိ ဂျက်ဖ် လို့  အမည်ရတဲ့ အမေရိကန် လူမျိုး တဦးဟာ ဒီနှစ်ဦးပိုင်းမှာ ကမ္ဘာလှည့် ခရီးသည် တဦးအနေနဲ့ ဒီနိုင်ငံအတွင်းသို့  လာရောက်လည်ပတ်ပါတယ် ။ လည်ပတ်ရင်းနဲ့ ဘယ်လိုက ဘယ်လို တွေ့ကြ သိကြသလည်း မပြောတတ် ၊ တက္ကသိုလ် တခုက ဆရာမတယောက်နဲ့ သိကျွမ်းပြီး ရင်းနှီးသွားတယ် တဲ့ ။ ပြီးတော့ ခေတ်မှီလွတ်လပ်တယ် လို့ အမည်တပ်ပြီး ဗရမ်းဗတာ လူ့ အသိုင်းအဝန်းတို့ ထုံးစံ အတိုင်း လက်မထပ် အတူနေ ( living together ) လိုက်ကြတယ်ပေါ့ ။ ဒီလိုနဲ့  ဗီဇာ သက်တမ်းကုန်ပေမဲ့ သကောင့်သား ကိုရွှေဂျက်ဖ် က သူ့ တိုင်းပြည် သူ မပြန်ဘဲ အို ( over stay ) အဖြစ်နဲ့ အဲ့ဒီ ဆရာမ ထမိန်နား ( အဲလေ..ဒီမှာက ထမိန် မဝတ်ကြတော့ စကပ်ပေါ့ )စကပ်နား ခိုစား ပြီး စည်းစိမ်ကျ နေခဲ့တယ် ။ ဒီမှာ ကလည်း အပြစ်တစုံတခုသာ မလုပ်ရင် ဘယ်သူမှ လိုက်ပြီးစစ်လား ဆေးလားမရှိဘူးဆိုတော့ သူ့ အဖို့  အခွင့်ကောင်းပဲပေါ့ ။ မျက်နှာဖြူ နိုင်ငံခြားသား ဆိုပြီးတော့ လည်း ဒီနိုင်ငံက လူတွေ က အလကားနေရင်းထိုင်ရင်း စွတ် အထင်ကြီးနေ တတ်ကြတာတွေလည်း အများကြီး ရှိတာပေါ့ လေ။
ပေးသူ ယူသူ လွန်ကြည်ဖြူ ၊ အပေးအယူ မျှနေတဲ့ အချိန်တွေတုံးက ဘာမှ မဖြစ် လျှောလျှောလျှုလျှူ နေလာလိုက်ကြတာ မနေ့က မှ အခန့်မသင့်ကြလို့  ခွန်းကြီးခွန်းငယ် စကားများ ရန်ဖြစ်ကြပါလေရော ။ ဒီတော့မှ အဲဒီ ဆရာမ က ကိုရွှေဂျက်ဖ် ကို သူ့ရှိသမျှ အသုံးအဆောင် ပစ္စည်း အိတ် ၄ လုံး နဲ့ ရဲစခန်းကို ခေါ်လာပြီး အမှု လာဖွင့် ခဲ့ပါတယ် ။
ဒီလူ " ကိုရွှေအမေရိကန်ကြီး" အိုဗာစတေး နေ ပါတယ် တဲ့ ၊ လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးပါတဲ့ လေ ။ ပြီးတော့ ဘာမှ လှည့်မကြည့်တော့ဘဲ ပြန်သွားပါတယ် တဲ့ ။ ဒီမှာတင် ကိုရွှေဂျက်ဖ် တယောက် ဘိုလို ရေရွတ် ဆဲဆိုပြီး ရဲစခန်းထဲမှာ စတင်သောင်းကျန်းပါတော့တယ် ။ ဒီနိုင်ငံ မှာ ဘာလူ့ အခွင့်အရေး ရှိတာ မှန်လို့လည်း တဲ့ ။ သူ ဘာအပြစ်မှ မလုပ်ပဲ မတရား ချုပ်နှောင်ထား ပါတယ်တဲ့ ၊ ပြီးတော့ သူ့ အိတ် ထဲက ဗီဒီယို ကင်မရာနဲ့ ရဲတွေကို မှတ်တမ်းတင်ပုံတွေ ရိုက်ပြီးပြောနေပါသေးတယ်တဲ့ ။ ဒီဆရာမ က သူပိုင်တဲ့ပစ္စည်းတွေကို ခုလို ဆွဲချ လာတာ ဟာ မတရားပါဘူးတဲ့ ၊ ရဲတွေ နဲ့ပူးပေါင်းပြီး သူ့ လို နိုင်ငံခြားသား တယောက်ကို အနိုင်ကျင့်နေတာပါတဲ့လေ ။ ကိုရွှေရဲ တို့ ခမျာ မလည်း ငိုရခက် ရယ်ရခက်နဲ့  နောက်ဆုံးတော့ သူ့ ကို ဥပဒေအရ ဆက်လက်ဆောင်ရွက် နိုင်ရန် လူဝင်မှု ကြီးကြပ်ရေး ဌာနသို့  လွှဲပြောင်းပေးလိုက်ရ ပါသတဲ့  လေ ....( ရွှေတွေသာ အို နေတတ်ကြတာ မဟုတ်ဖူးနော် .. အမေရိကား က လူတွေလည်း သူများ တိုင်းပြည်တွေဆီသွားပြီး အိုနေတတ်ကြပါသေးရဲ့ ။အဖေါ် ရပြီပေါ့ )
စဉ်းစားကြည့် တော့ နှစ်ဦး နှစ်ဖက်လုံး မှာတာဝန်ရှိတယ် လို့ ထင်တယ် ။ နိုင်ငံခြားသား ဆိုတိုင်း အထင်ကြီးတတ်တဲ့သူတွေထဲ မှာ တက္ကသိုလ်နည်းပြဆရာမ ..တဲ့ ။ သူသင်ထားတဲ့  ပညာတွေ ၊ အတွေးအခေါ်တွေ က ဘယ်လိုလည်း ၊ ဘယ်မှာလည်း ။ဘာလုပ်ဖို့ လည်း ။ခုတွေ့  ခုကြိုက် ခုအတူနေကြ မကြိုက်ရင် အော်ကြီးဟစ်ကျယ် ဖြစ်ကြ တဲ့ လူ့ အတန်းအစား ။ ဦးနှောက်နဲ့မစဉ်းစား ၊ လုပ်ချင်ရာလုပ်တဲ့ လူတန်းစားထဲ ထဲ့ သွင်း သတ်မှတ်ရတော့ မယ်ပေါ့ ။ ဟို တဖက်က နိုင်ငံကြီးသား ဆိုသူကရော ... သူ့ နိုင်ငံ အတွင်းမှာ အခြေတကျ အခြေမခိုင်လို့  ။ လုပ်ကိုင် စားသောက် မရလို့ ဒါမှမဟုတ် ရေသာခို အချောင်လိုက်ချင်လို့ ၊ ဒီလို ကမ္ဘာလှည့် ချင်ယောင်ဆောင်ပြီး မြှူစား ခြူစား တဲ့  လူအမျိုးအစားလား ။ လူ အမျိုးမျိုး စိတ် အထွေထွေပေါ့နော် ။ မြန်မာဆိုတိုင်းလည်း အထင်မသေးလိုက်ကြပါနဲ့  ။မျက်နှာဖြူ ဆိုတိုင်းလည်း နေရင်းထိုင်ရင်း အထင် ကြီး စရာမလိုပါဘူး ။
ကိုရွှေဂျက်ဖ် တယောက် ရဲစခန်းထဲမှာ သူခိုးလူဟစ် နဲ့ပြောနေတာ ...ဒီထိုင်ဝမ် သူ နဲ့ ရဲတွေ ပေါင်းပြီး သူ့ ကို မတရား ဝိုင်းပြီး အနိုင်ကျင့်ကြပါတယ် တဲ့..သူကပဲ ပြန်ပြီး ရဲတွေကို မှတ်တမ်းတင် ဗီဒီယို ရိုက် နေပါသေးတယ်တဲ့
ဒါလေးတွေ က လူတွေ ထဲက လူတွေ အကြောင်း ကိုယ့်အမြင် တစေ့တစောင်းလေးပါ ။ နောင်လည်း ထင်ရာ မြင်ရာလေးများကို ထင်သလို မြင်သလို ရေးပါအုံးမယ်။
20 comments:
မြန်မာဆိုတိုင်းလည်း အထင်မသေးလိုက်ကြပါနဲ့  ။မျက်နှာဖြူ ဆိုတိုင်းလည်း နေရင်းထိုင်ရင်း အထင် ကြီး စရာမလိုပါဘူး ဆိုတာကိုတော့ သိပ်သဘောကျသွားပြီ ကိကိရေ..
ဒါနဲ့ ဒီဂတုံး ယက်တောဆီမှာ သင်တန်း မတက်ခဲ့ဘူးနဲ့ တူတယ်။ ယက်တော ဆို စိတ်တောင်မဆိုး၊ ရောဂါသည်လေးလို လုပ်နေတာ။ အချိန်တန်တော့ အမတ်ကိုယ်တိုင် အထူးလေယာဉ်နဲ့ လာခေါ်သွားရတာ။
အမလေး အပေါ်ကသတင်းကို ဖတ်ပြီးတော့ တော်တော်လေး စိတ်ထဲဒေါသဖြစ်မိသွားတယ် မြန်မာမလေးလားလို့ မြန်မာကမဟုတ်မှသက်ပြင်းချမိတယ် , ကျွန်တော်ကတော့ အရမ်းမုန်းတယ် အဲလိုနိုင်ငံခြားသားနဲ့ မြန်မာမလေးတွေ ဖြစ်စဉ်တွေကို မြန်မာအမျိုးသားက နိုင်ငံခြားသူကို ဖြစ်တယ်ဆို ခံသာသေးတယ်။ စိတ်ရင်းတိုင်းပြောတာ... အခုဆို မြန်မာမှာ နိုင်ငံခြားသား ဘောလုံးသမားတွေ အမှန်တိုင်းပြောရရင် နိုင်ငံခြားသားတွေ မြနမာပြည်မှာ မရှိစေချင်ဘူးဗျ...။ ဒါကတော့ အမျိုးကိုချစ်တဲ့စိတ်လို့ တင်စားမလား... မရောင်ရာဆီလူးတယ်ဆိုမလားမသိဘူး။ ကျွန်တော်က မြန်မာမလေးတွေကို တခြားနိုင်ငံခြားသားတွေထက်မြတ်နိုးမိတာပဲသိတယ်။ နိုင်ငံခြားသားလူမျိုးနဲ့ မယူစေချင်ဘူး။ ကိုယ့်နိုင်ငံသားနဲ့ပဲ ယူစေချင်တာ။ အခုဆို ထိုင်းက လူမျိုးရေး ၀ါးမျိုးမှု၊ ဘာသာရေး ၀ါးမျိုးမှုတွေ ကြောက်ဖို့ကောင်းလိုက်တာဗျာ။ အမျိုးထက် ဘာသာရေးပျောက်သွားမှာ စိုးရိမ်မိစုံပါပဲ။ ဒါပေမယ့် မြန်မာလူမျိုးတွေက ကံကံ၏ အကျိုးကို မယုံကြည်ကျဘူးဗျာ။ ဗေဒင်တွေ နက္ခတ်တွေနဲ့နတ်တွေ စည်းကားစွာ မျက်လုံးမှိတ်ယုံကြည်နေသမျှတော့ ဆင်းရဲတွင်းက နတ်နေအုံးမှာပဲ။
မယ်ကိ နှယ်..ဒီမှာကငွေရဖို့ဆိုရင် တလိမ်နှစ်ပွေလိမ်
ရှုတ်နေတာပဲ...
ဘိုကြက်ချီးတွေကလည်းအများကြီး..
အမေရိကဆိုတာ..အရုဏ်ဦးနေလုံးလို..အဝေးက
ကြည့်ရင်သာလှတာ..အတွင်းမှာပူတယ်ဟေ့...
ဖတ်သွားတယ် ဖွားကိရေ မပြောချင်ဘူး ဘာမှကိုမပြောချင်တော့ဘူး နော် ဟွင်းးးးးး
K I K I
D
I
O V E R S T A Y
T
L I V I N G
O
V
T O G E T H E R
. K I K I
. D
. I
. O V E R S T A Y
. T
. L I V I N G
. O
. V
. T O G E T H E R
.............. K I K I
................. D
................. I
................. O V E R S T A Y
................. T
................. L I V I N G
................. O
................. V
........ T O G E T H E R
အောင်မြတ်လေး
Living Together နဲ့ Overstay ဖြစ်နေတဲ့
KiKi Idiotlove အကြောင်းရေးတာ
သုံးခေါက်မြောက်မှာမှ အောင်မြင်တော့တယ်...
းဝ)
တွေးလဲတွေးတတ်ပါ့ ကိုလူထွေးရယ် ခိခိ
မန်မာဆိုတိုင်းလည်း အထင်မသေးလိုက်ကြပါနဲ့  ။မျက်နှာဖြူ ဆိုတိုင်းလည်း နေရင်းထိုင်ရင်း အထင် ကြီး စရာမလိုပါဘူး
အမှန်ပဲ အမကိကိရေ..။
အမဒါနဲ့စကားမစပ်.. ဘုရားရုပ်ပုံနဲံကြော်ငြာ ကို သွားပြောတာလဲ ပြောပေါ့..
ကျနော်တို့ ရွှေနိုင်ငံက အထင်ကရ ရွှေတိဂုံဘုရားမှာ
စနေထောင့်ရဲ့ ပုညကုသလ တန်ဆောင်းမှာ၇ှိနေတဲ့
ဘုရားဆင်းတုပဲ ပြောရမလား ...
လူရုပ်ထုပဲ ပြောရမလား အဲဒီကိစ္စကျတော့..
ဘယ်လိုပြောကြမလဲဟင်
ဒီလူကံကောင်းတယ်မှတ်ပါ။
အေးလကွယ် ဒီလိုအဖြစ်မျိုးလည်း ရှိသေးတယ် အံ့ အံ့ရော...
ဟုတ်တယ်
မမိုးချိုသင်းပြောသလို အထာမှ မနပ်ပဲ
ဘုရားပုံတော်တွေ ရုပ်ထုတွေကို ထင်တိုင်းကျဲ စော်ကားနေတာလဲ တော်တော်ကို စိတ်ဆိုးဖို့ ကောင်းနေပြီ
အားမလို အားမရလည်းဖြစ်မိတယ်
ဘယ်သူမှ ကာကွယ်ပေးနိုင်တဲ့လူ မရှိတော့ဘူးလားး(
မြန်မြန်ဖြုတ်လိုက်ပါဗျာ.. အဲဒီ ကျွန်တော်တို့ 
ဘုရားပုံနဲ့ ကြော်ညာကြီးကို၊စက္ကန့်  တောင်မှ
မကြည့် ချင်၊မရှိစေချင်တော့ လို့ ပါ။ ဟိုကောင်
သူ့ ဒိုက်နဲ့ သူ့ ကံ ခံပလေ့ စေ။ကိုယ့် လူမျိုး
တွေကတောင် ကိုယ့် ဘာသာကိုစော်ကား
နေကြတော့ ...မပြောတော့ ဘူးဗျာ၊ဒီကောင်တွေပါလာလို့ ။
ဒီဆရာမကလဲ လူကဲခတ်ညံ့သွားတယ်ထင်ရဲ့
ကပလီအမဲတွေ က ရသမျှ အချောင်ယူချင်တာ များတယ် အလုပ်လည်း ခိုတယ်ဗျ ဒါနဲ့ အောက်လမ်းပညာ ကလည်း အံ့မခန်း ဆိုဘဲ
သူ့ အိတ်တွေနဲ့ ရဲစခန်းကို ခေါ်လာနိုင်တဲ့ ဆရာမကို ချီးကျူးရမယ် ဘယ်လို လှိမ့်ထုတ်လာသလဲမသိဘူးဗျ။
မြန်မာတွေတိုင်း အထင်သေးစရာမလိုဘူး။ မျက်နှာဖြူတိုင်း အထင်ကြီးစရာ မလိုဘူး ဆိုတာကို သဘောကျ သဘောတူသွားပါတယ်။ မြန်မာမလေး မဟုတ်တာကိုပဲ နည်းနည်း စိတ်သက်သာတယ်။ မဟုတ်ရင် ဒေါမနသ ဖြစ်ရဦးမှာ။ ဟိုကြော်ငြာတော့ သွားကြည့်ပြီး စိတ်ဆင်းရဲလိုက်တာ။
အမယ်လေး... ကိရေ... ရှော့ပင်သွားတုန်းက ငါ့ဆီမှာ အဖြူကောင်ကြီး.... တစ်ရှူးထုပ်လာရောင်းသွားတာလေ... ၅ကျပ်နဲ့...... ရှိတောင်ခိုးလိုက်သေး.....
ဘာမှမပြောလိုတော့ပါဘူးဗျာ..... စိတ်ပျက်မိပါကြောင်း
Il semble que vous soyez un expert dans ce domaine, vos remarques sont tres interessantes, merci.
- Daniel
Post a Comment