နေရာတကာ ပါချင်တဲ့ စိန်မျောက်မျောက်
ငါးထောင်တန်ကော်ဖီ မသောက်ရလို့ သူစိတ်ကောက်
မကောက်ပါနဲ့  မြေးလေးရယ်
အဲဒီဆိုင်ပြုတ်အောင် ဖြုတ်ပါ့မယ်
ဘယ်ဘက်က ရိုက်ထုတ်
ညာဘက်က ရိုက်ထုတ်
ငါ့မြေးလေး ခွပ်လို့ ရအောင်
ဆင်ဖြူကြီးနဲ့ ချော့ကာပေးမယ်
အောက်အီးအီးအွတ် ....
ရွှေပြည်ကြီးက မျောက်လောင်းလေး လျှော်ထမ်းလို့ပြေး
တိုတဲ့ လျှော်လည်း ရှည် ၊ ရှည်တဲ့လျှော်လည်း ပိုရှည်
အဲ့ဒါ သူ့ ပြည် သူ့ မြေ သူ့ အဖိုး သူ့ အဖွား ပိုင်တဲ့မြေ .
အချိန်တန် အရွယ်ရောက်တော့ စိန်မျောက်မျောက်ဖြစ်လာပေါ့
မြောက်ကြွ မြောက်ကြွ အကုန်ပေါက်ကရ လုပ်
လုပ်ချင်ရာ အကုန်ဖြစ် ရေကန်အသင့် ကြာအသင့်
မော်ဒယ်ဂဲလ် အသင့် ၊ ဘောပွဲ အသင့် ။
အလှူပွဲမှာလည်းသူပဲ မျောက်ပွဲမှာလည်း သူပဲ
ဘယ်ပွဲမဆို ခပ်ကဲကဲ ၊ အီဒီအာမင်နဲ့ သူ့သားလိုပဲ
ခုလည်းပဲ ပွဲထုတ်ကြပြန်
လိမ္မော်ရောင် ဆိုင်ကယ်ကြီး ခွကာစီးကြစေဆိုဘဲ
အတော်ရယ်ရမဲ့ ဒီမျောက်ပွဲ....
(ဆိုင်ကယ်စီးသော မျောက်မူးလဲ များအကြောင်းသိလိုပါက ဒီနေရာ သို့ သွားဖတ်ကြ ပါရန် )
ဒီအောက်မှာတော့ ဟာသဗီဒီယိုလေး ရှိပါတယ် .. ပေါ့ပေါ့ ပါးပါး ဆားချက်မိပါတယ်။။
-
သူများနိုင်ငံက လူတွေကတော့ သိပ်စိတ်မဆိုးတတ်ကြဘုူးနဲ့တူပါတယ် ..ရယ်ရယ်မောမော နဲ့ပါဘဲ ..
ဒီပုံပါအတိုင်းသာ ရွှေပြည်ကြီးက ပြည်သူ့ အချစ်တော် မျောက်မူးလဲလေး စိန်မျောက်မျောက် တကောင်ကို ဒီလို နေရာမျိုးမှာ ရုတ်တရက် တွေ့ လိုက်ရမည် ဆိုပါက အသင် ဘယ်လို တုန့် ပြန် မိမလည်းလို့  ....
-
သူများနိုင်ငံက လူတွေကတော့ သိပ်စိတ်မဆိုးတတ်ကြဘုူးနဲ့တူပါတယ် ..ရယ်ရယ်မောမော နဲ့ပါဘဲ ..
ဒီပုံပါအတိုင်းသာ ရွှေပြည်ကြီးက ပြည်သူ့ အချစ်တော် မျောက်မူးလဲလေး စိန်မျောက်မျောက် တကောင်ကို ဒီလို နေရာမျိုးမှာ ရုတ်တရက် တွေ့ လိုက်ရမည် ဆိုပါက အသင် ဘယ်လို တုန့် ပြန် မိမလည်းလို့  ....
►Posted by
:kiki
:
at
9/30/2009 03:30:00 AM
Subscribe to:
Post Comments (Atom)
19 comments:
ဒီမျောက်ကတော့ သိပ်မကဲဘူးနော် .. :D
ဒီမျောက် အိမ်သာထဲဘာဝင်လုပ်နေတာလဲ မသိ
သူများတွေက မျောက်ပြပြီးဆန်တောင်းတာ ဖွားကိကမျောက် ပြပြီးဆားချက်တာ မဆိုးဘူး တော်တော် အလုပ်ဖြစ်တယ် နော် အဟီး
ကောင်းပါ့း)))
ဒီလိုနေရာမျိုးမှာရုတ်တရက်တွေ့လိုက်ရရင်လား... အပြင်အမြန်ပြန်ပြေးထွက်ပြီး အထဲမှာသော့ခတ်ထားမယ်... ပြီးရင် အနီးအနားကလူတွေခေါ်ပြီးသူ့ကို ဖမ်းချုပ်ပြီးဖွက်ထားမယ်လေ... ဒါမျိုးဆို ဘယ်သူမဆို လှိုက်လှိုက်လှဲလှဲ ကူညီကြမှာ အသေချာပဲ... အနည်းဆုံးတော့ သူ့ဖိုးအေဖြစ်တဲ့လူ သွေးတက်ပြီးသေသွားအေးတာပဲ....
မယ်ကိ မယ်ကိ
မျောက်သားစားချင်
မျောက်မျက်နာမကြည့်ရဘူးတဲ့
မအယ်
ဗီဒီယိုထဲက မျောက်က ဟိုမျောက်နဲ့ယှဉ်ရင် အများကြီး လိမ္မာတာပေါ့
မကိ...
သမီးကြီးကို စိန်မျောက်မျောက် တစ်ရွက်လောက်... ဟဲဟဲ
မမကီ..ကြံကြံဖန်ဖန်ရေးတတ်တဲ့ မမကီနော်။
သတိရတိုင်းမုန်းတတ်သလောက်မုန်းတတ်
သလောက်လဲရေးတတ်ပါ့ ။
ကျွန်တော်တို့ ရွှေပြည်တော်ကတော့ မကြာခင်
မှပဲ စကားလုံးများနဲ့ ကောင်းကင်မဟုတ်ပဲကိန်း
ဂဏန်းများနဲ့ ကောင်းကင်ဖြစ်တော့ မှာပေါ့ နော်
ဇင်ဘာဘွေမှာဆိုလား၊ပါမုန့် နှစ်ချပ်ကိုနှစ်သန်း
တဲ့ ။ကျွန်တော်တို့ ဆီကတော့ မဟုတ်တဲ့ နေရာ
မှာသိပ်အတိုးတက်မြန်တာလေ။သိပ်စိုးရိမ်စရာ
မလိုဘူးပေါ့ နော်၊ဖြစ်မလာမှာ။ဟူး..မောတယ်ဗျို့ 
ဒီတစ်ခါတော့ ကျွန်တော် ဝမ်းတူတန်းထဲဝင်သွား
ပြီဗျ။
ဖွားကိ ကဗျာလေးနဲ့ အိုင်ဒီယာက လဲ လန်းပါ့ ဟိဟိ
မျောက်က ရှက်လို့အော်တာလား
ဘာလို့အော်တာလဲ...
မြန်မာနိုင်ငံကြီး ၅၀၀၀တန်ထွက်တော့လဲ ကောင်းလားဆိုလားလဲ မသိပါဘူး။ ကိုးရီးယားကားထဲမှာတော့ ၁သောင်းတန်တောင် ရှိတယ်နော်။ ငွေဖေါင်းပွမှု ဖြစ်ဖို့များတယ်ထင်တယ်....။
အခုမှပဲ ဖွားကိဆိုတာကြီးကို မြင်ဖူးတော့တယ်...
ရေတခွက်နဲ့ ဘာလုပ်နေတာလဲဗျ...
းဝ)
ခြင် အိမ်မှာလည်း ကိကိကို တွေ့ခဲ့ပါသဗျာ...
ကြိုးစားလွန်းလို့ ဆုတောင်ရဆိုပဲ...
းဝ)
သိပ်ရီရတာပဲ ဘယ်က ရှာဖွေပြီး တင်လို့တတ်လိုက်တာ။
ဟားဟား... ငါသာဆို ထွက်ကာနီးတဲတဲလေး... ပြန်ဝင်သွားမှာ... ဟိဟိ
စိန်မျောက်မျောက် ခမျာရှက်နေရှာတယ်..
ဖွားကိရေ
မျောက်ပွဲလာကြည့်ပါတယ် ...
ဒီမျောက်ပွဲက တစ်မျိုးပါလား ... :P
မင်းနေ
၁၀၀၀၀ကျပ်တန်က မျောက်ရုပ်နဲ့ ထွက်မှာလား။ ဘယ်တော့လဲဟင်????? မျောက်ပါဆိုမှအငြိမ်နေပါ့မလားအမရဲ့ ။ ခွီးခွီးးးး
စိန်မျောက်မျောက်ဟုတ်ဖူး။ မျောက်လွှဲကျော်း))
မျောက်ပုံလေး လာကြည့်သွားတယ် မမ ရယ်လည်းရယ်သွားတယ် မမ တွေးတတ်တယ်နော် ထိတယ်
အဟိ... လူစိတ်မရှိတဲ့ လူတွေ အုပ်ချုပ်တဲ့ နိုင်ငံမှာ တိရစ္ဆာန်ပုံ ပိုက်ဆံထုတ်တာ မထူးဆန်း ပါဘူးဗျာ....။ နောင်ဆို မြန်မာပြည်ဆိုတဲ့ နာမည်ပျောက်ပြီး တိရစ္ဆာန်တိုင်းပြည်လို့တောင် နာမည်ပေးသင့်နေပြီဗျ.. ဟီ.. တားပြောတာ မဟုတ်ဘူးနော် ..သူများပြောတာ..
Post a Comment