ဒိုမီနိုလေ ...အားလုံးသိကြမှာပါ ။လေးထောင့်ပြား အတုံးလေးတွေ ဒေါင်လိုက်စီပြီး ရှေ့ဆုံးတချပ်ကို တို့ လိုက်တာနဲ့  နောက်ဖက်က ထောင်ထားတဲ့ ဟာတွေ တခုပြီးတခု ဆက်တိုက် လဲကျအောင်အချိန်ကိုက်ပုံစံ အမျိုးမျိုးဖေါ်ပြီး ဆော့ကြတာ ။ ပြိုင်ပွဲတွေ တောင်လုပ်ပြီး အကြီးအကျယ် ပြိုင်ကြတာ ။
တကယ်ဆို ဒီလို ကစားနည်းဟာ လူတဦး ဒါမှ မဟုတ်၊ အသင်းလိုက်မှာရှိတဲ့လူတွေ ရဲ့  စိတ်ရှည်မှု ၊ ဇွဲမလျှော့ပဲ ထပ်ခါတလဲလဲ လုပ်ဆောင်တတ်မှု ။ အပေးအယူ အချိန်အဆ မျှတမှု ။အစရှိတာတွေကို လေ့ကျင့် ပေးတဲ့ ကစားနည်း တမျိုးပါပဲ ။ ဘာလို့ လည်းဆိုတော့ ဒီထောင်ပေါင်းသောင်းပေါင်း များစွာသော အတုံးတွေကို ပုံသဏ္ဍန် အမျိုးမျိုး ဖေါ်ပြီး စိတ်ရှည်လက်ရှည်၊ စနစ်တကျ အချိတ်ဆက် မိအောင် စီပေးရတာ ၊ တချက်မှားထိလို့  တချပ်လဲသွားတာနဲ့ အစကနေ အားလုံးပြန်စီ ။ စိတ်သာ မရှည် လို့ကတော့ မလွယ်ပါဘူး ။
ဒို့ တတွေ လူတွေ လည်း ဒီလိုပါပဲ ။ တနွယ်ငင် တစဉ်ပါ ။ တယောက်လဲ ရင် နောက်တယောက်ကို ဆွဲချသွားကြ တာပေါ့ ... ဘယ်လောက်ပျော်စရာ ကောင်းလိုက်သလည်း ။ဒီက သမ္မတအဟောင်းကြီးရဲ့ လာဒ်စားမှု မှာ စစ်ရင်း ဆေးရင်း မေးရင်း မြန်းရင်းနဲ့  စားတဲ့ သူတွေ တယောက်ကိုတယောက် ဆွဲချလာလိုက်ကြတာ သူ့ လည်း ဝေပေးရပါတယ် ၊သူက ဘယ်လိုစာရင်းလိမ်ပြရပါတယ်နဲ့  သူ့ အပြစ် ကိုယ့်အပြစ်တွေ ဖေါ်လိုက်ကြတာ အမှုထဲပါလာတဲ့ သူတွေ တသီတတန်းကြီး နဲ့ပျော်စရာကြီး ဖြစ်နေကြပါပြီ ၊နာမယ်ကြီး ကုမ္ပဏီပိုင်ရှင် ၊စက်ရုံပိုင်ရှင် သူဌေးကြီးတွေ၊အဖွဲ့ အစည်း ဥက္ကဌကြီးတွေ ၊ သမ္မတဟောင်း ရုံးက အတွင်းရေးမှူး ။ စာရင်းကိုင် ။ကိုယ်ရေး အရာရှိ ။ဆွေတော် မျိုးတော် အပေါင်းပါ တွေ တယောက်ပြီးတယောက် ဒီလို ဆွဲချ လိုက်ကြတာ .....
(အောက်က ပုံလေး ကလစ်လုပ်ကြည့်ပါနော် )
ကဲ ... ကိုယ့်နောက်မှာ ရှိတဲ့သူများ သတိသာထားနေကြပါတော့ ...အားလုံးကို ဆွဲချသွားမှာနော် ။ ပြီးမှ စိတ်ပုပ်တယ် မပြောကြနဲ့  ။
အန် .. သတိမမူ ဂူမမြင် ... ကိုယ့် ရှေ့ က ဟာကြီး အရင် ပြုတ်ကျ လာလို့  ရှောင်ဖို့  ရှားဖို့ တောင် အချိန်မရတော့ဘူး ။
လဲ ပြီ ဗျိုးးးးးး......လာ သူငယ်ချင်းရေ ..လဖက်ရည်ဆိုင်ကို သွားကြပါစို့ လေ ... ("ကိုင်ဇာကြီး အမှတ်တရ၊ "၊ "အို ကိုင်စရာတယောက် မရှိရှာတော့ဘူးလား" ။ "ဟင် ငါလည်းမသိပါဘူး ၊ သူ့ သီချင်းလေး ဆိုလိုက်လို့  သူ့ ကိုသတိရသွားတယ် လို့  ဆိုလိုတာပါ ")
►Posted by
:kiki
:
at
9/24/2009 08:43:00 AM
Subscribe to:
Post Comments (Atom)
22 comments:
ငါကွ နံပါတ် တစ် ဟဲဟဲဟဲ ရပြီကွ ဒီနေ့ လပ်ကီး ကောင်းတယ် အဟဲ
အဟဲ နံပါတ်နှစ်လေး လည်းယူလိုက်မယ်နော် အဟီး တစ်ခါမှ လာမမွှေဖူးလို့ သူများအမြင်ကပ်မှာစိုးတာနဲ့
နံပါတ်သုံးလေးလည်း မ၀ံမရဲယူလိုက်မယ်နော် အစိန်ဖတ်တော့မယ် အဟီး
အဟဲ ဖွားကိကတော့လေ ရှာရှာဖွေဖွေး))
နောက်မှာ ဘူရှိလဲဟေ့ေ၇ှာင်ထားကြနော်းးးးး)))
ဟာသလည်း ဖြစ်တယ်၊ လေးနက်တဲ့ အဓိပ္ပါယ်ကိုလည်း တွေ့ရတယ်။ ကြည့်ပြီး တထိတ်တလန့်လည်း ဖြစ်သွားတယ်ဆိုတော့ ရသတွေက စုံနေတာပဲ။
မွေ့ယာရောင်းတာ... အိပ်ဖန်စောင့်ပါထည့်ပေးလိုက်တယ်.... ကောင်းလိုက်တဲ့မွေ့ယာ.....
အပျိုကြီး ကိကိ... တလုံးလောက်မှာကွာ..... ဟိဟိ
ဟင့် ဒိုမီနိုဆိုလို့ ရွှေပုစွန်က ဥစ္စာလားလို့... :(
ဟီဟိ လတ်စသတ်တော့ ၀မ်နင်ပေးနေတာကိုး...
ဟုတ်.. တာမီး မဟုတ်တာ ဘာမှလုပ်ထားဘူး သိလား... ဟီးဟီး လုပ်တဲ့လူတွေတော့ရှိတယ်.. ဒါပေမယ့်ပြောရဲဘူး... အဲ့ဒါ ၆၅ နှစ်တဲ့... :P
လူတွေ အဆင့်ဆင့် ဒိုမီနိုလုပ်တမ်းကစားကြတာ ဘာများလဲလို့ နောက်ဆုံးတော့ မွေ့ယာကြော်ငြာဖြစ်နေတာကိုး ဟိဟိ ကောင်းလိုက်တာ
ပျော်ရွှင်ပါစေ...
ခင်လျက်
ဝိုင်း
တော်သေးတာပေါ့ အဲ့ထဲမှာ ဖွားကီ ပါသွားသလားလို့ အဟေးဟေးးးးးးး မွေ့ယာလေးကတော့ ရှယ်ပဲး)
လေးစားလျက်
တောင်ပေါ်သား
ကောင်းလိုက်တဲ့ မွှေ့ ယာ...
ရှာရှာဖွေဖွေKikiရယ်... ရီလဲရီရတယ်...
မွေ့ယာမဝယ်တော့ဘူးနော် လဲကျရင် ကိုယ့်နောက်က တန်းစီလဲကျဖို့ ဒူမှ ရှိသေးဘူး ။ ရှိအောင် လုပ်ပြိးမှ ဝယ်တော့မယ်။ နော် မမကိ
ဒို့မပါဘူး
ဒို့ အနောက်မလိုက်ဘူး
ဒို့ ရှေ့ မှာလဲနေဘူး
ဒို့ ဒီကစားနည်းလဲ မကြိုက်ဘူး...
ဒို့ အိမ်ပြန်မယ်...
မေမေ... သားသားအိပ်ချင်ပြီးဗျာ...
ဟီးးး
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်
အဲဒီထုတ်ကုန်က မကောင်းဘူး အိပ်ယာ ၀ယ်ရင်လူ ၂ယောက်ပါ တာဝန်ယူရမှာပဲ မ၀ယ်ဘူးအဲဒီကုန်ပစ္စည်း ကိုကိုင်ဇာ ဆုံးတာကိုပြောတာလား ကျွန်တော် အခုမှသိတယ်။
ပျော်စရာကြီးနော် ဘလော့ခ်ဂါတွေ အဲ့လို အတုတု ဆော့ချင်လိုက်တာ အဲ့လိုမျိုး..ကိုလူထွေးကို နောက်ဆုံးမှာထား ဟိဟိ
ပဲခူးဆားလား...
ကိုလူထွေးကြီးက နေရာတကာ ပါရပြန်ပြီ...
းဝ)
ဟိဟိ ကိ ရေ ရီရတယ်နော် ဆော့ရတာ ပျော်စရာကြီး ဟိဟိ
လာလာနောက်ကျ ခွင့်လွှတ်နော် ကျောင်းသွားနေလို့ ဘိုင် တာ့တာ
နောက်တယ်ဗျာ... ပထမဆုံးမရပေမဲ့ နောက်ဆုံးရတာ ဂုဏ်ယူတယ်ဗျာ...
ဒါပေမယ့် ကစားရင်တော့ ဟဲဟဲ... အရှေ့ဆုံးကနေမယ်.... ဟိဟိ...
ဝက်ကလေးကို နောက်ဆုံးထားမယ်... :) :) :)
မကိ မွေ့ ယာနဲ့ အတူပါလာတဲ့ လူ ၂ယောက် ကိုလစာမပေးရဘူး ထမင်းမကြွေးရဘူးဆိုရင် အဲဒီမွေ့ ယာ ကိုဝယ်ချင်တယ် တေ.ယက်ကို ထမင်းဟင်းချက်ခိုင်းပြီး ကျန်တယောက်ကိုတော့ သန့် ရှင်းရေးတာဝန် ပေးမယ်လို့ စိတ်ကူးရတယ် ကိုယ်ကတော့  မွေ့ ယာပေါ်တတ်အိပ်ပြီးဇိမ်ခတ်နေမယ်လို့ စိတ်ကူးမိတယ်ဗျာ ကဲအကြံပိုင်တယ်မလား ခင်တဲ့  သုဒြေ္န
ပျော်စ၇ာကြီး အဲဒီလိုကစားရအောင်။။
ကဲကဲကဲ လူစုံရင် တို့လဲ ကစားကြမယ်လေ။ ဘီတူရှေ့ဆုံးမှာနေပြီး၊ ဘီတူနောက်ဆုံးမှာနေမလဲဟင်။။။
ဒီပြသနာအရင်ရှင်းရမယ်နော်။ ဟိဟိ
ပျော်စရာကြီးဗျိုးးးးးးးးးးးး
ဟာဟ ပျော်စရာကြီးပဲ
ပုံကြည့်ပြီးတော့
မသုဒြေ္နပြောသလို မိုက်တယ်
:P
Post a Comment