( ဒီပုံလေးက ကြည့်ဖူးပြီးသားသူတွေ ရှိမှာပါ။ မကြည့်ရသေးတဲ့ သူတွေ အတွက် ဆားချက်ပါတယ် ။သိပြီးသား သူတွေကတော့ သိပြီးသားမို့ နောက်တခါထပ်ကြည့်ရင် သူ့ အတွက် အဖြေက မကောင်းတာမို့  ထပ်မကြည့် ကြပါနဲ့တော့လေ... )
သင့်ဦးနှောက်ဖွံ့ုဖြိုးမှု ဘယ်လို အခြေအနေရှိနေပါသလည်း ဆိုတာ သိချင်ကြပါသလား ၊။
ကိုယ့်ဟာကိုယ် ရူးကြောင် မူးကြောင် ဖြစ်နေသလား လို့ စမ်းကြည့်ရအောင် ။အဟက် ။မသိချင်သူတွေ ဆက်မကြည့် ကြပါနဲ့  ။ တချို့ တလေတွေက ကိုယ့်ကို ကိုယ် ဦးနှောက်ထက်တယ်ထင်နေသူများ လူသိမခံချင်ရင် လူရှင်းတဲ့ အခါမှ တိတ်တိတ်လေးစမ်းကြည့်ပေါ့နော် ။
ပုံကိုစ မကြည့်ခင် .ခု ဘယ်အချိန်ရှိပြီလဲဆိုတာ အရင်မှတ်ထားလိုက်ပါအုံး ။ မှတ်ပြီးပလား ။ ကဲ ..စမယ် နော် ။
အောက်က ကော်ဖီစေ့လေးတွေထဲမှာ ရှာကြည့်ပါ ။ လူတယောက် ပုံရှိတယ်နော် ။ တွေ့ လား ။ မတွေ့ ရင် တွေ့ တဲ့ အထိကြည့် ၊ ။
ဖြေးဖြေးရှာ ကြည့် ၊ အေးဆေးရှာ ။တွေ့ပြီလား လို့ ။ ဖူးစာရှင် ဖြစ်မဲ့သူတယောက် ဒီအထဲမှာ ရှိနေတယ် ။(အဲ ၊ ပြောတိုင်း ယုံပါဘူး .)
ဖြေးဖြေးရှာလို့ သာပြောရတာ သိပ်ဖြေးလွန်းရင်လဲ မကောင်းဘူးနော် ။ မဖြေး မမြန်လေးမှ သူများတွေနဲ့  တန်းတူ ယှဉ်နိုင်မှာပေါ့ ကွယ် ။ ဘာလို့လဲ ဆိုတော့ အချိန် အကန့် အသတ်လေးတွေ လုပ်ထားလို့ ပါ။
-သင့်ဖူးစာရှင် ( သူ့ ပုံကို ) ၃ စက္ကန့် အတွင်း မြင်မိတယ်ဆိုရင် သင့်ရဲ့ ညာဖက်အခြမ်း ဦးနှောက်ဟာ အလွန် ဖွံ့ုဖြိုး နေပါတယ် တဲ့  ။
-၃ စက္ကန့် မှ ၁မိနစ် အတွင်း သူ့ ပုံကို ရှာတွေ့ တယ်ဆိုရင် ပုံမှန် ဦးနှောက် ပါတဲ့ လေ ။
-၁ မိနစ်မှ ၃ မိနစ် အချိန်အတွင်းမှာ မှ သူ့ ကို တွေ့ ရင်တော့ ဦးနှောက်အလုပ် လုပ်ပုံ က နဲနဲ လေး နေပါပြီ ။ အသားဓါတ် များများ စားဖို့  လိုအပ်နေပြီ နော် ။
-အဲလေ .. ၃ မိနစ် အချိန်ကြီးများကျော်ပြီး မှ မတွေ့ချင် တွေ့ချင်နဲ့  တွေ့ သွားရတာ ဆိုရင် တော့ သင့် ညာဖက်ဦးနှောက် ဖွံ့ ဖြိုးအောင် လေ့ကျင့်ခဏ်း တွေ များများသာ လုပ် ပါတော့ ။
အော်ရီဂျင်နယ်လေးမှ ဖတ်ချင်ရင် ဒီလိုပါ ။
FIND THE MAN IN THE COFFEE BEANS :
This is bizarre -- after you find the guy -- it's so obvious.
Once you find him -- it's embarrassing, and you think, Why didn't I see him immediately?
Doctors have concluded that if you find the man in the coffee beans in 3 seconds, the right half of your brain is better developed than most people. If you find the man between 3 seconds and 1 minute, the right half of the brain is developed normally. If you find the man between 1 minute and 3 minutes, then the right half of your brain is functioning slowly and you need to eat more protein. If you have not found the man after 3 minutes, the advice is to look for more of this type of exercise to make that part of the brain stronger!!!
And, yes, the man is really there!!!
This is bizarre -- after you find the guy -- it's so obvious.
Once you find him -- it's embarrassing, and you think, Why didn't I see him immediately?
Doctors have concluded that if you find the man in the coffee beans in 3 seconds, the right half of your brain is better developed than most people. If you find the man between 3 seconds and 1 minute, the right half of the brain is developed normally. If you find the man between 1 minute and 3 minutes, then the right half of your brain is functioning slowly and you need to eat more protein. If you have not found the man after 3 minutes, the advice is to look for more of this type of exercise to make that part of the brain stronger!!!
And, yes, the man is really there!!!
( အပျင်းပြေရုံ သက်သက်ပါ ... )
►Posted by
:kiki
:
at
9/18/2009 03:00:00 PM
Subscribe to:
Post Comments (Atom)
16 comments:
ထိပ်ပြောင်ပြောင်နဲ့ လူတစ်ယောက်များလားဗျာ...
အဲဒါဆိုယင်တော့ ပုံမှန်အလုပ်လုပ်နေသေးတယ်ပေါ့ 
အဲဒါမှမဟုတ်ယင်တော့...ဆေးလိပ်လဲတို ..နေ
လဲညိုပြီ...ငါ့ ဦးနှောက်ကိုလဲပါတော့ .....
ကတုံးကြီး
ဖူးစာရှင်ကတော့ရှိပြီးသားကတော့ မလိုတော့ပါဘူး
ဟီးဟီး
ဟုတ်လား မဟုတ်လားတော့မသိဘူး
တွေ့သလိုလို မတွေ့သလိုလို
:D
အမှန်အတိုင်းပြောရရင် အဲလို စိုက်ကြည့်ပါဆို သိပ်ကြည့်ရဲတာမဟုတ်ဘူး ..
သရဲထွက်လာရင် ရှော့ရမှာစိုးလို့ :D
သတ္တိက အဲလိုကောင်း :P
မမကိရေ ပုံအောက်ဖက်နားလေးမှာမဟုတ်လား ။ အမလေး တွေ့တွေ့ချင်းကိုယ့်ကို စိုက်ကြည့်နေသလား ကြက်သီးပါထတယ်။ ရှာတာတော်တော်ကြာတယ်။ အသားဓါတ်မစားချင်ဘူးဆိုရင် ဘယ်လိုလေ့ကျင့်ခန်းလုပ်ရမှာပါလိမ့်။ ကျန်းမာပျော်ရွှင်ပါစေနော် ခင်တဲ့maylay
ဘလိုကြည့်ရမယ်လေးဘာလေးတော့ အရင်မပြောဘူး.... လူဇိုး...
ဆံပင်ကျွတ်နေတဲ့ အရုပ်ခေါင်းပြတ်ကြီး မဟုတ်ဘူးလား... တော်ပါသေးရဲ့ ဖူးစာရှင်ကတွေ့ပြီးသားမို့.... ဒါကြီးသာဖူးစာရှင်ဆို အပျိုကြီးဘဲလုပ်မိလိမ့်မယ်
အဟီ့ အဲ့ဒါဆိုရင်တော့ အေး တို့ရဲ့ ဦးနှောက်က အလွန်ဖွံ့ဖြိုးနေပါတယ်ဆိုတဲ့စာရင်းထဲဝင်သွားပြီးပေါ့ ...တော်ပါသေးရဲ့ မရူးသေးဘူးပဲ...:D
အပျင်းပြေရုံလေး ဖတ်သွားပါတယ်
ပြောင်ကလေးကိုတွေ့ ပြီ။
ဟိဟိ....
တစ်စက္ကန့်အတွင်းရှာတွေ့ တာနော်။ ဟဲဟဲ
ဟယ် ဖူးစာရှင်ကလည်း ကော်ဖီစေ့ကြီး.... :P
ဖလားဖလား မျက်ရည်တွေတောင် ပိုးပိုးပေါက်ပေါက်ကျတယ်။ အဲ့လောက်ကြိုးစားလို့ ပါးလုံးတော်ချက်လို့တော့မထင်လိုက်နဲ့ ဘာမှကိုမတွေ့တာ ရှာမရဘူးမကြီးရေ။ ညံ့တယ်ပဲပြောပြော အသုံးမကျဘူးပဲဆိုဆို ဝန်ခံပြီး ပြန်တော့မယ်နော်။ တာ့တာ
ခင်မင်လျှက်
ညီမလေး ပါးလုံး
(နောက်တခါ ဆားတော့မချက်နဲ့ဗျာ ငံပျာရည်လေး ပြောင်းချက်နော်)
၁ မိနစ်အတွင်း တွေ့လိုက်မှပဲ
ဟင်းးးးးးးးးးးးးးးးးးကနဲ
သက်ပျဉ်းချနိုင်တော့တယ်...
ဝူးးးးးးးးးးးးးးးးးးးးးးးးး
းဝ)
ကိကကော တွေ့ ပြီလား။
ဟဲ ဟဲ..
မတွေ့  မကောင်း၊ တွေ့ မကောင်းမို့ 
နှာစေးချင်ယောင် ဆောင်လိုက်တယ် မမအယ်ကြီးရေ ....ငှဲလျောင်းးးး
ကိရယ် ဦးနှောက်ကပုံမှန်ပါပဲ ၁ မိနစ် အတွင်းမှာ တွေ့တယ် ဟွင်းးးးး ကြိုက်ဘူးဟာ သိဘူးလေ 3D မှတ်လို့ပေါ့လို့ သေချာမှ မပြောတာ ဟွန်းးးး
လာတယ် သိလား ကိဆီရောက် ရင် ဗဟုသုတ ရလို့ အမြဲရောက်တယ်နော် နောက် ကျရင် စိတ်မဆိုးနဲ့ ဘိုင် တာ့တာ
ငါးမိနစ်လောက်စိုက်ကြည့်လိုက် ပြူးကြည့်လိုက်လုပ်တာ လုံးဝ မတွေ့ဘူး သုံးဒီမှတ်လို့ ဟင့်..နောက်လဲကျရော ဖျတ်ကနဲရှာလိုက်တော့ မှ တွေ့တယ် ဟီး သွားပြီ
Post a Comment