ပါဝင်ကစားမဲ့  လူဦးရေ ထက် တခုံ လျှော့ ပြီး ခုံတွေ အများကြီး စီထားတယ် ..စီပုံ စီနည်းက အမျိုးမျိုး ရှိကြတယ် လေ ။ တချို့ က အဝိုင်းပုံ ဖြစ်အောင် စီတယ် ၊တချို့ ကျတော့ အတန်းအရှည်လိုက် နောက်မှီချင်းကပ်ရက် စီတယ် ။ နေရာ အကျယ်အဝန်းအလိုက်ပေါ့ ။ ပြီးတော့ သီချင်းဖွင့် ပြီး ကစားတဲ့သူတွေက အဲဒီခုံတွေကို ပတ်ပတ်လည် လျှောက်နေကြရတယ် ။ သီချင်းရပ်လိုက်တဲ့ အချိန်မှာ ကိုယ်နီးရာ ခုံကို ရအောင်ပြေးထိုင် လုထိုင်ကြရတယ်။
တခုံလျှော့ထားတဲ့ အတွက် သီချင်း တခါ ရပ်လိုက်တိုင်း လူတယောက်ကထိုင်စရာ နေရာ မရ ဖြစ်မယ် ။ အဲ့ဒီ နေရာမရလိုက်တဲ့သူက ဆက်မကစားရတော့ ဘူးပေါ့ ။။ အောက် ပြီ ။ ဒီလို နဲ့  နောက်ဆုံး ခုံတလုံး နဲ့  လူ ၂ ယောက်ပဲ ကျန်မယ် ။ အဲဒီ အချိန်ဟာ ကစားပွဲရဲ့  အထွဋ္ဋ် အထိတ် အရောက်ဆုံး အချိန်ပေါ့ လေ ။ ဘယ်သူ ခုံနေရာ ရမလဲပေါ့ ။ နောက်ဆုံး ခုံပေါ်မှာ နေရာ ရသွားသူ က ဒီပွဲ မှာ အနိုင်ရတယ် ။ ဆုရတယ်ပေါ့ ။တခါတလေ နှစ်ယောက်စလုံး ခုံတခုတည်းမှာ တဝက်စီ ကို ပုံသဏ္ဍန် အမျိုးမျိုး နဲ့  ထိုင်မိကြတာ လည်းရှိပါ့။ အဲ့ လို အချိန်တွေ ဆို ရယ်စရာ ကောင်းပါလေ့ ။ သူအရင်ထိုင်တယ် ။ ငါအရင်ထိုင်တယ်နဲ့  ငြင်းကြတော့တာဘဲ ။ ဒီတော့လည်း ဘေးက ပရိတ်သတ်က ဝင်ပါလာရော ။ ဘယ်လို ဘယ်ဝါ ဘယ်ချမ်းသာပေါ့လေ ။
နောက်ဆုံးခုံ အတွက် လျှောက်နေကြတဲ့  လူ နှစ်ယောက် ရဲ့  လျှောက်ပုံ လျှောက်နည်း နဲ့  စိတ်ထဲ ဖြစ်နေတဲ့ ဆုတောင်းပုံ လေးကလည်း မတူဘူး ။ခုတမျိုး တော်ကြာတမျိုး ။ အမျိုး မျိုး ကို ပြောင်းနေတာ။
နောက်မှီပါတဲ့ ခုံဆိုတော့ ရှေ့ ဖက် ကနေ ပစ်ထိုင်လို့ ရတဲ့ နေရာရောက်ရင် ဖြေးဖြေးလေးလျှောက် အဲ့ ဒီ အချိန်မှာ သီချင်းသံ ရပ်သွားပါစေ လို့  ဆုတောင်း မျှော်လင့် တမ်းတ ..ပေါ့ လေ။ နောက်မှီတဲ့ ဖက် မှာ ဆို အပြေးလေးလျှောက်၊ သီချင်းသံ ရပ် မသွားပါစေနဲ့ လို့ ဆုတောင်း မျှော်လင့် တမ်းတ ပြန်ရော ။ ရီရတယ် ။ လူတွေ က ၊ ကိုယ်နေရာ ယူဖို့  အဆင်ပြေ နေတဲ့ အချိန် ကျ တမျိုး ၊ ဟော.. ဘယ်လောက်မှ မကြာဘူး ။ အဆင်မသင့် တဲ့ နေရာဖက် ရောက်နေတဲ့  အခါကျ နောက်တမျိုး ဖြစ်ချင်ပြန်ရော ...။
ခုလည်း ဆော့ကြဦးမယ် အကြီးအကျယ် ခုံဦးတမ်း ။ အဲ့ ဒီ ကစားပွဲ ကြီးကို လာမဲ့  ၂၀၁၀ မေလ မှာ
ကျင်းပကြမယ်တဲ့  ။ ကစားပြိုင်ပွဲ ဝင်လိုသူများ ကြိုတင် စာရင်းပေးသွင်းဖို့ တော့ လိုတယ်နော် ။ ခုတောင် ပွဲမဝင်ခင် ပြင်က ကျင်းပ နဲ့  တိုးတိုးတိတ်တိတ် ပြင်နေကြသူတွေ ရှိနေပြီ ။ အဟင့် ငါ့ အဖေက အရင်က ဘာကောင်ကြီးကွ ၊ ငါ့ အဖိုး က ဘယ်လို အကောင်ကြီးတာ ကွ ဆို ပြီး စိန်နားကပ်ရောင် နဲ့  ပါးပြောင်နေကျသူတွေလည်း မနည်းဘူးနော် ။ ပြီးတော့မှ သာ ပါးမပြောင်ဘဲ ဘာတွေ ပြောင်ကုန်ကြမလည်း သိချင်ပါသေးရဲ့  ။
အသေးစိတ် သိချင်ရင် ဒီမှာ ရှိပါလေ၏ ။ ဖတ်ကြည့်ကြပါကုန် .....
အမြည်းလေးဘဲ ဆိုရင် ဒီလို ပါတဲ့ ....
ဝန်ကြီးချုပ်ဟောင်းများ၏ သမီးများ ရွေးကောက်ပွဲဝင်ရန် ပါတီထောင်
မြန်မာနိုင်ငံ လွတ်လပ်ရေးခေတ် ၀န်ကြီးချုပ်ဟောင်း ၃ ဦး ၏ သမီးများက “ဒီမိုကရက်တစ်ပါတီ” အမည်ဖြင့် ပါတီတရပ် ဖွဲ့စည်းပြီး လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည် ဟု သတင်းရရှိသည်။
အဆိုပါ ဒီမိုကရက်တစ်ပါတီ တွင် ၀န်ကြီးချုပ်ဟောင်းဦးနု၏ သမီးဖြစ်သူ ဒေါ်မြသန်းသန်းနု၊ ၀န်ကြီးချုပ် ဟောင်း ဦးဗဆွေ၏ သမီးဖြစ်သူ ဒေါ်နေရီဗဆွေ၊ ဒု ၀န်ကြီးချုပ်ဟောင်း ဦးကျော်ငြိမ်း၏ သမီးဖြစ်သူ ဒေါ်ချိုချို ကျော်ငြိမ်း တို့သည် အထွေထွေအတွင်းရေးမှူးများအဖြစ် ဆောင်ရွက် ကြမည်ဖြစ်ပြီး ၊ ဥက္ကဋ္ဌအဖြစ် ဦးသုဝေက
ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
...........................................................................................................................
ဒီအောက်မှာက နောက်တဂိုဏ်း .. Gangsters ကြီးများရဲ့ အရှင်သခင် Black Magic ဂိုဏ်းကြီးပါ ။ အသေးစိတ်က ဒီမှာ လေ..
စစ်တပ်က နိုင်ငံရေးပါတီ ဖွဲ့တော့မည်။
နေပြည်တော်ရှိ စစ်အစိုးရ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်၌ လက်ရှိ တက်ရောက်နေသော စစ်အရာရှိကြီး
၈၆ ဦးကို ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန် ရွေးချယ် ထားကြောင်း သိရသည်။
သင်တန်းတက်ရောက်နေသော အဆိုပါ ဗိုလ်မှူးကြီးအဆင့်ရှိ ဗျူဟာမှူးကြီးများအပါအဝင် စစ်တပ်အတွင်း လက်ရှိတာဝန် ထမ်းဆောင်နေသည့် စစ်အရာရှိကြီးများ စုစုပေါင်း ၃၀၀ ကျော်ကို လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင် ရန် ရွေးချယ်ထားသည်ဟု စစ်တပ်အသိုင်းအဝိုင်း ကပြောသည် ။
စစ်အစိုးရက ၂၀၁၀ ခုနှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲကို ပါတီတခုအနေဖြင့် ရွေးကောက်ပွဲဝင်ရန် စီစဉ်ထားပြီး “အမျိုးသားနိုင်ငံရေးပါတီ” ဟု အမည်ပေးထားကြောင်း သိရသည်။
ထိုပါတီတွင် ယခုလက်ရှိ စစ်တပ်အတွင်း တာဝန်ထမ်းဆောင်နေသော အရာရှိကြီးများနှင့် လက်ရှိ ၀န်ကြီးဌာနများမှ နုတ် ထွက်မည့် ၀န်ကြီးများ၊ စစ်အစိုးရကျောထောက် နောက်ခံပြုထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးအသင်း (ကြံ့ဖွံ့)နှင့် မိခင်နှင့်ကလေးစောင့် ရှောက်ရေး အဖွဲ့ဝင် တချို့ပါဝင်မည် ဖြစ်ကြောင်း ရန်ကုန်နိုင်ငံရေး အသိုင်းအဝိုင်းက ပြောသည်။
................................................................................................................
ခုံ နေရာ ဦးတမ်းဆော့ရင်း နဲ့ နောက်ပိုင်းကျ တော့ နေရာလုပွဲ ကြီး ဖြစ်လာလိမ့်မယ် ။ နောက်ဆုံး တခုံလေးကျန်နေတာ က အောက်မှာ ပြထားသလို ခုံမျိုး ဆိုရင်ရော .....
ဒီခုံလေးကို နေရာလုပြီးထိုင်မဲ့သူ ရှိပါ့မလား လို့  စဉ်းစားနေမိတယ် ဗျိုး.....
e တွေ ခေတ်စားနေတော့ ဒီ Electric Chair လေးတွေပေါ်မှာ ရော အညောင်းပြေ ထိုင်ကြည့်ကြပါဦးလား လို့.....
►Posted by
:kiki
:
at
9/17/2009 05:58:00 PM
Subscribe to:
Post Comments (Atom)
13 comments:
အဟ ..အဖွားကီးကတော့လုပ်ပြီး.. ထိုင်းရတာ အညောင်းပြေလာဟင်.. အဲထူးထူးခြားခြား ၁ရတယ်...
ခင်မင်လျှက်
အဆိပ်ခွက်
အေးဗျာ တချို့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကလည်း အာဏာလိုချင် ကြပြီဗျ။ သူတို့လည်း ၀င်ပြိုင်ဖို့ စီစဉ်နေကြတယ်လေ။
ပြိုင်နေ ပြိုင်နေ အီးခုံလေးပေါ် တက်ထိုင်ရမှ အဟား ဟားးးး တရားသဖြင့် ပြိုင်သူများကို လေးစားပါတယ် .... ဘာတဲ့ 201? ဟုတ်လား မထင်ပေါင် မောင်တို့က
လေးစားလျက်
တောင်ပေါ်သား
ဟင်...... သားတို့က နားမပြောင်တဲ့အထဲမှာပါဘူးဗျာနော် အဲလိုလျှပ်စစ်ခုံကို ထိုင်ဖူးကြတဲ့သူတွေ အများကြီးပါ အဲဒီအထဲမှာ နိုင်ငံရေးရောင်ရောင် ပုဂ္ဂိုလ်ပါမယ်ထင်တယ်နော့..... အစ်မအဲဒီထိုင်ခုံကို မလုနဲ့နော် ထိုင်ခုံလုပွဲကြီး မြန်မြန်ပြီးပါစေ ဆုတောင်းနေတာ........ ဘယ်သူထိုင်ရထိုင်ရ ကျွန်တော်တို့ကတော့ စိတ်မ၀င်စားဘူး ငါ့အစ်မကြီးသာ ထိုင်ရလို့ကတော့ ထိုင်ခုံခြေထောက်လာချိုးမှာပဲ..... ထိုင်ခုံတချောင်းကျိုးနေတော့ သတိလေးကပ်ပြီးထိုင်တတ်အောင်လို့လေ သတိလေးကပ်နေတော့ မမှားသင့်တာမမှားနိုင်တာပေါ့ဗျာ........
ဖွားကိရေ ဒီနေရာလူတဲ့လူတွေက အချောင်သမားတွေဗျ တိုင်းပြည်အတွက် ဘာမှ မပေးဆပ်ဘဲနဲ့ သူတို့မှ အရှက်မရှိ သွေးတွေနဲ့ ရင်းထားတဲ့ ရွေးကောက်ပွဲကို အနိုင်လိုချင်သေးတယ် ဒီလိုလူတွေကို ဘာအမိုင်းနဲ့ ရွေးကောက်တင်မြောက်ရမှာလဲဗျ
ကိုဇော်
အဲ့ဒီခုံအကြောင်း ပြောမလို့ရှိသေးတယ်...
ကိကီက ပြောပြီးသွားပြီ...
the green mile ရုပ်ရှင်ထဲက ခုံကြီးလေ...
ပြန်တွေးရင်တောင် ကြက်သီးထတယ်...
သြော်... သူတို့က အဲလိုခုံမှာ ထိုင်ချင်ကြတယ်တဲ့လား...
းဝ)
တားတားဖေဖေက ဘာကောင်ကြီးမို့လို့(အကောင်နာမည်
မပြောပါ)တားတားကိုလည်း ဝင်ပြိုင်ခွင့်ပြုကြပါခင်ည :P
အောက်ဆုံးကခုံကို တားတားမထိုင်ချင်ဘူးခင်ည
ယားတတ်လို့ အဟိ
ဘဘကြီးတွေကိုပဲ ပေးထိုင်လိုက်ကြနော်
လူကြီးတွေဆိုတာဦးစားပေးရတယ်လေ
ကုသိုလ်ရပါတယ်ခင်ည အဟိ :P
အဲဒီခုံက လူထိုင်ဘို့ ဟုတ်ပါ့မလား.. ဂျဘိုးဒွေ အတွက် မှုတ်ဘူးလား....
ဖွားကိရေ...မလုပ်နဲ့နော်
မီးမီးကြောက်ကြောက်
ခုံလည်းမဦးတော့ပါဘူးရှင့်
ကြောက်ပါပြီရှင့်
ဗြဲ....
e chair ထက် wheel chair က ပိုကောင်းမယ်ထင်ပါတယ်။း) ဒါကြောင့်နေရာမဦးတော့ဘူးနော်။ ပြန်ပြီ။း)
မီးအဖေက လူကြီးနော်။ ၀င်ပြိုင်ခွင့်ပြုပါ။
ကလေးမဟုတ်တော့ဘူးလေ။ လူကြီးဖြစ်နေပြီအဖေက.... ဟိဟိ
ဟဟဟ ဖွားကိရေ အဲဒီ ခုံကြီးဆိုရင် တော့ နင်ထိုင် ငါ ထိုင်ဆိုပြီး ဘောလီဘော ပုတ်သလို တွန်း ပို့နေမှာ မြင်ယောင်သေးးး အဟေးးးအဟေးးးး
Post a Comment