ဒီနေ့ တော့ ဘာရယ်မဟုတ် ။ ဟိုရောက် ဒီရောက် ပေါက်ကရ အတွေးတွေ စိတ်ပေါက်ပေါက်နဲ့ လျှောက်ရေး လိုက်တယ် ။ အိမ်ပြန်ချင်နေတဲ့ စိတ်တွေ ကြောင့် ပေါ့ ။ ပြန်ချင် ပြန်ပါလား လို့  ၊ လွယ်လွယ်လေးကို ခက်အောင်လုပ်နေရသလား လို့  ပြောကြအုံးမယ် ။ အကြောင်း ကြောင်းတွေကြောင့် မပြန်ဖြစ်သေးတာ ။ နောက်တော့လည်း အကြောင်းကြောင်းတွေ ကြောင့် ပြန်ဖြစ်လာမှာပေါ့ ။ ထမင်းတလုပ်စားဖို့ လုပ်နေရတဲ့ သူတွေ ရှိသလို ခုံတနေရာ အတွက် လုပ်နေကြ ၊ လုနေကြတဲ့သူတွေ လည်းရှိတယ်လေ ။ ကိုယ်တို့ လို သာမန်လူ တွေ အတွက်ကတော့ အေးအေးချမ်းချမ်းလေး နဲ့  ထမင်းနပ်မှန်လောက် စားရရင်ဘဲ နေပျော်ပါတယ် လောကကြီးရယ်ပေါ့ ။ကျန်တာတွေက ဒီလောက် အရေးမကြီး လှပါဘူး ။ဒီတော့ ပါးစပ် ကလေး လှုပ်ရဖို့ အရေး ၊ ဝမ်းတထွာလေး ဖြည့်ဖို့ အရေး သမာအာဇီဝ အလုပ်လေးတွေ လုပ်နေကြရတယ် ။ အလုပ်တက် ၊ဆင်း အတွက် သွားလာကြရတယ် ။ပို့ ဆောင်ဆက်သွယ်ရေးအတွက် ကားစီး ၊ရထားစီး ၊လေယာဉ်စီး ကြရတယ် ။လေယာဉ်ကတော့ လူတိုင်းနေ့ တိုင်းစီးနေကြတာ မဟုတ်တော့ ထဲ့ မပြောတော့ပါဘူး ။ခုံလည်းလုစရာ မလိုဘူးလေ။
ဘတ်စ်ကားစီး ၊ ရထားစီးပြီး အလုပ် အသွား အပြန်လုပ်နေကြရတဲ့သူတွေ အကြောင်း ပြောရင်း ၊ထိုင်စရာ ခုံလုကြတာတွေ ၊တခါတလေလည်း ဘေးကနေ ကြည့်ရတဲ့သူတွေ အတွက်ရယ်စရာ လိုလို ဖြစ်နေတတ်တယ် ။ အားသွန်ခွန်စိုက် နေရာလုနေကြသူတွေကတော့ ဖင်တနေရာ ရစရာ အတွက် ဇောတွေကပ်နေကြတာနဲ့  ခုံလုတဲ့ အချိန်မှာ သူတို့ ကိုယ်သူတို့  ဘယ်လောက်ရယ်စရာကောင်းနေကြမှန်း မသိလိုက်ကြဘူး ။(စောင်းပြောတာ .. စောင်းပြောတာ ) ။
ဒီမှာတင် တွေးကြည့် မိတာက ဖင်လေးတနေရာ စာ ခဏတာလေး ထိုင်ဖို့  ခုံ လုကြတာဟာလည်း ကိုယ် နေ နေရတဲ့  ပတ်ဝန်းကျင် ၊ တိုးတက်မှု ၊(စိတ်ပိုင်းဆိုင်ရာ နဲ့  ရုပ်ပိုင်းဆိုင်ရာ နှစ်မျိုးလုံးပေါ့ ) ။နိုင်ငံ ကြီးသား ပီသမှု ၊ တွေအပေါ် အများကြီး ဆိုင်နေပါလား လို့ ပေါ့ ၊။ MRT ရထား တွေပေါ်မှာလည်း သင်္ကေတ တွေ အမျိုး မျိုး နဲ့ရေးပြထားတာတွေ ရှိပါတယ် ။ အသက်အရွယ်ကြီးတဲ့ အိုသူ တွေ ။ ခြေလက်အင်္ဂါ မသန်စွမ်းတဲ့  နာသူတွေ ။ ကိုယ်ဝန်သည်တွေ နဲ့ ကလေးငယ်များ အတွက် ဦးစားပေး နေရာပေးဖို့  နဲ့  သူတို့ ထိုင်ဖို့  ခုံကို သပ်သပ်ခွဲခြား ထားပေးကြတယ် ။ နိုင်ငံကြီးသားပီသ သူတွေ ဟာ ဒီလိုခုံမျိုးကို ဘယ်သူမှ လုမထိုင်ကြပါဘူး ။တကယ်လို့  အလွန် ညောင်းနေလို့  လွတ်နေတဲ့ ဒီလိုခုံမျိုး မှာ ဝင်ထိုင်မိတယ် ဆိုရင်တောင်မှ အထက်က သတ်မှတ်ထားတဲ့  စာရင်းထဲ အကျုံးဝင်နေသူတွေ တက်လာတဲ့ အခါ အလိုက်တသိ နဲ့  နေရာ ဖယ်ပေးတတ်ကြတယ် လေ ။
ကြုံဖူးကြမှာပေါ့ ။ တချို့ တလေဆို အဲလို priority seat နေရာမှာထိုင်ပြီး ပြန်ဖယ်မပေးချင်တာ နဲ့ အိပ်ချင်ယောင် ဆောင်နေတတ်ကြတာ ။ အတော်လေး အံ့ သြစရာကောင်းတယ် ။ (စောင်းပြောတာ .. စောင်းပြောနေတာ .. ဒို့ ရွှေပြည်က ဟိုလူကြီးတွေ ကိုလေ ။ )
အဲ့ လို အိပ်ချင်ယောင်ဆောင်ကောင်းလို့  ဖြစ်ရတဲ့ ရီစရာလေးတခု ကြားဖြတ်ပြောလိုက် အုံးမယ် ။ ဒီက ဘတ်စ်ကားတွေပေါ်မှာ လည်း တချို့  အန္တရာယ် ဖြစ်ဖို့ များတဲ့ ထိုင်ခုံ နေရာမျိုး မှာ seat belt တွေ ထားပေးတယ် ။ဘာလို့ လည်းဆိုတော့ ရှေ့ ခုံ တတန်း မရှိဖြစ်နေတဲ့ နောက်ဆုံး တန်းရဲ့  အလယ်ခေါင်နေရာတို့  ။လူတက်ဆင်းလုပ်တဲ့  နောက်ဖက် တံခါးနဲ့  မျက်စောင်းထိုး ခုံနေရာတို့ မှာ ရှေ့ ကိုင်စရာ အတန်း မပါဘူး ။အဲ့ဒီတော့ ကားက ရုတ်တရက် ဘရိတ် အုပ်လိုက်တဲ့  အခါကျ နယူတန်ရဲ့  ရွေ့ လျားခြင်း သဘောအရ လူကအရှေ့  ဟပ်ထိုး သွားတတ်တယ်။သဘောပေါက်တယ်ဟုတ် ။ဒီတော့ ဇာတ်လမ်းလေး ဖြစ်ရော ။
နေရာဖယ်ပေးရမှာ စိုးလို့ အိပ်ချင်ယောင်ဆောင်ပြီးစီးလာတဲ့  ငနဲသား ၊ seat belt မပတ်ဘဲ လျှောတတ်တဲ့  ခုံမှာ ထိုင်လိုက်လာတာ ၊ ဘရိတ် လည်း အုပ်ရော တခါတည်း လျှောပြီး ဖင်ထိုင်ရက် ပြုတ်ကျပါလေရော ။ အဟက် ။ ကောင်းလိုက်တာ ။ ဆေးရုံ ထဲ ကွတ ကွတ နဲ့ ဝင်လာတော့ အစကထင်တာ လိပ်ဂေါင်းများ ရှိသလား လို့ လေ ။ အကြောင်းစုံ သိမှ ရယ်ချင်စိတ်ကို မနဲ အောင့်ထားရတယ် ။ ဓါတ်မှန်လေး ရိုက်ကြည့်တော့ မှ ဒီသကောင့်သား မြီးညှောင့်ရိုး ကျိုးနေပါရော့လား ..... အရိုးကျိုးဖူးတဲ့သူတွေ သိမှာပေါ့ ။ ဘယ်လောက်နာသလည်း ဆိုတာလေ ။ အသွားမတော် တလှမ်း .. အကျ မတော် တညှောင့် လို့တောင် ပြော ရတော့မလိုပါဘဲ ။ တခြားအရိုး ။ခြေရိုး လက်ရိုး ကျိုးရင်တော့ ကျောက်ပတ်တီး စည်းတန်စည်း ။ ခွဲတန်ခွဲပေါ့ နော် ။ မြှီးညောင့်ရိုးကျိုးတာ ကတော့ ဘာမှ လုပ်စရာ မလိုပါဘူး ။အဲ့ ဒီနေရာက ကျောက်ပတ်တီး စည်းလို့ လဲ မရတာကြီး ။ နာတာ ဘဲ ရှိတာပေါ့ ။ အကိုက်အခဲ ပျောက်ဆေးလေး သောက်ရုံလောက်ပါဘဲ ။
ဪ ။။။ ခုံ လေး တနေရာ စာ အတွက် နဲ့  အဆင်မသင့် မတော်တရော် ပြုတ်ကျ လို့  မြှီးညှောင့်ရိုး ကျိုးရတဲ့  အဖြစ် ။ ဒီထက် မြင့်တဲ့  နေရာ က ပစ်စလက်ခတ် ပြုတ်ကျ တဲ့သူများ အတွက် တော့ ပို အထိနာကြ ပေလိမ့်မယ် ။ ကြောင်ကျ မကျ ပဲ ခွေးကျ ကျ တာမျိုး ဆိုရင် တော့ .... တွေးဆကာ ကြည့်ကြပါတော့ .... ( စောင်းပြော နေပြန် ပြီ ။ နဂိုတည်းက တဲ့ မနေတော့ ပြောလိုက်တိုင်း စောင်းနေတာကို ခွင့်လွှတ်တော်မူကြပါရန်....း)
ကဲ ... ကိုယ့် ခုံလေးတွေ မြဲအောင် ကိုင်ထားကြ ပါ ။
လှုပ်တော့ လှုပ်နေပါပြီ ။ ရှေ့ ရမ်း ၊ နောက်ရမ်းတွေလည်း သတိထားကြပါ ကုန် ။။
►Posted by
:kiki
:
at
9/16/2009 09:00:00 PM
Subscribe to:
Post Comments (Atom)
20 comments:
ဝေးးးးးးးး နံပါတ် ၁ကွ
ဝေးးးးးးးး နံပါတ် ၁ကွ
အဟိ လက်ကလည်း ၂ခါနှိပ်မိပြန်ပြီ ။ ခုံနေရာဦးထားတာ မဖတ်ရသေးဘူး.
ဝက်ကလေးမလာခင်လေ။ နံပါတ်၃နော်
ခုံနေရာဦးတာကတော့ ပြောမနေနဲ့ အကျင့်ပါနေလို့ ပါ။း)
ခုလည်း ဦးထားတာ ၃နေရာရြှိ့ပီနော်။ ဘယ်သူမှမလာသေးလို့  စိတ်တိုင်းကျနေရာရွေးနေတာ။ ပိုစ့်ဖတ်ပြီးပြီမို့ ပြန်ပါပြီ။ ၀က်ဝံလေးအတွက်နေရာချန် ထားရအုံးမယ်။
မကိရေ စာတွေလာအားပေးနေတယ်ခင်ဗျာ
နေရာဦးတာနောက်ကျသွားလို့ ရော့ သွားပြီနော်
ဒို့ ဗမာတွေ နေရာဦးတာ၊ နေရာရရင်ရတဲ့ ခုံလေးကို
ကျိုးသွားအောင်ကို ထိုင်တတ်တာ၊ထိုင်ပစ်တာ
အကျင့် ပါကုန်ပြီ။ဘာပဲပြောပြော၊သခင်မျိုးဟေ့ ဒို့ 
ဗမာကွ၊ဘယ်သူကိုမှ မဆိုလိုပါ။ဟိုငတတွေကိုပြောချင်တာ။ကျန်တဲ့ လူတွေ
ကျွန်.....ဟာာာာာာာာာာာာ...တော်ပြီမမကီရေ့ ..။
ဗုဒ္ဓေါ..ဖွားကိပြောမှပဲ ကိုယ်ထိုင်နေတဲ့ခုံတောင် သေသေချာချာ ပြန်စမ်းနေမိတယ်..
မလှုပ်ပါဘူး ဖွားကိရယ်..ညိမ်နေတာမှ သူမဟုတ်တဲ့အတိုင်းပဲ..အဟီး။
အင်း..စောင်းပြောတာကလည်း တည့်တည့်ပြောနေသလိုကြီးပဲနော်..:P
yu ya
အိမ်မှာ အဖိုးထိုင်တဲ့ ခုံရှိတယ်... ရှေ့ရောနောက်ရော လှိမ့်လို့ရတယ်...
ကျနော်တို့တွေ ခိုးခိုးထိုင်ကြတယ်...
းဝ)
ဘုရား ဘုရား အမား နင်တော်တော် စောင်းပြောနေပါလား
ဘေးတစ်စောင်းလား
ခေါင်းစောင်းပြောတာလား
မျက်စိစောင်းပြီးပြောတာလား
မရှင်းဘူး သေချာရှင်းပြပါ
ဘယ်လိုစောင်းလည်းဆိုတာသိချင်တယ်
ကျမှာတော့မပူနဲ့  အချိန်အခါပဲစောင့်နေ
မျောက်သစ်ကိုင်းလွတ်သလိုပဲ ဟို မမှီ ဒီ မမှီနဲ့ ဖြစ်အုန်းမယ် တည့်တည့်ပြောသွားတာ :D
အိမ်မှာလဲ ရှေးဟောင်းထိုင်ခုံတစ်လုံးရှိတယ်..
အဖေနဲ့ အမေပဲ ထိုင်တယ်..
သူတို့ မရှိရင်တော့ ကျနော်တို့ မောင်နှမတွေ တစ်ယောက်တလှည့်ဆီ အလှည့်ကျထိုင်တယ်...
အဖေတို့ မသိအောင်ပေါ့.. ပြီးတော့ အမွေက မဲနှိုက်ပြီး ခွဲလိုက်သေးတယ်...
ခုတော့ အဲဒီခုံနဲ့ဝေးနေတာကြာပေါ့...
ခုနေအိမ်ပြန်ရင် အဖေတို့ ပေးထိုင်မယ်ထင်ပ...
အဟီ
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်
[m;..[m;..[m;..
ဟား..ဟား..ဟား..
ဟုတ်ပါ့..ဟုတ်ပါ့..
ဘာလဲတော့သိဘူး..
ဒီကခုံကတော့ အဲလိုဟုတ်ဘူး
စာရိုက်လိုက်.. နောက်ကိုဆုပ်သွားတယ်..
ချက်တင် ဝင်လိုက်တာနဲ့.. ဘယ်ဘက်လည်သွားတယ်
ကျား အချင်းချင်းချက်ရင်ပေါ့..
ဟီး.. ဟီး.. ညလေးတို့.. မမကြီးတို့နဲ့ချက်ရင်တော့..
ထိုင်ခုံက ရှေ့ပြောကပ်တော့တာပဲ
ဘယ်ညာတောင် လှည့်လို့ရတော့ဘူး..
ပျော်ရွှင်ပါစေ
ခင်မင်စွာဖြင့်
စည်သူ.
ဟုတ်တယ် မမကိ ရ
ခုံကို လုထိုင်ချင်တယ်
ရရင် ဖယ်မပေးချင်ဘူး
စူပါဂလူးနဲ့ ကပ်ပေးထားလိုက်မလားလို့
(စောင်းပြောတာ စောင်းပြောတာ .. မရှောင်ရင် လွတ်မယ် .. ရှောင်ရင် ထိမယ် .. :P)
ဟီး၂
ဒုက္ခပဲ မြီးညှောင့်ရိုးတဲ့... တော်တော် ခံလိုက်ရမှာပဲ...
ခုံလုထိုင်ကြသည်........ ဘယ်သူတွေထိုင်ချင်နေတာလဲနော်
ခုံနဲ့ပတ်သတ်တဲ့ သံဝေဂယူစရာပို့စ်လေးရေးဖို့ ပြင်ထားသေးတယ် အေ၇းအသားမကောင်းတော့ မတင်ဖြစ်တော့တာ တရားတစ်ပုဒ်ထဲမှာ နာဖူးလို့လေ... စောင်းပြောတာမပါဘူးကျွန်တော်ရေးထားတာက။ လုထိုင်ကြတဲ့သူကို လုထိုင်ချင်သူများက ဘယ်လိုတွေးကြသနည်းနော် ဟိဟိ မင်္ဂလာနေ့လေးပါ
သူတို့ခုံတွေပျောက်မဲ့နေ့ကို ပြည်သူတွေစောင့်နေရတာ တော်တော်ကြာနေပြီ
စောင်းပြောနေတာကို စောင်းထိုင်ပြီးဇောက်ထိုးဖတ်သွားတယ်
ဇောက်ထိုးဆိုလို့ စကော်ပီယံကင်းမဟုတ်ဘူးနော်
အနော်မောင်တားဂျီးပါခင်ည
မြို့မေတ္တာခံယူဦးမယ့် ဘဘကြီးတို့ရဲ့အချစ်တော် မောင်တားကြီးပါခင်ည
တားဂျီးရဲ့ဘဘကြီးတွေကို မဝေဖန်နဲ့ တေတွားမယ် ဟိဟိ
ဟား၃
ဒီမှာ ချစ်စရာ ကောင်းတယ် ကိသိလား ပြောရဦးမယ် တနေ့ကပေါ့ ညီမက တော့ အမြဲပဲအနောက်မှာပဲ ထိုင်ပါတယ် အရှေ့က အဘွားကြီးတွေ disable တွေ အတွက်မှန်းသိတာကိုး ဒါနဲ့ ကောင်မလေး တယောက်က နေရာမရှိတော့လို့ အရှေ့မှာ ထိုင်လိုက်ကော နောက်တမှတ်တိုင် ၂ မှတ်ရောက်တော့ အဘွားကြီးတယောက် တက်လာတော့ သူ ဖယ်ပေးတယ် သိလား ရင်ထဲမှာလေ တကယ့်ကို သူ့ကိုလေးစားသွားတယ် သူကတော့ မတ်တပ်လေး ရပ်လို့ ကြည်နူးဖို့ကောင်းလိုက်တာ ကိရာ ဟို ကိုယ်တော်နဲ့တော့ ကွာပါ့ သိလား
ဘိုင် တာ့တာ
Post a Comment