ဆံကေသာ ရှည်ရှည်လေးတွေနဲ့ လှတပတ မိန်းမများ ( ရှည်လွန်းတော့လည်း ညဖက် ဒီလို ပုံကြီး ရုတ်တရက် မြင်လိုက်ရရင် သရဲကားတောင် ကြည့် စရာ မလိုတော့ဘူး ထင်ပါရဲ့ )။
စက်တင်ဘာ ၅၊ ၂၀၀၉
၁၂၄၁ ပိဿာ
ဒီက ရတဲ့  သတင်းလေး ပါ ..
.မြန်မာ အမျိုးသမီးများ အများစု ဟာ ဆံ ကေသာ အလှ ကို အမြတ် တနိုးတန်ဘိုး ထားတတ်ကြပါတယ်၊ခုခေတ်မှာတော့ ခေတ်ရေစီးကြောင်းလို့ ဘဲပြောရတော့မယ် ထင်ပါရဲ့  မြန်မာ မိန်းကလေးတွေ မှာ များသောအားဖြင့်  ဖြန့် လိုက်ရင် တကိုယ်လုံး နေနေသာသာ ကျောတောင် မဖုံး နိုင်ကြတော့ ပါဘုး ။ဈေးကောင်းရလို့  ဖြတ်ကုန်ကြတာလား လို့  အတွေးဝင်သွားမိတယ် ။
.................................................................................................................
ဪ .. ကဲ ... ပြောလို့ မှ မဆုံးသေးဘူး ။။ ဆံပင်ဈေးတွေ ထိုးကျ ကုန်ပြီတဲ့ ။ စိတ်မကောင်းစရာပါဘဲ ။။ ညောင်ဦးကမ်းပါးပြိုကျ တာနဲ့ စမ္မနဂိုရ် က နွားမကြီး ပေါင်ကျိုးရသလို ဖြစ်နေပါရော့လား ကွယ် ။
တရုပ်- မြန်မာ နယ်စပ် စစ်ပွဲကြောင့် ဘင်္ဂလား-မြန်မာ ဘက်က ဆံပင်ဈေး က ထိုးကျသွားပါတယ်တဲ့ ။။
ကျသင့် နေတဲ့  အခြေခံ စားသောက်ကုန် နဲ့ ဆီဈေးတွေ က ဈေးမကျ ဘဲ မရှိလွန်းလို့ အမြတ်တနိုး ထားကြရတဲ့ ဆံကေသာလေးများကို ဖြတ်ပြီးရောင်းစား အသက်ဆက်နေရသူများ အတွက် တောင် ကံကြမ္မာက မျက်နှသာ မပေး ပါလားနော် ။
......................................................................................................................
ဒီနေရာ မှ တွေ့ လိုက်တဲ့သတင်းက အောက်မှာအတိုချုပ် ရှိပါတယ်..
တရုတ်နယ်စပ် မငြိမ်သက်မှု ဘင်္ဂလား-မြန်မာနယ်စပ် ဆံပင်ဈေးကွက်ကို ထိခိုက်
မောင်အေး(နိရဉ္စရာ)။ နအဖ တပ်ဖွဲ့နှင့် ကိုးကန့် တပ်အဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောက်ပိုင်း တရုတ်-မြန်မာ နယ်စပ် မငြိမ်မသက် ဖြစ်မှုကြောင့် ဘင်္ဂလာ-မြန်မာနိုင်ငံနယ်စပ် ဆံပင်ရောင်းဝယ်ရေး ဈေးကွက်ကို ထိခိုက်မူများ ရှိနေသည်ဟု သိရသည်။
ဘင်္ဂလားနယ်စပ် ဈေးကွက်တွင် ဆံပင် တကီလိုကို တာကာငွေ ၂၀၀၀ ရှိနေရာမှ ယခုအခါ တာကာ ၁၄၀၀ သို့ ထိုးကျသွားခဲ့ပြီး မောင်တောမြို့တွင် ဆံပင် တပိသာ ၆၂၀၀၀ ကျပ်ရှိနေရာမှ ယခုအခါ ကျပ် ၅၂၀၀၀ သို့ထိုးကျသွားခဲ့သည်။
.........................................................................................................
အချိန်နဲ့ ဒီရေသည် လူကို မစောင့် ဆိုသလို ဆံပင်ဖြတ်ရောင်းတဲ့ စီးပွားရေးကလည်း ပျိုပျိုမေတို့ ကို မစောင့်ပါလားကွယ် .
ဒါကို မှ မကျေနပ်လို့  ဒို့ အရေး ထအော်မယ် မကြံကြနဲ့ နော် .. ဟွန့် ဘာများမှတ်နေသလဲ ၊ အော်ရင် ကလေးရော လူကြီးပါ မလွယ်ဘူး ၊ အသေးစိတ် သိချင်ရင် ဒီ နေရာ ဆက်ဖတ်ဗျိုး..အမြည်းလေးက ဒီလို.....
ဒို့အရေး လုပ်တန်းကစားခဲ့သည့် ကလေးငယ်များ ခေါ်ယူစစ်ဆေးခံရ
|
21 comments:
ဆံပင်ရှည်တွေ လာကြည့်တယ်ဗျ .....
အမားရယ် ဒါကြောင့်အမားဆံပင်မရှိတာပေါ့လေ ဟုတ်လား
ပုံတွေတော့ဟုတ်ပါပြီ
အမားရေးတဲ့စာတွေက တစ်ဝက်တစ်ပျက်နဲ့ 
ဖတ်လို့ မရဘူး
ပြန်တင်ပေးပါ
ဒါပဲ ဒါပဲ
မသောင်းကျန်းတော့ပါဘူးလေ
၂ နဲ့ ပဲတော်ပြီ
ဟိဟိ ဒါကြောင့် ဒူးလောက်ရှိနေတဲ့ မီးဆံပင်ကို ဗျင်းလိုက်တယ် အဓိကကတော ထိုင်းတွေနဲ့ကိုယ်နဲ့ နားလည်မူတွေ လွဲတာပေါ့ မမကိကိရေ့
ပုံနဲ့ စာတွေဘယ်လိုဖြစ်တာတုံးဗျာ...
သတင်းတွေကတစ်ဝက်တစ်ပျက်နဲ့ ...ဧကန္တသတင်း
ကြေငြာတုံးမီးကလာတစ်ချက်မလာတစ်ချက်နဲ့ မို့ နဲ့ 
တူတယ်....
ဆံပင်ရှည်ကို ဒီလောက်ထိထားနိုင်တာ
ချီးကျူးစရာပါဘဲ...
ဆံပင် ရှည်ရှည် ကြိုက်တယ်
ဒါပေမဲ့ ကိုယ့်မှာတော့ ငုတ်စိး)
ကလေးတွေ ဆန္ဒပြတမ်းကစားပြီ ဆိုတော့
တိုင်းပြည်အပြောင်းအလဲ ရှိတော့မဲ့ နမိတ်ပဲ ကိကီ ရ
ဆံပင်ရှည်တွေ ကြည့်ပြီးတော့.... ရွှေဆံပင် တံတားအတွက် ဂုဏ်ယူရကြောင်းပါ...။ (အမြတ်တနိုးထားတဲ့ ဆံပင်ကိုဖြတ်ပြီးလှုတာကို ဂုဏ်ယူတာပါ) ။
ဟယ် မကိရယ် ဝံလေ ဒီဆံပင်နဲ့ တင် အိုက်နေလို့ ဖြစ်နိုင်ရင် ဂတုံးတောင် တုံးထားချင်တာ သူ့တို့လို ဆံပင်အရှည်ကြီးဆိုရင် သေရချည်ရဲ့ ခေါင်းနေ့တိုင်းလျှော်ရတဲ့ ဒွက်ခနဲ့ ခြောက်အောင် လုပ်ရတဲ့ ဒွက်ခ မခြောက်ရင် လေဖျန်းမှာ ကြောက်ရသေး ဝံကတော့ တခါ လေဖြန်း ထားဖူးတော့ ခဏ ခဏ လဲ ခေါင်းမလျှော်နိုင်တော့ ဆံပင်တိုတိုပဲထားတယ် ခြောက်အောင်မသုတ်ရင်လဲ ပြဿနာ တက်မယ် လေ နောက်တခါ အဲရောဂါကြီး မဖြစ်အောင် ကိုယ့်ကိုယ်ကို ဂရုစိုက်ရေတယ် ကိရေ
ကလေးတွေက ဘုန်းကြီးတွေ အားကျလို့ ထင်ပါ့နော် မကိ ဟိဟိ တို့အရေး သွားလုပ်တာ ဟိုက ဆွဲစိ လိုက်တယ် ဟားဟားးးး အင်းးး ဆင်ခြင်မှ ဆင်ခြင်မှ
ကဲ ပြန်မယ်နော် ဘိုင်တာ့တာ
ကိဆီမှာ ဘယ်တော့မှ ၁ မရဘူး ကိက ဝံ ရှိနေတဲ့အချိန်မှ မတင်တာကိုးလို့(နှုတ်ခမ်းကြီးစူစွာ ပြောသွားသည်)
လိမ့်တော့မယ် နော် ဒုန်းးးးးးးးဒုန်းးးးးးးးးးးး
အဟိ ဘာရယ် အဟုတ်ဘူး ၁၀ ပြည့်အောင် လာသောင်းကျန်းတာ ကွ ငါကွ ဝံလေး ဟိဟိ
အောက်မရောက်သေးခင် အမြန် မန့် လိုက်ဦးမယ်လို့ ၊
ဆံပင်ရှည်ရင် မဟာဆန်တယ်၊ကဗျာဆန်တယ်၊ဆိုတာ
ဘိုးတော်ဘုရား လေးဖက်ထောက်သွားတဲ့ ခေတ်တုံး
ကပဲရှိတော့ မှာပါနော်။ အခုခေတ်လဲ ထားဘို့ မလွယ်
တော့ ပါဘူး၊အနဲဆုံးတော့  ဘတ်(စ)ကားတော့ တိုး
စီးရတော့ မှာ။ဒို့  မမကီတောင် ဆံပင်ရှည်မထားတာကြည့် ပေါ့ ..။ဟဲဟဲ...။
အောက်က ဟိုအကောင်တွေအကြောင်းတော့မပြောတော့ ပါဘူး။
ပို့စ်တပုဒ်ထဲနဲ့ ရသမျိုးစုံ ပေးလိုက်တာဘဲနော်... ပထမ သဘောကျပြီးပြုံးမိတယ်... နောက်တော့စိတ်မကောင်းဖြစ်မိတယ်... နောက်ဆုံးမှာရီချင်သွားတယ်...
အားပါ ဆံပင်တွေ ရှည်လိုက်ပုံများနော်။ အဲဒီတံတားဆောက်ဖို့ ဆံပင်တွေလှူတဲ့အကြောင်း ဖတ်ဖူးတယ်။ ကျနော်လည်း မရှည့်တရှည်ဆံပင်တွေကို ရောင်းပြီး ဦးပဉ္ဖင်းဝတ်တော့ ရောင်းလို့ရတဲ့ ပိုက်ဆံနဲ့ ဘုရားကို ရွှေသင်္ကန်း ကပ်ဖူးပါတယ် .. သာဓုခေါ်ကြပါကုန် ...
ပိုစ့်ဖတ်ရင်း ကုသိုလ်ယူသွားတယ်...
သာဓု..သာဓု..သာဓု...
စကားမစပ် ကိကီဆံပင်ကရော ဘယ်လောက်ရှည်သလဲ...
်ဒါမှမဟုတ် ဈေးကောင်းရတုန်းက ရောင်းလိုက်ပြီလား...
ဆံပင်ဈေးတွေပြန်တက်ရေး... ဒို့အရေး
းဝ)
မာမီကိကြီးရေ... ရှည်လိုက်တာနော်။။။ အဲ ဆံပင်တွေပြောတာ။။။ ဟိဟိ
ကိရေ
ဆံပင်တွေကို အားကျတယ်....
ခက်တာက စိတ်မရှည်ဘူး ရှန်ပူဘိုးချွေတာနေတာလေ......
တိုလေ ကြိုက်လေ.....
ဟဲဟဲ..
နှင်း
ဆံပင်က တော်တော်များများအသုံးဝင်တာပဲနော် ဆံပင်ရှိတော့ မိန်းမတင့်တယ် ဆံပင်ရှိတော့ ၀မ်းရေးလဲ ဖူလုံတယ် အခုအများအကျိုးလဲ ဖြစ်ထွန်းတယ် .... အသုံးဝင်လှပါဘိ ....
ဆံပင်တွေက ရှည်ကြီးတွေပဲ.......... ဆံပင်ရှည်တော့ဒုက္ခပေါ့ သိမ်းရဆည်းရနဲ့ ဖြတ်လှူတော့ကုသိုလ်လဲရ အလုပ်လဲမရှုပ်တော့ဘူး,
အဲ့လောက်ကြီးရှည်တော့လည်း ကြောက်စရာကြီး ကြိုက်ပါဘူး...
ဘုရားလှူတာတော့ သာဓုခေါ်ပါတယ်တော်... အားကျတယ်...
ဓါတ်ပုံထဲက ကောင်မလေးဆံပင်ဖြတ်တာ ဂတုံးဖြစ်အောင် အရင်းက ကိုဖြတ်ယူတာပါလား။ ချီးကျူးပါရဲ့။ ပုခုံးကျော်ရင် ဘယ်လိုမှ ဆက်အရှည်မထားနိုင်တော့တာ ဦးခေါင်း လေးပြီ ဇတ်ကြောတွေ တက်တက်လာတယ် မျက်စိလည်း ညောင်းနေသလိုဘဲ။ ဆံပင်ကျ သိပ်အတိုမထား နိုင်ပြန်ဘူး။ ရာသီဥတုက အေးလွန်းလို့ ။
ကျနော်ကတော့ တမျိုးဗျ
ဆံပင်ရှည်နေတဲ့ ချစ်သူကို တမင်တိုအောင်ဖြတ်ခိုင်းလိုက်တယ်
အရမ်းရှည်တဲ့ဆံပင်မကြိုက်ဘူး
ပခုံးနည်းနည်းကျော်ရင် အိုကေ ရပြီ
.........
ကလေးတွေတောင်အေးဆေးမဆော့ရပါလား
တော်တော်ဆိုးတာပဲ
သားကြီးတော့ ဘလော့မှာဆော့လိုက်ဦးမယ်
ဖမ်းလိုက ဖမ်းနိုင်သတည်း
“ဒို့အရေးးးးးး ဒို့အရေးးးးးးးး ဒို့အရေးးးးးးးးးး”
PS...လာဖတ်သူကိုဖမ်းရင် အိမ်ရှင်ကိုလည်းဖမ်းရမည် :P
Post a Comment