မုန့်ဟင်းခါး စားခဲ့ရသော အမှတ်တရ လေးများ ၊ ကျေးဇူးရှင် ကားစုတ်လေးများ နှင့် အလားတူ မော်ဒယ်ပုံလေးများကို ဂူဂယ် ရဲ့အကူအညီ နဲ့  ရှာဖွေ တင်ပြပေးလိုက်ပါတယ် ။လူကို စီးခဲ့သော ဒီကားများလည်း ခုတော့ ဘယ်ဆီဘယ်ဝယ် ရောက်နေကြမလဲ မသိ ။လွမ်းရတဲ့ အဖြစ်ကလေးတွေ ( ရီးစားဟောင်း မလွမ်းမိဘဲ ကားစုတ်တွေ လွမ်းနေရတာ ဦးနှောက်ဇောက်ထိုး ဖြစ်နေပြီလား မသိ) ။အို ဘာဘဲဖြစ်ဖြစ်ပေါ့ ၊ လွမ်းချင်တာ လွမ်းလို့ ရတာဘဲ မဟုတ်လား ။ အဖေ့ လွမ်းရင် သူ့ ကားတွေချန်ထားခဲ့ လို့ မဖြစ်ဖူးလေ ။
သူ့ ကို ငယ်ငယ်က စီးခဲ့တာ အဲဒီတုံးကတော့သူက သန်တုံး မြန်တုံး ။သင်္ကြန်ကျရင် အကိုတော်နဲ့ သူ့ သူငယ်ချင်းတွေ နှိပ်စက်တာ အခံရဆုံး လေး ။ ကားဘောနက်ပိန်ချိုင့် ပြီး ရှေ့မှန်ကွဲ ။ ရန်ဖြစ်လို့ ဂတ်ရောက်တဲ့ အထိ အကို တို့  လက်သံပြောင်ခဲ့ကြတယ် ။ နောက်ပိုင်းကျတော့ သူလဲဇရာထောင်း ။ ကိုယ်လဲ တရွာဂျောင်း
ဒီတကောင်က နောက်ပိုင်းမှာ ကယ်ရီယာ အတပ်ခံလိုက်ရလို့  ဖင်ရှည် ပုံပျက် ဘဝ ရောက်ခဲ့ရတာ။အဖေ့ အချစ်ဆုံး အကောင်ကြီး ။မြန်မာပြည် အနှံ့  သူနဲ့ သွားခဲ့ ဖူးတယ် ။ ကချင်ပြည်နဲ့ ချင်းပြည်က လွဲ လို့ပေါ့ ။သူ့ ကို ကလိရင်းနဲ့ ခိုးမောင်းရင်းနဲ့ ကားမောင်းတတ်ခဲ့ရတာ ။
ဒီပုံနဲ့  ဆင်တဲ့ သူကတော့ ဒိုးဆလံ တင်းဆလံ ။ ဘာမှန်းမသိ မျက်နှာကျော မတဲ့ ၂ကောင်ထဲ က တကောင်ပါ ။ကြည့်လိုက်တော့သာ ကျားကျားရားရား ၊ ကောင်းတဲ့ အချိန် သိပ်မရှိ ၊တချိန်လုံး နှာစေး ချောင်းဆိုး ၊ ဆေးရုံ မကြာခဏတက် နေရတဲ့ အကောင်ကြီး ။ သူ့ ဝိတ်ကြီး နဲ့  နှိပ်စက်လွန်းလို့  တွန်းရတဲ့ သူ အသက်ထွက် မတတ် မို့  အမြင်ကတ်တာ ။
ဒီလို ပုံစံမျိုး တကောင်ကတော့ အဖေ က အမေ့ကို အသိပေးသလို မျိုး ပြောရုံပြောပြီး သွားဝယ်လာတာ ။။ ကြားဖူးကြရဲ့ လား ။ ကားဝယ်ပြီးပြန်လာတာ ။ ခြံထဲကို မောင်းပြီးဝင်လာတာ မဟုတ် ၊ ကြိုးနဲ့ ဆွဲ ပြီး ဝင်လာတဲ့ အကောင် ။ တွေ့ တာ နဲ့ကို ဘယ်လို မှ ကြည့်မရ ။ ဂျာမဏီဖြစ် ဆိုတော့  ဂျပန်ကားတွေလို ပေါ့ပေါ့ ပါးပါး မဟုတ် ။ သံထည်ကြီးကတင် အတော်လေး တာ ။ အကျင့် ကလည်း မကောင်း ။ တစီးလုံး ပြင်ပြီး အင်ဂျင်ချပြီး တာတောင် လူရှေ့သူရှေ့ ကျရင် ထိုးထိုး ပြီး ရပ်တတ်သေး ။ အရှက် အခွဲ ဆုံး တကောင်ပေါ့ ။
မူလ ကားပိုင်ရှင်က အဖေ၊ အမေတို့ ရဲ့  အလွန်ရင်းနှီးသော မိတ်ဆွေ ။ သူက မျက်နှာနာရ မစိုးလို့ အဖေ့ကို မရောင်းပါရစေနဲ့လို့  အတန်တန် ပြောနေတာကို တောင် ဇွတ်ဝယ်ခဲ့ တာ ။
ဒါတွေက မှတ်မိသလောက် အဖေ့မှာ ရှိခဲ့ ဖူးတဲ့ ကားစုတ်တွေကို အတိုချုပ် မိတ်ဆက်ပြခြင်းပါ ။ တခြား အစုတ် အပြတ်တွေ ကို ဝယ်လိုက် ၊ ပြင်လိုက် ၊ သူ့ ထက် မိုက်တဲ့ သူတွေ က ကြိုက်ရင် ရောင်းလိုက် နဲ့  ကားတွေ စီပြရရင် မူးနောက်ကုန် မစိုး လို့  ဒီလောက်လေးဘဲ ပြောပါမယ်။ ( သူများတကာ နိုင်းတူးနိုင်း ၊ သရီးတူးသရီး စီးဖို့  ကြိုးစားနေ တဲ့အချိန်မှာ အဖေက ခေတ်နောက်ပြန် ဆွဲ ခဲ့ပါတယ်။ကားတွေ စုတ်လေ သူကြိုက်လေ ပေါ့ ။ဒါမှ ကားတွေကလိရင်း သူ့ အချိန်တွေ သူဖြုံးလို့ ရမှာလေ )
သူများ အဖေတွေ လို စာတွေပေတွေ ဖတ်တာ ရေးတာ တွေ မလုပ် ။ ဝါသနာ ပါပုံ မရပါ ။ စန္ဒရားချစ်ဆွေ နဲ့  မာမာအေးသီချင်းတော့ အလွန်ကြိုက်တယ် ။ (သူ ဝယ်လာပေးလို့  အဲဒီအချိန်က ခေတ်စားတဲ့  မင်းမင်းလတ် ရဲ့  ကပ္ပလီ သီချင်း ကို စပြီးကြားဖူးရတာ ။ ဝူးဝါး ဝူးဝါးနဲ့  ဘာတွေ ဆိုနေမှန်း မသိတာ ကို ဝူးဝူးဝါးဝါးကြိုက်တဲ့ အဖေ က ဝူးဝါး ဝူးဝါးလိုက် ဆိုတာ ခုပြန်တွေးတိုင်း ရီမိတယ် ။ အဲဒီအချိန်က အဖေ ပင်စင် မယူသေးဘူး ။ အကော်ဒီယံတီးလိုက် ၊ ပတ္တလားတီးလိုက် ၊ အကိုင်းရီကော်ဒါကြီးနဲ့ သီချင်းတွေ အော်ဆို လိုက်၊ အသံသွင်းလိုက် နဲ့ သူ့ အားလပ်ချိန်တွေ သုံးခဲ့တယ် )
အဖေ ဟာ စစ်သားဆိုတော့ သိပ်ပြီး ကဗျာ မဆန်လှပါဘူး ။ပင်စင်စား စစ်ပြန်တယောက် အနေနဲ့ ဘာတွေ လုပ်စရာ ရှိလဲ ။ တနေ့  တနေ့  တိုင်းရေး ပြည်ရေးတွေ နားထောင်လိုက် ၊ အလို မကျ ၊ အချိုး မကျတာတွေ ကြားရ မြင်ရ တာတွေကို တဗြစ်တောက်တောက် နဲ့ ရေရွတ်လိုက် နေလာခဲ့တယ် ။ စိတ်ဓါတ်ကျတာလည်း ပါလိမ့်မယ် ။ နောက်ပိုင်းတော့ သီချင်း ဆိုတာ၊ တီးတာ၊ကတာတွေ သိပ်မလုပ်တော့ပါဘူး ။ တခါတရံ သူ့ သူငယ်ချင်းတွေ တွေ အိမ်လာတယ် ။ များသောအားဖြင့်တော့ သူက သူငယ်ချင်းတွေဆီ သွားတယ် ။ ပြောကြဆိုကြတာတွေ ကတော့ ထုံးစံ အတိုင်းပေါ့ ။ ဖြစ်သင့်တာတွေ မဖြစ်လာတော့ မကျေနပ်ချက်တွေ ရေရွတ်တာဟာ ၊ မနက်အိပ်ယာထ နဲ့ ည အိပ်ယာဝင်အမြဲ ရွတ်တတ်တဲ့ ပရိတ်တော်တွေရဲ့ အခေါက် အရေအတွက်ထက် ပိုများ လာခဲ့တယ် ။သူ့ မွေးရက် ဗုဒ္ဓဟူးညတိုင်း ရွှေတိဂုံ ဘုရားပေါ်တက် ။ တရားထိုင်တာ ကတော့ မပျက်ခဲ့ပါဘူး ။ ကျိုက်ထီးရိုးဘုရားပေါ်မှာ သူတို့  အဖွဲ့ က စပြီး ဆီမီးကိုးထောင်ပူဇော်ပွဲ ကို အစဦးဆုံး လုပ်ခဲ့ ကြတယ် ။နောက်ပိုင်းတနှစ်တခါလုပ်ကြတယ် ။ သူမွေးနေ့ ဆိုရင်တော့ ကန်တော်လေးမှာရှိတဲ့ လူအိုရုံ၊ နဲ့ အရူးထောင် ( အရင် ကမ္ဘာအေး အလွန် က စိတ္တဇ ဆေးရုံ အဟောင်း ။ ခုတော့ ဟို လူ အရူး ထက်ဆိုးတာတွေ အပိုင်သိမ်းယူ ထားပြီ ) မှာ ရှိသမျှ အရုးတွေ အတွက် တနေ့ စာ ထမင်းထုတ် တွေဝေတယ် ။အရူးတွေကို ကျွေးရတာဟာ အကောင်းတွေကို ကျွေးရတာထက် ပိုစိတ်ကြည်နူးစရာကောင်းတယ် တဲ့လေ ။ ဒါက မှတ်မိသလောက် အတို ချုပ်ထားတဲ့ သူ့ ဘဝဇာတ်ကြောင်း လေးပါ ။
ကားစုတ်တွေ နဲ့ ဘာတွေလုပ် ....
ဆက်ရန် အကြောင်းက ခုမှ ရောက်တယ် ။ ကားနှိုက်တာ ဝါသနာပါတဲ့  အဖေတယောက် အဲဒီအချိန်မှ စပြီး လက်စွမ်းပြတော့တာပါဘဲ ။ ကားစုတ်တွေ တစီးပြီး တစီးဝယ် တယ် ။ အကောင်းဝယ်ရင်လည်း သူ့ လက်ထဲရောက် တော့ ပျက်တာဘဲလေ ။ ဒီတော့ သူက အရည်အချင်းထက် အရေအတွက်ကို ဦးစားပေးလိုက်တယ် ။ ဘာလို့လဲ ဆိုတော့ စဉ်းစားကြည့်ကြပါ ။ မြန်မာပြည်မှာ နေသူတွေ သိကြမှာပေါ့ ။ မြန်မာငွေ ကျပ် တစ်သိန်း ကို တပတ်ရစ် ၊ နှစ်ပတ်နွမ်း၊ ကား ၃- ၄ စီးရတဲ့ခေတ် မှာလေ ၊ ဓါတ်ဆီဈေးက အစိုးရဈေး ၃ကျပ် ၅၀ ပြား ။ ကြိုက်တဲ့ ဆိုင်မှာ ကြိုက်သလောက်ထဲ့ ၊၊ ဒီတော့ လူတွေကလည်း တကယ်လိုတဲ့ အချိန်မှာ မှ လိုသလောက် နေရာ မရွေး ဆိုင်မရွေး ကြုံ သလို ထဲ့ သုံးနေကြတာပေါ့ ။ သူ့ ဟာနဲ့သူ အဆင်ပြေနေကြတာဘဲ ။ ဘယ်သူ မှ ဒုက္ခ ခံ ပြီး ဓါတ်ဆီတန်းစီ တိုးစား တာ လုပ်မနေကြပါဘူး ။အဲဒီ အချိန်မှာ တကယ်စားလို့ ရတဲ့ မုန့်ဟင်းခါးတပွဲ က ၁ကျပ် မရှိသေးဘူး ။
နောက်တော့ ဓါတ်ဆီတွေ ကို ခွဲတန်းနဲ့  အကန့်အသတ်လုပ်ပြီး ထုတ်ပေးတာ တို့  ။ ကိုယ့် သက်ဆိုင်ရာ ဆီဆိုင်မှာဘဲ ကိုတာ နဲ့ ထုတ်ပေးတာတို့  ။ ဆီထုတ်တဲ့ စာအုပ် စနစ်တွေ နဲ့  ဖြစ်လာတယ် ။ ဒီတော့ ဒီလို လိုသလောက်မရတော့တဲ့ ဆီတွေကို သုံးဖို့  မလောက် မငှ ဖြစ်သူတွေ က ဘယ်လို လုပ်ကြမလဲ ။ပိုနေတဲ့သူတွေ ဆီက ပြန်ဝယ်ပြီး သုံးရတော့တာပေါ့ ။နယ်ကားတွေ ခရီးဝေး သွားနေရတဲ့ ကားတွေ ဆို ပိုဆိုးတယ် ။ ဒီမှာတင် ရောင်းသူ နဲ့ ဝယ်သူ လူတန်းစား တမျိုး ဖြစ်ထွန်းလာခဲ့ တယ်။ ကြားထဲက အရောင်း အဝယ် လုပ်ဆောင်ပေးတဲ့  ဝယ်ရောင်း ဆိုင်များ (မှောင်ခို ဆိုင်များ ) အလျှို လျှို ပေါ်ပေါက်လာကြတယ် ။ ထုတ်ဈေး ၃ကျပ်၅၀ ပြား ကို အပြင်ပေါက်ဈေး(မှောင်ခို ဆိုင်သွင်းဈေး) ၂၅ ကျပ်လောက် ရတော့ အဖေလည်း ဈေးတွက် တွက် တတ်လာတယ် ။
ကားတစီးကို တရက် ၄ ဂါလံ ရတော့ သူ့ မှာရှိတဲ့ ကားစုတ် ၃-၄ စီးနဲ့  အဆင် ကိုပြေလို့လေ ။တနေ့  တနေ့  ဆီတွေ ထဲ့လိုက် ၊ ထုတ်ပြီးရောင်းစားလိုက် နဲ့  ပျော်နေလိုက်သေးတယ် ။ သူပျော်ပေမဲ့ သူ့ သမီးတတွေ က မပျော် နိုင်ပါ ။ မုန့် ဟင်းခါးစား ကားတွန်း ရတဲ့ အပြင် ၊အလုပ်တခု ပိုလာလို့ ပါ ။ တခါတလေ သူ ဆိုင်မှာ သွားမသွင်းနိုင် လို့ တိုင်ကီမဆန့်တော့ဘူး ဖြစ်နေတဲ့ အခါ ကားဂိုဒေါင် က ပုံး အလွတ်တွေ ထဲ စုတ်ထဲ့ ၊ ပြောင်းထဲ့ရတော့တာပေါ့ ။ အဲဒါတွေ ပါ သူ့ ချစ်သမီးလေးကို ခိုင်းပါလေရော ။တခြား သမီးတွေကို ဘာလို့ မခိုင်းတာလဲ မပြောတတ်ပါ ။ မျောက်လို ဆော့တဲ့  စပ်စု တဲ့  ကိုယ်တယောက်သာ သူ ဓါတ်ဆီ စုတ်နေတာကို စိတ်ဝင်တစား သွား သွားပြီး ကြည့်နေတတ်တာကိုး ။
တရက်မှာတော့ ဒီလို ဆီစုတ်တဲ့ ပညာရပ်ကို သင်ပေးပါတော့တယ် ။ ခက်ချေပြီ ။ ၃ တောင်လောက်ရှည်တဲ့ ပလပ်စတစ်ပိုက်ပျော့ တချောင်းကို ဆီတိုင်ကီထဲ ရောက်အောင် ဘယ်လို သွင်းရလဲ ဆို တာက အစ ။( ဂျစ်ကားတိုင်ကီက အပေါက်ဝ ကျယ်တယ် ။တိုပြီးဖြောင့်နေလို့  အထဲမှာ ရှိတဲ့ဆီ ကို အတိုင်းသားမြင်နေရတယ် ။ ဂျပန်ကားကတော့ အရစ်ရှည်သလားမပြောနဲ့ ။ ဆီတိုင်ကီထဲ သွားတဲ့ ပိုက်ကို ရှည်လျား လိမ်ဖယ်အောင် တည်ဆောက်ထားပြီး ဇကာတွေပါခံထားတော့ ရိုးရိုးသွင်း လို့မရဘူး ။ အလိုက်သင့်လေး လိမ်ပြီး လှည့်ပြီး သွင်းရတယ်) ။ ပြီးတော့ ဆီရှိနေတဲ့ နေရာထိ ပိုက်လုံးရောက် မရောက် ၊ လေခို မခို မှုတ် ကြည့်ရသေးတယ် ။ အိုကေပြီဆိုမှ အားနဲ့စုတ်ရတာ ။ ဘယ်သိမှာလဲနော် ။ အရှိန်လွန် သွားလို့  ဓါတ်ဆီတွေ ပါးစပ်ထဲ ရောက်ကုန်တာလည်း အကြိမ်ကြိမ် ။ အဲလို အချိန်မျိုးဆို တရက်လုံး ဆီနံ့ တွေ နဲ့ အော်ဂလီဆန်ရောပဲ ။ (အဟဲ .. ခုတော့ ဒီလို မျိုးဘဝလေး ပြန်ရချင်မိပါသေးတယ် ။)။ ကားတစီးမှာ အင်ဂျင်ဘယ်လို လည်တာ ၊ ဆီပျောက် မီးပျောက် ဘယ်လို ရှာရတာ ၊ ကာဗရိုက်တာ ဘယ်လို အုပ်ရတာ ၊ ဂေါက်တံ ဘယ်လိုလှည့်ရတာ ကအစ သူတတ်သမျှတွေ ကြုံရင် ကြုံသလို ပြောပြတတ်သေးတယ် ။တခါတလေလည်း စိတ်လိုလက်ရ နားထောင်ပေးပါတယ် ၊ များသော အားဖြင့်ကတော့ ဒါတွေ စလာရင် ထွက်ပြေးဖြစ်ခဲ့တယ် ။ လူကိုများ ကားပြင်စားမယ် မှတ်နေလား မသိပါဘူး ဆိုတဲ့ အတွေးနဲ့လေ ။ ခုတော့လည်း ပြန်စဉ်းစားမိတာက ဘယ်အရာ မဆို သိထား နားလည်ထားသင့်တယ် လို့ ။ ဒါမှ လိုတဲ့  အချိန် အသုံးချလို့ ရမှာပေါ့ ၊ ပြီးတော့ နားမလည် ပါးမလည်နဲ့  သူများရဲ့  အလိမ် ခံရ၊ အညာခံ ရ တာ နဲမှာပေါ့ လို့  ။
တန်းစီတိုးစား လူအများ ခေတ်ကြီးမှာလေ ၊ အဖေ ပျော်သလို နေခဲ့ပါသေးတယ် ။ မနက်ဆို ဝုန်ဒိုင်းကြဲပြီး ကားစုတ်တွေကို နှိုး ၊ ပြီးတော့ ကျိုက်ကဆံ ကွင်းနားက ဆီဆိုင် ၂ ဆိုင် ရယ် ။ တာမွေ ဘာလမ်းလဲ မသိတော့တဲ့ နေရာရယ် မှာ တန်းစီပါတယ် ။ အဲဒီမှာ သူ့ လို ပင်စင်စား အဖိုးကြီးတွေ နဲ့ ဘော်ဒါတွေ ဖြစ်ပြီး သူ့ ကားကိုယ်တွန်းပေး ။ ကိုယ့်ကားသူ ဘီးလှိမ့်ပေး နဲ့ အချင်းချင်းယိုင်းပင်းကူညီရင်း(စက်နိုးပြီး မောင်းဝင်ရင် ဆီအပိုကုန်ကြမစိုးလို့  ၊ အဲ့ လို ချွေတာ ကြတာ ဒို့ မြန်မာတွေ) ၊ အလာပ္ပ သလာပ္ပ ( ဟို အကြောင်းတွေဘဲပေါ့) ပြောရင်း ၊ ရတဲ့ ကိုတာ ဆီလေး ပြေးရောင်းလိုက်ရင်းနဲ့  .......ပြန်သွားသွင်းတာ ဈေးပိုရတဲ့နေ့ ဆို ပြုံးဖြီးဖြီးနဲ့ အဖေ့ မျက်နှာ ။ဆီသွင်းလို့ရတဲ့ဈေးတွေက တနေ့ တခြားတက်လာပါတယ် ။ ဒါပေမဲ့ နောက်ပိုင်းတော့ သူမပျော်နိုင် မပြုံးနိုင်တော့ပါ ။ အမေ့ကို သူပြောတဲ့ စကားတခွန်း ။ သူ့ သူငယ်ချင်း (လက်ရှိတွေရော . လက်ပြုတ်တွေ ရော )နဲ့ နေ့ တိုင်းလို တွေ့ ကြ ။ ပြောကြ နဲ့ ဆိုတော့ သတင်းစုံတယ် ပေါ့ ....
"ဓါတ်ဆီဈေးတက်တယ်၊ တခြားဈေးတွေ အဆမတန် လိုက်တက်တယ် ။ သိပ်မကြာခင် ဒီတိုင်းပြည် တခုခုဖြစ်လိမ့်အုံးမယ် ။ အိမ်အတွက် ဆန်၊ ဆီ (စားတဲ့ဆီ) တွေ အနဲဆုံး ၄-၅ လစာ လှောင်ထားတော့ မိန်းမ ရေ .. " တဲ့ .၊
( စိတ်အထင်တော့ ၈၈ ခုနှစ် မတိုင်မှီ ကာလ ရှေ့  ၄- ၅ နှစ်လောက် ဖြစ်မယ် ။)
အဲဒီ အချိန်က စလို့  ဆန်သစ်ပေါ်တဲ့ အချိန်ဆို အမေ က သူ့ မိတ်ဆွေ ဆန်ဒိုင် ကို သွားပြီး ဘယ်နှစ်အိတ် ဆိုတာ တွက်ချက်ပြီးသကာလ အိမ်မှာ ပီပါ ပုံးကြီး ၂ ပုံးနဲ့ ဆန်လှောင်တတ်တယ် ။ ဒါကို သဘောမပေါက်တဲ့ ကိုယ်တို့ က အပို အလုပ်ရှူပ်တယ်ထင်ပြီး ဆန်ဝယ်လာတဲ့ နေ့  ၊ ပုံးထဲ ထဲ့တာ ဝိုင်းကူရတဲ့ အချိန်ဆို သိပ်မကြည်ဘူး ။ကစားနေတုံး ဇိမ် ပျက်တာကိုး ။ ပြီးတော့ နောက် တခါ အသစ်လှောင်တဲ့ အခါ အရင် အဟောင်းနဲ့  ပြန် လဲရ ။ထုတ်ရ ၊ သွင်းရ နဲ့  အတော် စိတ်ပျက် မိတယ် ။ နောက်တော့ မှ ဪ ..ဒါကြောင့်ပါလား ဆိုတာ သိလာခဲ့တယ် လေ ။။ ၈၈ ခုနှစ် ရောက်လာ ခဲ့ ပြီဘဲ ။ ဈေးတွေပိတ် ၊ ကျောင်းတွေ စက်ရုံ အလုပ်ရုံ ပိတ် ၊ မြန်မာပြည်ရဲ့  ယန္တယားကြီး တခုလုံး ကမောက် ကမဖြစ် ပြီး ၊ တတိုင်းပြည်လုံး အော်နေတဲ့ အချိန် ၊ စိတ်ပူတတ်တဲ့ သနားတတ်တဲ့ အမေ တယောက် သူ့ မိတ်ဆွေ တချို့  ။အမျိုးတချို့  အိမ်မှာ ဆန်ပြတ် ပြီး စားစရာ မရှိ ဖြစ်နေတာ သိ တော့ သူရှိတာ တွေ ဝေခဲ့ ပေးခဲ့တယ် ။ အဖေ့ အတွေး နဲ့ အတွက် က ကိုယ်တို့ ထမင်းမငတ်အောင် ကျေးဇူးပြုခဲ့တယ်ပေါ့ ။
ဒါတွေဟာ ကိုယ့် ဘဝ ငယ်စဉ် အစိတ် အပိုင်းတခု ထဲ က အဖေ နဲ့  ပင်စင်စား သူ့ ဘဝ နောက်ပိုင်း အချိန်လေးတွေကို သူချစ်တဲ့ တိုင်းပြည်ကို တွယ်ကပ်ရင်း ကုန်ဆုံးစေခဲ့တဲ့ အကြောင်းလေး တခုပါ ။
စဉ်းစားမိသလောက် တောင်စဉ်ရေမရ ရေးမိလို့ အစီအစဉ် မကျ တာ တွေ ဖြစ်နေပါလိမ့်မယ် ။
နောက်ပိုင်း ဆီဈေးတွေ ထောင်ဂဏန်းထိ မပြောမဆို ရုတ်တရက်ကြီး အဆမတန် မြှင့်တက်လိုက်လို့ ၊ လူတွေ ကားမစီးနိုင်တော့လို့  လမ်းလျှောက်ကြရင်း တိုင်းပြည်ကြီး နောက်တကြိမ် ကမောက်ကမ ဖြစ်ရတဲ့ အချိန်တွေမှာ သူ မရှိတော့တာ ကိုကပဲ သူ့ အတွက်ခပ်ကောင်းကောင်းဖြစ်ပါလိမ့်ဦးမယ် ။
အစိုးရရောင်းဈေး တဂါလံ ၃ကျပ်၅၀ ပြား ကနေ မြင့်တက်လာတဲ့ ဈေးနှုန်း နဲ့  အချိန် အပိုင်းအခြားအလိုက် သိချင်ကြရင်ဖြင့် အောက်မှာ ဆက်ကြည့်လို့ရပါတယ် ။
အတိုချုပ်လေးပါ ။ ရှည်လျားစွာဖတ်ချင်ရင်တော့ ဒီနေရာ လေးမှာ ကြည့်ပေါ့နော်
..........................................................................................................................
လောင်စာဆီဈေး တဂါလန် ၅၀၀ မြင့်တက်
မေကျော်
ကြာသပတေးနေ့၊ စက်တင်ဘာလ 10 ရက် 2009 ခုနှစ် 18 နာရီ 39 မိနစ်
ပြင်ပပေါက်ဈေး ကျဆင်းသော်လည်း စစ်အစိုးရ လောင်စာဆီ အရောင်းဆိုင်များက ဈေးနှုန်း ပြောင်းလဲခြင်း မရှိဘဲ ရောင်းချနေခြင်း ဖြစ်သည်။
အစိုးရက စက်သုံးဆီဈေးကို ၂၀၀၅ ခုနှစ်က လောင်စာဆီ တဂါလန် ၁၆၀ ကျပ်မှ ၁၅၀၀ ကျပ် သို့ရုတ်တရက် ဈေးနှုန်းမြှင့်လိုက်ပြီး ၂၀၀၇ ခုနှစ်တွင် တဂါလန် ၁၅၀၀ ကျပ်မှ ၃၀၀၀ ကျပ် သို့ တရားဝင် မကြေညာဘဲ ဈေးနှုန်း ထပ်မြှင့်ခဲ့သည်။
ယင်း ၂၀၀၇ ခုနှစ်က လောင်စာဆီဈေး ရုတ်တရက် မြှင့်တင်လိုက်ခြင်းကြောင့် ကုန်စည်ဈေးနှုန်းများ မြင့်တက်သွားပြီး ပြည်တွင်းခရီးသွားလာရေး ကုန်ကျစရိတ် မြင့်တက်သွားသဖြင့် ၈၈ ကျောင်းသားခေါင်းဆောင်များ ဦးဆောင်သည့် လမ်းလျှောက်ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာ သံဃာ့လှုပ်ရှားမှု အဆင့်သို့ ကူးပြောင်းသွားခဲ့သည်။
............................................................................................................................................
( အဖေ မုန့် ဟင်းခါး ကျွေး ရ ခြင်း အကြောင်းရင်းများ ဒီလောက်ဆို သဘောပေါက်ကြပါလိမ့်မယ် )
►Posted by
:kiki
:
at
9/13/2009 01:00:00 AM
Subscribe to:
Post Comments (Atom)
45 comments:
၁ကွ
၂ကွ
၃ကွ
လေးဂွ
၅ကွ
၆ကွ
၇ကွ
၈ကွ
၉ဂွ
၁၀ကွ
၁၁ကွ
၁၂ကွ
ဟီး
ဆဲခံထိတော့မှာပဲ
ချိတ်ချိုးကြပါနဲ့ဗျာ
သောင်းကျန်းဖူးသည် ရှိအောင်ပါ :P
ခုတောင် အိမ်ပြန်ရောက်ရင် သောင်းကျန်းသူ
လုပ်မလားစဉ်းစားနေတာ :P
ဘလော့ဂါရုံးတော့ လိုက်ပြီး ဝန်ခံကတိမထိုးနိုင်ပါဘူးနော်
မကျေနပ်ရင်လည်း ထိပ်တုံးလောက်ခတ်ဗျာ
၈၈တုန်းက တပြည်လုံးဒုက္ခရောက်ကြရတယ်
နယ်မှာဆို ကားမှောက်တာ လူတွေအကုန်သေတော့ အနားမှာရှိတဲ့ရွာက
လူသေအလောင်းတွေဖယ်ပြီး သွေးတွေနဲ့ရွဲရွဲစိုနေတဲ့ ဆန်တွေကို ရေဆေးပြီး
စားခဲ့ရတာ
ညလည်းရောက်ရော ငါ့ဆန်ပြန်ပေး
ငါ့ပစ္စည်းပြန်ပေးဆိုပြီး လာအော်ကြတာ
တရွာလုံးကျွတ်သွားဖူးတယ်
ကြားဖူးတာလေးပါ
awww နာ ၁ မှတ်ပါတယ် ဖေသားကြီး ကောင်စီရုံးလာခဲ့ လက်မှတ်လာထိုးပါ ဒါပဲ ဟွင်းးးးးးးး ကျေနပ်ဖူးးးးးး
ကိကိရေ ဖတ်သွားပါ၏ ခိခိ စားလိုက်ပါ မုန့်ဟင်းခါး ထုတော့လဲ လွမ်းနေပြီပေါ့ဟုတ်လား အဲ မုန့်ဟင်းခါးဆိုမှ တကယ်စားချင်လာပြီ ကိရ ဟားဟားးးးးးးးးးးးး
ထော်နဲ့တော့ ပြန်ပြီ သိလား ချိတ်နာဒယ် ဖေသားကြီး တတိကြပ်ကြပ်ထား ဟွန်းးး ဒါပဲ ပြောမယ်ပြန်ပြီ ဒုန်းးးးးးးးဒုန်းးးးးးးးးးးးးးးးးးး
အော် ၂၀ တောင်ဖြစ်သွားပြီနော် ဟိဟိ ဂယ်ပြန်တော့မယ်တိရား မကိ ဟိဟိ
ပို့စ်ကို ဆုံးအောင် မဖတ်မိပါဘူး ကားတွေကတော့ ကြည့်သွားတယ်။ ထော်လာကြီးပဲ ၀ယ်စီးတော့မယ် ရွာမှက သူနဲ့ မှ အဆင်ပြေမှာလေ
ခင်မင်လျက်
သူလဲခေသူမဟုတ် ကားစုတ်တွေ ဓါတ်ဆီတွေအကြောင်းရေးရင်းနဲ့ တော်လှန်ရေး လုပ်သွားတာကိုး ... ကောင်းမှကောင်း
အပို့ကြီးက ရှယ်ပဲအေ.... အစပိုင်းလေ ဖတ်တာတောင် ရင်လှပ်လှပ်နဲ့... ဟိဟိ... (ရီချင်တာလေ...)
အောက်ကို... မောက်ကို ကရိကရိ ဆိုပြီး... လှိမ့်ချလိုက်တော့....
ကော်မန့်တွေကြည့်ပြီး... အော်ရီ ပလိုက်တယ်... ငါကွ..
ပြီးမှ... ကိကိအဖေ မုန့်ဟင်းဂါးတွေ ပြန်ဖတ်အူးမယ်... ဟေးဟေး.. ဂနေ့ညတော့ ပါးစပ်ကြီး ရီဖြဲဖြဲနဲ့ အိပ်ရတော့မယ်... ဇီကြိရေ... ကျေးဇူး... တယ်ဂျင်း.....
ဆောတီးအေ... စာလုံးဘောင်းတွေ မှားနေတယ်... ဇီဝကိ လို့ပြောတာ...
ဂနေ့တော့ နင့် အပို့ ရွာသူကပ်ပြီ... ကော်မန့်တွေဖောချင်းသောချင်းဖစ်ကုန်ပြီ....
သားကြီး..... နိုင်ငံတော်ကောင်စီရုံးမှာ... လဘက်ရေဘိုးလာပေးပါတဲ့.... လူကြုံမှာလိုက်တယ်....
ကိရေ
ကိဖေဖေနဲ့ထပ်တူထပ်မျှတူတဲ့ အဘိုးတစ်ယောက်ရှိခဲ့ဘူးတယ်...
ကားစုတ်လေးတွေအမျာကြီးဝယ်လို့ ဆီထုတ်စားတာလေ...
သူကတော့ သူ့ကားတွေကို နွားမတွေတဲ့လေ
အချိန်တန် နို့ညှစ်ရောင်းရုံပဲတဲ့....
နှင်းလဲ ကိလိုပဲ ငယ်ငယ်တုန်းက မုန့်ဟင်းခါးမကြာမကြာစားခဲ့ရတယ်...
အဘိုးက စက်ပြင်အင်ဂျင်နီယာဆိုတော့
ဘွိုင်လာ ဝတ်စုံကြီးဝတ်လို့ တချိန်လုံး ကားတွေကို ကလိနေတတ်တာလေ....
ခုတော့ ဒီပို့စ်လေးဖတ်ပြီး မရှိတော့တဲ့ အဘိုးကိုလွမ်းသွားပီ...
နှင်း
၇ယ်၇တယ်...ဖွားကိ အဖေနဲ့ နေ၇တာ တော်တော် ပျော်စ၇ာ ကောင်းမှာနော်....
ငယ်ငယ်က...
ဖေဖေလည်း သူ့ ကားကို နီု့ ညှစ်ရောင်းတော့
တို့ လည်းကိကိလိုဘဲပါးစပ်ထဲဓါတ်ဆီဝင်ပြီး
ထမင်းမစားနိုင်တောင်ဖြစ်တယ်...
အားးးးးးးးးးးး
တားဂျီး နဲ့  ၀က်စုတ်
ထိပ်တုံးခတ်မယ်။
တော်တော် ကဲနေကြတယ်ပေါ့လေ။
မာမီကိရေ...သမီးကြီးကို နေရာမပေးဘူးဟင့်ဟင့်
သူတို့ကို မြန်မြန်ဆင်းခိုင်းပါ။ ဟင့်ဟင့်
ဆီဈေးတက်တာ သူတို့ ကြောင့်၊ ဆန်ဈေးတက်တာ သူတို့ကြောင့်၊ အကုန်ဒုက္ခရောက်နေရတာသူတို့ကြောင့်၊
သဘာဝဘေးအန္တရာယ်တောင် အမြင်ကတ်လို့ ၀င်မွှေတာ သူတို့ကြောင့်။ သူတို့ကို မြန်မြန်ရှင်းပေးပါ။ ဟင့်ဟင့် တားကြီးနဲ့ ဝက်ကိုပြောတာနော်။ တလွဲမတွေးကြေးးးးးဟေးးဟေးး
မုန့် ဟင်းခါးချားမယ်။။။
အဲ့လိုပဲ စိမ်းဖေဖေလည်း သိပါဘူး တစ်ခါတစ်လေ သူတို့ကို လိုက်မမီဘူး ဟား ဟား ...
ဖွားကိရေ... တံတားလေးက ရွာသာကြီးကို ပြောင်းသွားတာဗျ..
လိုအပ်ရင်ပြောနော်။ သေချာလမ်းညွှန်ပေးမယ်။
အပေါ်က ကိုသားကြီးကိုလည်း မေးကြည့်အုံး.။ အဖော်လေး ဘာလေး ခေါ်သွားလို့ရအောင်.. ပီ..ပီ..ပီ..
yu ya
အဖေ့အကြောင်း ကားတွေအကြောင်း
ဓါတ်ဆီဈေး အကြောင်း
ရှေးဟောင်းနှောင်းဖြစ်တွေ အကြောင်း
ကိကီ က ပေါ့ပေါ့ပါးပါး ရေးထားပေမဲ့
ဖတ်သူကတော့ ဆွေးဆွေးမြေ့မြေ့ ဖတ်သွားပါတယ်
မကိ ရေ
ကားဟောင်းလေးတွေက လွမ်းစရာလေးတွေကွယ်.... လာဖတ်ပြီးလွမ်းသွားတယ်... အဖေရယ်... ကားဟောင်းလေးတွေရယ်... မုန့်ဟင်းခါးရယ်
ဒီတစ်ခါတော့  ကျွန်တော်တကယ်အဝီစိေ၇ာက်သွား
ပြီဗျို့ ..။ အပေါ်ဆုံးက ကိုသားကြီးက ဘယ်အချိန်
ထဲက ကွင်းထဲမှာ အုတ်ခဲ လာချ ထားလဲမသိဘူးဗျာ။
မထူးပါဘူး နောက်ဆုံးဆိုလည်း နောက်ဆုံးပေါ့
၃၆ ကွာ
သုံးဆယ့်ခွန်နှစ်မင်း နတ်အဲ့ချင်းတဲ့ 
၃၇ ထပ်ယူတာဘာဖြစ်လည်းနော်
၃၈ ထပ်ယူတော့ရော ဘယ်သူ့ လာပြောမှာမှတ်လို့ 
ကိုယ့်အမအိမ်ပဲဟာ နော်
လာပြောရဲပြောကြည့် ငမူးနဲ့ တွေ့ သွားမယ်
မကျေနပ်ရင် လာလေ အရက်တိုက်မယ်လို့ ပြောမလို့ ပါ
၃၉ လေးလည်းမဆိုးပါဘူး
ဂျစ်ကားလေးတွေ တော့ကြိုက်တယ် အမား
အင်း နောက်ထပ် ယူရင်ကောင်းမလား
ဓါတ်ဆီတွေ တစ်ကယ်ပဲ ၃ ကျပ် ၅၀ ပြားပဲလား
အံေ၇ာ တိုးတက်လာလိုက်တာ ဓါတ်ဆီဈေးတွေ
ကုန်ဈေးနှုန်းတွေ ။
အင်း နောက်ထပ်တိုးတက်တာလည်းရှိသေးတယ်
ဘတ်စ်ကားတွေ တိုးပြီးစီးရတာလေ
တိုးတက် မှနေရာကောင်းရမှာလေ
တိုးတက်တဲ့အထဲမှာလည်း ပါတယ်
အင်း ပြန်မကျပါစေနဲ့ ဆုတောင်းနေရမယ်
တစ်ခြားနိုင်ငံမှာ မှ မရှိတာကိုနော်
ဒါလေးတိုးတက်တာကိုပဲ ဂုဏ်ယူရမယ်
အဲ့  အမား ရေ လေးဆယ့်တစ်ပါ ယူသွားတယ်
ဘာမှဟုတ်ပါဘူး
ပြောစရာမရှိတော့ဘူးလို့ 
လေးဆယ့်နှစ်နဲ့  နှစ်သိမ့်လိုက်တော့မယ်
ဒီဘလော့ကနေရာလုပြိုင်ပွဲများကျင်းပနေသလား???
မုန့် ဟင်းခါးလည်းမစားနိုင်တော့ဘူး၊ လက်နာလို့ ပြန်ပြီ အမရေ... ။ အိမ်ပြန်ဆားချက်ရအုံးမယ်။ ဘိုင့်
ဗြဲ.................
မမကိကိ အဖေကြီးက ချစ်ဖို့ကောင်းလိုက်တာ တစ်ယောက်တည်းတွေ အလုပ်ရူပ်နေတာကို မြင်ယောင်သွားတယ် ဟိဟိ ဓာတ်ဆိစုပ်နေတဲ့ ကိကိကို မှန်းကြည့်သွားတယ် ဟိဟိ
တို့အဖေလဲ အဲလိုပဲတော့။ ပါးစပ်ထဲ ဓါတ်ဆီမ၀င်အောင် စုပ်တတ်တယ်။ နောက် ကားတွေ ကလိတာလဲ တူတယ်။ အင်ဂျင်တောင် ကိုယ့်ဖာသာ ကိုင်တယ်လေ။
Post a Comment