ဒီနေ့  ၂၀၀၉ ခုနှစ် စက်တင်ဘာ ၁၁ ရက် ညနေက ထိုင်ဝမ် နိုင်ငံရဲ့ အရင် သမ္မတဟောင်း 陳水扁(Chen ShuiBien) နဲ့ သူ့ မိန်းမ 吳淑珍 (Wu Sue Cheng) တို့ ကို နိုင်ငံတော်ပိုင် ငွေများ (ခန့် မှန်းခြေ TW$ 19 ကုဋေ = US$ 6 ကုဋေ ကျော် )အလွဲသုံးစားပြုမှု ကြောင့် တရားရုံးမှသူတို့ နှစ်ဦးကို ထောင်ဒါဏ် လွတ်ရက်မရှိ (တသက် တကျွန်း ) နှင့်  ဒါဏ်ငွေ ၂ ကုဋ္ဋေ နဲ့  ၃ ကုဋေ စီ ချမှတ်လိုက်ပြီ ဖြစ်ပါတယ် ။
ဒီ အမှု ကြီးမှာ တသီတတန်းကြီး ပါဝင် အလွဲသုံးစား ခဲ့ကြတဲ့ သူ့ သား ၊ ချွေးမ ၊ သမီး ၊ သားမက် နှင့် စားဖက်တော် အပေါင်း အသင်း ရောင်းရင်း တို့ ကို လည်း ထောင်ဒါဏ် ငွေဒါဏ် တွေ အသီးသီး ချမှတ်လိုက်ပါတယ် ။သူတို့သားကြီး သြသရ က ထောင်ဒါဏ် ၂နှစ်၆လ အပြင် ဒါဏ်ငွေ ၁.၅ ကုဋေ ။ ချွေးမ က ထောင် ၁နှစ်၈လ နှင့် ဒါဏ်ငွေ ၁.၅ ကုဋေ ၊ နောက်တမှု အတွက် ဒါဏ်ငွေ ၂ကုဋေ နဲ့ ထောင်၅နှစ် ။ သမီးနဲ့ သားမက်ဆရာဝန် လင်မယား တို့ ကိုလည်း ထောင်၊ငွေဒါဏ်တွေ ချမှတ်လိုက်ပါတယ် ။
ဒီသမ္မတရဲ့  first lady ကတော်ကြီး ကိုယ်တိုင်က အောက်ပိုင်းသေနေလို့ ဘီးတပ်ကုလားထိုင်နဲ့  လှုပ်ရှား သွားလာနေရတာ ၁၀နှစ်ကျော်ကြာ ရှိပေမဲ့အတော်လေးကို သြဇာရှိခဲ့ ပါတယ်။ အမျှော်အမြင်ကြီးစွာနဲ့  စွမ်းဆောင်နိုင်ခဲ့ပါတယ် ။အာဏာသုံးတော့ ငွေဖြစ်တယ် ၊ငွေကိုထပ်ပွားအောင်လုပ်တဲ့နေရာမှာလဲ သူမတူအောင်လှည့်နိုင်တဲ့  မျက်လှည့်ဆရာတွေ တောင် လက်ဖျားခါရလောက်ပါတယ်။ ဒီလိုနဲ့  ပထမလေးနှစ် သက်တမ်းပြီးတော့ ဒုတိယလေးနှစ်အတွက် ဗိုက်ကိုသေနတ်အပစ်ခံပြီး နိုင်ငံရေးလှည့်ကွက် တွေထွင်ပြီး အတိုက်အခံပါတီကို နှာတဖျားနဲ့ အနိုင်ယူ ခဲ့ တာလဲ ရာဇဝင်တင်လောက်ပါပေတယ်။
ရေစီးတခါ ရေသာတလှည့် . ၊ အတက်ရှိရင် အကျရှိရတဲ့ လောကဓမ္မတာကို ဘယ်သူမှ မရှောင်လွှဲနိုင်ကြပါဘူး။ ဒီလိုနဲ့  အချိန်တန် နပိန်ကန်ချိန်ရောက်တော့ ဆက်ပြီးအရွေးခံခွင့် မရှိတော့တဲ့ ဒီမို နိုင်ငံ အစဉ်အလာအရ ၂၀၀၈ခုနှစ် မေလ မှာသမ္မတရာထူးမှ ထွက်ချိန်တန်လာခဲ့ ရတဲ့နောက်ပိုင်း ၂၀၀၈ ခုနှစ် နိုဝင်ဘာလ မှစပြီး ဒီသမ္မတ ဟောင်းကို ဥပဒေ အရ စတင်စစ်ဆေးခဲ့ ပါတယ် ။ သူကိုယ်တိုင်က ဥပဒေဆိုင်ရာ နဲ့ ဘွဲ့ ရထားခဲ့သူမို့  ဘယ်လိုနည်းနဲ့  လက်တလုံးခြား လှည့်စားရမယ်ဆိုတာ နောကျေ ပြီးသားမို့  သူ့ ဖက်က ကြိုတင်ပြင်ဆင်မှု ၊ သက်သေခံ အထောက်အထားတွေ ဖျောက်ဖျက်ထားမှုတွေကြောင့် အမှု စစ်တဲ့အခြေအနေ ဟာ အလွန် ရှုပ်ထွေး ခက်ခဲ ခဲ့တာပါ ။ ပြီးတော့ ညဏ်နီညဏ်နက်များတဲ့ သူဟာ အချုပ်နဲ့ အမှုစစ်နေစဉ် ဒီ ၁၀ လ ကျော်အတွင်းမှာ ၄ ကြိမ်မျှ အစာငတ်ခံ ဆန္ဒပြခဲ့ပြီး လှည့်စားခဲ့ပါသေးတယ် ။
ဒီ သမ္မတနဲ့  ဆွေမျိုး အပေါင်းအဖေါ် တသိုက် ဟာ ၈ နှစ်တာ ကာလ အတွင်း တိုင်းပြည် ရဲ့  ဘဏ္ဍာတော်ငွေတွေ ကို စားနည်းပေါင်းများစွာ နဲ့  မတရား စားသုံးခဲ့လို့  ခုတော့ စားပိုး နင့် ရပြီပေါ့ ။
世紀大審 扁珍皆無期徒刑
更新日期:
2009/09/11 16:07編輯中心
လွတ်လပ်ပြီး တရားမျှတ တဲ့  နိုင်ငံတွေ မှာ ဥပဒေ အထက်မှာ ဘယ်သူမှ မရှိရဘူး ဆိုတာ အမှန်တကယ် ဖြစ်ကြောင်းသက်သေပြလိုက်တာပါဘဲ ။( အဆင့်ဆင့် အယူခံမှုတွေတော့ ရှိအုံးမှာပေါ့ လေ)။
ကိုယ်တို့ ရွှေပြည်ကြီးမှာ ခုလောလောဆယ်တော့ တရားဥပဒေ ကို မတရားတဲ့သူများက ဂုတ်ခွစီးပြီး လိုသလို ခိုင်းနေဆဲဘဲ မို့  ဘယ်တော့များမှ ......
မချင့်မရဲ နဲ့  သက်ပြင်းခါခါ ချမိပြန်ပါပြီ ။။
►Posted by
:kiki
:
at
9/11/2009 09:01:00 PM
Subscribe to:
Post Comments (Atom)
18 comments:
ဖွားကိရေ..စိတ်လျော့..စိတ်လျော့.. ဟီဟိ..။
yu ya
အမားရေ ဝိတ်လျော့ဝိတ်လျော့
အဟီး ဆိုင်လားသိဘူး
ကိကီရေ တိတ်တော့် တိတ်တော့...
(ငိုနေရင်ပြောတာပါ...)
းဝ)
တို့နိုင်ငံမှာ ခုံရုံးတင်မယ်ဆိုရင်တော့ သက်သေခံပစ္စည်းတွေ ယူကျုမှာ ပြန်ရှာလို့ရတယ်...
းဝ)
ခင်လို့ သတိပေးရဦးမယ်...
ဗိုက်တော့ သေနပ်နဲ့ အပစ်မခံပါနဲ့...
သွေးရဲရဲသံရဲရဲ မမြင်ရက်လို့ပါ...
းဝ)
တခါထဲ အဆိပ်ခွက်မော့လိုက်ရင် တော်သေး...
ဟေးဟေး...
းဝ)
အမ ..စားပိုးနင့်လို့ အိပ်မရသေးဘူး။ လုပ်အုံး၊ စားတာတွေများသွားတယ်ထင်တယ်။း)
ဇီဝကိရေ..... ဖတ်ရတာ ဝမ်သာလိုက်တာအေ......
အဲလို မျို လုပ်စာတဲ့သူတွေ... အဲလိုမျိုပဲဇတ်သိမ် ပါစေအေ..
ဟာဟာဟာ...... ဝစ်စပေါက် မရေကြေနော်...
ဖတ်ရတာ ပေါ့တော့တော့ ကြီနော်.....
ဟာ....
ဟာ...
ဟာ...
ရော် ဦးလူထွေးဂျီး သောင်းကျန်းသွားပါလားလို့ ဟိဟိ မကြီးမငယ်နဲ့ ကိရေ စိတ်လျှော့ကွယ် တူတို့ အလှည့်လဲဖြစ်လာမှာပေါ့ စောင့်ပါဦးလေ ဟိဟိ
ကိကိရေ
တရားဥပဒေကလည်း ဒီလူကြီး သောင်းကျန်းနေတုန်းကတော့ ငြိမ်နေတယ်။
မအယ်
လုပ်ရဲလို့ခံ ရကြပြီပေါ့ ကိ ရေ
တို့ဆီက လုပ်ရဲသူကြီးတွေလဲ ဒီလို ဖြစ်လာမှာတွေကြိုသိနေတော့ .. နေရာကကို မထတော့တာ ဟေ့..း)
ကိရေ
တရားဥပဒေ
???????
တို့မြန်မာတွေနဲ့သိပ်မရင်းနှီးတဲ့ အသုံးအနှုန်းဆိုတော့
အဘိဓါန် အကူအညီနဲ့ ဖတ်သွားတယ် ဟိဟိ...
ဘာမှမပြောသွားဘူးနော် နောက်တာ...
နှင်း
မျှော်လင့်ခြင်းများစွာနဲ့ပေါ့ .... မကောင်းမှုဟူသည် စိတ်ကွယ်ရာမရှိပါတဲ့ ။ အချိန်တန်သင့်ရင် တန်မှာပေါ့ အစ်မရယ်...
မမကီရေ့ .... ကျွန်တော်တို့ ဆီမှာ ဥပဒေဆိုတာ
ရေးဆွဲသူနဲ့ မဆိုင်ဘူးလေ၊သူတို့ ကရေးတော့ သူများ
တွေ အတွက်ဖြစ်သွားတာပေါ့ ၊ဘာပဲပြောပြော ရွဲ့ ပြီး
ပြောရရင် လူမျိုးခြားကျွန်လာပြုတာထက်စာရင်...
ကိုယ့် ဗမာ အချင်းချင်း ကျွန်ပြုနေတာပိုမကောင်းဘူးလားလို့ ။ဘော်ဒါကြီးအကြောင်းကတော့ အင်း...အရိပ်အမြွက်လောက်တော့  တွေးယူလို့ ရပါပြီ၊ဒီလောက်
ဆိုယင်.........။
အတူတူသက်ပြင်းချသွားတယ်
မမကိရေ
ရှေးဟောင်းသီချင်းထဲကလိုပဲ
“နက်ဖြန်သို့မဟုတ် ဘယ်သောအခါ”ပေါ့ ဟဲဟဲ
လူတို့လောဘ ပင်လယ်ဝဆိုတာ သိပ်မှန်တာပဲနော် Kiki ရေ...။ အာဏာအပြည့်အဝရှိသလို ဥစ္စာလည်း ပြည့်စုံပါလျက်နဲ့ ဘာကြောင့်များ ၁၀သက်စာလောက် လိုချင်နေကြပါလိမ့်။ နောက်ဆုံးတော့လည်း ဘယ်သူမှ ဘယ်အရာမှ မမြဲပါဘူးလေ။ သတင်းထူးတွေ အမြဲဖတ်ရလို့ အမြဲကျေးဇူးတင်နေပါတယ် Kiki ရေ...
မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိ ဆိုပဲလေ
Post a Comment