တိုင်းရင်းဆေးနှင့် ငရုတ်ဆီများ ထပ်မံပိတ်ပင်
ဈေးကွက်အတွင်းရောင်းချလျက်ရှိသော ငရုတ်ဆီများကို ဓာတ်ခွဲစစ်ဆေးရာတွင် အမှတ်တံဆိပ် ၁၀မျိုး၌ အစား အသောက်တွင် သုံးစွဲရန်ခွင့်မပြုသော လိမ္မော်ရောင်ဆိုးဆေး Orange II ပါဝင်နေပြီး ရေရှည်စားသုံးမိလျှင် မျိုးရိုး ဗီဇ ထိခိုက်နိုင်ခြင်း၊ ကင်ဆာ ရောဂါ ဖြစ်ပွားနိုင်ခြင်းတို့ကြောင့် စားသုံးရန် မသင့်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနဗဟို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ တာဝန်ရှိသူ တဦးက ပြောဆိုသည်။
ပိတ်ပင်ခံရသော ငရုတ်ဆီ အမှတ်တံဆိပ်များမှာ ပလတ်စတစ်ဖြင့် ထုပ်ပိုးရောင်းချနေသော ရွှေပုစွန် (ခရမ်းချဉ် သီးနှင့်မန်ကျည်းသီး)၊ (ရွှေ) ပျံလွှား၊ ပုစွန်နှစ်ကောင်၊ စိန်သုံးလုံး၊ စားကြည့်၊ စိန်ရံ၊ ဂရိတ်(အနီနှင့်အညိုရောင်) ၊ ယုဇန စပါယ်ရှယ် စသည်တို့ဖြစ်ကြောင်း ယမန်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။
အလားတူ ဈေးကွက်အတွင်းရောင်းချနေသော တိုင်းရင်းဆေးဝါးများ ဖြစ်သည့် မြလင်းရောင်လတံဆိပ် မျက်စဉ်း ဆေး၊ ဇာပျံလျက်ဆား၊ ဒို့မောင်နှံ ဒဏ်ကြေလိမ်းဆေး၊ နဂါးနီ တံဆိပ် အစာကြေဆေး၊ ဦးသက်ထွန်း ကလေး သူငယ်နာဆေး၊ EVER LIFE အကိုက်အခဲ ပျောက်ဆေး၊ ရွှေပုစွန် ငှက်ဖျားဖြတ်ဆေးနှင့် ဖျားနာပျောက်ဆေးမှုန့်၊ ဂျပန်နားသန့်ဆေး၊ မြင်းနီပျံ အမှတ်တံဆိပ် မက်ကလောင်အဖျားဖြတ်ဆေး၊ ခြင်္သေ့ကမ္ဘာ ငှက်ဖျား မက်ကလောင် ဖြတ်ဆေး၊ ငှက်ဖျား အမြစ်ဖြတ်ဆေး၊ ငှက်ဖျားနှင့် မက်ကလောင် အမြစ် ဖြတ်ဆေး ၊ မြင်းနီပျံ မက်ကလောင် ဆေးတို့ကိုလဲ မှတ်ပုံတင်ထားခြင်းမရှိ၍ ပိတ်ပင်လိုက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားသည်။
ယင်း တိုင်းရင်းဆေးများသည် ရန်ကုန်မြို့အပါအဝင် မွန်ပြည်နယ် မော်လမြိုင်၊ မုဒုံမြို့၊ ရှမ်းပြည်နယ် လားရှိုးမြို့၊ ကချင်ပြည်နယ် အစရှိသည့် မြန်မာပြည် တဝန်းမှ ထုတ်လုပ်ဖြန့်ဖြူးနေခြင်းဖြစ်ကြောင်းသိရသည်။
မော်လမြိုင်မြို့မှ တိုင်းရင်းဆေးထုတ်လုပ်သူ တဦးက“နယ်မှာက တိုင်းရင်းဆေးကိုပဲ ဟိုးအရင်ကတည်းက အားကိုးလာတာ ဒီနေ့ထိပဲ တကယ်လို့ ဒီဆေးတွေကို မှတ်ပုံတင်ပြီး ဈေးကွက်မှာ ပြန်ရောင်းရင်တော့ ရမယ်နဲ့ တူပါတယ်”ဟု ပြောသည်။
ပြီးခဲ့သည့် မေလအတွင်းကလည်း မှတ်ပုံတင်ထားခြင်း မရှိသော တိုင်းရင်းဆေး ၁၆ မျိုးကို အများ ပြည်သူ သုံးစွဲ ရန် မသင့်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာခဲ့သေးသည်။
အဆိုပါ ဆေးများတွင် စိန်သော့၊ တူတံစဉ် စသည့် အကိုက်အခဲပျောက် ဆေးမှုန့်များ၊ ဒူးလေး အစာအိမ် လေနိုင် ဆေး၊ သမားတော် အစာကြေ လေပုပ်ထုတ်ဆေးတို့ ပါဝင်သည်။
မှတ်ပုံတင်ထားခြင်း မရှိသော ဆေးဝါးများကို ဖြန့်ဖြူး ရောင်းချပါက အရေးယူမည်ဟု ကြေညာချက်တွင် ဖော်ပြ ထားသည်။
ဧပြီ လဆန်းပိုင်းကလည်း ဒေါ်တွေး အမှတ်တံဆိပ် ဂေါမုတ္တဆေး၊ ဒေါ်ကျင်၏ ကလေးသူငယ်နာ လေပုပ်ထုတ် ဆေး တို့တွင် အဆိပ် အတောက် ဖြစ်စေနိုင်သည့် သတ္တုဓာတ်များ ပါဝင်ခြင်းကြောင့် သုံးစွဲခြင်း မပြုရန် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ကျန်းမာရေး ဌာနက တိုင်းရင်းဆေးဝါးများ အပြင် မြန်မာနိုင်ငံအတွင်း လူကြိုက်များသည့် စားသောက်ကုန် ၂ မျိုးတွင် အန္တရာယ်ကြီးသော ဆိုးဆေးများ အသုံးပြုထားကြောင်းလည်း ကြေညာထားသည်။
ထိုကြေညာချက်များတွင် မြန်မာနိုင်ငံတွင် ဖြန့်ချိရောင်းချနေသော လက်ဖက် အမျိုးအစား ၁ဝဝ ကျော် နှင့် ငါးပိ အမျိုးအစား ပေါင်း ၇ဝ ကျော် ပါဝင်ခဲ့သည်။
written by ရော်ဆမ်း, September 05, 2009
19 comments:
- သားကြီး said... | Monday, September 07, 2009 5:33:00 AM
-
မမကိရေ ကားအပြာဆို သားသားကြောက်
မန့်တော့ဝူးနော်
လစ်ပြီ - သားကြီး said... | Monday, September 07, 2009 5:38:00 AM
-
မပြောတော့ပါဘူးဆိုမှ ပြောရဦးမယ်
ကွန်မန့်ရေးတဲ့လူတော်တော်မှန်တာပဲနော်
ကျနော်ဒီရောက်စက စက်ရုံတစ်ရုံမှာ စပရေးလေးလောက်မှုတ်တတ်တဲ့တရုတ်က
စီးလာတော့ ပါကျဲရိုးကားအသစ်ကြီးဗျာ
စားသောက်ဆိုင်က ချောက်ချီးချောက်ချက်
လက်ဖက်ရည်လောက်ဖျော်တတ်တဲ့လူက
အလုပ်အသွားအပြန်ကိုယ်ပိုင်ကားနဲ့ဗျာ
ကျောင်းသားပိစိကွေးလေးတွေ တစ်ယောက်နဲ့တစ်ယောက် ချိန်းတော့ ဟန်းဖုန်းနဲ့ဗျာ
မြန်မာပြည်က အရှင်လတ်လတ်ရောက်လာတဲ့သားကြီး
ရူးချင်ချင်ကိုဖြစ်သွားပါရော
စဉ်းစားလိုက်သေးတယ် ငါသာဒီလိုကားမျိုးစီးနိုင်ရင် ကောင်မလေးတွေငါ့ကိုတော်တော်ကြိုက်ကြမှာပဲလို့ ဟီးးး
ခုတော့လည်းနှစ်ကျပ်တန်ဖိနပ်စီးပြီးပဲ လမ်းလျှောက်နေပါတယ်ခင်ဗျ - သားကြီး said... | Monday, September 07, 2009 5:40:00 AM
-
ပြောဖို့မေ့သွားတယ်
နှစ်ကျပ်တန်ဖိနပ်က ၃ကျပ်ခွဲဖြစ်သွားလို့
သားကြီးကိုယ်ဖေါ့ပြီး လမ်းလျှောက်နေရကြောင်းပါခင်ဗျ
မြန်မာပြည်က ဘိုးတော်တွေ ဘွားတော်တွေ
သက်ဆိုးရှည် ကျန်းမာကြပါစေဗျာ
ဆုတောင်းပေးလိုက်ပါရဲ့ - စူး said... | Monday, September 07, 2009 6:35:00 AM
-
ကော်မန့်က အမှန်တွေဖတ်ပီ..
ပြုံးမိတယ်... - မိုးခါး said... | Monday, September 07, 2009 8:30:00 AM
-
ဟဟ
မန့် လည်း မန့် မန့်ပါပဲ မမကိကိရာ
ကျွဲပါးစောင်းတီးတွေ .. ကျွဲတောင် သိက္ခာကျနေမလားပဲ .. ချဉ်တယ် .. - စိတ်စမ်းရေ said... | Monday, September 07, 2009 8:34:00 AM
-
ကောမန့်ရေးတဲ့လူက အရမ်းတော်တာပဲ...
တကယ့်ပြောင်မြောက်အောင်ရေးသွားနိုင်တယ်....။ - တောင်ပေါ်သား said... | Monday, September 07, 2009 9:59:00 AM
-
ဟူးးးးးးးး ဟူးးးးးးးး ဟူးးးးးးးးးးးးးးးးးးးးး
တာဇံလို အော်တာမဟုတ်ရပါ.. သက်ပြင်းများ ချမိခြင်းသာ ဖြစ်ပေသည်။
လေးစားလျက်
တောင်ပေါ်သား - ရွက်လွင့်ခြင်း said... | Monday, September 07, 2009 11:07:00 AM
-
အမှန်အတိုင်း ပြောရရင်
မယောင်ရာဆီလူး နေကြတာပါ
တကယ်ကို နိုင်ငံအတွက် စိတ်ထဲ ရှိရင်
လိုအပ်ထာတွေ အမျာကြီးကို သိရမှာပါ
အခုဟာက ဟန်ပြလုပ်နေရတာရယ်
လုပ်ငန်းရှင်တွေဆီက ဂွင်ဖန်တီးချင်တာရယ်
ဒါတွေကြောင့် ဒီလို တားမြစ်တယ်လို့  မြင်တယ် - Unknown said... | Monday, September 07, 2009 12:36:00 PM
-
မ kiki ရေ...
သေချာတယ်ဗျို့...
အခုလို ဖော်ပြပေးတဲ့အတွက်လည်း လေးစားဂုဏ်ယူမိပါတယ်...
မြန်မာပြည်မှာ ဆုတ်ကပ်ဆိုဒ်နေပြီ...
ဒင်းတို့ အာဏာရှင်တစု လူထုကို ထောက်ထားမညှာ
ဒင်းတို့ တစု ကောင်းစားဖို့ဆို မည်သူကိုမဆို စတေးပစ်ဖို့ ၀န်မလေးကြပါဘူး...
မြန်မာနိုင်ငံသားတွေဖြစ်တဲ့ ကျနော်တို့တွေ တက်နိုင်သလောက် အမှန်တရားကို ဖော်ထုတ်ကြဖို့လိုနေပါပြီ...
မြန်မာနိုင်ငံဟာ သူတို့ (သန်းရွှေ) ပိုင်တဲ့နိုင်ငံမဟုတ်ပါဘူး ကျနော်တို့တွေအားလုံးနဲ့ဆိုင်တယ် ကျနော်တို့တွေလည်း ပိုင်ကြပါတယ်...
ညီတဲ့လက်တွေ ထိစပ်ကြပါ...
ခင်တဲ့
ပြည့်စုံ (ဝေါသားလေး) - အိုက်ခီလောက် said... | Monday, September 07, 2009 12:40:00 PM
-
အမားရာ
မဆိုင်တာတွေကို အကျယ်ချဲ့ နေတာ
သူ့ တို့ အလုပ်လေ
သူ့ တို့ အတင်းအဖျင်းတွေပေါ်မှာစိုးလို့ 
လိုက်လုပ်နေတာ
လူမှုရေးများလုပ်ချင်လို့ လုပ်နေတယ်ထင်လို့ လား
မဆိုင်တဲ့အပေါက်ကို ဂလိုင်ခေါက်နေတာ
လိုအပ်ချက်တွေ ပြည့်မှီရေး မလုပ်ဘူး
မဆိုင်တဲ့ဟာတွေလိုက်လုပ်နေတယ်
တစ်ကယ် ဖြစ်သင့်တာကို မလုပ်ဘူး
အမားရာ ကားပြာလာလည်းမကြောက်ပါနဲ့ 
သူ့ တို့ အလှည့်ကျရင် ထော်လာဂျီနဲ့ ခေါ်ပြီး
ငါကျစ်ထားတဲ့ကြိုးလေးနဲ့ ဟူစိန် လို ကြိုးပေးလိုက်မလား
နင့်စင်ဆောက်တာပြီးသွားပြီလား
ငါ့လည်းကြိုးကျစ်နေတုန်းပဲဟ - Khyl said... | Monday, September 07, 2009 3:30:00 PM
-
ကိကိရေ... အဲဒီကော်မန့်ကတော့ တကယ့်ကို ချက်ကျလက်ကျ ပြောတတ်သူပါပဲ.... ဒီပို့စ်လေး အတွက် ကျေးဇူး အထူး...
BDW.. ကသားကြီးက ဂလိုကြောင့် လမ်းကို တစောင်းလေး လျှောက်တာကိုး.....
နာ့ခုံ ဖနပ်လဲ နောက်ခြေပါးနေပီ.. ခြေဖျားထောက် လျှောက်မှ ဖစ်တော့မယ်...
မသိရင် ဘဝင်မြင့် သလိုပေါ့လေ... သွပ်သွပ်... - မင်းနေ said... | Monday, September 07, 2009 4:27:00 PM
-
တစ်အားပဲ :D
- နှင်းနဲ့မာယာ said... | Monday, September 07, 2009 5:42:00 PM
-
ကိရေ
ကောမန့်ရေးသူက
ရွှေပြည်ကြီးက အဖြစ်မှန်တွေရယ်ကို
အားရပါးရရေးပြထားထာကို
သဘောကျတယ်....
အင်း...
အမှန်တရားဆိုတာကိုလဲ ဘေးလူတွေ ဘယ်လောက်မြင်မြင် မမြင်သေးတဲ့သူတွေက ရှိနေလေတော့....
နှင်း - ဝက်ဝံလေး said... | Monday, September 07, 2009 7:07:00 PM
-
ကိရေ ပြောကိုမပြောချင်ဘူး (အမှန်တော့ များဂါတွေပြောသွားလို့ ပြောစရာမရှိဖြစ်တာပါ) ဟူးးးးးးးးးးး တောင်ပေါ်သားလို့ လေတိုက်တာမဟုတ်ရပါတယ် သက်ပြင်းရှည်ဆွဲချလိုက်တာပါနော် ဟင်းးးးးးးးးးးးးးးးးးးးးးးး ပြောလဲ တထောင့်တည ပုံပြင်ပဲ ကိရေ
ဒီတော့ ပြောချင်တော့ဘူးဟာ လစ်တော့မယ် - ဝက်ဝံလေး said... | Monday, September 07, 2009 7:09:00 PM
-
ဖေသားကြီးရယ် တနားထှာ လာခဲ့ ဖိနပ်တရံတော့ ကိုယ့်ဒက်ဒီကြီးကို ဝယ်ပေးနိုင်ပါတယ် ဟွန်းးး ဒီကိုရောက်အောင် လာခဲ့ပါ ဂယ်ပြောတာ ဖိနပ်ဝယ်ပေးမယ် အကောင်းစား အောစတား ခေါ်လား ဘာလား မသိဘူးဟယ် ဈေးကြီးလို့ နာတောင် ဝယ်မစီးဘူးနော် ကိုယ့်ဒက်ဒီကြိးမို့ ဝယ်ပေးမယ်နော် သိရား ခိခိ
- ahphyulay said... | Monday, September 07, 2009 8:44:00 PM
-
ရေးထားတာလေးက တကယ့် အနှစ်ပဲဗျို့ ..
ဒါပေမဲ့  ဒီကောင်တွေ သိပါ့ မလား ... ပြည်သူတွေရင်ထဲ
က အနှစ်တွေကို။ မမ ကီကတော့ လေ.. သူတို့ ကို
သတိရလေမုန်းလေ။မုန်းလာလေသတိရလေဖြစ်နေ
ပြီ။ဒါနဲ့ ... သတိရတာကအရင်လား၊မုန်းတာကအရင်လားလို့ ။
စ တာနော် အမကြီး။ - အေး said... | Monday, September 07, 2009 10:18:00 PM
-
နောက်တခါ လာပြန်ပြီ ပဟေ့ ... ဟေးလားကွယ် မောင်ရို့  ဟေးလားကွယ် မောင်ရို့  ..ဝမ်းစမိုး ရယ်သောသောညံ" ၊ နပန်းဆံ နပန်းဆံ ..
ဆိုလို့ .................မမ ကိ့ များ နည်းနည်းဖောက်သွားပြီလားလို့ အဟိ့ နောက်တော့မှသိတယ် ဒို့အိမ်ထဲက ဘာကြီး...............ပခုံးပေါ်ကထင်ရာတင်ထားတဲ့ကြယ်နဲ့လူကြီးကိုးးးးးးးးးးးးးးးးးးးးးးးး - ATN said... | Tuesday, September 08, 2009 12:12:00 AM
-
မယ်ကိ... မယ်ကိ...
နင့်ကို ငါ အော်စကာ ပေးချင်နေပြီ ငါ့ညီမ...း) - မမသီရိ said... | Wednesday, September 09, 2009 1:54:00 PM
-
ကားပြာလေးတော့ အလကား မစီးပါနဲ့အုံး ညီမလေးရေ
ပြောလဲ ပြော ကြည့်ပြောကြတာပေါ့..း)))
အစိုးရက ဘာတွေ လျှောက်လုပ် နေတာလဲ။ လုပ်ငန်းရှင်တွေက လိုင်းကြေးတွေ တရားဝင် ဆက်ကြေးတွေ ပေးနေရ လို့ အဆင်ပြေ သလို လုပ်စားနေကြ ရတာပါ။ ဘယ့်နှယ်ကြောင့် မူလ ပြဿနာကို မရှင်းပဲ လုပ်ငန်းရှင် တွေကိုပဲ အပြစ်ပုံချနေရတာလဲ။ လမ်းဘေး ကွမ်းယာသည် တစ်ယောက် ကို မေးကြည့်ပါ။ သူတစ်နေ့ တစ်နေ့ ဆောင်နေရတဲ့ စရိတ်တွေ ဘယ်သူ့ အတွက်လဲ လို့ (ဥပမာ ပြောလိုက်မယ်... စည်ပင်က ထိပ်ဆုံးက၊ ရ၀တ ကိုလည်း ပေးရတယ်၊ စစ်ဒေသက မိုက်ကြေး ခွဲရင်လည်း ပေးရပါတယ်)။ စတိုးဆိုင် ဖွင့်တယ် ဆိုပါစို့ ဈေးဝယ်က မလာသေးဘူး စစ်မှုထမ်းဟောင်းက ဘယ်သူမှ မဖတ်ချင်တဲ့ စာအုပ်တွေ အတင်း ၀ယ်ခိုင်း ပါတယ်၊ ရဲက ရန်ပုံငွေ အတွက် မ၀ယ်မနေရ တစ်ခုခု လာရောင်း ပါတယ်၊ မိခင်နဲ့ ကလေး၊ အမျိုးသမီး ရေးရာတွေက လာပြီး လည်ပင်း ညှစ်ပါတယ်။ ဘာလုပ်ငန်း လုပ်ချင်သလဲ သူတို့တွေ အားလုံး လာပြီး နည်းမျိုးစုံနဲ့ လည်ပင်း လာညှစ်ပါလိမ့်မယ်။ စီးပွားရေး လုပ်တဲ့ သူက ဒီစရိတ်တွေ ကာမိအောင် ကြံဖန် ရပါတယ်။ အမြတ်ကြီး စားဖို့ မပြောနဲ့၊ သမာအာဇီဝ နည်းနဲ့ အမြတ် နည်းနည်လေး လောက် စားလို့ ရအောင် ကြိုးစားကြည့်ပါ၊ ခေါင်းဖြူသွားပါ လိမ့်မယ်။ ခါးတောင်း တခြား တင်တခြား လုပ်နေတာတွေ ရပ်ဖို့သင့်ပြီ တပ်ချုပ်ကြီးရေ။ လူတွေကို အာရုံလွှဲ လို့ မရတော့ပါဘူး။ တရားခံက ခင်ဗျားပဲ။ နိုင်ငံတကာ ရာဇ၀တ် တရားရုံး (ICC)က တပ်ချုပ်ကြီးနဲ့ အပေါင်းအပါတွေကို ကော်ဇော အမဲရောင် ခင်းပြီး စောင့်နေပါတယ်။