ကိုယ့်ကိုလူအမြင်ကတ်ကြတဲ့ အကြောင်းရင်း ဆိုတာ ကိုယ့်ဟာကိုယ် ပြန်ရေးပြလို့ ဘယ်လိုလုပ်မှန်နိုင်ပါ့မလည်း ။ဒါပေမဲ့ရေးခိုင်းတဲ့ သူကလည်း ရေးခိုင်းတယ် ။ ၂ ခါမြောက်မှ မရေးပေးဘူး ဆိုရင် အမြင်ကတ် ခံရတဲ့ အကြောင်းရင်းထဲ တကြောင်းထပ်တိုး သွားနိုင်တယ်လေ ။
ကိုယ်က အမြင်ကတ်နေတာမှ မဟုတ်တော့ ဖြစ်နိုင်ခြေရှိတာလေးတွေဘဲ ခန့် မှန်းပြလိုက်ပါမယ် ။ စကားကြီး စကားကျယ်ပြောတယ်ထင်ရင်လည်း မတတ်နိုင်ဘူးပေါ့ ။ အကြောင်းရင်းထဲ တခု ထပ်တိုး ပေးလိုက်ကြပါဦး ။
ဒီလိုလေ ။ ကိုယ်တို့တတွေရဲ့ ဟီးရိုး ဒေါ်အောင်ဆန်းစုကြည် ကို တတိုင်းပြည်လုံး နီးပါးက ချစ်ခင် ကြတယ် ။ လေးစား ယုံကြည်ကြတယ် ။ အားထားကြတယ် ။ တခြားနိုင်ငံက လူတွေ ကတောင် ဂုဏ်ပြု ချီးကျူးကြတယ် ။ အဲဒါ ဘာလို့ လည်း ။
ဒါပေမဲ့  သူ့ ကို မနာလို မုန်းတီးနေကြ တဲ့ ၊ အမြင်ကတ်နေကြတဲ့  လက်တဆုပ်စာ လူတန်းစား တွေလည်း ရှိနေကြတယ် ။အဲဒါ ဘာလို့လည်း ။
ကမ္ဘာစစ်တုန်းက နာဇီကြီး ဟစ်တလာဆိုသူ ကို လူတွေ အတော်များများက ကြောက်ကြ ရွံကြ မုန်းကြ ပေမဲ့ သူ့ ကို လေးစားတဲ့သူ တွေ လည်း ရှိနေကြတာဘဲလေ ၊ ခုထိတောင်ရှိနေကြဆဲ မဟုတ်လား ။ အဲဒါ ဘာလို့ လည်း ။
(စကားစပ်မိလို့ပြောပြအုံးမယ် ။ ကိုယ့် blog ရဲ့  gtalk မှာ ကိုယ်လေးစားတဲ့ ဒေါ်စုပုံလေး တင်ထားတယ် ။ အဲဒါ တနေ့ ကျတော့ အွန်လိုင်းမှာ သိရတဲ့  ညီမလေး တယောက်က စာရိုက်လာတယ် ။" အမ .အဲဒီပုံ မတင်ပါနဲ တခြားပုံ ပြောင်းတင်ပေးပါတဲ့  " ကဲ ခက်ကြပါပြီ ။ လူတယောက်ရဲ့  ကိုယ်ပိုင်လွတ်လပ်ခွင့် ကို လာပြီး စွက်ဖက်လာတယ်ပေါ့ ။ သူ့ ကိုလဲ လိုင်းထဲ မတွေ့ တာ ကြာပါပြီ ။ နေကောင်းရဲ့ လား၊ မတွေ့ တာကြာပြီ လို လှမ်းနှုတ်ဆက်ရုံလေးပါဘဲ ၊ လိုင်းထဲလည်း သူငယ်ချင်း များများ မထားတဲ့ တတ်တာ ရင်းနှီးတဲ့သူတွေသိကြပါတယ် ။ အဲ့ဒီတယောက်ကလည်း သူ့ ကိုယ်သူ မိတ်ဆက်လာတဲ့ မိန်းကလေးငယ် တယောက်ပေါ့ ။ အဲဒါနဲ့ သူ့ ကို ပြန်မေးလိုက်တယ် ၊ ဘာဖြစ်လို့လည်း ဆိုတော့ "သူ့ အကိုက အမမှာ တင်ထားတဲ့ ပုံ ကိုတွေသွားလို့  block လုပ်ထားတာ" လို့ ပြန်ပြောတယ် ။ သူ့ အကြောင်း သူပြောလို့ သိရသလောက်ကတော့ သာမန် လူတန်းစားထဲကပါဘဲ ၊ အဲဒီတော့ သူ့ ကို ပြန်ရေးလိုက်တယ် ။ မင်းပိတ်ချင်လည်းပိတ်နိုင်ပါတယ် လို့  ။ ငါလေးစားတဲ့သူတယောက်ပုံ ငါတင်ချင်လို့ တင်ထားတာ ဘာလို့ ပြောင်းပေးရမှာလည်း လို့  ။အဲဒီနောက်ပိုင်းတော့ အဆက်အသွယ် မလုပ်ဖြစ်တော့ပါဘူး ။အဟက် . block ထပ်အလုပ်ခံရတာ ဖြစ်မယ် .။ နောက်တော့ မှ စဉ်းစားကြည့်မိတယ် ။ သူ့ အကို ဆိုတဲ့သူ က ဖွတ်အားရှင် လူတန်းစားထဲ က ဖြစ်ချင်ဖြစ်နေမှာ လို့လေ ။) သိတယ်ဟုတ် ဖွားကိ တို့က့ ဒါမျိုးမကြောက်လို့  ရွာရိုးလျှောက်နေတဲ့ သူ ဘဲ ။
အဲဒီ အကြောင်းလေးကို ပြောပြရတာ ခု လူတွေမှာ ဖြစ်နေကြတဲ့  ချစ်ခြင်း မုန်းခြင်းတွေ မှာ ပုဂ္ဂိုလ်စွဲတွေ ယုံကြည်ရာ အစွဲတွေ ၊အသင်းအဖွဲ့  စွဲတွေ ။ ပါနေကြတာ အကြောင်းရင်း တခု ဖြစ်နေကြတယ် ။
ဒီဘလောဂ်လေးကို လာနေကြ မိတ်ဆွေတွေ သိကြမှာပါ ။ ဘာအကြောင်းတွေ ရေးတာများသလည်းဆိုတာ ၊
ကိုယ် စိတ်ဝင်စားရာ ၊ရင်ထဲ ရှိရာ တွေ ကို ရေးနေကြတဲ့  ဘလောဂ်လောကကြီးထဲ ကိုယ်လည်း လူတွေထဲက လူတယောက် ဆိုတော့ကိုယ်ရေးချင်တဲ့ အရာတွေ ရေးပါတယ် ။အမြင်ချင်းမတူ လို့  ၊ ရင်ဘတ်ချင်း မတူလို့  ဆဲသွားကြတာတွေ စောင်းသွားကြတာတွေ ရှိတာဘဲပေါ့ ။ မတတ်နိုင်ဘူး။အဲဒီလို အခါမျိုးမှာ ကိုယ့်ကိုကိုယ် ငါးဖယ် လိုဘဲ သဘောထားလိုက်ပါတယ် ။ မိတ်ဆွေ များပြီး မုန်းသူ နည်း ရင် ကောင်းတာပေါ့ လေ ။ ဒါလည်း အမြင်ကတ် ခံရတဲ့ အကြောင်းတခု ဖြစ်လောက်ပါတယ် ။
ကိုယ့်ကို အမြင်ကတ်တယ် လို့ထင်ရတဲ့ နောက်အကြောင်းရင်း ကိုလည်း မှန်းကြည့် မိတယ် ။ အဲဒါကတော့ သူများ ကိစ္စ ကိုယ့်ကိစ္စ လုပ်ပြီး မနေတတ် မထိုင်တတ် ဝင်ပြော မိတတ်တဲ့ ဝသီကြောင့် ပေါ့ ။ စေတနာ ဝေဒနာ ဖြစ်ခဲ့ရပေါင်းလည်း မနည်းတော့ပါဘူး ။ ကိုယ်ခင်တဲ့ သူမို့ အမုန်းခံပြီး ပြော တတ်တယ် ။ မခင်ရင်တော့ သူ့ ဟာသူ ဘာဖြစ်နေ ဖြစ်နေ ဘာအရေးလည်း ။ ဘယ်သူက အရေးလုပ်ပြီး ပြောနေမှာလဲ နော် ။ ဒါကြောင့်သူ့blog list ထဲကနေ အထုတ် ခံလိုက်ရတာတောင် ရှိသေး ။ ထားပါတော့ ။ သူ့ လွတ်လပ်ခွင့်ဘဲ ဟာ ။
ကျန်တာတွေတော့ ကိုယ့်မျက်ချေး ကိုယ်မမြင်နိုင်တာတွေမို့ မသိဘူး ။ သိသူရှိ ပြောလို့ ရပါတယ် ။ ကိုယ့်ဟာကိုယ်ကတော့ အမြင်မကတ်ပါဘူး လေ ။ သူများကို လည်း အမြင် မကတ်ချင်ပါဘူး ။ ဟို မျောက်ရွာက မျောက်ဖင်နီ မေတ္တာ တုံး အဖွဲ့ ကလွဲရင်ပေါ့ ။ ( အဟဲ .. ကားပြာလေးအလကား စီးရဖို့  လမ်းတော့ အတော်ကြီး နှီးနေပါပြီ ) ။
ကဲ..ညီမလေး ငှက်ကလေး တဖြစ်လည်း ဝက်ကလေး ရေ ။ ကျေနပ်ပါတော့ ။( စိုင်းထီးဆိုင် သီချင်းကြော်ငြာ ဝင်လိုက်ပါတယ်) ။ နောက်ဆို အဲ့ လို ကိုယ့်ပေါင် ကိုယ်လှန်ထောင်းရမဲ့  ကိစ္စတွေ ဆို ဖွားကိ ကို မေ့ထားပေးပါနော် ။ နို့မို့ ဆို အောက်ကပုံကြည့် ၊ တွေ့တယ်မို့လား ။ ခွေ့ ပစ်လိုက်မှာနော် ။။ ဟားဟား စ တာပါ ။ လန့် မသွား နဲ့အုံး ဝက်လေး ရေ ။
►Posted by
:kiki
:
at
9/06/2009 03:25:00 PM
Subscribe to:
Post Comments (Atom)
13 comments:
ဖွားကိရေ ကျေနပ်တယ် ရေးပေးတာ
ကိုယ့်ဟာကို လွတ်လွတ်လပ်လပ် အန်တီစု ပုံ တင်တာ ဘာဖြစ်တာလဲ သူက ဖွားကိ သူ BLOCK မလုပ်ရင် ဖွားကိ လုပ်လိုက် ဘယ့်နှယ့်နော် ဟွန်းးးး သူ့အစ်ကိုက ဖွားကိ ပြောလို့ ဖွတ် က နေမှာပေါ့ ဟွန်းးး ကပ် ဖား လျှက်ဖား တွေလေ ပြောချင်ဘူး ဟွင်းးးး
ဖတ်သွားတယ် ကျေးဇူးးလဲတင်တယ် ရေးပေးလို့ ဘိုင် ဘိုင် တာ့တာ
အော် ၁ ဖြစ်သွားတယ်ကိုးးးးးးးးးး ငါက မထင်မှတ်ပဲ ဟဟဟ
၃ မယူတော့ပါဘူးနော် ဖွားကိရေ တော်နေ အမြင်ကတ်နေမှာစိုးလို့ ဟိဟိ လက်မှတ်ထိုးရအောင် များ လက်မှတ် ကို အလကားရမယ်ထင်သလား ဘယ်လောက်ပေးမှာမို့လို့လဲ လက်မှတ် တခု ဘယ်လောက်တန်လဲဖွားကိ သိရဲ့လား ဟွင်းးးး
လက်မှတ်ထိုးဖို့ တန်ရာတန်ကြေး ပေးရင် ထိုးပေးမယ် (လက်မှတ်ပြောပါတယ်) သိတယ်မလား များ ကလဲ မြန်မာပြည်က လာတာဆိုတော့ အဟက် ဟိဟိ ကဲ ပြန်ပြီဆိုတာ ပြောတာ တော်နေ အိမ်မှာသောင်းကျန်းမှုနဲ့ နောက်ထပ် လက်မှတ် လာထိုးနေရဦးမယ် ဟိဟိ တကယ် ဒိုးးပြီ ဗျိုးးးးးးးး ဟိဟိ
ဝက်ဝလေး လွန်ပြီနော်
ဟိ ဖွားကိက ဂျို နဲ့လား
ဖွားကိ cbox မှာတံခါးလာခေါက်နေတယ်
စစ်စေးစရာရှိလို့တဲ့
ဘွားကိ့တင်တဲ့ပုံထဲမှာကျည်ဆံပါသွားတယ်ထင်ပါရဲ့ မတော်တဆကျည်ထွက်လာပြီးလောကကြီးထဲမှာခဏပဲနေလိုက်ရမှာစိုးလို့ထင်ပါတယ် ..အဟိ့ ခွင့်လွှတ်ပေးလိုက်ပါ....
ရောက် ဖတ် ပြန်.........
ဖွတ်ကိကို ဘန်းမယ်...
ကိုယ့်ပုံကိုယ်တင်ပါလား...
ဒါဆို ကိုလူထွေးလဲ "အော်ရေဂျင်နယ်" ပုံတင်ပစ်လိုက်မယ်...
းဝ) + :)
အမေကြီးအောင်ဆန်းစုကြည်က ပြည်သူတွေရဲ့ ချစ်ခင်လေးစားကြတဲ့ ပုဂ္ဂိုလ်ဆိုတာတော့ ထားလိုက်ပါတော့....... ပြည်သူတွေရဲ့ ချစ်ခြင်းက သူရဲ့ ၀ဋ်ကြွေးကို မပါယ်ပေးနိုင်တာ ၀မ်းနည်းပါတယ်။ တခါတလေ မိမိပိုက်ဆံအခိုးခံရတာ ကျပျောက်တာဖြစ်ဖြစ် အသိမပေးချင်ဘူး။ ဘာဖြစ်လို့လဲ သိလားအစ်မရဲ့... အရင်ဘ၀က သူတစ်ပါးပစ္စည်းခိုးဖူးတဲ့ သူခိုးလို့ ကိုယ့်ကိုယ် မကျော်ငြာခြင်လို့ပါ။ အမေကြီးစုကတော့ အရင်အတိတ်က သတ္တ၀ါလေးတွေ ဖမ်းချုပ်ခဲ့ဖူးတာ များပုံပဲနော်...... ကံ ကံရဲ့ အကျိုးကို ယုံကြည်တယ်ဆို ကျွန်တော်ပြောတဲ့စကားလေးကို လက်ခံလိုက်..... ဟုတ်! ဘာရေးရေး ရေးသမျှကို အဖွားကိဖက်ကပဲ အကောင်းတွေးပြီး မန့်ပေးနေမယ်နော် ..... အားပေးလျက်ပါ အစ်မ
ဒီတစ်ခါ အဝီစိထဲ မရောက်ခင် ပြောခြင်တာ အမြန်လေး
ပြောမှ၊ ဘယ်နှယ့် ဗျာ.. အမေစု ပုံများ ဖြုတ်ပေးပါတဲ့ 
ကျွန်တော် ဆွေးနွေးလိုက်ခြင်တယ်သူ့ ကို.....
ကြေလည်သွားအောင်လေ၊ ရုပ်တု ထုပြီးတောင်
ကိုးကွယ်ရမှာ မှုတ်လား..၊ဆက်လုပ် မမကီ။
ရန်ကင်းသားခြင်း သွေးခြင်းနီးတယ်၊ဂရုမစိုက်နဲ့ ဗျို့ ။
ဖွားကိရဲ့ ဒီပို့စ်လေးကိုဖတ်တော့ ညတိုင်းနားထောင်မိတဲ့ ရေဒီယိုက လမ်းဆုံကဂျမ်းပုံအစီအစဉ်က ဂျမ်းပုံပြောနေတဲ့ လေသံနဲ့တထပ်တည်းဗျာ။ ဟုတ်ပ ဖွားကိရေ မှန်ချက်ကတော့ လန်ထွက်နေတယ်။ ပါးလုံးလည်းအခုတလောက ဒါတွေကိုပဲ ဒေါသထွက်နေရတယ် ပြောမပြောချင်ပေါင် အဟုတ်ပဲ ထောက်ခံတယ်ဖွားကိရေ တကယ်ကို။
မြန်မာပြည်သူတွေ မြန်မြန်အေးချမ်းပါစေဗျာ။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး
ဟေးးးး
ခွေ့ပစ်မယ်ဆိုပါလား
ဖွားဖွားကိဂျိုတွေပေါက်နေပါပေါ့လား
မှန်တယ်ထင်ရင် လုပ်သာလုပ်
အားပေးတယ် ရဲဘော်ရေးး
ကားအပြာရောက်လာရင်တော့ကြိုပြောဦး
ပြေးရအောင်လို့ ဟီးးးးး
'စ'တာဆိုရင်ခွေ့သာခွေ့ :D
Post a Comment