မျောက်ကမ္ဘာ မျောက်ရွာ က မျောက်တွေ အကြောင်း မျောက်တွေ အမြင် ပေါ့ ။
တခါတုံးက မျောက်တွေနေတဲ့ တောအုပ်ကြီးတခု မှာလေ ။သစ်ပင်တွေ အုံ့ ဆိုင်း လို့ တဲ့  ။အဲ့ ဒီအချိန်က တောတောင်ရေမြေ ရာသီဥတုတွေကလည်း ကောင်းနေပေတော့ သူတို့ တွေ နေတဲ့ တောအုပ်ကြီး ဆိုတာ မှာလဲ သစ်ပင်ကြီးငယ် အသွယ်သွယ် ရှိတာပေါ့လေ ။ မျောက်တွေ ရဲ့  ကမ္ဘာမှာလည်း သူတို့  အဖွဲ့ အစည်း နဲ့ သူတို့  ရှိပြီးသားပေါ့ကွယ် ။အဆင့်အတန်းတွေကလည်း ခွဲခြားထားကြတယ် ။ ရာထူးကြီးကြီး အကောင်မျောက်ဖင်နီ အမျိုး အစားတွေက ထိပ်ဆုံး မှာ နေကြတာပေါ့ ။ထုံးစံ ရှိတာကိုး ။ အောက်ဆုံးမှာတော့ ခပ်ချာချာမျောက်လေးတွေ ၊ ကျောထောက်နောက်ခံ မရှိတဲ့ မျောက် မျက်နှာမွဲလေးတွေ နေကြရတယ် ။ အပေါ်ဆုံး နဲ့  အောက်ဆုံး ရှိရင် အလယ် အလတ် ဆိုတာလည်း ရှိကြရစမြဲ မဟုတ်လား ။ လည်တဲ့ အကောင်တွေ ၊ လတ်ယား လတ်ယား နဲ့  ကောင်တွေ ။ က အလည် ပိုင်းမှာ အပိုင်စား ရထားကြတာ တဲ့  ။
တနေ့ တော့ အဲ့ ဒီင်္ မျောက်ရွာကြီးကို တခြား ကမ္ဘာခြားက သတင်းထောက်တွေ လာပြီး လေ့လာကြသတဲ့ ။ ပြည်ဝင်ဗီဇာကလည်း လွယ်ကူ တဲ့  အချိန်ပေါ့ ။ လွတ်လပ်စွာ တွေးနိုင် မေးနိုင် ရေးနိုင်ကြတဲ့  အခါ သမယ ဆိုတော့ အဲ့ဒီ သတင်းထောက်တွေ ကလည်း မေးတာပေါ့လေ ။ အဆင့် အလိုက် အင်တာဗျူးလုပ်တော့ မျောက် ခေါင်းဆောင်ကြီး ကို ဦးဆုံး ဗျူးရတယ်ပေါ့ ကွယ် ။
"အို အသင် မျောက်ခေါင်းဆောင်ကြီး ။ သင့် မျောက်ပြည် မျောက်ရွာကြီး အပေါ် အသင် ဘယ်လို မြင်ပါသလည်း ။တဆိတ်လောက် ရှင်းပြပေးပါလား ခင်ဗျား ။"
"ဪ မီဒီယာ ကမ္ဘာက လူကြီးမင်းများ ပါလား ။ ကျွန်တော်တို့  မျောက်ရွာကြီးက အင်မတန် သာယာလှပတာပေါ့ ဗျ ။ ဒီမှာ လာကြည့်စမ်းပါအုံး ။ တွေ့ တယ် မဟုတ်လား ။ ဒီကမ္ဘာကြီး ဘယ်လောက် ကောင်းလိုက်သလည်း ။ လေကောင်းလေသန့်  ရှုရတယ် ။ အပေါ်စီးက ကြည့်တော့ အရာအားလုံး လှပနေတာဘဲ ။သစ်ပင်တွေလည်း စိန်းလန်းစိုပြေ ပါ့ဗျာ ။အောက်က ကောင်တွေ ထက် အမြင်ကျယ်တာပေါ့ဗျ ။ အပေါ်မှာနေတော့ ဘယ်ကောင်မှ ဂရုစိုက်ဖို့  မလိုဘူး ၊ကျုပ် အထက်မှာ ဘာမှ မရှိစေရဘူး လို့  သတ်မှတ်ထားတော့ လွတ်လပ်တဲ့  မျောက်ကမ္ဘာ ကြီးပေါ့ ဗျာ ။အောက်ကကောင်တွေ ဆူတွေ အော်တာ တွေလည်း မကြားရ နဲ့ ၊ စည်းစိမ် ရှိလှတယ် ဗျာ".... တဲ့ ။
"ဒီလိုလား မျောက်မင်းရဲ့  ။ ဒါပေမဲ့  လူတွေ ပြောနေကြ စကားတော့ရှိတယ် ။ အမြင့် ရောက်လေ အကျ နာလေ တဲ့ ဗျ ။"
"အလိုလေး အမောင်သတင်းထောက်ရယ် ။ကျုပ်က မျောက်ပါဗျ ။ ဘယ်မျောက်က အမြင့်ပေါ်က ပြုတ်ကျ သေတယ်လို့ ကြားဖူးလို့ လဲ ။ ဟားဟား ။"
"ဟုတ်ကဲ့ ပါခင်ဗျာ ။ ကျွန်တော် က ကြားဖူး နားဝလေးတွေ ဖေါက်သည်ချ တာပါ ။စိတ်မရှိပါနဲ့ မျောက်မင်းကြီး ။ ခရီးဆက်စရာ ရှိသေးလို့  ခွင့်ပြုပါအုံး ခင်ဗျား ။"
ဒီလိုနဲ့  သတင်းထောက်က သစ်ပင် အလယ် ပိုင်းမှာ နေထိုင် စားသောက်တဲ့  လတ်ယား အတန်းအစား မျောက်လွှဲကျော် တွေ ဆီ ရောက် ပြီး ဆက် ဗျူးတယ်တဲ့ ။
"ကဲ ။ဆိုပါအုံး ကိုရွှေ မျောက်လွှဲကျော်တို့  ရေ ။ ခင်ဗျား တို့ ရဲ့  ဒီမျောက်ရွာကြီးအပေါ် မြင်တဲ့  အမြင်လေးတွေ"
"ကျုပ်တို့ ကတော့ နာမယ်နဲ့ လိုက်အောင် သဟဇာတ ဖြစ်အောင် နေတတ်ကြတယ်ဗျ ။ ဖါး သားရရင် အပေါ်က အကောင်ကြီးတွေကို ဖါးပေးလိုက်တာ ပဲလေ ။ ညောင်းလို့ နှိပ်ချင်ရင်တော့ အောက် ဆင်းပြီး နှိပ်ပေးလိုက်တာဘဲပေါ့ ။ လွယ်ပါတယ်ဗျာ ကျုပ်တို့ က အခြေအနေ အရ လုပ်တတ် တော့ ဘာမှ ပူစရာ မရှိပါဘူး ။ ဟဲ ဟဲ ။ ဒီတော့ ဒီ မျောက်ရွာကြီးက နေပျော် ပါတယ် ဗျ ။ လိုသလို အရောင်ပြောင်းတတ်ရင် ဘာမှ မခက်လှပါဘူး ။ ပေပေတေ တေ နေတတ်တဲ့ ဇ ကလေး ရှိရင် အိုကေ စိုပြေ လှပေါ့ ၊"
"ကောင်းလိုက်တဲ့  အတွေးအခေါ်ပါဘဲ ကို မျောက်လွှဲကျော် ခင်ဗျား ။ ကျုပ်ကြားဖူးတဲ့  စကားလေး လက်ဆောင်ပေးခဲ့ ပါရစေ ။"
"ဟုတ်ကဲ့ခင်ဗျ ။ ပြောပါ ။ ကျွန်တော် အသုံးတဲ့ မဲ့ အခါ သုံးရအောင် ၊ ဖါးရအောင် မှတ်သား ထားပါမယ် "
"ဒီလိုပါ ။ မျောက်သစ်ကိုင်းလွတ် ဆိုတဲ့ စကားလေး တခွန်း လူတွေ ဗန်းစကား သုံးနေကြတယ် ဗျ ။ခင်ဗျားတို့ ဆီမှာ
ခေတ်မစားသေးဘူး ထင်လို့ စကားလက်ဆောင်လေး အဖြစ် သုံးနိုင်ပါတယ် ခင်ဗျာ ။"
"ကျွန်တော် အသုံးတဲ့မယ်ဆိုရင် အဓိပ္ပါယ် မသိပေမဲ့ လည်း ဘယ်စကားဘဲ ဖြစ်ဖြစ် သုံးမှာပေါ့ခင်ဗျာ ။ မျောက်သူဌေး ဖြစ်ဖို့  ဘဲ အရေးကြီးတာပါ ။"
"ကဲ .. အချိန်လည်း သိပ်မရ လို့  ခွင့်ပြုပါအုံးခင်ဗျာ ၊ ဗျူးစရာလေးတွေ ကျန်နေသေးလို့ ပါ ။"
ဒီလိုနဲ့ မီဒီယာ သတင်းထောက်ကြီးဟာ သစ်ပင်ရဲ့  အောက်ဆုံး ပိုင်းကို ဆင်းလာတာပေါ့လေ ။ အချိန်ကလည်း သိပ်မရတော့ ဘူး ။မျောက်နင်းပြားတွေ ကလည်း အများကြီးရယ် ။ ဘယ်လိုလုပ်ပြီး မျောက်စုံ တက်စုံ လိုက်ဗျူးနိုင်တော့ မှာလည်း လို့ တွေးမိရင်း ..ကဲ မထူးပါဘူး ။ လိုရင်းတိုရှင်း ဘဲ မေးပါတော့ မယ် ဆုံးဖြတ်ပြီး အ နီး ဆုံးမှာ ရှိနေတဲ့  မျောက်ပျိုတကောင် ကို လှမ်းမေးလိုက်တာပေါ့ ။
ဟိုင်း ။ ဘော်ဒါမျောက်ရေ ။ မင်း တို့ ခု နေတဲ့ မျောက်ရွာ ကြီး ကို ဘယ်လို မြင်ပါသလည်း ။
ဒီတော့ နုပြို သန်စွမ်းမယ်လို့ ထင်ထားမိတဲ့  မျောက်ပျို ရဲ့ မျက်နှာ က စက္ကန့် ပိုင်းအတွင်း အိုစာနာကျပြီး စိတ်ပျက်အားလျှော့သံ နဲ့ ဖြေးလေးစွာ ပြန်ဖြေလိုက်တာ ကတော့
"ကျုပ်တို့ က အောက်ဆုံးမှာ နင်းပြားဖြစ်နေတာ တခြားဘာမှ မမြင်ရပါဘူးဗျာ ။ အပေါ်မော့ကြည့်လိုက်တိုင်း ဟိုအပေါ်က ကောင်တွေ ရဲ့ လှုပ်လှုပ်ရွရွ ဖင်ပေါက် တွေ ကိုဘဲ မမြင်ချင်လဲ မြင်နေရပါတယ်ခင်ဗျား" ။ ........... တဲ့ ။
ဒီတခါ တော့ သတင်းထောက်ကြီးလည်း အချိန် မရ တော့ တာကြောင့်လား ။ ပေးစရာ စကားလက်ဆောင် မကျန်တော့ လို့ လား မသိ ။ သူ့ဖင်သူမလုံ စွာ လက်နဲ့ပိတ်ပြီး သူ့ ပြည် သူ့ ရွာ အပြေးအလွှား ပြန်လာခဲ့  တယ် တဲ့ ကွယ် ။။
ဒါကြောင့် အပေါ်က မျောက်ကြီးများ ဝင့်ကြွားကြွား နဲ့ အမြီးထောင်ထောင် ဖင်ပြောင်ပြောင် များ မဖြစ်ကြစေရန် ခုဆို အဲဒီမျောက်တွေ ဟာ ဘောင်းဘီစိမ်းတွေ ဝတ်နေကြရ သတဲ့  ကွယ်...
( ဖတ်ဖူးတဲ့ Monkey Organization ဆိုတဲ့ အင်္ဂလိပ် ဟာသ တိုလေး၊ စာကြောင်း လေးကြောင်းကို မှီုငြမ်း၍ အရစ်ရှည်ထားပါသည် )
An organization is like a tree full of monkeys, all on different limbs at different levels.
Some monkeys are climbing up, some down.
The monkeys on top look down and see a tree full of smiling faces.
The monkeys on the bottom look up and see nothing but assholes.
.
Some monkeys are climbing up, some down.
The monkeys on top look down and see a tree full of smiling faces.
The monkeys on the bottom look up and see nothing but assholes.
ရိုင်းစိုင်းသော စကားလုံး တလုံး ကို မလွှဲသာ၍ ထဲ့ သွင်းဖေါ်ပြထားရပါသည် ။ ချစ်မိတ်ဆွေ တို့  နားလည်ပေးကြပါကုန် ။
►Posted by
:kiki
:
at
9/05/2009 01:00:00 AM
Subscribe to:
Post Comments (Atom)
18 comments:
အင်း မျောက်ရွာ မျောက်ရွား))
၂ ပါ ယူတယ်ဗျာ
၃ ပေါ့နော့် ဖွားကီ သွားသောင်းကျန်းတယ်မလား ဟွန်းးးး) သတိထား မျောက် ကုတ်ခံရမယ် ရူးတတ်တယ်ဆိုလားပဲး)
၎ ဗျို့ အဟီး မေ့ခဲ့တာ ဒီလိုလေးးးးး
လေးစားလျက်
တောင်ပေါ်သား
ပေပေတေ တေ နေတတ်တဲ့ ဇ ကလေး ရှိရင်
အဲဒါဘယ်သူ့ပြောတာလဲ သိတယ်နော်.... တိုင်ပြောလိုက်ရမလား..... ဟိ..။
မိုက်တယ်ဗျာ ရေးထားတော့ လန်ထွက်နေတာပဲ.. ပြောလိုက်ချင်ဘူး... သိပ်တတ်တယ် ဒါမျိုးကျတော့... မြင်ယောင်သေတယ် သိလား... ကားပြာကြီးနဲပ ကြီးပွားသွားတာကိုပြောတာပါနော်...။
ဒီမယ်တောင်ပေါ်သား လက်မှတ်လာထိုးပါ ဘလော့ဂ်ဂါ ကောင်စီရုံးမှာ ၄ ခုယူမှု ဒါပဲ ပြောမယ် ဟွန်းးးးး
အိမ်ဆိုတဲ့ လူပြိုဂျီး တိုင်ပေါ့ ဖွားကိ က ဒါမျိုးမကြောက်လို့ ရွာရိုးလျှောက်နေတာ ဟွင်းးးးးး ဖိုးလမင်းကို သွားတိုင်မလို့လား ဟဟဟဟဟ ရယ်ရတယ် ဗြဲဟဲဟဲ တိုင်ချင်တဲ့လူ တိုင် မကြောက်ဘူးဟေးးးး နော် ဖွားကိ ဟိဟိ
ဖတ်သွားတယ် ရယ်ရတယ် ဖွားကိ အိုင်ဒီယာက လန်းတယ် အသက်သာကြီးတယ် မပျက်စီးသေးဘူးဆိုတာ ဒါကို ပြောတာထင်တယ် (ပြောသာပြောတာ ဖွားကိ အသက်ကို များ မသိပေါင်) တိတ်တိတ်လေး လာပြောနော် သိလား ဟိဟိ သိပါတယ် ၁၇ နှစ်မလား ဟဟဟဟဟ
ဖွားကိရေ တောင်ပေါ်သားကို ရန်သွားတွေ့လိုက်ဦးမယ် သိလား ဟက် ကံမကောင်းရင် သူ ထောင်တောင်ကျနိုင်တယ် ဒါပေမယ့် များ က လျှော့ရက်ပေးမှာပါ ၁၈ လ နဲ့ ဟိဟိ
မျောက် အင်တာဗျူးလာဖတ်သွာတယ်၊ ကောင်းတယ်၊
အားပေးလျက်ပါ။
တကယ့် မျောက်ရွာပဲ သေသေချာချာတောင် ရေးထားလိုက်သေးတယ် မိုက်တယ်။ အဟိ။
ခင်မင်လျှက်
ညီမလေး ပါးလုံး
အရင်ဦးတယ်ဆိုပြီးကတောင်ပေါ်တော့ကွာ
လောဘကလည်းကြီးပါ့
စားပိုးနင့်သေအုန်းမယ်
သတိထား
မျောက်လတ်လားလတ်လားထဲပါနေလားမသိတာ
အဟတ်
အမားကတော့ ဖင်ပေါက်ပဲလိုက်ကြည့်နေလားမသိတာ
ဖင်ပေါက်ဆိုလို့ သူ့ နဲ့ နီးတာလေးရှိပါသေးတယ်
ဘာဆိုလား မူးနေတော့ဘယ်လိုမှစဉ်းစားလို့ မရပါဘူး
နှစ်လုံးပြူးဆိုလား ဘာဆိုလား မေ့နေပြီ အမား
မူးနေတော့ဒီလိုပဲ အဟတ်
မျောက်ရွာသို့ ရောက်လာကြောင့် နင်ပြားဖြစ်နေတဲ့မျောက်တွေတော့ အဲဒီဗြူးတဲ့သူရဲ့ ဖင်ပေါက်ကို မြင်လိုက်ကြမယ်ထင်ပါ့
ဒီတစ်ခါလဲကျွန်တော်အဝီစိကိုရောက်သွားပြန်ပြီ။
အဝီစိ ဆိုတော့  တိရှ ပေါ့ နော်..။ အဲဒီမျောက်တွေက
ဘယ်လောက်ပဲသောင်းကျန်း၊သောင်းကျန်းလက်တော့ 
မြဲတယ်ဗျ။ ရောက်တဲ့ အကိုင်းနေရာတိုင်းမှာ မလွတ်
တန်းဆုပ်ထားတော့ တာလေ။မမကီက အခုအချိန်ထိ
ဒီမျောက်တွေကို သတိရနေတုံး....။
မျောက် က ကိုယ့်အမျိုးအနွယ်အကြောင်းကို လာလေ့လာတယ်...
မျောက်မျိုးမျောက်နွယ်တွေဆိုတော့ကားးးးး))
ချစ်ခင်လေးးစားစွာဖြင့်
မျောက်မျောက်
နေနည်းနည်းကောင်းနေပြီး
ဖွားကိ ဆေးထိုး အပ်ကြီးနဲ့ထိုးချလိုက်ဗျာ
ကားကနဲကျအောင်
မျောက်ရွာထဲပတ်ချောင်းပြီး အခြေအနေမကောင်းလို့ ပြန်လစ်ပြီ ဖွားကိရေး))) သားကမျောက်ကြောက်လို့ ဟိဟိ
“မျောက်ကအကျမနာဘူးပေါ့”
မှတ်သားထိုက်ပါတယ်
မမကိ မြန်မာပြည်က ဒါရိုက်တာ မိုက်တီးနဲ့
ဘာအမျိုးတော်ကြလဲမသိဘူး
ရိုက်ချက်ကတော့ခပ်ပြင်းပြင်းတွေ
စဉ်းစားရဦးမယ်ဗျာ
ကျနော်လည်းဘာမျောက်လုပ်ရင်ကောင်းမလဲလို့ အပေါ်တက်ရင်လည်း ဟောင်းေ လာင်း
ကြီးဆိုတော့ သူများမြင်ဦးမယ်
အောက်ဆုံးနေရင်လည်း နင်းပြားဖြစ်နေရဦးမယ် စဉ်းစားရင်းလည်းဦးနှောက်ခြောက်တယ်ဗျာ
လာဖတ်သွားပါတယ်ဗျာ ...
မှတ်သားလောက်ပါပေတယ် ... တကယ် .. :D
ကြိုက်တယ်
Post a Comment