အရင်က ဝက်တုပ်ကွေး(Swine Flu) ၊ ခု အခေါ်က တုပ်ကွေးအသစ် AH1N1 တွေ အတော်များများ ဆက်လက်ဖြစ်ပွားနေပါတယ် ။ဒီနှစ် နိုဝင်ဘာ နဲ့  ဒီဇင်ဘာ လတွေမှာ အများဆုံး အဆိုးဆုံး ဖြစ်လိမ့်မယ်လို့  ကျန်းမာရေးဌာနက သတိပေး ချက်ထွက်လာပြီး ကာကွယ်မှုတွေ လုပ်ကြဖို့  နိုးဆော်နေဆဲပါဘဲ ။
ကာကွယ်ဆေးတွေလည်း အောက်တိုဘာလ မှ စပြီးအချိန်မှီ ထိုးပေးဖို့  အစိုးရက စီစဉ်နေပါပြီ ။
ဒီကာကွယ်ဆေးထုတ်ဖို့  လိုအပ်တဲ့  လက်ရွေးစဉ် ကြက်ဥ အမျိုး အစားအတွက် အထူး မွေးမြူထားတဲ့ ကြက်မွေးမြူရေးစခန်းရှိတဲ့  နေရာ ကို ပြီးခဲ့ တဲ့  သြဂုတ်လ မှာ တိုက်ခတ်ခဲ့တဲ့  Morakot မုန်တိုင်းနဲ့  ရေကြီးမှုတို့ က ဖျက်ဆီးပစ်လိုက်တာမို့  ဒီလိုအပ်တဲ့  ကြက်ဥတွေ အလုံအလောက် မရရှိနိုင်တော့တာမို့  ဒီက အစိုးရ ခေါင်းခဲ ခေါင်းကိုက်နေတဲ့ သတင်းကို ပြီးခဲ့ တဲ့ တပတ်က ကြား ရပြီး ဒီနေ့ တော့ နောက်ဆက်တွဲ သတင်းကောင်းကြားရပါတယ် ။ ကာကွယ်ဆေး ထိုးဆေး အရေအတွက် ၄ သန်း ကို နိုင်ငံခြားက မှာယူတင်သွင်းဖို့  ကြိုးစားမှု အောင်မြင်တဲ့အတွက် ဒီက ပြည်သူလူထုတွေ မစိုးရိမ်ကြဖို့  တီဗီအစီအစဉ်မှာ တွေ့လိုက်ရပါတယ် ။
လူတွေကို စနစ်တကျ လက်ဆေးဖို့  ။ အကြောင်းကိစ္စ မရှိဘဲ လူတွေ အများကြီး စုနေတဲ့နေရာမသွားကြဖို့ ။ သွားရင်လည်း mask တပ်ကြဖို့  ။ ကိုယ်ခံအား နည်းသူတွေ ဂရုစိုက်ရမဲ့ အရာများ ။ ကိုယ် အပူချိန် 37.5"C ကျော်တဲ့ သူတွေ ကျောင်း၊ အလုပ် မတက်ကြဖို့  ။အဖျား 38 'C နဲ့  ၃ ရက်ကျော်သူများ ဆရာဝန်ပြပြီး H1N1 test လုပ်ကြဖို့  ။ ကျန်းမာရေးဌာန မှ သက်ဆိုင်ရာ အဆင့်ဆင့် နဲ့ လုပ်ငန်းစဉ်များ ထုတ်ပြန်ပြီးဖြစ်ပါတယ် ။
( ဒါတွေက ဒီ နိုင်ငံရဲ့ ကျန်းမာရေး ဝန်ဆောင်မှု တစိတ်တဒေသပါ၊)
ဒီလို ထပ်ခါတလည်းလည်းပြောတော့ mask တွေ ရောင်းအားကောင်းလိုက်သမှ ပစ္စည်းတောင် ပြတ်လုနီးပါး ဖြစ်သွားပါသေးတယ် ။ (ဝက်တုပ်ကွေး ကိုက်လေ ၊ စီးပွားရေးသမားကြိုက်လေပေါ့ ကွယ် )
ဒီတော့ ခုတလော နှာစေးချောင်းဆိုးသူများလာတာ နဲ့ စပ်လျဉ်းပြီး တစ်ရှူးပေပါ ( tissue paper) တွေ အကြောင်း တွေးမိပြန်ရော ။ ဪ လောဂျစ် လောဂျစ် ။ လောပြီးဂျစ်တိုက် မိလို့  ဒုက္ခ ရောက်ရတာလည်း အကြိမ်ကြိမ် ။ အမှတ်မရှိသေးဘူး နော် ။
ဒီတော့ ထပ် ဆက်စပ်မိပြန်ရော ... တစ်ရှူးပေပါထဲ့တဲ့ ဗူး(tissue box) တွေ အကြောင်း ပေါ့ ၊ တခြားဗူး တော့ ဆက်မတွေး တော့ပါဘူး ။ နောက်ပိုင်းမှာ ပါလာမယ် ။ဒီပုံလေးက ။။
သိချင်ရင် အောက်သို့ ဆက် ကြည့်ပေါ့ နော်။
ဒါက ရှေးခေတ်လူသား နှာဗူး ( နှာခေါင်းပေါက်မှ ဆွဲထုတ်ရသော ဗူး ကို ဆိုလိုတာပါ။ တလွဲ မတွေးစေချင်ပါ )
၃၄ စင်တီ မီတာ အမြင့်ရှိပြီး 57.82 US$ တဲ့ ။။ ဈေးကြီးလိုက် တာ ။ ဝယ်ပါဘူး ။
ဒါက ရှိတ်စပီးယား နှာဗူး နော် ။ နှာခေါင်းမွှေး မုတ်ဆိတ်မွှေးတော့ တမင်သွား မဆွဲ ကြပါရန် ။
သူကတမျိုး ၊ လေထီးခုန်ဆင်းရင်းနဲ့  များ နှာစေးသွားသလား မသိ ။ ရှေ့ က ငှက်တောင်သူ့  လန့်နေတယ် ။
မရှိမဖြစ် တဲ့ E ခေတ်ကြီးမှာ Apple တံဆိပ် တခြမ်းကိုက် လေးကလည်း မပါရင် မပြီးဘူးလေ ။ သူ့ တံဆိပ်တပ်လိုက်တာနဲ့  ဘာရယ် မဟုတ် ဈေးကြီး ပစ်လိုက်တာဘဲ ။
ဒီဟာကတော့ မျက်လှည့်ကြိုက်သူများ အတွက်နဲ့  တူပါရဲ့ ။မျက်လှည့်ဆရာ ဦးထုပ် မှာ တစ်ရှုးထဲ့ထားရင်တော့ ဒီ အထုတ် ဘယ်တော့ ပျောက်သွားမလဲ မသိ ။
အမလေး ဟတ်ချိုး ဆိတ်ဖွား၊ တစ်ရှူးတခါ ဆွဲထုတ်လိုက် တိုင်း နှာချေသံ တချက် ထွက်စေသတဲ့  ၊ဈေးက 19.98 US$ တဲ့.. တိန်..။ ...သူ့ ဆီကတောင် ပြန်ကူးမှာ စိုးရသေးတယ် ။ ပြေးမှ ဘဲကွယ် ။
ကိတ်မုန့် ကြိုက်သူ ညီမလေးများ ၊ လိုချင်ပြော နော် ။ ဒီ တတုံး ဘဲ ကျန်ပါတော့တယ် ။ (မြေးလေးမငုံ အတွက် ချန်ထားပေးလိုက်ပါမယ် ။သူက ဘာတွေ့ တွေ့  ဝယ်ပေးခိုင်းနေတာလေ ။သူ့ အကြောင်းသိလို့  :) )
ဒီဗူးမှာတော့ ကိုယ်ကြိုက်တဲ့  ဓါတ်ပုံ ပြန်ကပ်ယူ လို့ ရတယ်တဲ့  ။ အဟင့် ၊ဘယ်သူ့ ပုံ ကပ်ရ ကောင်းမလဲ ။ နှပ်ညှစ်ပြီး သုတ်ချင်စရာ ကောင်းသူ တယောက် ကို အမြန် စဉ်းစား ဦးမှ ။
အဲဒါတော့ နှပ် မဲမဲ ထွက်သူများ အတွက် ကာလာမက်ရှ် လုပ်ထားတာ ။အဟား ။ သူ့ သုံးတာနဲ့  ကိုယ့် နှာခေါင်းတောင် မဲသွားမလား မသိ ။
ဂျပန်လူမျိုးတွေက အနက်ရောင် အတော်ကြိုက်ကြတယ် ။ အံ့ရော ။။
Spider Man ရူးသွပ်သူများ အတွက်ပါ ။ သတိထား ၊ လက်ကောက်ဝတ်မှာ အစေးတွေ ရှိတယ် ။
(The people from the island of Panoi-Panoi believed that sneezes angered the Gods and that is why people today say “God Bless You”, when you sneeze.) ...
ဒီရွှံ့  မျက်နှာ နဲ့  လူကြီးကလည်း ပုံစံ တမျိုးနဲ့  လာပြန်ပြီ ။ဂျောင်းပါတော့ ။
အဲ ... ဒီအောက်က ၂ ပုံ ကိုတော့ အမျိုးသမီးများ အထူးသတိထား ရှောင်ရှားသွားကြပါရန် ကြိုတင် သတိပေးအပ်ပါသည် ။
ဝါသနာ ပါလျှင်တော့ ဆက်ကြည့်ပေါ့ ။
ှဒီဗူးထဲမှာ Spy Camera သေးသေးလေး မြှုပ်ထားတယ် တဲ့ ။ ဟိုလို ဒီလို နေရာတွေမှာ ဟိုဟာဒီဟာတွေ မလုပ်ကြနဲ့ နော် ။
တော်ကြာနေ ခေါင်းဆောင် မင်းသား မင်းသမီး ဖြစ်နေမစိုးလို့  စေတနာ နဲ့  သတိပေးတာ ။
အော်ရီဂျင်နယ်ကြော်ငြာ က ဒီလို ..
( The Tissue Box Hidden Camera DVR is a digital spy camera disguised as a box of tissues, designed to sense movement and capture video clips through the outer plate in 720 x 480 resolution. The camera can record in both high-lighting and low-lighting situations, and has a 6-hour rechargeable battery. You also have an SD card slot for expanding and transferring video capacity and a remote control for controlling the camera. Prices start at $599.95..)
အောင်မလေး ။။ မပြောတော့ဘုး ။ ပြောကို မပြောချင်တော့ဘူး ။ အမြန်ပြေးမှ ဘဲ ။
တော်ကြာနေ အရိုက်ခံရတော့ မယ် ။ ဟားဟားဟား ။
ပျော်ရန်သက်သက် ရည်ရွယ်ပါတယ် ။
အားလုံး ပျော်ရွှင် ချမ်းမြေ့ ကြပါစေ ။
( ဒီက နေ စပ်စုထားပါတယ်)
►Posted by
:kiki
:
at
9/02/2009 10:00:00 PM
Subscribe to:
Post Comments (Atom)
22 comments:
နံပါတ် တစ် လာယူတား)
နောက်မှဖတ်မယ်း)
နားပြီနော် ။ မနက်မှလာဖတ်တော့မယ်။း)
နံပါတ် နှစ် (၂)း)
နားပြီနော် ။ မနက်မှလာဖတ်တော့မယ်။း)
နံပါတ် နှစ် (၂)း)
သုံး ဦးတယ်
လေး ထပ်ယူတယ်
ငါးတော့နော်ကလူချဉ်ထားတော့မယ်
မပြေးလည်းရိုက်မှာပဲ
ဆင်တော့ဆင်တယ် နော် အမား
ဘာနဲ့ ဆင်လည်းမသိဘူး စဉ်းစားနေတာ
မူးနေလို့ လားမသိဘူး စဉ်းစားမရဘူးဖြစ်နေတယ်
ရိုက်တော့ရိုက်ချင်နေတာ စဉ်းစာမရဘူးဖြစ်နေတယ်
စဉ်းစားရတော့မှနင့်ကိုလာရိုက်တော့မယ်အမား
မကြီး ကြော်ငြာအကောင်းလွန်တာ မနမ်းနဲ့ခိလောက် နေရာကိုလုနေပြီ :)) အလာမြန်လို့။ ဘွားကီ..ဟိုနှာချေတဲ့တစ်ရှူးဗူးလိုချင်တယ်။ :))
လာလည်ပါတယ်နော် တစ်ရှုးတစ်ထုတ်မသွားတယ် အကလား ရမလားလို့......... ရောင်းသူတွေကတော့ ၀ယ်သူတွေအတွက် အသစ်အဆန်းနေနဲ့ လုပ်ရောင်းရတာပဲလေ.......... စတိုင်အမျိုးမျိုးထွက်နေပေမယ့် နူးညံ့ပြီး မပေါက်လွယ်တဲ့ တစ်ရှုးမျိုးဆို ကောင်းပါတယ်
ဈေးသည်တော့ မဟုတ်ပါဘူးနော်
ဖွားကိရယ် တတ်လဲတတ်နိုင်ပါ့နော် ဟားဟားးးး
အတ်...အတ်...အတ်.... အတ်ခ်ျခ်ျခ်ျ..... ရိုး.......
အဲတာတဘူးလောက် ပေးဂျမ်းဘာ....
နှပ်ညှစ်ပြီး သုတ်ချင်စရာ ကောင်းသူ တယောက် ကို တွေ့ထားပြီဗျ
ဘယ်လိုလုပ်မလဲ
အောက်ဆုံးကဗူးကလဲဗျာ ဟီးး
ပြောတော့ဝူးနော်
မမကိမို့ရှာရှာဖွေဖွေတင်တတ်ပလေတယ်
thanks for ur sharing!
thanks for ur sharing!
thanks for ur sharing!
မှတ်ကရော... ဘာပြောရမှန်းတောင် မသိတော့ဘူး။ တစ်ရူးဘူးတွေတော့ သဘောကျသဗျာ အဟေဟေ လူတွေများ ပိုက်ဆံ ရှာတတ်ကြပါပေ့ဗျာ...။
ဖွားကီနော် မပြောချင်ဘူး မပြောချင်ဘူးဆို မပြောချင်ဘူး ကြော်ငြာတွေပဲ လိုက်စုနေတယ် sponsor ဘယ်လောက် ရထားလဲ မသိဘူးး) နှာချေတဲ့ ဘူးလေးက ချစ်စရာလေး ဆွဲတိုင်း ချေတာဆိုတော့ ရီရမယ်နော့် ပို့ပေး ဒီကို တခု
လေးစားလျက်
တောင်ပေါ်သား
ကြည့်ရင်းနှာခေါင်းတွေ ယားလာဒယ် .. :D
ကလိ ကလိနဲ့ :P
ဗူးပုံလေးတွေက အမိုက်စားလေးတွေဗျ
ပုံဖော်လို့ မရတာ တဗူးထဲ ရှိတယ်။
မကီတော့နော် ဟင်းးးးး
အဲဒါစစ်သားစုဆောင်းရေးမှာ ထားတဲ့ဗူးဗျ ခန့်ခန့်ချောချော တွေဖြစ်အောင် အဲလို နှုတ်ခမ်းမွှေးထား ခိုင်းမလို့လေ။
ဖွားကီရေ ရှာဖွေလေတွေ့ရှိလေပေါ့နော် ... စီးပွါးရေးကတော့ ကမ္ဘာပျက်လေ တိုးတက်လေပဲထင်တယ်
မမမကီကီကီရေ့ ..ကျန်ခဲ့ ပြန်ပြီရေးထားတာလေ
ဖတ်ပြီးတိုင်း တွေးစ၇ာလေးတွေအစီအရီ၊ နေကောင်းသွားပြီလားလို့ ။ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်ခြူချာနေရင်ကြီးလာရင်ဘယ်လိုလုပ်ကြမလဲ
၁၂လုံးတန်းဇာတ်လမ်းရေးဘို့ ခတ်ကွင်းပြင်နေတာနဲ့ ရွာရောက်တော့ မယ်။အသက်ကြီးတော့ အထနှေးတယ်
မမကီတို့ လိုတော့ အထမသွက်ဘူးဗျို့ ၊နောက်တာနော်
နောက်စရာဒီအမကြီးတစ်ယောက်ပဲရှိတာမို့ ပါ။
အဆန်းတွေကြီးဘဲနော်... ရှာရှာဖွေဖွေ တွေ့တတ်တယ်... အံ့ရော
တစ်ရှူးပေပါထည့်တဲ့ ဗူးဒီဇိုင်းတွေကလည်း များမှ များပဲ။
မကိကတော့လေ sale promoter လုပ်ဖို့ကောင်းတယ်...
Post a Comment