一場婚宴竟然成了悲劇!新郎被親友連續用紅酒跟啤酒混著灌酒,新郎送客回家後嘔吐不止,被老婆發現昏倒沙發上,猝死送醫不治。
結婚典禮上,新人繞場敬酒接受親友的祝福,這是台灣婚禮上的習俗!交情不好,看桌上的紅酒一杯接著一杯倒,每一杯都要呼乾啦!台北市一名吳姓男子就在婚宴上被眾多親友連續用紅酒跟啤酒混合著灌酒,總共喝了一瓶半的紅酒,加上十幾杯啤酒。不常喝酒的新郎,敬完酒就搖搖晃晃回到家,突然沒有了心跳。
第一時間趕到的救護人員在部落格上描述現場狀況,新娘看著昏倒的新郎早就哭花了新娘妝,問家人怎麼回事,只知道新郎在婚禮被灌了很多酒。但再怎麼急救,也都於事無補。
醫師檢驗發現新郎酒測值高達0.93,研判是喝酒過量引發的心因性疾病,導致新郎猝死!傷心的新娘只能站在急診室外無助的哭泣。大囍之日變成忌日,家人怎麼也無法接受。家人不願多談,而新娘也已經搬回娘家。這對新人愛情長跑四年,在內湖築起愛的小屋,原本以為幸福快樂的日子就要在公寓裡上演,但新郎因為被灌了太多酒猝死,新娘下半輩子的幸福不知道該跟誰討。(記者林承志、葉子杰報導)
လာပြန်ပြီ ဒီအပျိုကြီး ခုတလော ယောက်ကျားယူခြင်စိတ်ပေါက်နေတယ်လို့ တော့ အထင်လွဲတာ မစောလိုက်ကြပါနဲ့အုံး ။
ထင်လည်းထင်ခြင်စရာပါဘဲ ။ ရေးလိုက်ရင် ဒီအကြောင်းတွေကနေ မထွက်တော့ဘုးလို့ ။
ဒီလိုပါ ။ ပေါက်ပေါက်ရှာရှာ စိတ်နဲ့စပ်စု တော့လည်း ပေါက်ပေါက်ရှာရှာသတင်းတွေဘဲ မြင်မိပါတယ်။
ဒီကနေ့  သီတင်းစာ ထဲက သတင်းလေးတခု ပြန်ပြီးဖေါက်သည်ချမလို့ပါ ( ဆားချက်တယ်လို့  တချို့ က ခေါ်ကြပါတယ် ။ ကိုယ်ကတော့ မနေ့ က ဆားလည်း ငံတာတွေ မစားရပါဘဲနှင့်  ဟို သတင်းဒီဘလောဂ်တွေ ဖတ်ရင်း အလိုလို သွေးတိုးနေလို့  ဒီဆားချက်တယ် ဆိုတာကြီိး နဲနဲတော့ လန့် နေပါတယ်)။
ဒီလိုပါ ။
သတို့ သားနဲ့ သတို့ သမီးတို့ ဟာ သမီးရည်းစား အဖြစ် ၄ နှစ်ကျော် ချစ်ကြိုက် ခဲ့ ကြပြီး အခု မင်္ဂလာဆောင်တယ်ပေါ့ ။
တရုပ်တို့  ထုံးစံအတိုင်း မနေ့ က မင်္ဂလာ `ဧည့်ခံပွဲလုပ်တယ်ပေါ့နော် ။ အားလုံး သိကြပြီးတဲ့ အတိုင်း ဒီက ဧည့် ခံပွဲတွေမှာ အရက်က မပါ မပြီးတာလေ ။
သတို့ သမီးကလည်း အဝတ်ကို ၃ ခါ ၊ ၄ ခါလောက် ပြေး ပြေးပြီးလဲ ရသေးတာ ။ ဘာလို့ လဲ တော့ မသိပါဘူး ။ ( ဟီး ..ဒါကြောင့်  မယူချင်တာ )။
ပြီးအခါကျတော့ ထမင်းဝိုင်းပေါ့ ။ အင်း လေ၊ ပြောတော့သာ ထမင်းဝိုင်းပါ ။ စားကြတာလဲ ထမင်းတစေ့ မှ မပါဘူး ။ ဟင်းတွေချည်းပါဘဲ ။ စားသောက်လို့  ဝိုင်းတဝက်လောက်ကစပြီး သတို့ သားနဲ့ သတို့ သမီးတို့ ဟာ နှစ်ဖက် မိဘတွေနဲ့အတူ လာတဲ့ ဧည့် သည်ဝိုင်းတွေကို အရက်ခွက်လေးတွေ ကိုယ်စီကိုင်ပြီး လိုက်လံ နှုတ်ဆက်ရပါတယ် ။
အဲဒီမှာ ဇာတ်လမ်းက စတာပါ ။ ဒီကံကောင်းလှပြီလို့ ထင်ရတဲ့သတို့ သား Mr Wu က အရက်ကို အမြဲသောက်လေ့ မရှိပါဘုးတဲ့။ (သတင်းစာ မှာရေးထားတာကို တတ်သလိုနဲ့  ပြန်ရွှီးပါတယ် )။ ဒီလို နဲ့ သူ့ ရဲ့ မိတ်ဆွေ သူငယ်ချင်းတွေရဲ့ ဂုဏ်ပြုအထိမ်းအမှတ် ခွက်သေးသေးလေးနဲ့ သောက်ရင်း ၊cheers လုပ်ရင်း မသိမသာ ရေချိန်လွန်သွားပါတယ် ။အားလုံးပေါင်း သူသောက်မိလိုက်တာက red wine တပုလင်းခွဲ နဲ့ ဘီယာ ၁၀ ခွက်ကျော်လောက် ဝင်ပြီးတော့ ဒရိမ်းဒရိုင်နဲ့  အိမ်ပြန်ရောက်တယ်ပေါ့ ။
အိမ်ရောက်လို့ မှ မကြာမီ သူသတိလစ်သွားတယ်တဲ့ ။ အသက်မရှု ၊ နှလုံး မခုန် တော့ဘုး ပေါ့ ။ အဲဒီတော့မှ သတို့ သမီးက ငိုကြီးချက်မ နဲ့ ( အင်း ငိုတာများ ဘာလို့  ချက်ကို မ ထားရ တာလဲတော့ မသိဘူး ။ ဒီလိုဘဲ ပြောသံကြားဖူးနေလို့  ရေးလိုက်မိတာ ) 119 အရေးပေါ် ကား ဖုံးဆက် ။ EMS က လူတွေ သူ့ အိမ်ရောက်တော့ အသက်မရှု၊ နှလုံးမခုန်တော့ CPR အရေးပေါ် ပြုစုပြီး ဆေးရုံ ပို့ တာပေါ့နော်။ အတတ်နိုင်ဆုံး ကြိုးစားပေမဲ့  သတို့ သားရဲ့ အသက်ကို မကယ်တင်နိုင်ခဲ့ ပါဘူး ။ အနိစ္စ သဘောနဲ့ ကိစ္စရှော သွားရှာပါတယ်။
( ဒီမှာ မူးရင် မမောင်းရ ၊ မောင်းရင် မမူးရ ၊ အရက်စစ်ဆေးတဲ့ ပမာဏ ဟာ 0.27 ကျော်ရင် ကား၊ ဆိုင်ကယ် မောင်းတဲ့ သူ ဟာတရားဥပဒေ အရ အပြစ်ရှိပါတယ်။ဒါဏ်ငွေ 16000 NTD ထိုင်ဝမ်ဒေါ်လာ နှင့် အထက်၊ သို့ မဟုတ် ထောင်ဒါဏ် အထိ အပြစ်ပေးခြင်းခံရ နိုင်ပါတယ် )
အရက် က မကောင်းကြောင်း၊ ဆိုးကျိုး အမျိုးမျိုး ပေးတတ်ကြောင်း အားလုံး သိထားကြမှာပါ ။
ထုံး စံ ဆိုတာကြီးကလည်း လူ့ ဘောင်ကို ဘယ်လို ထိန်းချုပ်ပြီးသတ်မှတ် ထားကြသလဲ တော့မသိပါဘူး ။
မြန်မာ ဓလေ့ ထုံးစံမှာတော့ ဒီ သူရာမေရယ မဇ္ဇ ပမာဒ ဌာနာ ဝေရာမဏိ သိက္ခာ ပဒံ သမာဒိယာမိ ။ အရက်သေစာ သောက်စားခြင်းမှ ရှောင်ကျဉ်ပါမည် ဘုရား လို့  အာမဘန္တေ ခံ ကြလေ့ ရှိပါတယ် ။ မင်္ဂလာ ဆွမ်းကျွေးတာမှာ ဘယ်သူမှ အရက်နဲ့  ဧည့်ခံလေ့ မရှိပါဘူးနော် ။
ဒါတွေကတော့ ဓလေ့တို့  ထုံးစံတို့ ကြောင့်ပေါ့ ။
တချို့ လည်း ကြိုက်လို့  သောက်တယ် ၊ တချို့ လည်း အားနာလို့  သောက်ရတယ် ။ ပြီး စီးပွားရေးကိစ္စ တွေ ဆွေးနွေးကြတဲ့ အချိန် ဧည့်ခံကြရင် အရက် မပါလို့ မပြီးဘူးလေ ။လူမှုရေး၊ စီးပွားရေး တွေ အရပေါ့ ။ အကြောင်းအမျိုးမျိုး ရှာပြီး ပြပြီး သောက်ကြရတယ်ပေါ့။
ခု ဇာတ်လမ်းမှာ တော့  ဘာအကြောင်းကြောင့် ဖြစ်ဖြစ် သတို့ သား အသစ် စက်စက် လေး အသက်ဆုံးရှုံး သွားရတယ်ပေါ့။
ကျန်ရစ်တဲ့  ကံဆိုးသူ သတို့ သမီင်္းလေး ကတော့ မုဆိုး မအသစ်စက်စက်လေးဘဝကို ညမကူးဘဲ ပြောင်းသွားရပြီပေါ့.။
ဒါဟာလည်း အရက် ကြောင့် ဖြစ်ရတဲ့ ကြေကွဲစရာလေးတခုပါ။
ဒီက လူတွေရဲ့ ဓလေ့  ထုံးစံ နှင့် အရက် ယဉ်ကျေးမှု ကို သိလိုရင်တော့ အရင်က တင်ပြဘူး ခဲ့တဲ့ ဒီနေရာလေးမှာ ကြည့်ရှု နိုင်ပါတယ်။
12 comments:
ဘုရား ဘုရား ဒါကြောင့် မူးရင် မင်္ဂလာမဆောင်နဲ့ မင်္ဂလာဆောင်ရင် မမူးနဲ့လို့ ပြောရမလိုဖြစ်နေပြီ အဟီးး အဲဂလောက်တောင် သောက်ရသလား သတို့သားရယ်... သတို့သမီးခညာ... ဘ၀ကဆိုးတာပါလေ အဟိ..
သြော်.. ဖြစ်ရလေ သတို့ သားရယ်။ တောက် !!!
စတာပါ..။ အရက်မသောက်တတ်ရင် သောက်တတ်အောင် လုပ်ထားသင့်တယ်..။ အရက်ရေချိန်လွန်တတ်ရင် ရေချိန်ကိုက်တတ်အောင် လုပ်ထားသင့်တယ်။ သူရာမေရယ ကံကို 10% လောက်တော့ ကျူးလွန်ပေါ့ ဘာဖြစ်လဲ။ နောက် တရားတွေ စွတ်ထိုင်ပေါ့ ဘာဖြစ်လဲ..။
အပျိုကြီး မြန်မြန်ရပါစေ..။ (ရချင်တာရနော်..ဟီ :P)
ဖြစ်ရလေကွယ်။ အရက်ရဲ့ဆိုးကျိုးတွေကတော့ ပြောလို့ မကုန်နိုင်အောင်ပါပဲ။ သတို့သမီးလေးလည်း သနားစရာ။ သတင်းထူးလေးကို ပြန်ဝေမျှပေးလို့ ကျေးဇူးတင်ပါတယ် kikiရေ :)
စိတ်မကောင်းဖြစ်ရတယ်။ သတို့သမီးလေး သနားပါတယ်။ အရက်ကြောင့် ကောင်းကျိုးမရလာပဲ ဆိုးကျိုးတွေချည်းဆိုတာ ယမကာလုလင်များ သတိထားကြလို့များ မကြီး သတိပေးလိုက်တာလား?
ခိလောက် လာမဖတ်သေးဘူးလား။။
သွားအော်လိုက်ဦးမယ်။
မနေ့က အဲဒီသတင်းတွေ့မိတယ်...။
သတို့သားအတွက် စိတ်မကောင်းဘူး သူ့ခမျာ
အ၀ှာလေးတောင် မပြုသွားရဘူး...(လက်ဖွဲ့ပစ္စည်း ကြည့်တာကို ပြောတာ နော်..။)
အင်းလေ...
မသောက်တတ်ရင် သောက်တတ်ဖို့ ကျင့်ထားသင့်တယ်
ကိုယ့်ရေချိန်ကို သိဖို့ လိုတယ်.. အဲဒါအရေးကြီးဆုံးပဲ အပေါင်းသင်းနဲ့ သောက်လဲ တူတူပဲ လူမသိ သူမသိ မှောက်အောင် သောက်ချင်တယ် ဆိုရင်တော့ တမျိုးပေါ့ အပျော်သောက် တာဆိုရင်တော့ ရေချိန်ကိုက်ရင်တော်တော့ပေါ့ ကျတော်ဆို သောက်တယ် ရေချိန်မလွန်အောင်တော့ သောက်တယ် အဲအဲ... လူမိသသူမသိအောင် သောက်ချင်တယ်ဆိုရင် တော့ အိမ်မှာ ( သို့မဟုတ်) ကိုယ့်ကို ထိန်းမယ့် သူငယ် ချင်း အပေါင်းသင်းရှိမသောက်တယ် မဟုတ်ရင် အိမ်ပြန်ရောက်မှာမဟုတ်လို့ပဲ အဟီး.. တားတားလဲ သောက်တတ်တယ်... အဟီး...။
သုရာမေရယ မဇ္ဇ ပမာဒ(မြစ်စပ်နားလည်း မသောက်နဲ့ တဲ့၊ ရေထဲကျပြီးသေတတ်တယ်) ဋ္ဌာနာ( ဋ္ဌာနာ နားလည်းမသောက်နဲ့တဲ့ ၊ရဲဖမ်းတတ်တယ်)ဝေရာမဏိ - ရှောင်ကြဉ်ပါလော့အဆွေ။
စိတ်မကောင်းစရာ သတင်းပါပဲ။ သတို့သမီးလေးကတော့ အတော် ၀မ်းနည်းပူဆွေးနေမှာ အမှန်ပါပဲဗျာ.. မသောက်ဖို့ ဆုံးဖြတ်လိုက်ပြီး နေ့တိုင်း ပြောပါတယ်။
လေးစားလျက်
တောင်ပေါ်သား
ဘုရားဘုရား.....သနားစရာကောင်းလိုက်တာနော်....
ဒါနဲ့ စကားမစပ်...မမဆီလာလည်လို့ ရမလားဟင်....
ထိုင်ဝမ်ကိုလေ....
ဟက် ဟက် တို့ လဲ အားကျမခံတို့ အကြောင်း ရေးအုံးမှ.. မူး တာ က တော့ တို့ ပါ
အင်း သတိထားရမယ်
မကြီးပြောတာကို
နောက်တစ်ခါ မင်္ဂလာဆောင်ရင်တော့
တစ်ခွက် တစ်ဖလားသောက်ပီး နှပ်တော့မယ်
ဒင်နာလဲမကျွေးတော့ဘူး
တော်ပီး ပိုက်ဆံလဲကုန်သေးတယ်
မကြီးရေ ..
မသောက်တော့ဘူး
မင်္ဂလာဦးညလေး ထပ်ပျက်မှာကြောက်လို့
အဟိ မသိရင်
တစ်နှစ်တစ်ခါများဖိုးစိန်တို့မင်္ဂလာဆောင်တဲ့လေသံနဲ့
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်
ဟူးးး
ဆိုးပါ့....ရင်နာစရာနော်
Post a Comment