ခုတလော စိတ်မကြည် မလင်ဖြစ်နေကြသူ မောင်နှစ်မ မိတ်ဆွေများ ဘဝ အမောလေးတွေ ကို ဟာသလေးနှောပြီး စိတ်ဖြေကြရရင် ကောင်းမယ် လို့  စဉ်းစားမိတဲ့  အတွက် ဒီကာတွန်းလေး ကြည့် မိတဲ့ အချိန် စက္ကန့် ပိုင်းလေးမှာ ဘဲ ဖြစ်ဖြစ် ပြုံး မိရင် တောင် ကျေနပ်ပါတယ် ။ ဘာလို့ လဲ ဆိုတော့ မကျေနပ်ချက်တွေ စုပြီးထွက်ပေါက်မရှိတဲ့ နေရာတခုမှာ ပိတ်လှောင်ထားတာ ကြာတာတဲ့ အခါ ပေါက်ကွဲမှုတွေ က ပိုပြီး ပြင်းထန်လာတတ်ကြတယ် မဟုတ်လား
ဒီတော့  ဒီလို အခါမျိုးမှာ နဲနဲဖြစ်ဖြစ် ပြုံးဖို့ လို အပ်နေမှာပါ .
နှုတ်တရာ စာတလုံးတဲ့ ..
ဒါပေမဲ့  တခါတရံ စာတလုံးမှ မပါပေမဲ့ လည်း အဓိပ္ပါယ်များစွာ ပါဝင် နေတတ်ကြတဲ့  စာပေမျိုးလည်း ရှိတတ်ကြတယ်နော်။
ဒီပုံ ကို ကြည့် ပြီး လိုသလို ဆွဲတွေးကြပေါ့။
အထူးသဖြင့်  လူပျို ကြီးများ သတိပြုရန် ပေါ့။
ခြေ ၂ ချောင်း မကယ် ကောင်း ဆိုတဲ့ ရှေးလူကြီးတွေရဲ့  ဆိုရိုး ကို ရော ဒီနေရာ မှာ အသုံး တည့် မယ်လို့ ယူဆပါသလား အသင် မိတ်ဆွေ ကြီးတို့ ရေ။
နောက်... အင်း... ကိုယ့်ရှူး ကိုယ်ကို ပြန် ပတ်မဲ့  အရာများဖြစ်နေမလားဘဲ။
ဪ ..မိန်းမ .. မိန်းမ ။။ ဣိယ ခေါ် မိန်းမဟူသည် မရှိ မကောင်း ၊ ရှိမကောင်း နော် ။ ဒါမှ မဟုတ် မရှိလည်းကောင်း ရှိလည်းကောင်း လား ။ ဒါမှ မဟုတ် မရှိ မကောင်း ၊ ရှိမှကောင်း တဲ့ လား ??? ။
ကဲ .. လွတ်လပ်စွာ ကွဲလွဲ နှိင်ပါသည် ၊ ပေါ့ .. . :))
►Posted by
:kiki
:
at
5/22/2009 03:17:00 PM
Subscribe to:
Post Comments (Atom)
15 comments:
ဟိဟိ မီးဘဲကို မီးပြစရာလားလို့... ဟွန့်... ခုတောင် မိုးလင်းကတည်းက ပူညံပူညံလုပ်နေတယ်တဲ့... ပွစိပွစိ ပြောခံနေရတာ...
ရှိပြီးမကောင်းတဲ့အချိန် မကောင်းပါဘူး
မရှိပေမယ့် ကောင်းတဲ့အချိန်ကောင်းပါတယ်။
မရှိသလိုလို ရှိသလိုလို အချိန်မှာ ကောင်းသလိုလို မကောင်းသလိုလို လဲရှိပါတယ်...။
ရှိရှိ..မရှိရှိ ကောင်းချင်ကောင်းပြီး မကောင်းချင်လဲမကောင်းတာပဲလေ..။
နားလည်ရဲ့လားမသိဘူး ကျွန်တော်ရေးတာ ကျွန်တော်တောင် နားမလည်ဘူး..။
း))
တွေးချင်သလိုတွေးသွားပါတယ် .. ချစ်ချစ်ကိုတောင် ပို့ပေးလိုက်သေး .. စဉ်းစားဦးမလားလို့ :D
သြော်.. မိန်းမ..
သြော်.. မိန်းမ..မိန်းမ..
သြော်.. မိန်းမ..မိန်းမ..မိန်းမ
မိန်းမဆိုတာ ရှိမှ ကောင်းတာပါကိကိရယ်။
♫ မိန်းမ မိန်းမဆိုတာ... ဘာလဲဗျ.. ♪
♫ မိန်းမ မိန်းမဆိုတာ... ဘာလဲဗျ.. ♪
သီချင်း ဆိုသွားတယ်..
အင်း.. မိန်းမဆိုတာ တကယ်တော့ ရထားလမ်းမှာ ကြိုးတုတ်ထားသင့်တယ်.. ဟုတ်တယ်.. မကောင်းဘူး..း)
ကိုရင်နော်
ကိုနေညိုရင့်ကြီးက သြော်မိန်းမ..မိန်းမဆိုလို့.
ဘယ်ရမလဲ..
သြော်ယောက်ျား..ယောက်ျား.အခုတမျိုး တော်ကြာတမျိုးပါလား..အကြင်နာကင်းလိုက်ပါဘိ။
“မကောင်းမရှိ နဲ့ ကောင်းမှရှိပါ ” လို့ထင်တာပဲ :P
ဒီလူညံ့တယ်
ရထားလာခါနီးအချိန်ကိုရွေးပြီးသွားထားရမှာ
တော်ကြာနောက်လူမြင်ရင်ကယ်သွားအုံးမယ်
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်
အမှန်က ယောက်ကျား ကို လုပ်ရမှာ..သူက ကွန်ပြူတာပဲ ဂရုစိုက်နေတာကိုး
မကြီးကီ
ကိုကျိုးရေးသွားတာကို နားလည်ရဲ့လားတော့ သိဖူး။ ညီ လဲအဲ့လိုပဲ ရေးချင်တာ။ သိလား။ အဟီးး။
ဒီလိုတွေးတတ်ရင်တော့ ညီတော်မောင် ဖိုးစိန်တစ်ယောက် မိန်းမရဖို့ ဒီတစ်သက် လမ်းမမြင်... sorry ပါ ဖိုးစိန်ရာ... စိတ်မကောင်းပါဘူး...
........................................................
ကိကို ရေးမှာလား မရေးဘူးလား... ပြတ်ပြတ်သားသားပြော...
သင့် ရဲဘော်
ကိုလူထွေး
ကိကိဆိုတာ အဲ့လောက်ဆိုးမှန်း အရင်က မသိခဲ့ဘူး...
ကိုယ့် အိမ်သားအပေါ်မှာ အဲလောက်ကြီး ဆိုးရဘူးလေ...
ဆင်ခြင်မှပေါ့ကွယ်...
ကောင်မလေးနဲ့ အသိဖြစ်ရရင်သိပ်ကောင်းမယ်ဗျာ။ မင်္ဂလာပွဲမှာခဏခဏ စားရမယ်။းP
အင်းကောင်းလိုက်တဲ့ ပန်းချီ
ေ၇းသွားတဲ့လူကိုချီးကျူးတယ်
နင့်တို့ မိန်းကလေးတွေက ဒီလိုပဲနေမှာပါလေ
ခပ်တည်တည်နဲ့ ပြောသွားတာ
Post a Comment