မျိုးစေ့မှန်မှ အပင်သန်
ရင်အခံမှာ မှန်ကန်စွာပေါက်ဖွားဖို့ 
ရေ မြေ လေ နေ စုံပေမှ
ရှင်သန်ကာ ကြီးထွား ၊
ရုပ်သဏ္ဍန် ပိတ်လှောင်ထားပေမဲ့
စိတ်သန်တာ ရိပ်မှောင်ကျပါဘူး
ဒူးမထောက်တဲ့  ဒို့ အမေ
ဘယ်အခြေကြပ်တည်းနေပေမဲ့
အဝေးအနီးက သားသမီးတွေအတွက်
အားဆက်ကာ ကြံ့ ကြံ့ ခိုင်မာဖို့ 
မှန်းဆ ဆုတောင်း ။
အမေနေ့  ကျော်လွန်ပြီးမှ အမေ အကြောင်း ပို့ စ်တင်နေရသလားလို့  ထင်ချင်လည်းထင်ပါ။
အဖိနှိပ်ခံ မြန်မာပြည်သား အားလုံးရဲ့  အမေ အတွက် ကိုယ့်ရင်ထဲက ဆုတောင်းလေးတခုပါ။
ကိုယ့်ဘာသာ ကိုယ်ဆုတောင်းတာ ဘာဖြစ်သလဲ ။
Type rest of the post here
►Posted by
:kiki
:
at
5/16/2009 01:18:00 PM
Subscribe to:
Post Comments (Atom)
9 comments:
ကိုယ့်ဘာသာကိုယ်ဆုတောင်းတာ ဘာမှ မဖြစ်ပါဘူး ကိကိရယ်။ ကိကိနဲ့ တူ သန်းချီတဲ့ လူတွေ ဆုတောင်းနေကြပါတယ်။
အများအတွက် စွန့် ဝံ့သူတွေကို ကြည့်ပြီး ကိုယ့်ကိုကိုယ် ဘာမှ အသုံးမကျလို့ ပဲ စိတ်ဆင်းရဲပါတယ်။
မကြီင်္းကိကီးတို့နဲ့
ထပ်တူထပ်မျှ ခံစားဆုမွန်ကောင်းတောင်းပါတယ်
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်
အမေ့အတွက် နေ့ တိုင်းကို အမေနေ့ တွေလုပ်ပစ်လိုက်တော့ရော ဘာဖြစ်လဲ...
ကိုလူထွေးလဲ ထပ်တူ ဆုတောင်းပေးပါတယ်...
idiot ရယ်...
အလွန်ကောင်းတဲ့စာသားပါ kiki ရေ ဒူးမထောက်တဲ့  ဒို့ အမေတဲ့ လား မှန်လိုက်တာကွာ ဘယ်လိုခံစားချက် နဲ့ ရေးသွားတဲ့ စာဆိုတာ ဖတ်မိသူရင်မှာ တဆစ်ဆစ်နဲ့ နာ ဒို့ တွေတတ်နိုင်တာလုပ် လုပ်ကြမယ်လေး ဆုတောင်းမေတ္တာ ပို့ ကြပါမနှေး ကျနော် ချစ်ခင်လေးစား ကြည်ညိုမြတ်နိုးရသော အမေ ကျမ္မာ ချမ်းသာ ကိုယ်စိတ်၂ဖြာကြည်လင်အေးမြ ရ်ျ သက်တော် ရာကျော်ရှည်ပါစေခင်ဗျာ ချစ်ခင်လေးစားစွာဖြင့်  thondrae
အမား နင့်တစ်အားတော်တာပဲ သိလား
ငါ့လည်းဆုတောင်းမယ် အမေ နေကောင်းကျန်းမာဖို့ 
ဒီထက်မက အမေလုပ်စရာတွေကျန်သေးတယ်
အမေ လုပ်နေတာက သူ့ အတွက်မဟုတ်
ငါ့တို့ အားလုံးအတွက်သူ့ အနစ်နာခံလုပ်ပေးနေတာ
ကဲ အတူတူဆုတောင်းကျတာပေါ့
အမေ သားသမီးအတွက် ရဲဝံ့စွာ ရှေ့က မားမားမတ်မတ် ရပ်တည်ပေးနေတဲ့ အမေ
အမေ မလျှော့မနစ် ငြိမ်းချမ်းရေး အတွက် တိုက်ပွဲ ၀င်နေတယ် အမေ...
ထပ်တူ ခံစားရပါတယ် အမကီရေ.. အမြန်ဆုံး လွတ်မြောက်နိုင်ပါစေဗျာ.....
လေးစားလျက်
တောင်ပေါ်သား
အမေရယ်..
အမေကဗျာလေးအတွက်
ကျေးဇူးတင်ပါတယ်ကိ
ချစ်ခင်စွာ
Post a Comment