Hey Lay
ဟဲလေးရဲ့  ကြင်ယာဘက် နဲ့  နှစ်နားညီ
(ဒီသီချင်းလေးနားထောင်ရင်းနဲ့ ဒီစာလေးကို ဖတ်ပါက ပို၍ အနက်အဓိပ္ပါယ် ပေါ်လွင်မှာမို့  အပေါ်က PLAY လေးကို အရင် နှိပ်ပါနော်)
သူငယ်ချင်းတယောက်ဆီမှရတဲ့ မေးလ်လေးထဲက အကြောင်းအရာလေး ဖတ်လိုက်မိတော့
အိမ်ထောင်ဘက်ရွေးတဲ့  စံချိန် စံညွှန်းများ (ရှေးထုံးလည်းမပါယ်နှင့် ဈေးသုံးလဲ မလွယ်နှင့် ) ဆိုတာဒါတွေလည်းပါမယ်လို့ ထင်လိုက်မိပါတယ် ။
ဒါတွေအားလုံး ပြည့်စုံ ကိုက်ညီမှ အိမ်ထောင်ပြုရ / ပြုကြမယ်ဆိုရင်တော့ ဒီလောကကြီးတခုလုံး အတွက် နောက်မျိုးဆက်သစ်များ အတော့ကို ရှားပါးပြီး ၊ ငှက်ပျောပင် ၊ ငှက်ပျောတုံး များလည်း အရောင်းသွက်ကုန် ၊ ရှားပါးကုန် ဖြစ်နေလောက်ပါပြီ။
ဒီတော့ လည်း သတ်မှတ်ချက် (Criteria )ကို အရေးကြီးတဲ့  major နဲ့  သိပ်အရေးမကြီးတဲ့ minor ဆိုပြီး 2 major+ 1 minor ။။ ဒါမှမဟုတ် 1 major +3 minor လောက်နဲ့  စံချိန် စံညွှန်းလောက် နဲ့ ရွေ့းချယ်ကြရရင်ကောင်းလေမလားလို့  ။
အပျိုကြီး လူပျိုကြီးဘဝမှ အမြန် လွတ်မြောက်လိုသူများ စနစ်သစ် စံညွှန်းကို စတင် အသုံးပြု နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ် ။
အိမ်ထောင်ရေးနှင့်ပက်သက်၍ မြန်မာ့ယဉ်ကျေးမှုနယ်ပယ်တွင် ဆုံးမမှုများရှိကြပါသည် ။
" ကုန်ရှူံးတော့တစ်ခေါက် ၊ လင်ကုန်ရှူံးတော့ တစ်သက်လုံးမှောက် "
" အိမ်ထောင်မှုဘုရားတည် ဆေးမင်ရည်စုတ်ထိုး ဤသုံးချက်မပိုင်လျှင် နောင်ပြင်နိုင်ခက်သည့်အမျိုး "
ဟူ၍ လူကြီးမိဘတို့က ဆိုဆုံးမပညာပေးလေ့ရှိပါသည် ။ဘ၀တစ်သက်တာ သေတပန်သက်တဆုံး
လက်တွဲသွားရမည်ဖြစ်သည့်အတွက် စိတ်ချမ်းသာကိုယ်ချမ်းသာနှင့်အိမ်ထောင်သည်ဘ၀ပြည့်ဝစွာ
ခံစားစံစားကြရလေအောင် အိမ်ထောင်ဘက်ကို အထူးသတိထား၍ ရွေးချယ်ကြလေ့ရှိပါသည် ။
လင်ကောင်းမယားကောင်းရရှိရေးအတွက် အုပ်ထိမ်းသူမိဘတို့သည်လည်းကောင်း ၊ လူပျို အပျိုတို့သည်
လည်းကောင်း အောက်ပါအချက်များကိုအလေးအနက်ထား၍ ရွေးချယ်ကြလေ့ရှိပါသည် ။
မိန်းကလေးဘက်က ယောက်ျားလေးနှင့်ပက်သက်၍ အောက်ပါအချက်များကို အဓိကထား
စဉ်းစားပြီး ရွေးချယ်လေ့ ရှိကြပါသည် ။(ကျား တွင်ရှိအပ်သော စံညွှန်း)
၁- အရက်မသောက် ၊ ဖဲမရိုက် ၊ အပျော်အပါးမလိုက်စားတတ်သူ
၂- အမြော်အမြင်ကြီးမားပြီး အဆင်အခြင်တရားနှင့်ပြည့်စုံသူ
၃- မျိုးရိုးဇာတိ မြင့်မား၍ ရုပ်ရည်ရူပကာယ တင့်တယ်ခံ့ညားသူ
၎- ပစ္စည်းဥစ္စာမကြွယ်ဝသော်လည်း သားမယားကို ရှာဖွေကျွေးမွေးနိုင်သော အရည်အချင်းရှိသူ
၅- စကားအရာ ချိုသာနူးညံ့သိမ်မွေ့ပြီး ကိုယ်ချင်းစာတရား ထားတတ်သူ
၆- အနာရောဂါကင်းစင်သူ
၇- သက်မွေးဝမ်းကျောင်းအတတ်ပညာ တစ်ခုခုတတ်သူ
၈- သားမယားအပေါ်၌ လင်ဝတ္တရားနှင့် ညီနိုင်သူ
၉- မိမိထက်အသက်အရွယ် ( ၅ ) နှစ်ထက်မကြီး ( ၃ ) နှစ်ထက်မငယ်သူ
၁၀- အမျိုးဘာသာတူ၍ အချစ်စစ်အချစ်မှန်ရှိကာ သာယာသောအိမ်ထောင်ရေးကို ဖန်တီးတတ်သူ
ထိုနည်းတူ ယောက်ျားလေးကလည်း မိန်းကလေးနှင့်ပက်သက်၍ အောက်ပါအချက်များကို
အဓိကထားပြီး ရွေးချယ်လေ့ရှိကြပါသည် ။( မ တွင် ရှိအပ်သော စံညွှန်း )
၁- အနာရောဂါကင်းစင်သူ
၂- မျိုးရိုးဇာတိကောင်းပြီး ရုပ်ရည်ရူပကာယ တင့်တယ်လှပသူ
၃- သိမ်မွေ့နူးညံ့သော ဣနြေ္ဒသိက္ခာရှိသူ
၎- စကားအရာချိုသော သာယာသူ
၅- မယားဝတ္တရားနှင့်အညီ လင်ပေါ်၌ ပြုစုလုပ်ကျွေးနိုင်သူ
၆- အိမ်တွင်းမှုအတတ်ပညာကို ပြည့်စုံစွာတတ်မြောက်သူ
၇- ပညာအမြော်အမြင်ရှိပြီး အကြင်နာတရားထားတတ်သူ
၈- အမျိုးဘာသာတူကာ အချစ်စစ်အချစ်မှန်ရှိပြီး သာယာသောအိမ်ထောင်ရေးကို ဖန်တီးတည်ဆောက်နိုင်သူ
၉- အပျော်အပါးကင်း၍ စီးသောရေဆည်သောကန်ဇင်းဖြစ်ပြီး အိမ်ထောင်ရေးကိုလုံခြုံစွာ ထိန်းသိမ်းတတ်သူ
၁၀- လော်လီမှု လျှပ်ပေါ်မှု ကင်းသူ
၁၁- လင်နှင့်သားသမီးတို့ကို မိခင်ပမာ ပြုစုလုပ်ကျွေးနိုင်သူ
စသော အင်္ဂါအရည်အချင်းများကို ကြည့်၍ ရွေးချယ်ကြလေ့ရှိသည် ။
( မနုသီလ ဓမ္မသတ်ကျမ်း )
ဒီကျမ်းစာအရ ယောင်္ကျားများဟာ တချက်ပို ဇီဇာကြောင်သည် ဟု ထင်မြင်မိပါ၏ ။သူတို့ က စံညွှန်း ၁၁ ချက်တောင်မှ ထားပြီး မိန်းမရွေးကြပါတယ် ။ မိန်းမတွေကတော့ ၁၀ ချက်နဲ့ တင် လုံလောက်သည် ဟု ယူဆနေတာ အမှန်ပါဘဲလားနော် ။ ဘယ်လိုကြီးပါလိမ့်  ။
►Posted by
:kiki
:
at
5/14/2009 02:23:00 AM
Subscribe to:
Post Comments (Atom)
11 comments:
ဒါမှ ငါ့မကြီးကွ လုပ်ထား ယူတော့မယ်ထင်တယ် မလွယ်ဘူး ကြော်ငြာနေပြီးကွ ဟီးးးးးးး
လေးစားလျက်
တောင်ပေါ်သား
သားက ခလေးပဲရှိသေးတယ်မကြီးကီကီရာ
ဒါကြောင့် မကြီးကီပြောတာတွေက နားရှက်စရာ
အဟီးးး
သားကငယ်ငယ်လေးပဲရှိသေးတာ
စိတ်ဝင်စားဘူး
ဂေါ်မစွံတဲ့အပျိုကြီး မကီ မရောင်ပြန် မငုံ တို့ ကတော့
လေ့လာမှတ်သားသင့်တာပေါ့လေ
သားသား
ဖိုးစိန်
မှတ်သားလောက်ပါတယ် အမရေ။ ဘာလို့ ယောင်္ကျားလေးတွေက ၁၁ ချက်ထားပြီးရွေးလဲဆိုတော့ ၁၁ မီးငြိမ်းချင်လို့နေမှာပေါ့...းP
ဟယ် ကြည့်ပါအုံး ကိုယ့်ဟာကိုယ်တောင် မသိလိုက်ဘူး အနော့်ဘဲကတော့ စံချိန် စံညွှန်း အရည်အသွေး အပြည့်အ၀ပဲ ဟိဟိ(အတော်ပဲ ၀င်ကြွား.. အဲလေ.. ၀င်ပြောလို့ ရတုန်းလေး) အနော့်ကိုတော့ အဲဒီ မ တွင် ရှိအပ်သော စံညွှန်းထဲ ထည့်ရင် နံပါတ် ၆ကတော့ သူ့ပဲ... လုပ်ပေးနော်လို့....... ပြောရမှာပဲ :P ဘယ်ရမလဲ ညီတူညီမျှပဲ ၁ ချက်ကို နှုတ်ပလိုက်မယ် ဒါပဲ...
ဟဟ.. ကျတော်နဲ့ မလွတ်ဖူးဟ...
ခီလောက်ကပိုဆိုးပေါ့။။။ဟူးဘယ်လိုလုပ်ရပါ့.။
ဘယ်လိုလုပ်ရပါ့...။
မကီရေ....ရှင်လုပ်တာနဲ့ ဟိုငနဲလေး ဖိုးစိန်က ပြောချင်ရဲ့လက်တို့ ကဆော်သွားပြီနော်။ မှားပါတယ်။ ဒီစံချိန် ၁၀ ချက်ဆိုတော်ပြီလား။ ဟဟ
ဖိုစိန်သိပါတယ်နော် ဂေါ်မစွံလား စွံလားဆိုတာ။ ဟဟ
ခင်မင်လျှက်
မရောင်
အဲဒီအချက်တွေနဲ့ ကိုက်ညီဘို့ ဆိုသိပ်မလွယ်ဘူးkikiေ၇ကမ္ဘာပေါ်မှလူဦးရေတိုးပွါးလာပေမဲ့  လူတွေကတော့  kiki ပြောတဲ့  အချက်လက်တွေကနေလျှော့ နည်းသွားကြတာကို ယေဘူယအားဖြင့် ကြည့် ရင်သိနိုင်လာတယ် ဒီတော့  ကိုယ်ကလည်း ချစ်ခင် ကြည်ဖြူသံယောဇဉ်ရှိနိုင်ရမယ် သူကလည်းကိုယ့် ပေါ်မေတ္တာဂရုဏာ သနားကြင်နာ မြတ်နိုးမှုနဲ့  ပေါင်းသင်းဆက်ဆံနိုင်သူဖြစ်မယ်ဆိုရင်စဉ်းစားဆင်ခြင်ရွေးချယ်သင့် ပါတယ် အကောင်းဆုံးကိုဖြစ်လာဘို့ တော့ ကြိုးစားလုပ်ယူကြရတာဘဲလေ ဒါကကိုယ့် ရဲ့ ခံယူချက်ပါလွတ်လပ်စွာသဘောထားကွဲလွဲနိုင်ပါသည် ”
ကိုဝင်းဇော်အိမ်ကနေ ရောက်လာတယ် အမရေ
ရေးထားတာ သဘောကျမိတယ်။။ သီချင်းလေးတွေ
နားထောင်ပြီး အောက်ကစာတွေ ဖတ်လိုက်တော့
ပြူံးမိတယ်။ ပျော်ရွှင်ပါစေ အမ
ခင်မင်ခြင်းနှင့်
တလနွန်
အဟမ်းအဟမ်း..အခုတလော ကြော်ငြာတွေ များးနေပါတယ်။
အစက ကြိုသိခဲ့၇င် အော်..
သီချင်းလေးဆိုသွားသည်..
တို့အတွက်တော့မလိုတော့ပါကွယ်..
အချစ်မှာ အကြောင်းပြချက်များ မလိုဘူးလေ..
:)
ဟီးဟီး ရွေးတုန်းကတော့ အချက်တွေက အများကြီးပဲ ရုတ်တရက် ကျော်ဟိန်းပြောသလို လျပ်တပျက်နဲ့ ဖြတ်ကနဲလဲ ဖြစ်သွားရော စံတွေက အဝေးကြီး ရောက်သွားတယ် တိန်. စတာဘာ
Post a Comment