ဒီမနက်အိပ်ရာထ သတင်းစာဖွင့်ကြည့်တော့ ဦးဆုံးမြင်လိုက်ရတဲ့ သတင်းနဲ့ပုံကြောင့် အူယားလာတာကြောင့် မနက်စာတောင်မစားဖြစ်သေးပါဘူး ။ အယားပြေအောင် ဆားချက်ချင်တဲ့အတွက်ကြောင့် ဝေငှပေးလိုက်တာပါ။
南投埔里一位僧人,日前夜晚上廁所時,才坐上馬桶一下子,突然覺得一陣刺痛,站起來發現下體流血,回頭往馬桶裡面一看嚇了一跳,原來有一條錦蛇,緊急送醫後,還好沒有生命危險。消防隊員獲報,有蛇卡在馬桶裡面,緊急到場處理。
အဲဒီ နန်ထို ဖူလီ ဆိုတဲ့ အရပ်ဒေသ ဟာ ဒီထိုင်ဝမ်ကျွန်းနိုင်ငံလေးရဲ့ အရှေ့ အလယ်ပိုင်းမှာရှိပြီး တောတောင်ထူထပ် ပြီး ငလျှင်ကြော အပေါ်တဲ့ တဲ့ မှာ ကျရောက်နေတဲ့အတွက် မြေငလျှင် မကြာခဏလှုပ်ခြင်း ။ မုန်တိုင်းကျတိုင်း ။ မိုးများတဲ့ အချိန်တိုင်း တောင်ပြို မြေပြိုခြင်း စတဲ့ သဘာဝဘေးအန္တရာယ်တွေ အမြဲကျရောက်တတ်တဲ့ ဒေသ တခုပါ ။ လွန်ခဲ့ တဲ့ ၁၀ နှစ်လောက်က လူပေါင်း ၃၀၀၀ ကျော် သေဆုံးခဲ့ ရတဲ့  921 ငလျှင်ကြီးဟာလဲ ဒီဒေသကို အကြီးအကျယ် ပျက်စီးစေခဲ့ပါတယ်။
သဘာဝ ကပ်ဆိုးတွေ မရှိတဲ့အချိန်မှာကြည့်ရရင်တော့ အလွန် သာယာလှပ ပါတယ် ။ လည်ပတ်စရာ တွေတပုံကြီးပေါ့။
အခုလဲ ရာသီဥတု စပြီးပူလာလို့ နဲ့ တူပါတယ် ။ ကိုရွှေမြွေလေးတွေလည်း အေးချမ်းတဲ့ အရပ်ကို ရှာဖွေ နေထိုင်ကြရတာပေါ့နော ။ နေစရာရှားလို့  အိမ်သာ ကမုတ်ထဲ ဝင်ခွေနေတာလေ ။ အိမ်ရှင်ကတော့ ဘယ်သိပါ့မလဲ ၊ မခေါ်ဘဲရောက်လာတဲ့ ရွှေဧည့် သည်က အထဲမှာ အမြိုင့် သားနဲ့  ။ညကြီးမိုးချုပ် ဒီလူကြီးလဲ အန္တရာယ် မလွယ်နိုင်လို့ အိမ်သာဒေဝ လုပ်တဲ့အချိန် အရေးကြီးတဲ့ ဟိုနေရာမှာ ပူကနဲဖြစ်ပြီး သွေးစိမ်းရှင်ရှင် ထွက်တော့မှ အောက် ငုံ့ ကြည့်အမိ ။သကောင့်သား အခွေလိုက်တွေ့ တော့မှ လန့် ဖျန့် ပြီး မီးသတ်ကိုဖုံးဆက် ။ သူလဲ ဆေးရုံပြေးရတာပေါ့ ။ တော်ပါသေးတယ် ။ လူက အသက်အန္တရာယ် မရှိဘဲ ပြီးသွားလို့ ။
မိတ်ဆွေတို့ လည်း အန္တရာယ်မလွယ်နိုင်လို့ ရှင်းတော့ ပြုတော့မယ် ဆိုရင် ဘေးဘီ အထက်အောက် သေချာကြည့် ရှုပြီးမှ လုပ်စရာရှိတာ ဆက်လုပ်ကြဖို့  အသိပေးအပ်ပါတယ်။
12 comments:
အောင်မလေး အူယားလိုက်တာ။ နောက်ဆို သေချာကြည့်မှနော်။ ရှဲ့ရှဲ့ ကီလေးရေ
ခင်တဲ့
မေတ္တာရောင်ပြန်
ဒီမြွေနှယ် နေစရာရှားလို့ တော်သေးတယ်...
အမျိုးသားဖြစ်နေလို့...အမျိုးသမီးသာဆို......
အင်း.... တခါတည်းမြင်ပြီးမေ့သွားလောက်တယ်
နန်ထိုသွားလည်မလား...လူစုလိုက်လေ....
အောင်မငီး လုပ်ပြန်ပြီ အီးယားးးးးးးးး ကျောတွေယားတယ် အကုန်ယားသွားတယ် ဟင့် လူဆိုး
ကြောက်တယ် မြွေဆိုရင် ကြောက်တယ်။ တကယ်တန်း ကြောက်တယ်ဆိုတာထက် အသဲယားတယ်ပြောရင် ပိုမှန်မယ်ထင်တယ်
လေးစားလျက်
တောင်ပေါ်သား
မြွေနှစ်ကောင် ပွေးဆေးကိုပဲ
လူတွေဝယ်လိမ်းကြတာပဲ
မြွေဆို ကြောက်တယ်...
ပါလာတာလေးလည်း ကုန်...
အယ် ဟုတ်ပါ့ ကိုကျိုးက မိန်းကလေးသာဆိုတော့ မလွယ်ဖူးတဲ့ အဟိ
ညင်ပါ့ ကိုကျိုး တို့ ကတော့
လိုက်ဖူးနန်ထိုကို
အမား နင့်လည်းသတိထားနော်
ကိုကျိုးပြောသွားတယ် တွေ့ လား မိန်းကလေးသာဆိုမလွယ်ဖူးတဲ့ အဟိ
တော်ကြာ ထွက်ပေါက်မတွေ့ မှဖြင့်
မြွေပြောတာာမဟုတ်ပါဘူး
လူကိုပြောတာ လန့် နေတော့ မမြင်တော့ဘူးလေ အဟား
သြော်အေးချမ်းတဲ့နေရာတဲ့လား
ကိုကိုမြွေရယ်
ရှု့ခင်းကောင်းကောင်းနဲ့
အနံ့အသက်ကောင်း
ဗြူးကောင်းတဲ့နေရာလေးကိုမှရွေးတတ်ပါပေ့
ကိုကိုမြွေရယ်
အို... အရမ်းအရမ်းကို လန့်သွားတာပါကွယ်
တော်တော်ကံဆိုးတာပဲနော် အိမ်သာတတ်ရင်မြွေကိုက်ခံရတယ်လို့ တော်သေးတာပေါ့ တင်ပါးပဲကိုက်မိလို့ ငယ်ငယ်ကချုံတိုးတုန်းက တွေ့ခဲ့ပါဘူး
တစ်ခါတော့ ကိုလူထွေးရဲ့ ရေအိမ်ထဲကို မြွေလိုပဲ အရှည်ကြီး ကျဖူးတယ်။
အဲ့လောက်တော့ မရှည်ပါဘူး... ပြောရင်းနဲ့ ပြန်မြင်လာပြီ..
e..ee..eee..eeee ရွံ့ ထာ...
ဟင့် စောစောစီးစီး မြွေ့မြင်ရတယ် နိုချင်တယ် ကျွန်မအကြောက်ဆုံးက အဲ့ရှည်ရှည်ကောင် :(
ကီကီက ကျွန်တော့်ထက် အသက် ငယ်မယ် ထင်ပါတယ်.. ကျွန်တော်က မန္တလေးမှာ ၈၆ က ၁၀တန်းအောင်ပြီး ၉၆ က ကျောင်းပြီးတာပါ.. ကီကီက ရန်ကုန်က ပြီးတယ်ထင်ပါတယ်.. ကျွန်တော်က အခု အသက် ၄၀ ပါ.. ကီကီက အခုတိုင်ပေမှာလား ထိုင်ဝမ်မှာလား ထိုင်ဝမ်မှာတော့ ကျွန်တော့် ကလပ်စ်မိတ် ဒေါက်တာ အေးကြူ ရှိပါတယ်.. ကျောင်းပြီးကထဲက မဆုံတော့တာပါ တွေ့ဖို့ မလွယ်ပေမယ့် ဆုံဖြစ်ခဲ့ပါရင် ကျေးဇူးပြု၍ ပြောပေးစေလိုပါတယ် ကီကီ..
ဖြစ်ရလေနော်... ဟိုသတ္တဝါလေးတွေ ခမျာလည်း သဘာဝအပြောင်းအလဲတွေကြောင့် နေစရာမရှိတော့ မရှိရှိတဲ့နေရာမှာ အဆင်ပြေသလို ဝင်နေတာထင်ပါရဲ့။ တွေးကြည့်ရင် တကယ်ကို ကြောက်လည်းကြောက်စရာ ကောင်းပါတယ် kiki ရယ်...
Post a Comment