ဒီ video အပိုင်းအစလေးကို ကြည့် လိုက်ရတဲ့ အချိန်မှာ အတော်လေးရင်မောသွားမိတယ် ။ဒီ ရှိုးပြတဲ့ နေရာက ဖေါ်ပြမထားတော့ ဘယ်နေရာမှန်း အတိအကျ မသိပါဘူး ။ ဒါပေမဲ့ နောက်ဖက်က background ကိုကြည့် ရတာတော့ Las Vegas မှာနဲ့ တူပါရဲ့ ။
အဌိဋာရုံတွေကို မှ မြင်ချင်ကြည့် ချင်တဲ့လူတွေရဲ့ စိတ်ဓါတ်တွေကြောင့် လား ။ သူတို့ ဆီက လူတွေရဲ့ ဟီးရိုးလုပ်ချင်စိတ်လား ။ ဒါမှ မဟုတ် မိုက်ရူးရဲတယ် ခေါ်ရမလား ။ဒီလို စတန့် ထွင်နည်းများစွာ ကသူတို့ ဆီမှာ သိပ်အထူးအဆန်းတော့ မဟုတ်တော့ပါဘူးထင်ပါရဲ့ ။ အောင်မြင်သွားရင် လက်ခုပ် လက်ဝါးတီးပြီး ချီးမွမ်းထောပနာပြုကြတယ်ပေါ့။ မအောင်မြင်ရင်တော့လဲ ကဲ့ ရဲ့ ခြင်းတော့ ရှိကြမယ်မထင်ဘူး။ ဟီးရိုးမဖြစ်ဘဲ ဇီးရိုး ပြားပြားလေးဖြစ်သွားမှာနော် ။ဒါပေမဲ့  ခုလို လုပ်တာကတော့  အတော်လေး မိုက်ရူးရဲဆန်ရာကျသလိုထင်မိတယ်။
အမှန်ကို ဝန်ခံရရင် ကိုယ်တိုင်ကလည်း ရှေ့ ဘာများဆက်ဖြစ်မလဲဆိုတဲ့ စိတ်နဲ့ ဆက်ကြည့် နေမိပါတယ်။
တခုခုသာ မှားယွင်းလိုက်ရင်တော့ ဘုရား ဘုရား..။ ဒီလို လုပ်ပြလိုက်လို့ ရော ..ဘယ်သူ့ အတွက်များအကျိုးဖြစ်ထွန်းစေမှာလဲနော် ။လူတွေအတွက် အကျိုးဖြစ်စေမဲ့ အရာတခုခုကို ။တီထွင်မှုတခုခုကို ၊ စမ်းသပ်လုပ်ပြရင်း မတော်တဆ တခုခုဖြစ်သွားခဲ့တယ် ဆိုရင်တော့ ဖြေသာစရာရှိပါသေးရဲ့ .။
ဪ.. လူတွေ လူတွေ ...ကဲ ..အသင်ရော ..တကယ်လို့  အဲလို ပြကွက်မျိုး ၊ ပိုက်ဆံ ပေးစရာမလိုတဲ့  ဖရီးရှိုး အလကားကြည့်ရမဲ့  ပြကွက်မျိုး ၊ သင့်ရဲ့ ရှေ့ မှောက်မှာ အဆင်သင့် ရှိနေပြီဆိုပါတော့၊ ဆက်ကြည့် မလား ၊ ဒါမှမဟုတ် မကြည့်ဘဲ လှည့်ထွက်သွားမလား ။ အဟက်.. ၉၉ ရာခိုင်နှုန်းကတော့ ဆက်ကြည့် ကြမယ်ထင်ပါတယ် ။
11 comments:
အားရို တစ်ကိုယ်လုံး ယားပြီး ပြန်သွားတယ်.... အစကလေးပဲ ကြည့်ပြီးပြေးတာပဲ ဘာဆက်ဖြစ်သွားလဲဟင်...
:) အမရေ အဆုံးထိကို ကြည့်သွားတယ်။ ရိုးရိုးသားသားတော့ မဖြစ်နိုင်ပါ။
လေးစားလျက်
တောင်ပေါ်သား
ဟုတ်ပါတယ် ရိုးရိုးသားသားမဖြစ်နိုင်ပါ သူ့ ကိုကြိတ်တာနဲ့ ကြည့်နေတဲလူတွေ နည်းနည်းဝေးတာသဘောမကျပါ
သူလှဲနေတဲ့နေရာကိုကြည့်ချင်ပါတယ် မြို့ ကြီးသား အ ချက်တော့ လိမ်သွားမှန်းကိုမသိကျဘူး
အစ်မရေ ...
စလုံးချယ်နယ်မှာတော့ ဒီလူ့ပြကွက်တွေခဏခဏလာပါတယ် .. သူက စတန့်သမားမဟုတ်ပါဘူး .. မျက်လှည့်ဆရာပါ ... ဒေးဗစ်ကော့ပါးဖီးလ်လိုပါပဲ ... မှော်လဲ နည်းနည်းဆန်သယောင်ယောင်ရှိပါတယ် .. သူ့ပြကွက်တွေအတော်များများက ဆန်းလဲ ဆန်းသလို ကြောက်ဖို့လဲကောင်းပါတယ် ... လိမ်တာတော့ လိမ်နေတာရှိမှာပါ ...ဒါပေမယ့် ပြကွက်တွေကရှင်းလွန်းလို့ လိမ်မှန်းတောင် သိပ်မသိပါဘူး အစ်မရယ် ....
ဘီး ကဲယားဖူးဆိုလို့ လုံးဝမကြည့်သွားဖူး။
ကိုယ်က ကြောက်တတ်တယ်။
ဟဟ..... ကြည့်တွားတယ် ဘယ်လိုပြောရမှန်းမသိဖူး..
ကောင်းပါတယ် လို့ပဲဝေဖန်လိုက်တော့မယ်.. ကိုယ်မှမလုပ်နိုင်တာပဲ နော့်..။
ဒီကလေးတွေက မကြောက်တတ်ကြဘူးလား ကစားနေလိုက်တာ လူကြီးတွေမရှိတဲ့အတိုင်းပဲ
ဒီကစားနည်းကိုစပ်စပ်စုစုရှာတတ်တဲ့ လူကြီးမကီကီးရေ
ကြည့်သွားပါတယ်
ကြောက်ဖူး
ကဲယားဖူးပီးကြည့်သွားပါတယ်
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်
ဒီပြကွက်က စတန့်မဟုတ်ပါဘူး။ မျက်လှည့်ပါ။ ပဉ္စလက် ခေါ်မလားပဲ။ ဒေးဗစ်ကော်ပါဖီး လိုပေါ့။ Media Corp channel ကနေ ခဏခဏပြတယ်။
၇ှာရှာဖွေဖွေ kiki ရယ် အားအားစားစားလူတွေ အကြောင်းမရှိအကြောင်းရှာကြံကြံဖန်ဖန် လူပ်ပြနေလိုက်ကြတာ ညာနည်းတ မျိုးနေမှာပေါ့  လူအမျိုးမျိုးနတ်အဖုံဖုံဆိုတာဒါမျိုးကိုပြောတာနေမှာပေါ သူ့ကိုခေါ်ပြီးကုလားမီးနင်းပြီးလျှာကိုအပ်စိုက်ခိုင်းရင်ကောင်းမယ်နော်
သူကတော့ Criss Angel ပါ၊ သူ့ကိုယ်ကိုနှစ်ပိုင်းဖြတ်ပြတယ်၊ မိန်းကလေးတယောက်ကိုလဲဖြတ်ပြတယ်၊ နံရံတွေမှန်ထဲဖြတ်ပြီသွားပြတယ် (ဂရိတ်ဝေါမှာတခါ)၊ရေပေါ်နဲ့လေထဲလမ်လျှောက်၊တိုက်နံရံကိုဒီတက်ပြ၊
သရဲမကြောက်တတ်သူတွေကိုသရဲနဲ့ပေးတွေ့အများကြီးဘဲ၊ ယူတုထဲမှာရှာကြည့်ပေတော့၊ ကျွန်တော်လည်းလေကျင့်နေတယ်..
လောလောဆယ်ဖျောက်လို့တော့ရပြီ
ပြန်ရှာမရသေးဘူး..
idiot ဆိုတာတစ်ယောက်ထဲလား အောက်မေ့တယ်..
အုပ်စုလိုက်ပါလားဗျို့ ...း)
ဒါကြောင့် မျက်လှည့်ပြစားတဲ့သူတွေ သူဌေးဖြစ်နေတာထင်တယ်...
Post a Comment