သူငယ်တန်းမှ သတ္တမ တန်းအထိ ဖြေဆိုသူတိုင်း အားလုံး အောင်သည် ။
ဒီနေ့ ဖတ်လိုက်ရတဲ့ forward mailတစောင်ထဲက ပုံလေးတပုံပါ ။
ရုတ်တရက်ကြည့်လိုက်ရတဲ့ အချိန်လေးမှာ ရီစရာ ဟာသတခုလိုပါဘဲ ။ လိုရင်းတိုရှင်း စာမေးပွဲအောင်စာရင်း တခုပေါ့ ။ တိုးခွေ့ ပြီးလဲ ကြည့်နေစရာမလိုတော့ဘူးပေါ့နော။ ကောင်းလိုက်တဲ့ ရွှေ နိုင်ငံမှ အောင်စာရင်းထုတ်ပြန်နည်းလေးတခု။
ဒါပေမဲ့ သေချာစဉ်းစားမိတော့ ဘယ်သူဆက်ရီနိုင်ကြပါအုံးမလဲလေ။
စနစ်သစ်ခေတ်မီ ပညာရေးစနစ်ကြီးအရ ဒီလိုဘဲ ဖြစ်ကြရတော့မယ် ။ ကျောင်းသားတွေ စာမေးပွဲကျရင် အဲဒီ အတန်းကို တာဝန်ယူ သင်ကြားပေးရတဲ့ ဆရာ ၊ ဆရာမတွေကို အထက်က အဆင့်ဆင့် ထုချေလွှာတွေတောင်းတယ် ။ ကျရှုံးနှုန်းများတဲ့ ကျောင်းက တာဝန်ရှိသူ ဆရာ ဆရာမများ အပြစ်ပေးအရေးယူတာ ခံကြရတယ် ။ ဒီတော့ ဒီ ကျောင်းသားတွေ စာတကယ် တတ်တာ မတတ်တာက အဓိက အရေး မဟုတ်တော့ပါဘူး။ အားလုံးကို ရာနှုန်းပြည့်  အအောင်ပေးလိုက်တယ်ပေါ့ ။ ဒီကျောင်းပညာတွေ တတ်သွားလို့ ရော။ ဘွဲ့ တွေရပြီးသွားလို့ ရော ဒီ လူငယ် တွေ အတွက် ဘာတွေဘာဘဝ အာမခံချက် ပေးနိုင်သလဲ ။ ဒီလို ဝေလေလေ ပညာရေးစနစ်ကြီး နဲ့  ဒီခေတ်ကြီးမှာ သင်ယူတတ်မြောက်လာရတဲ့ ပညာတွေ ။ ဒီတိုင်းပြည်ကြီးမှ မဆုတ်ယုတ်ရင် ဘယ်တိုင်းပြည်က ဆုတ်ယုတ်တော့မလဲ။
ဆရာဝန်တယောက်ဖြစ်ဖို့  အရင်က ၇ နှစ်ကြာသင်ယူခဲ့ရတဲ့ ခက်ခဲနက်နဲတဲ့ ဆေးပညာ တွေကို ၄-၅ နှစ်နဲ့ အပြီးသင်လိုသင် ။ အရင်က လူသေအလောင်းခွဲပြီးလက်တွေ့ သင်ကြားရေး ခန္ဒာဗေဒ ခွဲစိတ်မှုမှာ small group teaching လူ အယောက် ၂၀ မှာ လူသေတလောင်းကျ ကိုယ်တိုင်ခွဲစိတ်လေ့လာတဲ့ နေရာမှာ၊ ခုခေတ်အခါ မှာ လူသေအလောင်း မလောက်လို့  ဆိုပြီး ကျောင်းသား အယောက် ၄၀၀ ကျော် တတန်းလုံးမှာမှ လူသေတယောက် ဘဲခွဲတမ်းချပေးပြီး ၊ ဆရာမ ခွဲပြထားပြီးသား ကိုဘဲ တိုးခွေ့  စုပြုံ ကြည့် ပြီး ရခဲ့တဲ့ ဆေးပညာတွေ ၊ သင်ရိုးညွှန်းတန်း ဖတ်စာအုပ် တွေ မလုံမလောက် ၊ ပစ္စည်း ကရိယာ မလုံ မလောက် ။ သင်ကြားတတ်မြောက်ခဲ့ရတဲ့  အသက်ကယ်ဆေးပညာတွေ ။ဒီလို ပညာတွေကိုဘဲ ပေးလို့ ရတာလေး ယူပြီး ဆရာဝန်တွေ ဖြစ်လာကြတဲ့  ကိုယ်တို့ ရဲ့  ရွှေတိုင်းပြည်ကြီးက ရွှေပညာတွေ တွေက နာမကျန်းဖြစ်နေကြတဲ့  လူနာတွေရဲ့အသက်ကယ်ပေးကြဖို့  တော်ရုံ အားထုတ်မှုနဲ့  ဖြစ်နိုင်မယ် မထင်မိဘူး။ သူတို့ လို အာဏာ ၊ ပါဝါ ၊ အသပြာ တွေ အလျှံပယ် ရှိနေကြတဲ့  အခွင့်ထူးခံ လူတန်းစားတွေ ကတော့ နှာချေး ချောင်းဆိုးတာလေးက အစ လေယာဉ်စင်းလုံးဆွဲ ပြီး ယပက်လက်တို့ ၊ စလုံးတို့ သွားပြီး ဆေးစစ် ဆေးကုခံနေကြတာ ။ ဘာလို့  ပြည်တွင်းဖြစ်ကို အားမပေးကြတာပါလိမ့်နော် ။ (ခုဆိုရင် ဒီနေရာလေးလောက်ဘဲ သွားလို့ ရအောင်နယ်ကျဉ်းသွားပေလို့ ဘဲ တော်သေးတယ်ပြောရမယ် ၊ အရင်ကဆို အသားနီစပ်စပ် နှာခေါင်းရှည်ရှည်လို့ သူတို့ ဟာ သူတို့  သမုတ်ခေါ်ဆို နေကြတဲ့ နိုင်ငံက ဆရာဝန်တွေ ဆီဘဲ ပြေးကြတာလေ ။)
ဒီနည်းတူစွာ ၆ နှစ် သင်ရတဲ့ အင်ဂျင်နီယာ ပညာ ၊အချိန်ချွေတာရေး ခေါက်ချိုးပေးပြီး လိုရင်းတိုရှင်း ရိုက်သွင်းပေးလိုက်တဲ့ အိမ်ဆောက် ၊ တံတားဆောက်၊ လမ်းဖေါက် ခက်ခက်ခဲခဲပညာတွေကို သုံးပြီး ၊ လိုရင်းတိုရှင်း ဆောက်ပေး လိုက်တဲ့ အဆောက်အဦးတွေ ၊တံတားတွေ၊ဖေါက်ထားတဲ့ လမ်းတွေ ။ခိုင်ခံ့မှုမရှိတော့  ဘယ်သူတွေ အသက်အန္တရာယ် ဖြစ်စေမလဲ ။ ဒါတွေ အရင်းစစ်တော့ ဘယ်သူ့  အပြစ်တွေလဲ ။ ဘာကြောင့်လဲ ။ အဲဒီ လဲပေါင်းများစွာ ထဲမှာ တဝဲလည်လည် ဖြစ်နေရင်း။ ။ ။ ။ ။
အင်း ..... မောတယ် .. ဘာလို့များ မဟုတ်က ဟုတ်က တွေ လျှောက်တွေး နေမိပါလိမ့်  ။ ကိုယ့်ဟာကိုယ် အေးဆေး နေပြီး ကိုးရီးယားဇာတ်လမ်းတွဲလေး တွေကြည့် ပြီး စိတ်ကူးယဉ် နေတာကမှ ကောင်းအုံးမယ်။
ကဲ . မဟုတ်တာတွေ လျှောက်တွေးမနေနဲ့  အရူးရေ ။ တထောင့် တည ပုံပြင်ပြောတာကမှ ပြီးဆုံးနိုင်အုံးမယ်။
ဒီတော့ နောက် ကြုံမှ ဘဲဆက်တွေးကြတာပေါ့ ။
►Posted by
:kiki
:
at
5/07/2009 11:22:00 PM
Subscribe to:
Post Comments (Atom)
8 comments:
အဟားဒီခါတော့ထိပ်ဆုံးပဲ အမားရေ
ရေးသွားတာရေလည်မိုက်တယ်
အဟတ် ချဆော်တာဆော်အမရ
ဒါကြောင့်အနော့ကျောင်းထွက်တာ
သောက်ညင်ကပ်လို့ 
ကျောင်းဆက်တက်ရင် မဟုတ်တာပဲဖြစ်မှာလေ
မဟုတ်တာမဖြစ်ရလေအောင် ကျောင်းထွက်တာမှဟုတ်သေး
ကဲ အမားရေ နင့်မောင့်ရှိသေးတယ် အားပေးတယ်
တော်မလှန်ရင် ကျုပ်လှန်မှာပဲ
ဘာဖြစ်ဖြစ် အဟတ်
မကြီးရေးလိုက်မှ ဟင်းကနဲဆိုပြီးရင်မောသွားတယ်
ကျနော်တို့လဲကျောင်းပြီးခဲ့တာပဲလေ
အခုလုပ်နေရတဲ့အလုပ်ကိုပဲကြည့်
ပြီးခဲ့တာနဲ့လုပ်နေရတာဘာမှမဆိုင်ဘူး
ဘယ်တတ်နိုင်မလဲ
တိုးလို့မှမပေါက်တဲ့ဒီပညာရေးစနစ်ကြီးထဲမှာ
ကိုယ်ညံ့တာလဲပါပါတယ်
ဒါပေမယ့် အသုံးချခွင့် မရတာ အခွင့်အလမ်းမရှိတာခက်တယ်
တော်ပီးဗျာ
မပြောတော့ဘူး
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်
ကိကိရေ မိုက်တယ်ဟ ။ ဆက်ရေး။
မအယ်တို့ တုန်းကလည်း ကျောင်းကတော့ နှစ်ပြည့်တက်ရပေမဲ့ မေးခွန်းအစုံလိုက်ရတဲ့သူတွေရှိတယ်။
တစ်နှစ်လုံး အေးဆေး ပြီးတော့လည်း အောင်တာပဲ။
mrcp တောင် မေးခွန်း set လိုက်ရတဲ့သူနဲ့ ielts ကို အလွတ်ကျက် all 8 တွေနဲ့ ဖြစ်ကုန်ပါပြီ။ ပိုက်ဆံရှိရင် အကုန်ဖြစ်တယ်ဟေ့။
ဟဟ..
မကီတော့.. လုပ်ချလိုက်ပြီ..ဟဟ ဆော်တော့ဗျို့..ဟဟမိုက်တယ်.. ပုံပြင်နားမထောင်ချင်ဖူး..
အဲဒါလေးပဲထပ်ပြောပြ မရ၀ူး.. အဲဒါလေးပဲထပ်နားထောင်ချင်ဒယ်..။ :D
ဒေါက်တာ.. ဒေါက်တာ.. ဒါကြောင့် မြန်မာပြည်မှာ ဆရာဝန်မလုပ်ချင်လို့ကို မကြိုးစားခဲ့တာ အဟီးး (အနော် ညံ့တာတော့ လူမသိစေနဲ့) အနော်တို့ခေတ်ကတော့ ဒေါက်တာဖြစ်ဖို့... ကိုးဘာသာကျက်ရမည်.. အဲသလို.. ကိုင်း... ဒါဖြင့် ကိုးဘာသာစလုံး သိသလားဆိုတော့ ဟိုစပ်စပ် ဒီစပ်စပ် အောင်ခဲ့တာတောင် ရှက်တယ်... ဟိုးနားနည်းနည်း ဒီနားနည်းနည်း... ခုတော့.. ဘာပဲဖြစ်ဖြစ် ခုအနော့်လက်ရှိကတော့ ဝါသနာပါတဲ့ဘာသာရပ်မှာ ပျော်ရွှင်စွာ.. ပုံတွေဆွဲနေတယ်.. အဟိ
ဟူးးးး.... ဟူးးးးးးးးး. ဟူးးးးးးးးးးးးးးးးးးးး
ပြောချင်ဘူးဗျ snap-shot ပေါ့နော် ဒါလဲ ဟီးးးး အမရေ ပြောရမယ်ဆိုရင်တော့ ဒါပါပဲ ကလေးတို့ရယ်ပေါ့.....ဗျာ.........
လေးစားလျက်
တောင်ပေါ်သား
ဒီခေတ် ဒီစနစ်ကိုးးးး
Post a Comment