ခန္ဓာကိုယ်မှာရောဂါဖြစ်ပွားတဲ့ နေရာ အစိတ်အပိုင်းနဲ့ ရောဂါလက္ခဏာများ။
Swine Flu H1N1 ဗိုင်းရပ်စ်ပိုးရဲ့  မော်လီကျူးဖွဲ့ စည်းတည်ဆောက်ပုံ ။
ဟော ... ရာသီဥတု အပြောင်းအလဲမှာ ရောဂါတွေ ပိုးတွေလည်း အမျိုးမျိုးပြောင်းလဲ ပြီး လူတွေကို ဒုက္ခ အမျိုးမျိုးပေးနေကြပြန်ုပြီနော် ... ဝက်တုပ်ကွေးတဲ့ ဗျို့ ။
ဗမာပြည်က တချို့ လူတွေ ကတော့ ဝက်သားဈေးကျမဲ့ အရေး တွေးမျှော်ပြီး ပျော်ရင်တောင် ပျော်နေကြ အုံးမယ်ထင်ပါရဲ့  ။ ဘာကြောက်စရာမှမရှိတာနော် ။ အဲဒီ ဝက်ကို ဆူအောင် ကျက်အောင် ချက်ရင် ဒီဝက်သားမှ နေပြီး ရောဂါ ကူးစက်နိုင်မှာမှ မဟုတ်တာကြီးကို။ မီးအပူချိန် ၈0 ဒီဂရီစင်တီဂရိတ်မှာ နာရီဝက် ဆူအောင်ချက်ရင် ဒီ ဝက်ထဲ က ဗိုင်းရပ်စ် ပိုးလဲ မရှင်နေနိုင်ပါဘူးလေ ။
ဒါပေမဲ့  ဒီအကောင်တွေက နေ လူတွေကို တခြားနည်းတွေနဲ့ ကူးစက် ပြီး နောက် လူ မှ လူ အချင်းချင်း ရောဂါ ပျံ့ စေတော့ မှ ၊ လူတွေ သေကြမှ ဘဲ အားလုံးကြောက်ကုန်ကြတာပေါ့ ။
ခုတလော အရေးပေါ်သတင်းတွေ အပြိုင်ထုတ်လွှင့်နေကြတာ ။ အမိ မြန်မာပြည်ကြီးကတော့ ထုံးစံအတိုင်း မသိသလို ။ မဆိုင်သလို နေ ကြမှာ မြင်ယောင်နေမိပါတယ် ။
ဝက်တုပ်ကွေးကူးစက်မှု သတိပေးအဆင့် WHO တိုးမြှင့်
28 April 2009
အသေအပျောက်များလှတဲ့ ၀က်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကို WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က ကမ္ဘာနဲ့ချီ ပျံ့နှံ့နိုင်ခြေရှိတဲ့အဆင့်ကို သတ်မှတ်လိုက်ခြင်းက လူစုလူဝေးအဆင့်နဲ့ လူလူချင်း ကူးစက်နိုင်တဲ့အဆင့်ထက် ကျော်လွန်သွားကြောင်း အရိပ်လက္ခဏာ ပြလိုက်တယ်လို့ ဆိုပါတယ်။
ရောဂါပျံ့နှံ့မှု အဆင့် ၆ ဆင့်ရှိတဲ့အထဲ အခု အဆင့် ၃ ကနေ အဆင့် ၄ ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က မြှင့်တင်လိုက်တဲ့အတွက် ကမ္ဘာနဲ့အ၀န်း ပျံ့နှံ့မှုအဆင့်ကိုရောက်ဖို့ ၂ ဆင့်ပဲလိုတော့တယ်လို့ တနင်္လာနေ့မှာ WHO တာဝန်ခံများက ရှင်းလင်းပြောကြားကြပါတယ်။
မက္ကဆီကိုနိုင်ငံမှာ ၀က်တုပ်ကွေးရောဂါကြောင့် လူ ၁၄၉ ယောက် သေဆုံးပြီး တခြား၁,၆၀၀ ကျော် ၀က်တုပ်ကွေးရောဂါ ဖြစ်နေကြလို့ WHO က အဲဒီလို အဆင့်မြှင့်ဖို့ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံအနှံ့ ပျံ့နှံ့နေနိုင်လို့ မက္ကဆီကိုနိုင်ငံကို ခရီးသွားလာမှု မပြုလုပ်ဖို့ ဆက်လက်သတိပေးသွားမယ်လို့ အမေရိကန်နိုင်ငံအမိမြေလုံခြုံရေးဝန်ကြီး ဂျဲနက် နပိုလီတန်နို(Janet Napolitano) က ဆိုလိုက်ပြီးနောက်WHO က အဲဒီလိုကြေညာတာ ဖြစ်ပါတယ်။
မက္ကဆီကိုက တာဝန်ခံများနဲ့ မပြတ်ဆက်သွယ်နေကြောင်း အမေရိကန်ဝန်ကြီးကဆက်လက်ပြောဆိုပါတယ်။ အမေရိကန်နိုင်ငံမှာ
ဝက်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၄၀၊ကနေဒါနိုင်ငံမှာ ရောဂါဖြစ်သူ ၆ ယောက်၊စပိန်နိုင်ငံမှာ ၁ ယောက်ရှိကြောင်းတနင်္လာနေ့မှာ အသီးသီး ကြေညာပါတယ်။
နယူးဇီလန်၊ ပြင်သစ်၊ အစ္စရေးလ်နဲ့ စကော့တလန်တို့မှာလည်း ၀က်တုပ်ကွေးရောဂါလို့ မသင်္ကာရတဲ့လူနာများ တွေ့ရပြီး အဲဒီထဲက လူတချို့ကတော့ မကြာသေးခင်ကမက္ကဆီကိုနိုင်ငံက ပြန်လာကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
သတင်းအပြည့်အစုံကို အောက်ပါ လင့်ခ်များမှာ ဆက်လက် ဖတ်ရှုနိုင်ပါတယ်
အမေရိကန် ပြည်ထောင်စုနဲ့ မက္ကဆီကို နိုင်ငံတွေမှာ ၀က်တွေမှာ တွေ့ရတတ်တဲ့ ဗိုင်းရပ်စ်ပိုးတမျိုးကနေ Swine Flu တုပ်ကွေး ဖြစ်ပွားတာတွေ လူတွေမှာ စမ်းသပ်တွေ့ရှိရပြီးတဲ့နောက် ဒီရောဂါကူးစက်မှုတွေ ရှိလာမှာ စိုးရိမ်တဲ့အကြောင်း WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ပြောဆိုလိုက်ပါတယ်။
အခုဆိုရင် ကမ္ဘာအဝှမ်းမှာ ပြီးခဲ့တဲ့ ၅ နှစ်လောက်က လူထောင်ပေါင်းများစွာ သေကျေပျက်စီးစေခဲ့ တဲ့  SARS နဲ့ အလားတူ အဖြစ်မျိုးတွေ မကြုံရလေအောင် နိုင်ငံ အသီးသီးမှ ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့ တွေ တပ်လှန့် ပြီး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အပြင်းအထန် လုပ်ဆောင်နေကြပါတယ်။ ( မြန်မာပြည်မှ ကျန်းမာရေးဝန်ကြီးလည်း အိပ်မောကျမနေစေဖို့ မျှော်လင့်နေမိပါတယ်)
ဒီတော့ ဒီ ဝက်တုပ်ကွေးဆိုတာ ဘာလဲ ၊ ဘယ်လို ပြန့် နှံ့ တတ်သလဲ ၊ ဘယ်လိုရောဂါ လက္ခဏာတွေရှိတတ်လဲ။ ဘယ်လို ကြိုတင်ကာကွယ်ရမလဲ၊ ဘယ်လိုကုသရမလဲ ဆိုတာတွေကို အတို ချုပ်ပြောပြချင်ပါတယ်
ကြက်ငှက် ဝက် ခွေး နွား မြင်း လူ စသဖြင့် ရောဂါ စတင်ဖြစ်ပွားတဲ့ အမျိုးအစားကို လိုက်ပြီး Bird Flu ,ှSwine Flu, Dog Flu , Horse Flu ,Human Flu ဆိုပြီး ခေါ်ဆိုကြပါတယ် ။ Flu ဆိုတာ Influenza ကို အတိုကောက်သုံးစွဲနေကြတာ အားလုံးသိပြီးဖြစ်ပါလိမ့်မယ် ။ ရောဂါ ဖြစ်စေတဲ့ အဓိက တရားခံ ကတော့ Orthomyxoviridae Influenza ဆိုတဲ့ Virus တမျိုးပါဘဲ ။
ဒီ Virus ရဲ့ ဖွဲ့ စည်းပုံ မှာ single strand RNA ပါ ။ စိတ်ဝင်တစားအသေးစိတ်သိလိုရင် http://en.wikipedia.org/wiki/H5N1_genetic_structure မှာ ဆက်ဖတ်နိုင်ပါတယ်။
သူ့ မှာ A,B,C ဆိုတဲ့ Type ၃ မျိုးရှိပြီး H1 to 16 & N 1 to 9 Sub-type အများအပြား ရှိနေပါသေးတယ် ။
တနှစ် နဲ့  တနှစ် ဖြစ်တဲ့  subtype မျိုးခွဲ တွေ ဟာ မတူကြပါဘူး ။နေရာဒေသလည်း ကွဲပြားကြပါတယ်ဒီနှစ် ဖြစ်တဲ့  Swine Flu ဝက်တုပ်ကွေး ဟာ H1N1 Virus အမျိုးအစားကြောင့်ပါ ။ မနှစ်က ဖြစ်ခဲ့တဲ့ ငှက်တုပ်ကွေးကတော့ H5N1 ကြောင့်ပေါ့ ။
ရောဂါလက္ခဏာတွေကတော့ တုပ်ကွေးမှာတွေ့ ရတဲ့ အတိုင်းပါဘဲ နှာစေးမယ် ။ ချောင်းအနဲငယ်ဆိုးမယ် ။ တကိုယ်လုံး ကိုက်ခဲပြီး မအီမသာ ဖြစ်မယ် ။ လည်ချောင်းအနဲငယ်နာမယ် ။ အစားအသောက်ပျက်မယ် ။ပျို့ အန် မယ် ၊တခါတလေ ဝမ်းလျောတတ်တယ် ။အန်တတ်တယ်။ အဖျားလဲ ရှိတတ်တယ် ။ ဒီထက်ပိုဆိုးလာရင်တော့ နမိုးနီးယား အဆုပ်ရောင်ပြီး အသက်အန္တရာယ်ပေးတတ်ပါတယ်။
ရောဂါပြန့် နှံ့ ပုံ ။ ကာကွယ်ပုံ ။
သူတို့ က အဆက်အစပ်ရှိ နေလို့  အတူတကွတွဲပြီး ဖေါ်ပြပေးလိုက်ပါတယ် ။
ရောဂါ ဖြစ်နေတဲ့  ဝက်တွေရဲ့  ကိုယ်တွင်းအရည်များ၊ တံတွေး ။အချွဲ ။ မစင် ။ ကျင်ငယ် တို့ မှာ အဲဒီ ပိုးကောင်တွေ ပါနေတတ်လို့  ၊ သူတို့ကို ကိုင်တွယ်မိပြီး လက်ကို သေချာ မဆေးကြောရင် ရောဂါရတတ်ပါတယ်။ဒီတော့ အစာမစားခင် လက်ကို သေချာ စင်ကြယ်အောင် ဆပ်ပြာနဲ့  ဆေးကြော သင့်ပါတယ် ။
ပြီးတော့ ရောဂါ ဖြစ်နေတဲ့ လူ မှာ နှာချေလိုက်ရင် လေမှ တဆင့်  အခြားသူ တဦးရဲ့ အသက်ရှုလမ်းကြောင်းထဲ ပိုးကောင် ပျံ့ နှံ့ သွားနှိင်ပါတယ် ။ ဒါကြောင့် လူအများစုဝေးပြီး လေဝင်လေထွက် မကောင်းတဲ့ နေရာမျိုးကို အတတ်နိုင်ဆုံး ရှောင်ကျဉ်သင့်ပါတယ် ။ မသွားလို့ မဖြစ်ရင်တော့ လူတွေကြားမှာရှိရင် နာခေါင်းနဲ့ ပါးစပ်တွေကို ဖုံးအုပ်ထားသင့်ပါတယ်.။ Mask တပ် ထားကြပါ ။ ချောင်းဆိုးနေတဲ့ သူ ကလည်း ကိုယ့် ပိုးတွေ သူများဆီ မရောက်အောင် အသိကောင်း စိတ်ကောင်းလေး ထားတတ်ကြဖို့  လိုပါတယ် ။ Mask လေးတပ်ကြပေါ့နော် ။
ဝက်သား စားလို့  ဝက်တုပ်ကွေးဖြစ်တာ မဟုတ်ပါ ။ဝက်သားကို သေချာသန့် စင်ပြီး ကျက်အောင်ချက် ( မီးအပူချိန် 80 ဒီဂရီစင်တီဂရိတ်မှာ မိနစ် ၃၀ ချက်ပြုတ် ပြီးမှစားရင် ဘာမှကြောက်စရာမလိုပါဘူး.. ကိုင်တွယ်ပြီး လက်ကို စင်ကြယ်စွာဆေးကြော ဖို့ သာ အဓိကပါ ။ခု ကူးစက်နေကြတာက လူမှ လူသို့  ကူးစက်နေကြခြင်း ပါ။ Droplet Infection ,Direct Contact Transmission ပေါ့ .။ ရောဂါ ဖြစ်နေတဲ့ လူရဲ့  အသက်ရှုလမ်းကြောင်းနဲ့  အစာလမ်းကြောင်းမှ ထွက်တဲ့ အရည်များမှာ ပါရှိနေတဲ့ ပိုးတွေ မှ လေထုထဲရောက်ပြီး၊ သို့ မဟုတ် ဒါရိုက် ထိတွေ့ ပြီး နောက် ထပ် လူ တယောက် ကို ကူးစက် ပြန့် နှံ့  ကြတာ ပါ။
ကုသရန်မှာ
ဒီလို ဂရုစိုက် နေလို့ မှ နေထိုင် မကောင်းဖြစ်လာမယ်ဆိုရင်တော့ အချိန် ဆွဲ မနေဘဲ ဆေးရုံသွားပြီး တတ်ကျွမ်းတဲ့  သူတွေနဲ့  ကုသမှု ကို ခံယူသင့်ပါတယ် ။ဒီရောဂါက အချိန် မှီ ကုသရင် လုံးဝ ပျောက်ကင်းနိုင်ပါတယ် ။ အခြေအနေ မဆိုးသေးခင်မှာပေါ့နော် ။
ဒီ ဗိုင်းရပ်စ် ပိုးကို သတ်နှိင်တဲ့ အစွမ်းထက်မြက်တဲ့ ဆေးဝါးတွေလည်း ပေါ်ပေါက်နေပါပြီ ။
(The swine flu is susceptible to four drugs licensed in the United States, amantadine, rimantadine, oseltamivir and zanamivir, however, for the 2009 outbreak it is recommended it be treated with oseltamivir and zanamivir.)
Neuraminidase အုပ်စုဝင်တွေထဲမှ ဒီ ဆေး ၂မျိုး oseltamivir and zanamivir က ဒီနှစ်အတွက် Swine Flu H1N1 Virus ကို သေစေတဲ့ အစွမ်းရှိပါတယ်တဲ့ ။ နောက် ဆေးတမျိုး Peramivir ကိုလည်း သုံးနိုင်တဲ့ အကြောင်း ဖေါ်ပြထားပါတယ်။
ကျန်တာတွေကတော့ Symptomatic Treatment ခေါ်တဲ့ ခံစားနေရတဲ့ ရောဂါ လက္ခဏာ အလိုက်ကုသမှုပေးရတာတွေပေါ့နော်။
အဖျားရှိနေရင် အဖျားကျဆေးပေးရတာမျိုး ၊ ချောင်းဆိုးနေရင်ချောင်းဆိုးပျောက်ဆေးပေးရတာမျိုး အစရှိသဖြင့်ပေါ့။
နှစ်တိုင်းထိုးနေကျဖြစ်တဲ့  တုပ်ကွေးကာကွယ်ဆေး Vaccination တွေကိုလည်း အချိန်မှန်ထိုးထားခြင်းဖြင့်  HumanFlu ကို ကာကွယ်ပေးနိုင်ပါတယ် ။ ဒီနှစ်အတွက် ထိုးရတဲ့ ဆေးကတော့ ခုဖြစ်နေကြတဲ့ H1N1 Swine Flu အတွက် အကျိုးသက်ရောက်မှုမရှိဘူးလို့ ပြောကြပါတယ် ။ ဒါပေမဲ့  လာမဲ့  အောက်တိုဘာ ၊ နိုဝင်ဘာ လ လောက်မှာ လူတုပ်ကွေးတွေ အကြီးအကျယ် ဖြစ်နိုင်တယ်လို့  ပညာရှင်တွေက တွက်ဆထားတဲ့ အတွက်ကြောင့် ကြိုတင်ကာကွယ်မှုက အရေးကြီးပါတယ်။
ကမ္ဘာလူသားအားလုံး ဝက်တုပ်ကွေးတွေနဲ့ ဝေးနေနိုင်ကြပါစေ ။။။
►Posted by
:kiki
:
at
4/28/2009 01:22:00 PM
Subscribe to:
Post Comments (Atom)
3 comments:
ပြည့်ပြည့်စုံစုံဖော်ပြပေးတဲ့အတွက် ကျေးဇူး။
ခုလို ဆေးပညာဗဟုသုတတွေ ဖတ်ရတာ ပြီးတော့ Up-to-date ရေးပေးတော့ ဆောင်ရန် ရှောင်ရန်လည်း သိရပါ၏ မမဒေါက်တာရေးပေးတာ ကျေးဇူးပါနော်
ဝက်ဝက် ချားတော့ဝူး။
အကောင်လိုက်ပဲ မှောင်းသွင်းတော့မယ် .. အဟိ
ကြောက်စရာကြီး အစ်မရေ၊ ရှယ်ပေးလို့ ကျေးဇူး တင်တယ်။
လေးစားလျက်
Post a Comment