လေးဆူဓါတ်ပုံ မြတ်ရွှေဂုံ ရှိ ၊ ရှေးစဉ်လာမှာ ကမ္ဘာသိတာ
ရဲန်ဂွန်း , ဘားမား ( Rangoon ,Burma ) အာရှမှာ စတားပေါ့ ။
ရွှေ့ လျားပြောင်းလဲ မမြဲခြင်းတရားက ၊ရွှေပြည်မြန်မာ အခါတော်ပေးတာမို့ 
မြို့ ရန်ကုန် တဆင့်လျှောကာကျ နေပြည်တော်ဟာ ပထမတဲ့ဗျ ။
ဒါနဲ့ တင်အားမရ ကြီးကြီးမားမား ရုံးကန္တားတွေပါ ရွှေ့ ကာသွားလို့ 
အိုးပြစ်အိမ်ပြစ်ဝန်ထမ်းတွေ ဖြစ်ရ ၊ ဟိုဖုံတောမှာ တော်သလိုနေရပေါ့ ၊
ရွှေဂုံသူတွေ မပျော်နိုင်ပေဘူး... မျှော်လေတိုင်းဝေး ။
ရွှေရန်ကုန် အသွင်ပြောင်းပြီမို့  မာကျူရီမီးလည်း မထိန်ညီးနိုင်တော့
နွေခါမှာ ရေဆိုတာ ရှာမှရှား ၊နေပူ လေပူ ဖုံထူထူထဲ ခါးစီးပြီးတင်းခံပေါ့။
ထမင်းမှန်နေတဲ့ တတ်နိုင်သူ တချို့ တလေတော့ ဂျင်နရေတာတွေလှိုင်လှိုင်သုံးလို့ 
တဝုန်းဝုန်းနဲ့  မြို့ ထဲမှာ ဆူညံလှ အဲဒါ ရန်ကုန်တဲ့ဗျ ။
စည်ပင်မှာအမြင်မကြည်ကြတာကြောင့် မြူနီခွန် ကောက်ရုံကောက်
အမှိုက်ပုံ မရှင်းလင်း မိုးတွင်းဆို မြောင်းတွေပိတ်သမို့ 
ရေကြီးအလာမှာ လှေစီးကာ ခရီးဆင့် ရတယ်လို့ 
တခေတ်တခါဆန်းလှပါတဲ့  ဒို့ ပို့ ဆက်စခန်း ။
ဒို့ ပြည်သူတွေ သိပ်ပ်ီကြပါသဗျို့ ၊လိုင်းပေါင်းစုံ ဘတ်စ်ကား ဒတ်ဆန်းများတောင်မချန်၊
ပစ်ကပ် နောက်ဖွင့် အဆင့်ဆင့်မှာ၊ ထိုင်စရာခုံမရှိ တာမို့ 
တို့ လို့ တွဲလောင်း လူမြင်မကောင်းအောင်
လေမှာပျံဝဲခက်ခဲစွာ ဒီခရီးကို ဒုက္ခခံစီးမှ ရောက်ရမှာမို့ 
မျက်စိစုံမှိတ် အံကိုကြိတ်၍ သရဏဂုံ အစုံစုံရွတ် လက်မလွှတ်ရဲ တန်းကိုကိုင်ဆွဲ ၊
ကြပ်ကြပ်သပ်သပ် အထပ်ထပ် နဲ့  ဆပ်ကပ်ပြပွဲတမျှ
လိုရာအရပ် ရောက်ပါမှဘဲ သက်ပြင်းကို အခါခါချ
ရုန်းပေအုံးပေါ့ တနေ့ ဒူဝ ၊
တခါတလေ ကားခတောင်မကျေသမို့  ဝမ်းတထွာမှာ ဟာတာတာဖြစ်ရတာမနည်း
ဗေဒါမှန် အံကိုခဲပါလို့  ပန်းတိုင်နဲ့ လွဲ။
ကတ္တရာ နိုင်လွန်လမ်း ဘယ်လောက်ပင်ခိုင်ချင်ပေမင့်
ပျက်အစဉ် ပြင်သော်လည်းမကောင်း ဇရာပါထောင်းလို့ 
ဂျိုင့်တွင်းတွေ အစုံပေမို့  လကမ္ဘာပြင် ဆင်းသလိုထင်မိရ
စက်အင်ဂျင် တွေဂျုံးဂျုံးကျတာက ဒီဇယ် ဓါတ်ဆီ သုံးမိတာ အရောနှောတွေမို့ 
ခေတ်နောက်ပြန်ဆွဲတယ်လို့  မထင်ကြပါစေချင်
လှည်းယာဉ်နှင့် ခရီးတွင်ကြဖို့ သာ ပြင်ဆင် ။
ခေတ်နဲ့အပြိုင် တိုးတက်တဲ့ ဆိုင်တွေလည်းရှိပါ့ ၊
စည်ဘီယာ စိုပြေစွာ နဲ့  ကာရာအိုကေ အပျိုတွေ ပန်းကုံးစွပ်တဲ့ 
စားသောက်ဆိုင် အများအပြား ဘယ်လိုလူတွေ စည်ကားနေကြပါလိမ့် ၊
ငွေကိုရေလို သုံးနေကြသူ အခွင့်ထူးခံ လူတန်းစားဆိုသူများလည်း
အံ့သြလောက်ဘွယ် ရှိသေးတယ်တဲ့ ။
ဘဝအမှန်နေတဲ့  ဒို့ပြည်သူတွေ ဝဋ်ခံဆင်းရဲ ဖွတ်သထက်မွဲလေရ
တိုးချဲ့ တဲ့ မြို့ သစ်အစွန်ဖျားမှာ မီးမလာ ရေမရှိ မှောင်အတိနဲ့ ၊
ရေကြီးပြီးဓါတ်လိုက် ၊ အိမ်ထဲမှာ မြွေကိုက်တာတောင်ရှိရပေတဲ့
ခေတ်သစ်ရန်ကုန် ဇာတ်လမ်းစုံပါ့
ပုံပြင်လို့ တောင် ထင်ချင်တော့ပါဘူး
မထူးဆန်းလှတဲ့ ဘဝပေး ဇာတ်လေးတွေကို ရေးမိသူမှာသာ.. ..အရူး ။
( ရန်ကုန် ရွှေ မြို့ တော်ကြီးသို့  တခါတခေါက်ပြန်ရောက်စဉ်က အားမလို အားမရ နဲ့ရော ။ ဝမ်းနည်းစိတ်ပျက် ပြီးတော့ရော ခံစားမိတဲ့ အကြောင်းလေးတွေပါ ။ နှိမ့်ချစော်ကားပြောလို စိတ်အလျှဉ်းမပါရှိပါကြောင်း )
►Posted by
:kiki
:
at
4/25/2009 04:53:00 PM
Subscribe to:
Post Comments (Atom)
11 comments:
ကာရံတွေကောင်းပါ့ဗျာ
"တခါတလေ ကားခတောင်မကျေသမို့  ဝမ်းတထွာမှာ ဟာတာတာဖြစ်ရတာမနည်း
ဗေဒါမှန် အံကိုခဲပါလို့  ပန်းတိုင်နဲ့ လွဲ" တဲ့လားဗျာ...
အစကနေအဆုံး မျက်စိထဲမှာ ကွက်ကွက်ကွင်းကွင်းနဲ့  မြင်သာထင်သာအောင် ရေးတတ်ပါပေတယ်...
kiki ရေ
အဲလက်စ် ရဲ့ အဝေးကပဲ ချစ်နေမယ် သီချင်းလေးလိုပဲ
ရွှေနိုင်ငံကြီးကို ချစ်နေရတော့မယ်..
ကိုသူရပြောသလိုပါဘဲ မကီရာ...
တစ်ခါတစ်လေ မှန်လွန်းနေရင်လည်း မကောင်းပေဘူးတဲ့.... ဟွန်းး
နာ့အမကွ တော်လှန် ရင်လှန် မလှန်ရင်ကိုယ့်တိုင်လှန်မှာ
အဟိ အမားကောင်းတယ် ချ အားပေးတယ်
ခံစားမူတွေ ကိုစီကာပတ်ကုံးနဲ့ ရိထေ့ထေ့နဲ့ လိုက်တယ်
နာ့အမ ကွ ဘာတဲ့ 
တော်လှန်ရင် လှန် မလှန်ရင် ကိုယ့်တိုင်လှန်မယ်
နင့်မောင်အကောင်းစားလေး
ပေတလူ ဆိုးပေ
အိုက်ခီလောက်
မကြီး ကီရေ..
မိုက်တယ်ဗျာ.. သိပ်ကြိုက်တယ်.. မကြီးတို့ ရောက်ခဲ့တဲ့ အခါ မြင်တွေ့တဲ့အတိုင်း စိတ်ခံစားမူ့တွေကို ချပြထားတာ.. ခီလောက်ပြောတဲ့အတိုင်း.. လှန်... လှန်.. ပေါ့..။
ကျေးဇူးတင်ပါတယ်
ကြယ်စင်မင်း
မမရေ... ထိုင်ဝမ်အကြောင်းလည်း လုပ်ပါဦးဗျ...
ရွှေမြို့တော်ကို အလည်တစ်ခေါက် လိုက်သွားကြည့်မိတယ် ကဗျာလေးကို ဖတ်ပြီး..ကောင်းချက်ပဲ..
ကျွန်မရောဂါအတွက် အကြံပေးတာလဲ တကယ့်ကို ကျေးဇူးတင်ပါတယ်ရှင်..
ဟင်းးးးးးးးးးးးးးးးးး
သက်ပြင်းတွေ သက်ပျော့တွေပဲ ချမိပါတော့တယ် အမရယ် ...
မှန်တာတွေချည်းရေးတော့လည်း ငြင်းရခက်သား။
ရောက်တယ်ဗျိုး.. စီပုံးမှာရေးလို့မရလို့ဗျ။
အင်း...ကမ္ဘာကြီးဖျားနာနေလေရဲ့။
Post a Comment