လူမဆန်တဲ့ အဖေ ၊ အချုပ်ခန်းသို့  အသွား။
အသည်းအသန်ခန်းထဲမှာ ပြုစု ကုသနေကြစဉ်။
ကံဆိုးရှာတဲ့ သမီးလေးရဲ့  နောက်ဆုံး ခရီး ။
ဒီနေ့ နေ့ လည် ထမင်းစားချိန် သတင်းဖွင့်ကြည့်တော့ စိတ်မကောင်းစရာ သတင်းလေးတပုဒ်မြင်ရ ကြားလိုက်ရပြန်ပါတယ်။
ကြားရတာ နားဝ မသက်သာလိုက်တာ ။ ဒီလူ့ ပြည် လူ့ လောကကြီးလဲ ဘာတွေဖြစ်ကုန်ပြန်တာလဲနော် ။
彰化縣18日發生駭人聽聞的虐嬰案件
Chang Hwa မြို့ လေးမှာ ဒီလ ၁၈ ရက်နေ့ က ဖြစ်သွားတဲ့  အဖြစ်အပျက်လေးက ဒီလိုပါ ။ အဲဒီ အခင်းဖြစ်ပွားတဲ့ အချိန် ၊အရက်မူးနေတဲ့ အဖေ က အမေ နဲ့ ရန်ဖြစ်တယ်တဲ့။ သူတို့ လင်မယားက ခေါက်ဆွဲဆိုင် ဖွင့်တယ် ။ ဒီတော့ ခေါက်ဆွဲ ပြုတ်တဲ့ အိုးကြီးတွေ။ ဟင်းရည် တည်တဲ့ အိုးကြီးတွေမှာ က ရေပူကို အဆက်မပြတ် တည်ထားရတာလေ ။ ရန်ဖြစ်နေတဲ့အချိန် အမေလုပ်သူ က အဖေ လုပ်သူကို မခံချင်အောင် ပြောတယ်ပေါ့ ။ နင် အစွမ်းအစရှိရင်၊ သတ္တိ ရှိရင် ဒီကလေးကို အဲဒီအိုးထဲ ပစ်ထဲ့  လိုက်ပါလားတဲ့ ။ ဒီတော့ အရက်မူး လူစိတ်ပျောက်နေတဲ့ အဖေလုပ်သူက တကယ်ဘဲ ဒီ ၁၀ လ သမီးလေး 黃小妹 ကို ပွက်ပွက်ဆူနေတဲ့ ရေအိုးကြီးထဲ ပစ်ချလိုက်ပါတယ် ။
ဒီတော့ မှ အမေလုပ်သူက မျက်လုံးပြူး မျက်ဆန်ပြာ နဲ့  ကလေးကို ရေနွေးအိုးထဲက ကမန်းကတန်း ပြန်ဆွဲထုတ်လိုက်ပေမဲ့  အချိန်နှောင်းသွားခဲ့ပါပြီ ။ ကလေးကို အရေးပေါ်ကားနဲ့  ဆေးရုံကို ပို့ ခဲ့ပါတယ် (彰化基督教醫院)ခရိယန်ဆေးရုံသို့ ပို့ခဲ့တာပါ ။ ဒီကလေး ဟာ တကိုယ်လုံးရဲ့  ၈၄ ရာခိုင်နှုန်း တတိယ အဆင့် အပူလောင်ကျွမ်းခြင်း [ 84% BSA,(Body SurfaceArea), 3rd degree burn ] ဒါဏ်ရာ ကြီးမား ပြင်းထန်စွာ ရရှိသွားလို့  အသည်းအသန် ခန်း (Intensive Care Unit ) မှာ သေမင်းနဲ့ အပြိုင် စစ်ခင်းခဲ့ ရပါတယ် ။
နောက်ဆုံးတော့လည်း ကံကြမ္မာ က သူ့ ကို မျက်နှာသာ မပေးခဲ့ ပါဘူး။ ၄ ရက်မြောက် နေ့  ဒီနေ့  ၂၁ ရက်နေ့ မှာဘဲ သူ မ ၁၀ လ သာသာလေး အလည်လာရတဲ့ ဒီလောကကြီးမှ ထာဝရ ထွက်ခွာသွားခဲ့ ရပါတယ် ။
ကလေး အဖေ ကိုတော့ တရားဥပဒေအရ အရေးယူဖို့  အခင်းဖြစ်တဲ့ နေ့ ကတည်းက ဖမ်းချုပ်ထားခဲ့ပါပြီ ။
ဒီလို ဖြစ်အောင် ဖန်တီးပေးခဲ့တဲ့ ကလေး အမေ မှာရော . . အပြစ်ရှိတယ် လို့ ယူဆ ထားတဲ့ သူတွေလည်း မနည်းလှပါဘူး ။
ဒီအမှုကို လက်ခံထားရတဲ့  ရဲစခန်းမှာလဲ ပြည်သူတွေက ဖုံးဆက် သတင်းမေးကြ ။ လူသတ် သမား ကလေးအဖေကို ဆဲဆို အပြစ်တင်ကြ နဲ့  ဖုံးပြန်ဖြေရတဲ့ ရဲတွေလည်း မနားကြရပါဘူး တဲ့ ။
အရက် နဲ့  ဒေါသ ...လူစိတ်စဉ်းစားဥာဏ် ဆင်ခြင်စိတ် တွေကိုပျောက်စေတာ ... ကိုယ့်သားသမီး အရင်းခေါက်ခေါက်ကိုတောင် ရက်ရက်စက်စက် လုပ်ရဲတတ်ကြပါတယ် ။
ဒီလို လူစိတ်ပျောက်နေတဲ့ ၊ လူမဆန်တဲ့  မိဘ လက်ထဲမှ လွတ်မြောက်ပြီး ။ မတန်တဆခံစားနေရတဲ့  ဝေဒနာတွေ မှ လွတ်ကင်းသွားတဲ့  ၁၀ လ သမီးလေး 黃小妹။ကောင်းရာ သုဂတိ လားပါစေ။ တကယ်လို့ လူ့ ဘဝကို တခါ ပြန်ရမယ်ဆိုရင် လည်း လူမဆန်တဲ့  လူ တွေ နဲ့ ကင်းရှင်းတဲ့  ဘဝလေးကို ရောက်ရပါစေလို့  ဆုတောင်းပေးလိုက်ပါတယ် ။
►Posted by
:kiki
:
at
4/22/2009 02:34:00 AM
Subscribe to:
Post Comments (Atom)
15 comments:
ရက်စက်လိုက်တာ။ မူးလာရင် လူစိတ်ပျောက်ကြတယ်။ အမေလုပ်သူကလဲ ကိုယ့်ယောက်ျားမူးနေတာကို စိန်ခေါ်စရာရှားလို့။
သနားပါတယ် ကလေးလေး.စိတ်မကောင်းလိုက်တာ။
ဖတ်ရတာ စိတ်မချမ်းသာစရာပဲဗျာ။
အမား ဖတ်ရတာ အနော့လည်း ကြောက်သွားတယ်
တိုက်ဆိုင်လိုက်တာ အနော့လည်း
ရေးထားတာ အရက်ကြောင့်ပဲ
ရင်နင့်စရာသတင်းစကားပါ အစ်မရေ။
လင်မယားချင်းသတ္တိပြိုင်တာနဲ့ပဲ
အပြစ်မဲ့တဲ့ လသားကလေး ဆုံးရှုံးရတယ်။
သတင်းအတွက် ကျေးဇူးနော်
လေးစားလျက်
ဘယ်လိုပြောရမှန်းကို မသိတော့ဘူး အမရေ..
အရက်သမားတယောက်ရဲ့ မိသားစုဝင်ဖြစ်ရတာ မကောင်းပါဘူးဗျာ.. ငအိုက် ငအိုက် နင်သတိထား
ဟီးးးး ဟိုညီငယ်ကိုလဲ ဆုံးမဦး အမရေ
လေးစားလျက်
တောင်ပေါ်သား
ညီမလည်း အလုပ်ထဲမှာ ဒီသတင်း ကြားမိပြီး စိတ်မကောင်းဖြစ်မိတယ်။
အဲဒီအဖေအမေကလည်း မိုက်ရိုင်းတာအေ စိတ်ညစ်တယ် ဖတ်ရတာ မောတယ်။ ဘာသာပြန်ပေးလို့ ရှဲ့ရှဲ့
အမေရော အဖေရော သတ်သင့်တယ် ဒေါသထွက်လိုက်တာ..စိန်ခေါ်စရာရှားလို့.
oH mY gOd :( ဆွံ့အသွားပီ
မိဘရဲ့မေတ္တာဆိုတာ သူတို့ဆီမှာ မရှိလို့ပါ။
ပင်ကိုယ်စိတ်နဲ့ ဒေါသစိတ် လွန်ဆွဲရာမှာ ဒေါသစိတ်ကို အနိုင်ပေးလိုက်ကြတာပါ။
အမေလုပ်တဲ့သူမှာ ပထမ တာဝန်ရှိတယ် မြင်ပါတယ်။
ကိုယ့်ကလေးဖြစ်ဖြစ် သူများကလေးဖြစ်ဖြစ် ကလေးတစ်ယောက်ကို သတ်ဖို့ သတ္တိရှိရင် လုပ်ပါလားလို့ ပြောစရာလား။
နင်သတ္တိရှိရင် ငါ့ကို ရေနွေးအိုးထဲ ထည့်လိုက်ပါလားလို့တော့ မပြောရဲဘူး။ ဒါကျ ကြောက်ရမှန်း သိသားပဲ။
အဖေနဲ့ အမေ ဦးနှောက်မရှိတော့ ကြားထဲက ကလေးက မြေဇာပင်ဖြစ်ရတယ်နော် .. ရက်စက်လိုက်တာ ..
ကလေးခမျာလဲ ဘယ်ဘ၀တွေက ၀ဋ်ကြွေးတွေပါလာပါလိမ့် သနားစရာကောင်းလိုက်တာ .. အဲဒီအဖေနဲ့ အမေသေဖို့ပဲကောင်းတယ်
I agree to Anonymous. One of the most foolish mother in the world.
ကျွန်တော်လည်းအဲဒီသတင်းကြည့်လိုက်ရတယ်
တကယ်စိတ်မကောင်းဘို့ကောင်းပါတယ်
ပထမနေ့မှာ အသက်ရှင်ဘို့ ၂၀ ရာခိုင်နှုန်း ရှိတယ်ပြောတော့
ကျွန်တော် စိတ်မကောင်းဖြစ်မိတယ် သူရှင်လာရင်ရော
တသက်လုံး ဘယ်လိုရှင်သန်မလဲ...
ဝဋ် ကျွတ်တယ်လို့ပဲစိတ်ဖြေရမှာပဲ
ဖတ်ရတာ ရင်ထဲမကောင်းလိုက်တာ kiki ရေ။ ကံဆိုးရှာလိုက်တဲ့ ကလေးလေးပါပဲ။ ဝဋ်ကြွေးတွေပဲ ထင်ပါရဲ့။ ဒေါသအမှောင်ဖုန်းပြီး မဆင်မခြင်ပြောမိတဲ့ အမေနဲ့ မူးရစ်ပြီး အမိုက်ကြီးမိုက်တဲ့ အဖေတို့လည်း တသက်စာ စိတ်ဒဏ်ရာ ရသွားကြလောက်ပါပြီ... ကလေးလေး ကောင်းရာဘုံဘဝ ရောက်ပါစေ...
Post a Comment