မြန်မာနှစ်ဆန်း ၁ရက်နေ့  ၊ ၁၃၇၁ တန်ခူးလဆန်း၁ရက်နေ့  ၊ ကမ္ဘာလူသားအားလုံး အေးချမ်းကြပါစေ ၊ကျန်းမာပျော်ရွှင်ကြပါစေ ။ ကမ္ဘာမြေကြီး ငြိမ်းချမ်းပါစေ ။ အနီးကပ်နေတဲ့ ရခိုင် ကမ်းရိုးတန်းမှာ ကျရောက်နိုင်တဲ့မုန်တိုင်းသတင်းတွေရော ၊ ဂျွန်လ ၂၂ မှာ ဖြစ်နိုင်တယ်ဆိုတဲ့ ဆူနာမီ သတင်းတွေရော ကြားရတာ စိတ်ထဲ တထင့်ထင့်နဲ့  ။ လူအများ ဘေးအန္တရာယ်ကင်းဝေးအောင် ဆုတောင်းပေးရုံမှ လွဲလို့  ကိုယ်တိုင်လည်းဘာမှ မတတ်နိုင်သေးပါဘူး ။ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေ ၊ဆုံးရှုံးမှုတွေ တတ်နိုင်သလောက်နည်းအောင်တော့ ကြိုတင်ပြင်ဆင်လို့ရတဲ့ အရာလေးတွေတော့ ရှိနေတယ်လေ ။
မုန်တိုင်းလာမဲ့ ဒေသမှ လူထုတွေကို အချိန်မှီ ကြိုတင် အသိပေး ပြီး ။ဘေးလွတ်ရာကို ရွှေ့ ပြောင်းပေးနိုင်ရင် ပြီးခဲ့တဲ့ နာဂစ် ကလို ကြေကွဲစရာတွေ ထပ်မံ မဖြစ်ကြရလေအောင် ကာကွယ်ပေးနိုင်မယ်ဆိုတဲ့ အသိတရား အမှန်အကန်လေးတွေကို သက်ဆိုင်ရာ လူကြီးဆိုတဲ့ လူများ မသိချင်ယောင်ဆောင်နေကြတဲ့ တာဝန်ရှိသူများ သတိရ ၊ အမြင်မှန်ရအောင် ၊ သိကြားမင်း ပြန် မတက်ခင်မှာ warning ပေးခဲ့တယ်တဲ့( မနေ့ ညက မက်တဲ့အိမ်မက်ပါ။ တကယ်ဖြစ်ချင်လည်းဖြစ်နေမှာပါ ) ။ ဒီတော့ တတ်နိုင်သမျှ .တတ်သလောက် မှတ်သလောက် ကောင်းမှုလေး လုပ်ပြီး အားလုံးအတွက် မေတ္တာပို့  အမျှဝေပါတယ်။
နှစ်သစ်မှာ ကမ္ဘာလူသားအားလုံး အေးချမ်းကြပါစေ ၊ကျန်းမာပျော်ရွှင်ကြပါစေ ။ ကမ္ဘာမြေကြီး ငြိမ်းချမ်းပါစေ ။
မနေ့ က ဥပုသ်စောင့် လို့  ဒီနေ့ မှ နှစ်သစ်မင်္ဂလာဆုတောင်းပေးရတာ ခွင့်လွှတ်တော်မူကြပါရန် အနူးအညွတ် တောင်းပန်အပ်ပါသည်။
( ပဟေဋိလေးတခု အဖြေညှိပေးကြပါအုံးနော် ။
ဥပုသ်စောင့်  သီလယူထားသူတယောက်ဟာ online မတက်ရဘူး ဆိုတာ ဟုတ်ပါသလား ။ ဘုရားလက်ထက်က ဒီ ကွန်ပူတာတွေ မရှိသေးတော့ ဘယ်လို ပညက်ချက်ထားခဲ့ သလဲ ဆိုတာ သိချင်ပါတယ် ။ မနေ့ က ပို့ စ်တင်ချင်တာ ။ online တက်မိလို့  အဆူခံရလို့  စိတ်ထဲ ဇဝေ ဇဝါ ဖြစ်နေပါတယ် ။ သိတဲ့ လူများ ပြောပြကြစေလိုပါတယ် ။)
►Posted by
:kiki
:
at
4/18/2009 09:40:00 AM
Subscribe to:
Post Comments (Atom)
8 comments:
ဥပုသ်စောင့် သီလယူထားသူတစ်ယောက် online မတက်ရဘူးဆိုတာ ဘုရားရှင်လက်ထက်ကတော့ computer မရှိတဲ့အတွက် မပညက်ခဲ့ပါဘူး ဒါပေမယ့် online တက်ခြင်းက chatting တက်မယ် အနည်းနဲ့ အများ ပေါက်ကရတွေ ပြောမိမယ် သူများက ပေါက်ကရရေးတာပြောတာတွေ ဖတ်မိတယ် ကိုယ့်စိတ်က စချင်နောက်ချင်တာတွေဖြစ်လာရင် မကောင်းဘူးပေါ့ နောက် online မှာထက် ဥပုသ်စောင့်တဲ့နေ့မှာ ဘုရားစာရွတ်နေမယ် ဒါမှမဟုတ် စိတ်ကို ကြည်လင်အောင်ထားတာ အကောင်းဆုံးပါပဲ online တက်ရင် အမြင်မတော်တာတွေ့တာ ဖတ်မိတာကအစ ပြောချင် ဆိုချင်စိတ်တွေ အနည်းနဲ့ အများဖြစ်မှာပဲ အကောင်းဆုံးကတော့ ဥပုသ်စောင့်နေရင် အွန်လိုင်းမတက်ပါနဲ့ အွန်လိုင်းတက်ရင် ဥပုသ်မစောင့်ပါနဲ့
သာဓု သာဓု... ဥပုသ်စောင့်လို့ သာဓုခေါ်လိုက်တာ။ online တက်လို့ ၂ခါပဲ သာဓု ခေါ်မယ်။ ခိခိခိ... :D မမ ပေးတဲ့ဆုတွေ အကုန်လုံး ပြည့်ပါစေ။ မမလည်း ဒီ့ထက်မက စာရေးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
အပေါ်က ၂ ယောက်ပြောတာကို ကျွန်တော်လဲ ထောက်ခံတယ်။ ဥပုသ်သည် အနေနဲ့ အွန်လိုင်း မတက်တာ အကောင်းဆုံးလို့ ထင်ပါတယ်။
နှစ်သစ်မှာ ပျော်ရွှင်ပါစေ ..
နှစ်သစ်မှာ အိမ်သစ်သစ်နဲ့ဆိုတော့ ကောင်းတယ်
ဘာမှ မကျွေးတာတော့ မကောင်းပြန်ဘူး (စတာပါ)
ဥပုသ်စောင့်ထားရင် online မတက်ရဘူးဆိုတာ မမှန်ပါဘူး... online ရောက်ရင်သာ ဟိုလူဟင်းချက်ထားတာမြင်ရင် ဝင်သွားရည်ကျ.. ဒီလူသီချင်းတင်ထားတာကြားရင် ကွေးနေအောင်က.. ဒီလိုမျိုးဖြစ်ရင်တော့ သီလပျက်နိုင်တာကိုး...
အမှန်က စိတ်ထားတတ်ဖို့ ပါ.. စိတ်မထားတတ်ဘဲ ကိုယ်လုံးတီးလဲနေတဲ့ အသုဘကောင်ကို ဖောက်ပြန်မိတဲ့ ရဟန်းအကြောင်းတောင် ဘုရာဟောဖူးတယ် မဟုတ်လား...
သင်္ကြန်မှာသီလယူခဲ့တယ်ဆိုတော့ သာဓုပါဗျာ...
အမရေ တကယ့်ကို တန်ဖိုးရှိတဲ့ ပိုစ့်လေးပါ။ တကယ့်ကို ဂုဏ်ယူအားကျမိပါတယ်။ အားလုံးအတွက် သတိထားရမဲ့ ဆေးပညာလေးတွေ မျှဝေတဲ့အတွက် ကျေးဇူးတင်ပါတယ်.. နောက်များလဲ ဒီလိုတင်ပေးဖို့ တောင်းဆိုပါတယ်။ နှစ်သစ်မှာ ပျော်ရွှင်ဖွယ်အတိနဲ့ ပြည့်စုံပါစေ.. ဟဲဟဲ မြန်မြန်လဲ စွံပါစေသား စွံစေသား....
လေးစားလျက်
တောင်ပေါ်သား
အဓိကက စိတ်ပါပဲ...အွန်လိုင်းတက်ပြီး ပေါက်ကရ မလုပ်မိရင် ပြီးတာပါပဲ..
နစ္စ ဂီတ ၀ါဒိတထဲမှာတော့ ပါမယ်တော့ ထင်တယ်။ :)
ကိကိရေ
ဆေးပညာ ဗဟုသုတရပါတယ်
ပျော်ရွှင်ပါစေ
Post a Comment