အရှေ့ ကိုသွား အနောက်သို့ လား ကမ္ဘာအနှံ့ ခြေဆန့် ခဲ့ ရ
ဦးစွာပထမ ရောက်တဲ့ဆိပ်တိုင်း ဒီလောက်ရင်ထိတ် တဒိတ်ဒိတ်မျှဖြစ်ခဲ့ဘူးပ
လူမှုကြီးကြပ် ဘယ်လိုဖြတ်ဖြတ် မဟုတ်မဟပ် မလုပ်တတ်လို့ 
ရင်မမောဘဲ အဆင်ချောစွာ ကမ္ဘာပတ်တာ ခါးပတ်မပါပေမဲ့
ချိန်ခါမလင့် အဆင်သင့်စွာ လိုရာခရီး ရောက်စမြဲမို့  ခက်ခဲတယ်လို့ မထင်ရ ။
ကိုယ့် ပြည်တော်အမှန် ကိုယ့်အိမ်ပြန်တော့
ကြည်လင်ရွှင်ပြ အစ ပထမ လေယာဉ်ပေါ်တက် ပျော်ရွှင်သက်သက်
လေးနာရီကြာစီးလာပေမဲ့  လေးကမ္ဘာလို့  ထင်မှတ်မှားခဲ့
ရင်ဘတ်နားသို့  အပျော်လုံးဆို့  နေရသဗျို့ ။
ဟော.. ရောက်လာပြီပေါ့ အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံ လေဆိပ်
ဘယ်ပုံမှာ ခွေအိပ်နေမလဲလို့  ဝေဟင်ပေါ်မှ မျှော်ကာရှာရ
အဝေးကမြင်ကွင်း ဝပ်စင်းစင်းပါဘဲ
မဆင်းခင်လေးမှာ အဝေးကမြင် ရွှေအဆင်နဲ့  မုဒ်ဦးသွင်တော့ ထူးပါ၏။
ယခင်ခါက လေယာဉ်အဆင်း ထိုခြေနင်းမှ
ဂျုံးဂျိမ်းသံနဲ့ လက်တွန်းလှေခါး ခုတော့ထူးခြားသွားပါပေါ့လား
ကျု(ပ်) tube တံခါးလေးနဲ့ နော့ အမယ် ..အဆင့်မှီပါရော့လား ။
အရင်တုံးက လေယာဉ်မှဆင်းချင်း လေပူပြင်းပြင်း မွှေနှောင်ခြင်းခံရတဲ့
ပူစပ်ပူလောင် ဝေဒနာလည်း သူမတူအောင် မကလူတော့ပါလား ၊
တအားများတဲ့ အဲယားကွန်းများနဲ့  အခန့် သားထိုင်နေကြတဲ့ လဝကရဲ့  မမများ
အအေးကြောက် သမို့  ဘေးဆံတောက်တောင်မကျန်
စတိုင်အပြည့် အမှန်နဲ့  ယူနီဖေါင်းတောင် မမြင်ရအောင် ဝတ်ထားကြတာ
တက်ကနီကာလာ မညီညာတဲ့ ပုံစံအစုံ ထိုဝတ်ရုံများ ။
ခေတ်အလိုက်တိုးတက် ဘာသာစုံနဲ့ နှုတ်ဆက် ကြသေး ၊ နီဟောင်မား နဲ့ ရှဲ့ ရှဲ့ တဲ့လေး။
လူဝင်ကြီးကြပ် ဖြတ်တဲ့အချိန် ၊ ထူးစွာမှတ်မိ တဦးမှာ ကွန်ပြူတာနဲ့ စာရင်းသွင်း
ဒါနဲ့ တင်မပြီးသေး နောက်တယောက်ဘေးက ဘုတ်အုတ်လေးမှာ ရေးမှတ်ရလေခြင်း ၊
ဘယ်ဒင်း ဘယ်ဝါ ဘယ်နေရာလာလို့  ဘယ်မှာတည်း
စုံစီနဖါ မှတ်ရမြဲနဲ့  ဒီကလဲ( Declare ) လုပ်တဲ့ စာရွက်လည်း
ဟိုဖြဲ ဒီဖြဲ ဟိုညပ်ဒီညပ် ရှုတ်ရှက်ခပ်ရ ။
အနီရောင်စာအုပ်ကိုင်ဝင်ရင်တော့ ၊ ဂဂျီဂဂျောင်ကျတာ မှိုင်ပေရော့ပေါ့ ။
လပ်ဂ်ဂျေ့ ကလိမ်း (luggage claim) ကိုယ့်ပစ္စည်းသိမ်းဖို့ 
မတိမ်းမစောင်း တရောင်း(round) ထဲနဲ့ အပြီးပေါင်းတဲ့ 
လေဆိပ်အကြို ကိုယ်စားလှယ်ဆိုတာလဲ ရှိသေးတယ်တဲ့  ။
မလည်ဝယ်သူများ သူတို့ နဲ့ အပြီးအပ်က ပစိပစပ်မများ
အနီးတောင် မကပ်ဘဲ ကပ်စတန်( Custom) လည်း ရှောင်လွတ်တယ်တဲ့ ။
ကံမကောင်းက ဟိုခေါင်းစိမ်းမှ ဘဝပြောင်းမည် အက်ဖ်အီးစီ တဲ့ ၊
စာမတတ်က ကြက်ခြေခတ်တဲ့ ၊ကိုယ့်အိတ်ပေါ်တွင် ခြစ်ခံရစဉ်
ဘာကြောင့်လဲလို့  မသိလိုက်ခင်မှာဘဲ ဒီအိတ်ကလေး ခဏဖွင့်ပေးပါတဲ့ ၊
မွှေနှောက်ကာရှာပါသနော် ၊ပေါ်လာတာတွေက အဖေါ်အမျိုးတွေအတွက်
အီလက်ထရောနစ် မဖြစ်တဖြစ် ချစ်လက်ဆောင်များ
မှန်ကန်စွာပြောတဲ့စကားကို ဟိုအပျို ဒီအကိုတွေက မယုံကြပေဘူး၊
အဖိုးမတန်ပေမဲ့  သူခိုးကြံ ကြံလို့  ပြည်သူ့ ဘဏ္ဍာခွန် ဆက်သပါမှ
ဤနေရာက ခွာရမယ်တဲ့ လေး။
ဪ..ကိုယ့်ရွာပြန်ရ ဒီဒုက္ခတွေ ကြုံရပေမဲ့ 
ပျိုခင်ကညာနဲ့  ဆုံချင်ပါတဲ့ အူတူတူ ဒီလူတယောက်မှာတော့
ရွာအဝင် ဒီပုံပြင်တွေကို ခုံမင်ပါလို့ 
မကြာခင်မှာ တခါတင်မက ပြန်ချင်လှပါပေါ့ မနှေး။
(ကိုယ့်ပြည် ကိုယ့်ရွာ ပြန်တဲ့အခေါက်တိုင်း ခံစားမိခဲ့ရတဲ့ ခံစားမှုနဲ့ အတွေ့ အကြုံလေးများစွာကို စုပေါင်းပြီးတင်ပြထားခြင်းဖြစ်ပါတယ်။လွန်ခဲ့တဲ့ ၄လလောက်က နောက်ဆုံးတခေါက်ပြန်ခဲ့ စဉ်မှာတော့ အတော်လေးကို ပြောင်းလဲနေပါပြီ ။ ဘာမှ အရစ်မခံ အစစ်မခံရဘဲ လျှောလျှောလျှုလျှု ပေါ့) . :))
ခုလို နှစ်သစ်အကူး အခါသမယမှာ အမိပြည်တော်ဆီသို့  ကြွမြန်းကြသူများအားလုံးအတွက် ရွာအဝင်ဂိတ်မှ နွေးထွေးစွာ ကြိုဆိုလျှက်....
အပေါ်က ပုံလေးတွေကို google search မှ ရယူထားတာဖြစ်ပါတယ်
►Posted by
:kiki
:
at
4/11/2009 02:43:00 PM
Subscribe to:
Post Comments (Atom)
8 comments:
သေချာဖတ်သွားပါတယ်။
ဖြစ်တည်ပြောင်းလဲမှုတွေအတွက်
ဝမ်းမြောက်စွာနဲ့ အမြဲလက်ကမ်းကြိုပါတယ်။
စိတ်ကူးကောင်းကောင်း
အတွေးကောင်းကောင်း
အရေးကောင်းကောင်းနဲ့
ဖော်ပြပေးလို့ ကျေးဇူးပါ .......။
နှစ်သစ်မှာ
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့
ပြည့်စုံပါစေ ..
Oh my god!
ရေးသားချက်ကတော့ မိုက်ပါပေ့ကွယ်။ တော်ပါပေ့။ မကြာမီကမှ ပြန်ရောက်လာတော့ မျက်စိထဲ ကွက်ကွက်နဲ့ ကွင်းကွင်းပါပဲကွယ်။
...မှန်ကန်စွာပြောတဲ့စကားကို ဟိုအပျို ဒီအကိုတွေက မယုံကြပေဘူး၊
အဖိုးမတန်ပေမဲ့  သူခိုးကြံ ကြံလို့  ပြည်သူ့ ဘဏ္ဍာခွန် ဆက်သပါမှ
ဤနေရာက ခွာရမယ်တဲ့ လေး...
ဗိုက်ကလေးဆိုရင် ဒီလိုပြောလိမ့်မယ်...
"ထူးဆန်းပါပေ့ ဆရာတွတ်ရယ်..." လို့ 
"သြော်... ဒီကနေ့ ကံမကောင်းပါလား ..."
ခိခိ
အင်း ဒီပုံဆိုရင်ဖြင့် ကျမ ပြန်ဖို့ရာ အတော်လေး စဉ်းစားရဦးမှာပ!
ညလေး
အဖိုးမတန်ပေမဲ့  သူခိုးကြံ ကြံလို့  ပြည်သူ့ ဘဏ္ဍာခွန် ဆက်သပါမှ
ဤနေရာက ခွာရမယ်တဲ့ လေး။
ဪ..ကိုယ့်ရွာပြန်ရ ဒီဒုက္ခတွေ ကြုံရပေမဲ့ 
ပျိုခင်ကညာနဲ့  ဆုံချင်ပါတဲ့ အူတူတူ ဒီလူတယောက်မှာတော့
ရွာအဝင် ဒီပုံပြင်တွေကို ခုံမင်ပါလို့ 
မကြာခင်မှာ တခါတင်မက ပြန်ချင်လှပါပေါ့ မနှေး။
ဟားးးးးးးးးးးးးးးးးးးးးးးးးးးးးးး
မှတ်သားထားပါ့မယ်--
ဒါမျိုးတွေများများရေးဖို့လိုမယ်--
ခင်မင်လျက်
ဖတ်သွားပါတယ်ရှင့်
ကိကိရယ်..ရေးတတ်လိုက်တာ တခွိခွိနဲ့ ရီနေရတယ်
တကယ်ရောက်သွားရင်တော့ မရီနိုင်ဘူး..ဒေါသဖြစ်လွန်းလို့
Post a Comment