မျှော်လင့်တဲ့  ချစ်ဦးသခင်
မချစ်ဖူးလို့  အချစ်ရူး ရူးခဲ့ရ ၊
ဟိုးတချိန်က ဒဏ္ဍရီချစ်ပုံပြင်တစစီကို၊
အသစ်လိုထင် ပြန်ခြေရာကောက်ရရင်ဖြင့်၊
ဘဝင်မချိပေမင့် လိုချင်စွာတမ်းတတာမို့ 
ငိုချင်လာ အခါခါပေမဲ့ 
သကာချို အတိတ်က ဇာတ်ကြောင်း
တမာမဆိုသာ ပြန်ပြောင်းကာ ကြည်နူးရတယ်
မြူးကြွကြွ တန်ခူးလမှာ
ထူးပ ကိုယ့်အကြောင်း (ရူးပ မျောက်လောင်း)
( တန်ခူးလ တာသင်္ကြန်မှာ ရူးခဲ့ ကြတဲ့ ငယ်စဉ်ဘဝလေးများအား အဝေးမှ တမ်းတခြင်း- အမှန်တကယ် ကိုယ်တိုင် လွမ်းဆွတ်နေရခြင်းပါ ။ သင်္ကြန်နဲ့ ပတ်သက်သမျှ အရာအားလုံး ကို ပေါ့ ။ :(( )
ဂမ္ဘီရပညာအရ
ပိတောက်ပွင့်ချိန်တွင် ကြီးမားသော ပန်းအိုးအတွင်း ပိတောက်ကို ဝေနေအောင်ထိုးပါ။ နေအိမ်ရှိ ဘုရားဆင်းတုတော်၏ လက်ျာဘက်လက်တော်မှ ကပ်လှူပါက မိသားစုတွင် ထူးခြားသော ကံပွင့်ခြင်း၊ လာဘ်ဝင်ခြင်းများ ဖြစ်စေသည်။
ကြွေကျနေသော ပိတောက်ပွင့်များကို အခြောက်ခံပြီး ဆောင်ထားခြင်းဖြင့် ထူးခြားသော လာဘ်ပွင့်ခြင်း ဖြစ်စသည်။
ပိတောက်ပန်းခြောက်အမှုန့် အနည်းငယ်ကို အုန်းဆီတွင်ထည်၍ ခေါင်းတွင်လူးထားပါက ထူးခြားစွာ စန်းပွင့်၊ ပီယဓာတ် ကောင်းစေသည်။
ပိတောက်ပန်းပွင့်ခြောက်မှ အမှုန့်အနည်းငယ်ကို သနပ်ခါးတွင့် ထည့်လူးပါက လူချစ်လူခင်ပေါများမည်။ ပြောစကား အောင်မည်။
ပိတောက်သားကို ပျားပိတုန်းပုံထု၍ ဆောင်ထားပါက ရန်ဘယာကင်းဝေးရုံသာမက စီးပွားတက်စေသည်။
ဤအကြောင်းအရာလေးကို ဤနေရာမှ ရယူထားခြင်းဖြစ်ပါသည်။
http://horoscope.phoewa.com/horo/articles.aspx?id=art25
(စကားချပ်)
ကိုယ်တိုင်စမ်းသပ်လိုပါက စမ်းသပ်ကြည့် ကြပါရန်။
ဟုတ် မဟုတ် ဆိုတာ အကြောင်းပြန်ကြားပေးစေလိုပါသည် ။ သုတေသနပြုလုပ်လို၍ ဖြစ်ပါကြောင်း။ အဟဲ
►Posted by
:kiki
:
at
4/10/2009 09:18:00 AM
Subscribe to:
Post Comments (Atom)
6 comments:
သင်္ကြန်ရောက်ရင်
အသစ်အသစ်လို ဖြစ်သွားတတ်တဲ့
မကောင်းတဲ့စိတ်ကို
ဘယ်လို ချိုးနှိမ်ရမလဲ မသိ ..
ဒီနှစ်တော့ ကဲဖြစ်မယ်မထင်
အဖော်တွေ မရှိလို့လေ ..
--
ပိတောက်တစ်ပင်လုံးခုတ်ပြီး
အကျိုးရှိအောင် အသုံးချလိုက်ပါမယ်..
(စည်ပင်က လာဖမ်းရင်) ဒီစာလေး ပြလိုက်မယ်။
လေးစားလျက်
ဝင်းဇော်
ဟာ တကယ်လား ဟိဟိ လုပ်အုံးမှပဲ စွံချင်လို့ ခက်တာက ဟိုတစ်ယောက်ကို ဘယ်နားသွားထားရမလဲဟင်
အမရေ သင်္ကြန်ကို အရမ်းလွမ်းနေတယ် ထင်ပါ့။
ကဗျာလေးက ခံစားရတယ်ဗျာ...
လေးစားလျက်
တောင်ပေါ်သား
အမား က ကဗျာလည်းကောင်းတယ် သင်္ကြန်တွေ သင်္ကြန်တွေ လွမ်းပါတယ်ဆိုမှ ဆင့်ကာဆင့်ကာ တိုးလို့ ရေးနိုင်ကျတယ်ပေါ့ အီအနော်မခံနိုင်တော့ဘူး ပြန်တော့မယ် ဒါပဲ အမားနော်အကြီးလုပ်ပြီး အိမ်ပြန်ချင်အောင် သိပ်မရေးနဲ့ 
ပိတောက်ပန်းခြောက်ကို မြန်မြန်ပို့ပေးပါ...
နှစ်သစ်မကူးခင်စွံချင်ပါသည်..
အမကူပါ...
အရပ်ကူပါ.....
သင်္ကြန်ကိုအမနဲ့ အတူလွမ်းပါသည်.
ပိတောက်ပန်းခြောက်ပို့ပေးရန်မမေ့ပါနှင့်
အမ၏ချစ်ခင်ရသောမောင်လေးဖိုးစိန်
အမြန်စွံချင်ပါသည်
အဟီးးး
မပို့ပေးပါက ဘဝအဆက်ဆက် အပျိုကြီးဖြစ်လိမ့်မည်
ဖိုးစိန်
ပိတောက်---
စမ်းသပ်ကြည့်ချင်ပါတယ် ကိကိရေ----
ပြည်ပ ရောက်နေတော့ ပိတောက်ကမရှိ
ကဗျာဖတ်ရင်း--လွမ်းလိုက်တာ---
ငိုချင်တယ်---
Post a Comment