တန်ဘိုးမရှိတဲ့ ဖိုးသုညလို့ ထင်ခဲ့ မိတယ် တချိန်က ၊
သူနဲ့ ပေါင်းဖက် အရာတွေမှာ ဂုဏ်မတက်ပေမဲ့
အနှုတ်မပြခဲ့လို့ တော်သေးရဲ့ 
မြှောက်တတ်၊စားတတ်ရင်တော့ ဆယ်ဆဆယ်ခါကွာကြမယ်လေ၊
မြှောက်တော့ပွားများ စားတော့ နဲပါး
ဘယ်လိုတွက်ချက် ဆယ်ဆစီပါဘဲ ။
နောက်တဖန် ရှေ့ နောက်နေရာယူကြည့်
တန်ဖိုးတော့ သူမသိပြီ
သူ့ ကိုနောက်မှာတန်းရင်တော့
ဆယ်၊ရာ၊ထောင်၊သောင်း၊သိန်း၊သန်း မက ထူးရ ၊
သူ့ ဖာသာ ရှေ့ မှာနေ ဘယ်လိုမှ အဆင်မပြေပါဘူး။
ဒသမနောက်မှာ သူ့ ကိုထားက
တပါးသူတန်ဖိုး ဖြုတ်ကနဲ ထိုးမကျစေရန်
ကျားကုတ် ကျားခဲ တောင့်ခံပေးမြဲ ၊
ဆယ်လီအသေးစိတ်ထိ တာဝန်သစ္စာစောင့်သိပေး၏ ။
ဪ ....လိုသလို သုံးကြ သုညလေးဘဝ
လူတွေများစွာ ဒီသုညကို အရောင်မျိုးစုံဆိုးကာ
အသုံးချနေကြလေခြင်းနော် ..။
ကိုယ့်ဘဝလည်း ဒီသုညလိုပါဘဲ
မင်းရှေ့ မှာနေရင်ဘယ်လိုမှ အဆင်မပြေ ၊ မင်းဂုဏ်ရည် မတက်စေဘူး
မင်းနောက်ကွယ်မှာ လူမသိစွာနေလို့ 
ဆယ်၊ရာ၊ထောင်၊သောင်း မင်းဘဝကောင်းမယ်ဆိုရင်
ငါ့ဘဝသုည တခုလုံးဆုံးပါစေလေ ၊
ကန့်လန့် ကာနောက်ကွယ်မှာနေလို့  အသုံးတော်ခံပြပါ့မယ် ။
ဒုတိယ အကြိမ် ..သုညလေးတခုရဲ့ တန်ဘိုး ကို ပြန်လည်စမ်းစစ်မိတာ ၊ စတော့ ရှယ်ယာ ဈေးတွေ ကျ နေပေမဲ့  သုညလေးရဲ့ တန်ဘိုးကတော့ မပြောင်းလဲတာ ... ဘာကြောင့်ပါလိမ့် ...
အဟောင်းတွေ အစုတ်ဖြစ်အောင် ဒုတိယ အကြိမ် ဆိုတာကြီးကိုပြန် နူးခိုင်း နေသော သူများ ..စဉ်းစားပြီး အဖြေပေးကြပါ ) :))
►Posted by
:kiki
:
at
4/04/2009 11:46:00 AM
Subscribe to:
Post Comments (Atom)
10 comments:
“ကိုယ့်ဘဝလည်း ဒီသုညလိုပါဘဲ
မင်းရှေ့ မှာနေရင်ဘယ်လိုမှ အဆင်မပြေ ၊ မင်းဂုဏ်ရည် မတက်စေဘူး
မင်းနောက်ကွယ်မှာ လူမသိစွာနေလို့ 
ဆယ်၊ရာ၊ထောင်၊သောင်း မင်းဘဝကောင်းမယ်ဆိုရင်
ငါ့ဘဝသုည တခုလုံးဆုံးပါစေလေ ၊
ကန့်လန့် ကာနောက်ကွယ်မှာနေလို့  အသုံးတော်ခံပြပါ့မယ်။”
ဖတ်ပြီး ရင်ထဲမှာ တမျိုးပဲ ညီမလေး Kiki ရေ... သုညအဖြစ်ပျော်နေတဲ့ သူတွေကိုလည်း လေးစားချီးကျူးမိပါရဲ့...
စတော့ ရှယ်ယာ ဈေးတွေ ကျ နေပေမဲ့  သုညလေးရဲ့ တန်ဘိုးကတော့ မပြောင်းလဲတာ ... ဘာကြောင့်ပါလိမ့် ...
တစ်ကို တစ်ဆယ်ဖြစ်ဖို့---သုံည--ဆိုတာ လိုမြဲပါလေ--
၀၀၀၀၀၀၀၀၀?
ကျနော့်ဘဝကသုံည
တစ်ယောက်ယောက်ကိုရှာနေတယ်
တန်ဖိုးတက်အောင်
အဟီး...
မကြီးကီရေ..တကယ်ကောင်းတယ်။
ပထမတခေါက်တုန်းက မဖတ်လိုက်ရတာ နာတယ်ကွာ။
သုညလေးကို အားကျတယ်။
မှားတရ် မကြီးရ သိလား ။ တစ်ကယ်က သုံညကမှ တန်ဖိုးရှိတာကို လူတွေမသိကြဘူးလေ ။ စဉ်းစားကြည့်လေ ။ ဘယ်ဂဏန်းမဆို သုညနဲ့ပေါင်းရင် သူတို့တန်ဖိုးတက်မယ်နော် ။ တစ်ကျပ်က သုညနဲ့ပေါင်းမှ တစ်ဆယ်လေ ။ ဒါဆို ကိုးတို့ရှစ်တို့ကိုကျော်သွားပြီပေါ့ ။ သုညမရှိရင် တစ်ကျပ်ဆိုတာ ကိုးကျပ်အောက်မှာပါ ။ ကဲ သုညအဖိုးတန်မတန် သုညဆိုတာ ဘာကောင်လည်း တွေးကြည့်ပေါ့ ။
(ကိုရဲ)
ဘယ်ဘုန်းကြီးကျောင်းလဲဗျ..
အလည်လာတာ ကျေးဇူးတင်ပါတယ် မကီကီရေ..သုည အကြောင်းရေးထားတာ အလွန်ကောင်းပါတယ်.. လင့်ထားလိုက်ပါတယ် မကီကီရေ..
သုည.. ဆိုတာ Zero ထင်တယ်နော်.. :D
သူ့မှာလည်း တန်ဖိုးရှိတယ်ဆို.. ရှေ့က ပဲနေနေ.. နောက်ကပဲနေနေ.. သူကတော့ ဘုရင်ပဲ..။ ပြောတာပြောတာ.. အခုတစ်လော ငွေလွဲဈေးတွေတက်နေတာ.. အဲ့ဒီသုံည ကြောင့်ထင်တယ်.. :D
အဟား သုည ဆိုတော့ အိုက်ခီလောက်တို့ နဲ့ တူတယ်
တန်ဖိုးတက်အောင်တော့ လိုက်ရှာရအုန်းမယ်
မကျအောင်လည်းရှောင်ရမယ်
ကြိုက်တယ် အမ ရေးထားတာကို
မထင်ရဘူးငါ့အမတော့
ကောင်းချက်တော့ လွန်လွန်းတယ်
အဟား အမရေ အလည်လာနောက်ကျသွားတယ် ... တောင်းပန်ပါတယ်နော့် ဖတ်ပြီး ခံစားရတာလေး ရှိပါတယ် ဒါပေမဲ့ မပြောတော့ဘူးနော့် သုညဆိုပေမဲ့ အဖိုးတန်တဲ့ သုညတွေ အများကြီး ရှိနေပါတယ် အမရေ
အဖိုးတန်တဲ့ နေရာတနေရာကနေ ဖြည့်ဆည်းပေးနိုင်ပါစေလို့..
လေးစားလျက်
တောင်ပေါ်သား
Post a Comment