ကိုယ့် အတွေး နဲ့ ကိုယ် .....
ရယ်မောခြင်းဖြင့် အသက်ရှည်နိုင်ကြပါစေ။
ဘူးထွားထွား....
ဒီလိုလူတွေ ဘယ်လောက်များ ။
ကိုယ်ထင်ရင် ကုတင်ခြေလေးချောင်း
မူးပြီးထင်တာတော့ ဆက်ဆိုဖုန်းလဲ ဘဝပြောင်း ။
ရွှေလိုချင်တော့ ရွှေပုံမြင်တတ်ပါကြောင်း ။
ရယ်မောခြင်းဖြင့် အသက်ရှည်နိုင်ကြပါစေ။
forward mail ထဲ မှဒီပုံလေးကို ပြန်ကူးပေးလိုက်တာပါ ။
........................................................................................................................................
တုပ်ကွေးသတင်း ဆဌမမြောက် ရက် ။ အိမ်သားများနေကောင်းကြပါသည်။ ............................................................................................................. |
ကြာသပတေးနေ့၊ ဂျူလိုင်လ 30 ရက် 2009 ခုနှစ် 20 နာရီ 16 မိနစ် နယူးဒေလီ (မဇ္စျိမ)။ ။ မြန်မာနိုင်ငံတွင် A (H1N1) တုပ်ကွေးဖြစ်ပွားသူ ၁၀ ဦးရှိပြီဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သော်လည်း ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုစနစ် ညံ့ဖျင်းလှသဖြင့် ကျေးလက်ဒေသများတွင် ရောဂါကူးစက်ရန် အခွင့်အလမ်း ပိုများနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။ |
ထုတ်ပြန်ချက် များအရ လူတုပ်ကွေးဖြစ်ပွားသူ အားလုံးမှာ လေကြောင်းခရီးဖြင့် နိုင်ငံခြားမှ ပြန်လာသူများသာ ဖြစ်နေသည်။
အိမ်နီးချင်း ထိုင်းနိုင်ငံတွင် A (H1N1) ရောဂါကြောင့် လူပေါင်း ၆၅ ဦး သေဆုံးခဲ့ပြီးဖြစ်သည်။ အိန္ဒိယတွင်မူ အင်္ဂါနေ့ကအထိ ရေတွက်လျှင် ကူးစက်ခံရသူ ၄၇၅ ဦးရှိကာ တရုတ်နိုင်ငံတွင်မူ ဇူလိုင် ၂၇ ရက်နေ့အထိဆိုလျှင် ၁၉၃၀ ဦး ရှိသွားပြီ ဖြစ်သည်။
ယခုအခါ A (H1N1) ဖြစ်ပွားမှုသည် ကမ္ဘာတဝှန်းတွင် ဖြစ်ပွားနေရာ၊ နိုင်ငံပေါင်း ၁၆၀ အထိ ရှိလာခဲ့ပြီး၊ လူပေါင်း ၈၀၀
ယခုအခါ A (H1N1) ဖြစ်ပွားမှုသည် ကမ္ဘာတဝှန်းတွင် ဖြစ်ပွားနေရာ၊ နိုင်ငံပေါင်း ၁၆၀ အထိ ရှိလာခဲ့ပြီး၊ လူပေါင်း ၈၀၀
ကျော် သေဆုံးပြီး ဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကမူ လာမည့်နှစ်အတွင်း လူသန်းပေါင်း ၂၀၀၀ အထိ
A (H1N1) တုပ်ကွေးဖြစ်ပွားမည်ဟု မကြာသေးခင်က ခန့်မှန်းချက် ထုတ်ခဲ့သေးသည်။
ကမ္ဘာသူ ကမ္ဘာသားများအားလုံး ကျန်းမာရွှင်လန်းကြပါစေ
►Posted by
:kiki
:
at
7/31/2009 10:30:00 PM
Subscribe to:
Post Comments (Atom)
16 comments:
1111
111
ဟဟ
ရီရတယ်ဟေ့
သူခမျာရွှေအိုးအိမ်သာထင်လို့
ဘယ်ဟုတ်မလဲ
xylophone ဖြစ်နေတယ်
ခွီး၂
ခိခိ ရီရတယ်.... ကိုယ်ထင် ခုတင်ရွှေနန်း ဟုတ်ဘူး... ကိုယ်ထင် xylophone ရွှေအိမ်သာအိုး....။
သြော်... ဖြစ်မှဖြစ်ရလေ...
အပေါ်ကဟာသကျနော်လည်းမေးထဲရဖူးတယ်ဗျ
ရယ်ရတယ်
အင်း....လူလောက်ရောဂါစုံတာလူပဲရှိတော့တယ်
သတိတော့ထားရပေမပေါ့ဗျာ
၇ယ်၇တယ်...
ဖြစ်လိုက်မှဖြင့် ....း))
အိမ်သားတွေနေကောင်းကြတာ ၀မ်းသာပါတယ်...
ဟိုတုန်းက ဘလော့ရွာမှာ
သဘောဆိုးပြီး အပြောကောင်းတဲ့
ကိကိလို အများခေါ်တယ်
ပေါချာချာ ဘလောဂါလေးရယ်
သူအလုပ်လုပ်တဲ့အိမ်က
ရွှေရောင်နဲ့ ကွမ်းအစ်ကို
မူးမူးနဲ့ သေးပေါက်ချကာ
ဘလော့လည်ပြီး လိုက်ပြောတယ်
ငါပေါက်တဲ့ သေးအိုးဟာ
ရွှေအတိနဲ့ လုပ်ထားသတဲ့
ဘလော့ဆောင်နဲ့ ပတ်သက်လို့ 
ပုံပြင်လေး တပုဒ်ရှိခဲ့တယ်
ဘလော့သရဲလေး ကိကိပါ
ခုတော့ ရူးသွားပြီ ခုတော့ရူးသွားပြီ။
မအယ်
ဘွားကီ။ အဲဒီအိမ်သာမျိုးနဲ့မှ တက်မှာနော်။ :P
အိမ်သားမျာ ကျန်းမာတယ်ဆိုတာ သိရလို့ ၀မ်းသာတယ်။
ကဲကဲ.....တီတီငုံနောက် လိုက်နေသော ကျွန်ုပ်မှာ ဘွားဘွားကိ ဟာသအား မန့်လိုက်သည်။
ဝါးးးးးးးးးဟားးးးးးးးးဟားးးးးးးးးးးး ဟုသာ ရယ်လိုက်ချင်ပါတော့သည်။
ဟဲဟဲ
ချစ်ခင်လို့ စနောက်ခြင်းဖြစ်ကြောင်း နားလည်ပါလေ.... ပလွပ်ပလွပ်ပလွပ်.......
ဟီးးးးးxylophone..ကလဲ.အိမ်သာအိုးနဲ့ တူနေတာကိုး..
အဟီးဟီး တကယ်ရယ်ရတယ်။ အမလည်းအဲလိုမဖြစ်အောင်နေအုံး ။ မူးမူး နဲ့  အမြင်မမှားစေနဲ့ အုံး ။
အဲဒီဟာသလေ မောင်ကောင်းထိုက်ဟာသထဲမှာ ဖတ်ဖူးတယ် ဒါပေမယ့် အဲလိုလေးပြန်လုပ်ထားတာကို ကိုသားကြီးပို့လို့ ပြန်ကြည့်ဖြစ်တယ် ရယ်ရတယ် ဟဟဟ ဖွားကိရေ ကျန်းမာပါစေနော် ဘိုင် တာ့တာ
ရေမပါတဲ့ အိမ်သာပဲ တူတော့တူသားဗျ
ပုံလေးဒေါင်းသွားပါတယ်
မကီရေ့ .....။ ရွှေခွက်နဲ့  အိမ်သာတက်တာဖြစ်နိုင်
တယ်။ ဘဝင်ရူး၊ဘုရင်ရူးနေကြတာလေ၊ဘယ်လောက်
ချမ်းသာလဲဆို..ပြည်တွင်းဘောလုံးကလပ်ရှစ်သင်း
မှာသူဌေးကြီးရှစ်ရောက်ထူးထူးကဲကဲပေါ်ထွက်ခဲ့ တာ
ဂုဏ်ယူစရာပါ။ဖြစ်နိုင်ယင်ဖာဂူဆန်တောင်ငှားချင်ငှား
မှာနော်။သူတို့ တွေကဘဏ်ထက်ချမ်းသာတယ်တဲ့ ။
အခုလဲဘောင်းဘီဝတ်ပြီးပုဆိုးဝတ်ဖို့ လုပ်နေကြပြန်ပြီ။
ရွှေပြည်တော်မျှော်တိုင်းဝေးပါပဲမကီ။ စိတ်ညစ်ညစ်နဲ့ 
စိတ်ပျက်စရာကျွန်တော့် အမောသုံးလေး စိတ်ကလေး
မပျက်ခင်ဖတ်ကြည့် ပါအုံးလို့ ။
ဘလော့သရဲလေး ကိကိပါ
ခုတော့ ရူးသွားပြီ ခုတော့ရူးသွားပြီ။
အဲဒါ အဟုတ်လား...
းဝ)
မမကိအစား ၀င်ရှင်းပေးသွားတယ်.. မမကိက သူ့စာဖတ်ပရိတ်သတ်ကို အားနာပြီး မပြောရင် အားလုံးသူတို့တွေ အမှားကြီးကို စွဲသွားတော့မှာစေလို့။ စေတနာနဲ့ ကြားထဲကနေ ငထွားက ခါးဝင်နာပေးတာ
မျက်မှန်လေး
မေဇင်
နဒီမိုးညို
မမကိပြောချင်တာက sexophone
သူတို့တွေထင်နေကြတာက xylophone
sexophone က အိမ်သာအိုးနဲ့တူတယ်
xylophone က ပတ္တလားကြီး
ဘယ်လိုလုပ် အီးအီး ပါထည့်ရမှာလဲနော် :'(
sexophone က ရွှေရောင် နှဲလိုဟာကြီးလေ..
စေတနာနဲ့ ပြေပြတာနော် စိတ်မဆိုးကြနဲ့နော်
:)
Post a Comment