Jul20,2009
ဒီတခါတော့ ရာတမေ လို့  နောက်နေကျ ရေတမာ မောင်ငယ်လေးရဲ့  ရင်နှင့် ရင်း ၍ တဂ်ကြွေးလေး ဆပ်မှ ဖြစ်တော့မယ်
ဆိုပြီး ရေးလိုက် တာပါ။ ခုတလော စိတ်တွေထွေနေတာနဲ့  လည်နေကျ အိမ်လေးတွေတောင် သိပ်မရောက်ဖြစ်တာ လေ ။
ဘာမှ လုပ်ချင်စိတ်မရှိ ၊အတွေးတွေ များနေပြီး နေရတာ မပျော်မရွှင် ၊ ပေါသွပ်လေးတောင် ဆက်မဖတ်ပဲ ပြစ်ထားမိတာ အတော်ကြာပေါ့ ။ စိတ်ကျ ရောဂါ များဖြစ်နေပလား ရယ် လို့  ကိုယ့် ဟာကိုယ် အတွေးပေါက်ပြီး ၊ ကိုယ့် ဟာကိုယ် ခြေချုပ်ချ နေကြည့် တယ် ။ ကိုယ့်ရဲ့  ဇော်ဂျီ ကီးဘုတ်လေး အဝေး ပျံပြေး သွား တာဟာ လည်း အကြောင်း ရင်း တခု ပေါ့ ။
နောက်တော့လည်း ဒုံရင်းပါပဲ လေ ။ အကြောမသေတဲ့  ဒီ ဘလောဂ် ရောဂါ ကြီးက ညောင်မြစ်တွယ်သလို တခါတွယ်မိရင် သေအောင်သတ်ရ တယ်မလွယ်လှ ပါဘူး ။ ပျံ သွားတဲ့ ဇော်ဂျီ ခေါ်မရတော့  ရရာပဲ ဆွဲပြီး ဟိုမစုံ ဒီမစုံ မြန်မာလက်ကွက်နဲ့  ပဲ ကသိုင်းနင်း ပြီး ဟိုးတနေ့ ည က စလို့  ဟိုဝင်ဒီထွက် ပြန်လုပ်ကြည့် တာပေါ့။ မမြင်ရတဲ့ သံယောဇဉ် လေးတွေ နဲ့ ဖွဲ့ ထားတဲ့ ဒီရွာလေး ကို ရွာရိုးကိုးပေါက်လျှောက် လိုက်တာ .၊ ဒီ ရာတမေ အိမ် ရောက်မှ ပြန် သတိရ တယ် ။ သူက အရင် က စာရင်းစစ်များ လုပ် ခဲ့ဖူးသလား မသိပါဘူး ၊ စာရင်းဇယား အတော် တိကျ တာဘဲ ။ သူ တဂ်ထားတဲ့ သူတွေ နာမယ် ဘေးမှာ ရေးထား လိုက်သေး ရဲ့  ၊ အကြွေးဆပ်ပြီး သား သူတွေ ဘေးမှာ ( Done ) ဆိုပြီး အမှတ်အသား နဲ့  လေ ။ ဟားဟား ။ မောင်ရာတမေ ရယ် ။ မြန်မာပြည် ပြန်နေကျ တဲ့  တနေ့ မှာ မင်းကို စာရင်းစစ်ချုပ်မှူး ကြီး ရာထူး ပေးရင် ကောင်းမယ် ။ဒီလို မောင်တိကျ တွေ ရှိမှ တိုင်းပြည်ပျက်နှုန်း လျော့ မှာ လေ ။ အဲ ..ထားပါတော့ ၊ လမ်းလွဲ နေပြီ ။
ရေးရမှာ က ရင်နှင့် ရင်း၍ .... ကိုယ့် စိတ်ကူးလေးတွေ ၊ ခံစားချက်လေးတွေ ၊ ဖြစ်စေချင်တာလေးတွေ ၊ ယုံကြည်ချက်လေးတွေ ၊ သိထား နားလည်ထားတဲ့  အကြောင်းအရာလေးတွေ ကို ရေးသား ဖေါ် ပြပေးတဲ့  ဒီဘလောဂ် လေးတွေ ကို အမြဲ မပြတ် ပြုစု ပျိုးထောင် ပေးပြီး အရိပ်တကြည့် ကြည့် နဲ့  ရှိ နေကြတယ် ဆိုတာ ဘလောဂ် ရေးသူတိုင်း မှာ အတူတူ လောက် ဖြစ်လိမ့်မယ် ။ တချို့လည်း ကိုယ့် အိမ်လေး ကို အမြဲ သစ်လွင်နေအောင် ပုံ သဏ္ဍန် အမျိုး မျိုး ဆင်ပေးကြတယ် ။ တချို့ လည်း အိမ်လည်လာ တဲ့ သူတွေ ပျင်းမနေရအောင် ရသ မျိုးစုံ ပေးစွမ်းတဲ့  စာပေ ၊ဂီတ ၊ အစားအသောက် လေးတွေ နဲ့ တင်ဆက်ကြတယ် ။ဒါက ကိုယ့်ရဲ့  အားထုတ်မှု အပိုင်းပေါ့။
ဒီလို ကြိုးစားပန်းစား ပြုစုပျိုးထောင်ထားတဲ့  ဘလောဂ် အိမ်လေးတွေ မှာ လာလည်တဲ့  ဧည့် သည်တွေကို `ဧည့်ခံကြိုဆိုပြီး ရင်းနှီးစွာနဲ့ စကြ ၊နောက်ကြ ၊ စကားပြောကြ ၊ အကြံပြုကြ ဖို့ နေရာ လေးတွေလည်း ထားပေးကြတယ်လေ ။ မန့်တယ် လို့  ပြောပြော နေကြတဲ့ comment box လေးတွေနဲ့  စီဗုံး လို့  ချစ်စနိုးခေါ် ဆိုနေကြတဲ့ C-box လေးတွေ မှာပေါ့ ။ စီဗုံး မှာတော့ အလွယ်တကူ အော်ဟစ်လို့ ကောင်း .၊ပြီးတော့ ချစ်ဖွယ် ကာတွန်းရုပ်ပြောင် များစွာ နဲ့  ပြောင်နောက်လို့ ကောင်းတာ မို့  လာလည်သူ အများအားဖြင့်  အဲဒီမှာ ခြေရာထားခဲ့ ကြပါတယ် ။ဒါပေမဲ့ သူက တာရှည်မခံဘူးပေါ့ နော် ။ စာများများနဲ့ နှုတ်ဆက်ဖို့  အချိန်မရသူတွေ ကတော့ အတိုကောက် .. ရောက်စ် ၊ မန့် ၊ ပြန် အစရှိတာလေးတွေ စကားလုံး သစ်တွေ တီထွင်ပြီး ရေးကြတာ ..အချင်းချင်းတွေ ကတော့ ဒီ ဘာသာ စကားရပ်ကို နားလည်နေကြပြီ ။
တာရှည်မှတ်တမ်းတငိခံတဲ့  မန့်  ( comment ) နေရာလေး မှာတော့ နောက်တဆင့်  ဝင်ရမှာ မို့  အချိန် မလောက်တဲ့ 
ဧည့် သည်များ က သိပ်ဝင်လေ့ မရှိဘူး ပေါ့။ ဘယ်လိုကြောင့် ပဲ ဖြစ်ဖြစ်ပါ ။ဒီလို ဧည့် သည်လေး တွေ လာခဲ့ ရင် ကိုဘဲ အိမ်ရှင်တွေက ဝမ်းမြောက် ကျေနပ် နေပြီးသား ။ ကိုယ်ရေးထားတာလေးတွေကို အသိအမှတ်ပြု လို့  မန့် ခဲ့တယ်ဆိုရင်တော့ အတိုင်းထက် လွန်ပေါ့ နော် ။ လူ့ သဘော ကိုက ချီးမွမ်းခံ ချင်နေကြတာ မဟုတ်လား ။
ဒီလိုပါဘဲ ၊မတောက်တခေါက်နဲ့  ဝါသနာပါရာ အကြောင်းအရာလေးတွေရေးရင်း ၊ရွဲ့ တာစောင်းတာ တခါတလေတော့လည်း ဒဲ့ဒိုးရေးဖြစ်သွားတဲ့  ဟိုလို ဒီလို ၊ ဟိုလူတွေကို ဆဲသလို ပို့ စ်ကလေးတွေ အတွက်လည်း အမည်မသိသူ တချို့ ရဲ့  ကိုက်တာ ခဲတာ ဆဲတာ တွေ ခံရတဲ့ အခါလည်းရှိတာပေါ့ နော် ။ အဟက် ..စစချင်းတုန်းကတော့ အတော်လေး ဒေါသထွက်မိသား ၊
ဒါပေမဲ့  ကိုယ့် ကို အမြဲ အားပေး နေတဲ့ အမှတ်တရများ ရဲ့ အရှင်သခင် တဦးကြောင့် ဒီလို စောင်းမြောင်းထွေလာ ပို့ စ်လေးတွေ ဆက်လက် အသက်သွင်း နေဖြစ်တာပါ ။ သူကပြောတယ် ။ အဲလို ကိုယ့်နာမည်တောင် ကိုယ်မဖေါ်ရဲ ပဲ နဲ့ သူများတွေကို နောက်ကွယ်ကနေ အော်ဟစ်နေရတဲ့ သူတွေ ကို သူကတော့ သနားတယ် တဲ့။ မှန်တဲ့သူက ဘယ်တော့မှ၊ ဘာကိုမှ ကြောက်စရာ မရှိပါဘူး တဲ့  ။
ပေါက်တတ်ကရ အတွေးတွေ ကို ပေါက်ကရ အရေးတွေနဲ့  တင်ပြနေတဲ့ ဒီဘလောဂ် လေးမှာ မန့် တာမရှိ ။ စီဗုံး ထဲ မှာ စီမရှိလို့  ရေဖြည့်  နေရတဲ့  ကိုယ့် အိမ် ခြောက်ကပ်ကပ်လေး မှာ ပထမ သုံး လ လေးလ လောက် ထိ ကဗျာ မကျ ၊ စာမကျတဲ့  ပေါချာ ချာ လေးတွေနဲ့  ယောင်ပေပေ ဖြစ်နေတုန်း သူများ အိမ်တွေလျှောက်လည်ရင်းနဲ့ သူငယ်ချင်းလေး တချို့ တိုး လာခဲ့တယ်ပေါ့။ ဒါပေမဲ့ ခုချိန်ထိ့ ဘလောဂ်အကျော်အမော် တွေအိမ် ရောက်ရင်တော့ ကိုယ့်ဟာကိုယ် ဖတ်ပြီး ၊ဘာသံမှ မကြားရအောင် တိုးတိုး တိတ်တိတ် ပြန်ဖြစ်တာ ချည်းပါပဲ လေ။ သူတို့ ကို အားကျ ။ ကိုယ့် ကိုယ်ကို အားမရ ဖြစ်ပြီးတော့ပေါ့လေ ။
ဒီလို နဲ့ ပြီးခဲ့တဲ့  မကြာသေးခင် လောက်မှာမှ ကိုယ်ရေးပြီးသား ပိုစ့် အဟောင်း အစုတ်အပဲ့ လေးတွေ ပြန်လှန်ဖတ်ကြည့် တော့မှ ၊မန့် ထားတာလေး တခု ကို မမျှော်လင့်ပဲ နဲ့ ဖတ်မိလိုက်တယ် ။ဒီပို့ စ် လေးပါ ။ အဲဒီ ပို့ စ်လေး ကို ရေးခဲ့စဉ် အခါက အားလပ်ရက် တနင်္ဂနွေ တရက်လုံး လုံး ဘယ်မှ မသွားပဲ စိတ်မကောင်းခြင်းများစွာနဲ့  ရင်နဲ့ရင်းပြီးရေးခဲ့ရတာ လေ ။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ဘယ်သူ့ အသိအမှတ်ပြုတာမှ မန့် တာ မှ မခံခဲ့ရ ပါဘူး ။ ဒီပို့ စ်လေးတင်ပြီး နောက်( ၇ -လ) ကြာတဲ့ အခါကျတော့ မှသာ ပထမဦးဆုံး နဲ့တခုတည်းသော ကော်မန့် လေးကို ဖတ်မိ တာပါ ။ (မမအယ်ဇီ)အမှတ်တရများ ဘယ်အချိန်တည်းက ကိုယ့် စာ အဟောင်းအစုတ်လေးတွေထဲ ဝင်ဖတ် ခဲ့ တာလည်း ဆိုတာ ကိုယ်မသိ ။ အဲဒီ ကော်မန့်လေးတွေ့ လိုက်တော့မှ ၊ အားပေးစကားလေး ပြောခဲ့ တဲ့  သူ့ ကို အတော်လေးကျေးဇူးတင်ခဲ့ ရတာ ။ခုထိပါ ။
ဒါပေမဲ့ ခု လောလောဆယ်မှာတော့ အဲဒီ အားဆေးကြီးတခွက် လည်း အားကုန် နေလို့  အားပြန် ဖြည့် နေတယ် ထင်ပ ။ အားပြည့် တဲ့ အခါ ပြန်လာမယ် လို့  မျှော်နေဆဲပါ ။
ကျန်တဲ့  အခြား အခြားသော မောင်နှမ သူငယ်ချင်းများ ရဲ့  အရောင်စုံ ၊ အရသာစုံ အားဆေးလေးတွေ လည်း ခုဆို အတော်အသင့်  များ လာ ပါပြီ ။
မှီဝဲ နေရတဲ့  အားဆေးတွေ များလွန်းတဲ့ အတွက် အားလုံး ကို တလုံးချင်းစီ ..နာမည် တခု ချင်းစီ မရေးပေးတော့ပါဘူး နော် ။တကြိမ် တခါ သောက်ခဲ့ ဖူးတဲ့ ဆေး တွေရော ၊ နေ့ စဉ် သောက်နေရ တဲ့ ဆေးတွေ ကိုပါ .. အမြဲ သတိတရ တန်ဖိုး ထား လျှက် ရှိနေတယ် ဆို တာ လေး ကို တော့ သိစေချင် ပါတယ် ။
(နာမယ်တွေ တခုချင်းစီရေးရင်း မတော်တဆ ကျန် နေခဲ့ရင် မောင်ဖိုးစိန် လို စိတ်ကောက် စိတ်ဆိုးသူများ ရှိနေမှာ စိုး ၍ မရေးတော့ပါဘူးနော် .. အားလုံးသော မောင်နှမ မိတ်ဆွေများ ရဲ့  ခြေရာလေးများကို အမှတ်တရ ရှိနေမှာပါ )
ကိုယ့်ရင်နဲ့ ရင်းပြီး ကြိုးစား ရေးခဲ့တဲ့  ဒီ ဘလောဂ်လေးကို မမြင်ရတဲ့ သံယောဇဉ်များနဲ့ တဖြေးဖြေးနှောင်ဖွဲ့ လာခဲ့တာ ကြောင့် ၊မမြဲသော သဘောတွေ သိနေပေမဲ့ ခိုင်မြဲနေစေချင်ပါသေးတယ် ။
(မောင်ရာတမေ ရေ ... မင်း ဆီမှာ ရေးထားတဲ့ မှတ်တမ်းဘေးမှာ ( Done) ဆိုတာလေး ထည့် ပေးလို့ ရပြီနော် ။ ကြွေးဆပ်ပြီးကြောင်း
လက်မှတ်ပါ ထိုး ပေးရဦး မလား ...???? )
►Posted by
:kiki
:
at
7/20/2009 01:00:00 AM
Subscribe to:
Post Comments (Atom)
20 comments:
လာဖတ်သွားပါသည်ခင်ဗျာ လေးစားလျှက်
ကိကိရေ
ကိုရေတမာနှိပ်စက်တဲ့ပို့စ်လေးပေါ့..
ကိရေးတာလေးတွေက ပေါ့ပေါ့ပါးပါးလေးနော်...
ဘာပဲဖြစ်ဖြစ် ဖတ်ရတာကောင်းပါတယ်...
ကိဆီရောက်ရင် အမောပြေတယ်...
ဘွားကီ ဝေမျှတဲ့ ဆေးပညာရပ်တွေ ၊ သိသင့်သိအပ်တဲ့အရာတွေကို မြေးလေး လိမ္မာစွာနဲ့ သေချာမှတ်ထားတယ်။
ရှေ့ဆက်အများကြီး ဆက်လက်ဝေမျှပါဦးနော်။
မကိကိ....
ဟုတ်တယ်ဗျာ...
သံယောဇဉ်ဆိုတာ အရောင်အမျိုးမျိုးနဲ့ကိုလာတာ...
တွယ်တာမိရင်ဖြင့် ဖြတ်တောက်မရဘူးပေါ့...
ကျနော်လည်းဒီလိုပါပဲ.... မမြဲမှန်းသိရက်နဲ့ တွယ်တာနေတုန်းပါ..
ဘာပဲဖြစ်ဖြစ်လေ... ကျနော်တို့ ဘလော့ဘ်ဂါတွေ စုစုစည်းစည်းလေးနဲ့ တဦးအခက်အခဲ တစ်ဦးရင်ဖွင့်လို့
ဝိုင်းဝန်းဖြေရှင်း ကူညီပေးကြပါစို့ဗျာ...
ခင်တဲ့
ပြည့်ုစုံ (ဝေါသားလေး)
ဟုတ်တယ် အစ်မရေ
အစ်မပြောသလို ကျွန်တော်လဲ ဘလော့ လုပ်လာတာ ကြာပြီး အခု ဒီဘလော့ကျမှ ကော့်မန့် ပေးတာခံရဖူးတယ်
မိုင်စုဘူးမှာလဲ ရေးဘူးတယ် ပေါက်တတ်ကရတွေပေါ့ အဲဒီအထဲမှာလဲ မန့်တာခံဖူးတယ်... အစတုန်းက ဘာသာရေးပဲရေးတယ် .. ဘာသာရေးကတော့ သိကြတဲ့အတိုင်းပဲလေ... ဘာသာရေးဆို စိတ်ဝင်စားမှုက နည်းကျတယ်... ဘာသာရေး လေးနဲနဲ နဲ့ ငါတခြားဟာလေး တွဲရေးမှ ငါ့ဘလော့ အဆင်ပြေမယ်ဆိုပြီး တွဲရေးတာ အခု စိန်ပန်းမြေ ဘလော့ ဖြစ်လာတာပဲ... ဘာသာရေး ဘလော့ကိုတော့ ဒီအတိုင်း လင့်ချိတ်ထားလိုက်တယ် ဖတ်ချင်စိတ်ရှိတဲ့အခါ ၀င်ဖတ်နိုင်အောင်လို့ပေါ့ ... နည်းပညာ ပိုင်းကလဲ သူများကို ဖြန့်ဝေလောက်တဲ့ အသိမရှိတော့ ဒီအတိုင်း ကြီးပဲပေါ့...
အင်း ....... သူ့ ပို့စ်အကြောင်းမပြောပဲ ငါ့ကြောင်းတွေပဲပြောသွားလို့ စိတ်ညစ်နေအုန်းမယ်.. ဘလော့ ရေးသူအချင်းချင်း စာနာ နားလည်မိပါတယ် အစ်မရယ်
ပျော်ရွှင်စရာ နေ့များပါ အစ်မ
မကိရေ...
အရိုးသားဆုံးနဲ့ အပွင့်လင်းဆုံးပြောရရင်
မကိ ဘလော့ကို မအယ်ဆီကနေ တဆင့် သိလာတာပါ
သိကတည်းက အားလုံး ဖတ်ပါတယ်...
ကိုယ်တိုင် နှစ်သက်တဲ့ ဘလော့တွေထဲမှာ မကိဘလော့ကလည်း တခုပါ...
သည်ဘလော့မှာ ရိုးသားမှုကို ကျနော် တွေ့ခဲ့တယ်... ဖြူစင်တဲ့ နှလုံးသားတခုကို ကျနော်တွေ့ခဲ့တယ်...
ဒါကြောင့်လည်း အမြဲဖတ်ပါတယ်...
အစအဆုံးတော့ မဖတ်နိုင်သေးဘူး
တဖြည်းဖြည်းတော့ အချိန်ယူ ဖတ်နေတာပါ...
နောက်တခုက အမြဲတမ်းတော့လည်း ကွန်မန့် မပေးဖြစ်ဘူး...
ဆီပဲုးထဲမှာလည်း ခြေရာ မချန်ဖြစ်ခဲ့ဘူး...
အချိန်မရတာလည်း ပါပါတယ်လို့ ဆင်ခြေပေးပါရစေ...
သိစေချင်တာတော့ အမြဲလာဖတ်နေတယ်ဆိုတာပါပဲ
ညီအကိုမောင်နှမတွေ အဖြူရောင် သံယောဇဉ်တွေနဲ့ အပြန်အလှန် ချည်နှောင်ထားတဲ့ ကြိုးတချာင်းမှာ မကိကလည်း ကြိုးတမျှင်ပါဆိုတာတော့ သိစေချင်ပါတယ်...
သည်ကွန်မန့်ကိုလည်း ကျနော့်ရင်နဲ့ရင်းပြီး ရေးခဲ့ပါတယ်...
ကိကိရေ အကြွေးဆပ်ထားတဲ့ တဂ်ပို့လေး လာဖတ်ပြီး အားဆေးလေး တိုက်သွားပါတယ်၊ ရေးထားတာ တကယ် ပေါ့ပေါ့ပါးပါးလေး ဖတ်လို့ ကောင်းပါတယ်
မကြီးကိ ကျနော်နှိပ်စက်တာ မဟုတ်ဘူးနော်... ကျနော်မြင်တဲ့ အမြင်လေးအပေါ်မှာ တခြားသူတွေ ဘယ်လိုမြင်လဲ.. ပြီးတော့ သူတို့ကြောင့်ရတဲ့ ပိတီကို သူတို့ကို ကျေးဇူးတင်ကြောင်း ပြောဖြစ်စေချင်လို့ပါ.
အမှတ်အသားကလည်း ကျနော့်အတွက်ပါ။ တခါတလေ အမှတ်မှားပြီး လာနောက်မိမှာစိုးလို့ပါ။ မကြိုက်ရင် ပြန်ဖြုတ်ပေးပါ့မယ်။ တယောက်ကစ သေသေချာချာလေး မန့်မယ်ဆိုရင် အားလုံးသောသူတွေလည်း လိုက်ပါနိုင်မယ်လို့ ယုံကြည်လို့ပါ။
မမရေ.... မမရဲ့ ရင်နှင့်ရင်းထားတာလေး ကဖတ်လို့ကောင်းတယ်.... ရိုးရိုးရှင်းရှင်းလေးနဲ့... မမြဲသောသဘောတွေ သိပေမယ့် ခိုင်မြဲနေချင်သေးတယ်တဲ့
..နောင့် လဲ အဲ့လိုပဲ....း)
ခင်တဲ့
မေဇင်
မမအရေးအသားလေး..တွေ.အရမ်းကောင်းတယ်
ရီစရာလေး..တွေ..ထည့်ရေးတတ်လို့..ပိုခင်ပါတယ်..ရှင်
မမရေ
တက်ဂ်ပို့စ်လေး လာဖတ်ပါတယ်နော်။ အားဆေးလဲထိုးပေးခဲ့တယ်။ မမြင်နိုင်တဲ့ သံယောဇဉ်တစ်ခုနဲ့ မမကိုချစ်ပါတယ်။ အမြဲလဲရောက်ဖြစ်ပါတယ်။ ဒါပေမဲ့တစ်ခါတစ်လေ ခြေရာ မချန်ဖြစ်ဘူး( သူဌေးကတော် နောက်မှာရှိနေရင်ပေါ့လေ)။
ကော့မန်လေးတွေ အတွက် ခံစားရတာချင်းကတော့ အတူတူပါဘဲမမရယ်။
မမပျော်ရွှင်ပါစေနော်
လက်မှတ်ထိုး ၊ လက်မှတ်ထိုး ကြွေးဆပ်ပြီးကြောင်း
လက်မှတ်မထိုးရင် တရားမ၀င်ဘူးနော်။ :P
ကီကီးရေ...
လာဖတ်ပြီးကြောင်းပါ။
လာဖတ်သွားပါတယ်... အဟောင်းတွေပါဖတ်သွားတယ်
လင့်ပေးထားတဲ့ ပို့စ်လေးကို သွားဖတ်ပြီး စိတ်မကောင်းဖြစ်၇တယ်...။
ဖွားကိရေ အဟီးးးး ဘာတုံး ပြောလိုက်ပါ မအားရင် မအားဘူး ပေးတဲ့ comment ကများလို့ပြန်မဖော်ပြနိုင်ဘူးပေါ့ ဟွန်းးး များလဲ အဲဒီနေ့က edit လုပ်ရတာ သေတော့မယ် ဖူးးးးးး ဒါတောင် မစနေလို မဟုတ်ရင် ဟုတ်များဟုတ်ရင် သေလိမ့်မယ် ဟဟဟ
ဖတ်သွားတယ်နော် ဘိုင်
အမည်မဖေါ်ဘဲဆီဗုံးမှာလာလာနှက်ကြတာ
အခြောက်ကြီးတွေလားမသိဘူး
ကျနော့်အကြွေးကျေတာကြာပေါ့ကွယ်
ငှဲ..ငှဲ..ငှဲ :P
ကျနော်လဲကော့မန့်တွေရရင်အားတက်တာလေ
စိတ်ကောက်တယ်ဆိုတာက ကိုယ်ချစ်တဲ့အမတွေ အကိုတွေကိုချစ်လို့ပါ ဟဲးးး
ဘာပြောပြော မကြီးကီးရဲ့ ကော့မန့် တိုင်းက ကျနော်ကိုပြုံးပျော်စေတာအမှန်ပဲ..
မကြီးကီ မန့် တဲ့ကော့မန့် တိုင်းကိုသဘောကျတယ်...
ကျေးဇူးလဲတင်တယ်
ပိုစ့်လေးက အရမ်းကောင်းတယ်
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်
ဖိနပ်မှာဆေးသုတ်ပြီး အးဆေးလာပို့ပါတယ်..။
ခြေရာထင်ထင်ရှားရှားကျန်အောင်လို့ပါ....။
အားတဲ့အချိန်လေးထဲမှာ ရင်းနှီးတဲ့အိမ်တွေကို အချိန်
ရသလောက် လိုက်လည်ပြီး အားဆေးလေး ချန်ခဲ့နိင်အောင် ကြိုးစားပါတယ်...။
ကမ်းခြေသွားဖြစ်တယ် တညအိပ်ပါပဲ..မကီကိုလည်း
သတိရမိသေးတယ်....။
အချိန်နဲနဲခြားပြီး နောက်တခေါက်ထပ်သွားပါအုံးမယ်
မကီကို လိုက်စေချင်ပါတယ်...။
...ခင်မင်သောအားဖြင့်....
ရာတမေကို တွေ့ရင်ပြောပေးပါ...
မရေးရင် ဘယ်လောက်ပေးမှာလဲလို့...
းဝ)
Post a Comment