တွေးမိပြန်ပြီ ဒီထောင် အကြောင်း။
ထောင်ဆိုတာ ကို မကြိုက်လွန်းလို့ ညအိပ်ရင်တောင် ခြင်ထောင် မထောင်အိပ်တာ အတော်ကြာပါပေါ့ ။
အိမ်ထောင်ဆိုတာလည်း ခပ်ကြောက်ကြောက် ။
ဟိုက ဒီက အတို့ အထောင် တွေနဲ့ လည်း ဝေးအောင် ရှောင်ပါခဲ့ ။
လက်မ တောင် ထောင်မိမစိုးလို့ ရိုက်ချိုးဖို့  ကြိုးစားတဲ့ ဒီအချိန် ။
ယောကျာင်္းကောင်း မောင်းမ တထောင် လို့  ၊သံကောင်းဟစ်သူ တွေလည်း အထင်မကြီး မိပါဘူး ။
တမင်တကာ ထောင်ခြောက်ဆင်ပြီး၊ ကောက်ကျစ်ကြတဲ့ ငမိုက်သားတို့ ၊သောက်ဖြစ်မှ မရှိပေဘူး ။
ယုန်ထောင် ကာ ကြောင်မိတာလည်း မဟုတ် ၊ ညစ်ကျယ်ကျယ် အကြံတွေထုတ်တာ ။
ဒီမသမာကောင်တွေအလုပ်ပါဘဲလေ ။
ကျားငါးသိန်းအားက မိန်းမသားတယောက်ကို ကြောက်ဖျားကာ ခြောက်ခြား နှေတာတော့
အများမြင်တယ် ၊ဟားချင်တယ်ကွယ်။
မဟုတ်တရုတ် ကြံဖန်လုပ် ။ ကိုယ့်ရုပ်မှ ကိုယ် အားမနာ ။မတန် မရာလည်း ထိုင်ချင်သေး ။
နောက်ကြောင်းကလည်း မအေး နဲ့ ။ မသေခင်မှာ ယစ်ထားကြဒီစည်းစိမ် တွေ ။
နေဝင်ချိန် ဆိုတာ ရှိရ မှာ ပါဘဲ ။ အလှည့် ကျ မနွဲ့စတမ်းပေါ့ ။
အလှမ်းမဝေးတော့တဲ့ အခါ၊ မကြာမှီ လာမည်သေချာခိုက် ၊
ကိုယ်မိုက် သမျှ ကိုယ် ပြန်ဆပ်ရဦးမည် မို့ ၊၊
ကိုယ်စိုက် သမျှ ကိုယ် ပြန်ရိတ်ခါသွား
ဘဝတောင် မခြားစေဘဲ ၊ လည်လိမ့်မယ် ဒီဝဋ် တွေက
နောင် သံသရာ အဆက်ဆက် ထိမှန်း ။
သေချာစွာ တွေးကြည့်ကြစမ်း ။
Prison in Austria~!
ဒီအပေါ်မှ ပုံလေးကတော့ သြစတြီးယား နိုင်ငံက တကယ်ပြစ်မှုကျုးလွန်ခဲ့ ကြတဲ့ ရာဇဝတ်သားတွေ ကို ချုပ်နှောင် ထား တဲ့ အကျဉ်းထောင် ပါတဲ့။
အကျဉ်းထောင်လို့ သာဆို ပေမဲ့  ဘယ်မှာ ကျဉ်း လို့ လဲ လေ။ ဒါပေမဲ့ အဲဒါကြီးက နေဘီဒေါ် ကြီးလောက်တော့ မကောင်းသေးဘူးတဲ့ ။ အဟေးဟေး
*$+@^!& , ♪♪ ♪♪♪ ♪♪♪♪ ♪" ဒါပေမဲ့  နေရာချင်းတော့ မလဲနိုင်ပါ။ မြန်မာပြည်သားတယောက် ဖြစ်ရတာ ဂုဏ်ယူပါတယ်ကွာ ။ အိုး လမ်းဘေးရောက်ရောက်။ ဂျေးထဲရောက်ရောက် အဖြစ်ဟာ မလွယ်ပါလား .... ♪♪ ♪♪♪ ♪♪♪♪ ♪ %^(#!^+$
(စိုင်းထီးဆိုင် အမှတ် တရ )
ဦးနှောက်ထဲ ပိုးဝင်သွားခြင်း မဟုတ်ပါ ။
ဆူပွက်နေသော ဦးနှောက်များ အေးစေရန် ၊ ဆိုချင်သလို အော်ဆိုခြင်း ဖြစ်ပါသည် ။
လူအချင်းချင်း ချုပ်နှောင်ခြင်း ကင်းဝေးကြပါစေ ။
တုပ်ကွေးသတင်း ။။။။
ပဉ္စမမြောက်နေ့  ။ နေကောင်းကြလိမ့်မည်ဟု ထင်ပါသည် ။
မမေး ။ မကြား ။မရ ။ မသိ
ကျေးဇူးတင်ပါသည် ။
►Posted by
:kiki
:
at
7/31/2009 01:00:00 AM
Subscribe to:
Post Comments (Atom)
14 comments:
ဓူဝံကြယ်လင်းလက်တာမြင်ရပါစေဒီနေ့
ဆေးလာတိုက်တယ်လှုပ်သောက်ပါ
ရထားကြားကားကြား မြစ်ကမ်းပါး တိုက်မြင့်များမသွားပါနှင့်
မကီကီရေ အလှည့်ကျ မနွဲ့ကျစတမ်းပေါ့ ... ဒီကောင်တွေ အလှည့်ရောက်ရင်တော့လား.. အင်းအခုတော့ မပြောတော့ဘူး... ရောက်လာမှ လုပ်ပြမယ်ဟေ့....
ကမ္ဘာကျေတောင် ဥဒါန်းမကျေဘူး..
အကောင်းဆုံးကို ယုံကြည်ထားသလို အဆိုးဆုံးကိုလည်း မျှော်လင့်ထားကြပါစို့...
သူတို့တွေဝဠ်ပြန်လည်မှာသေချာပါတယ်... ဒါပေမဲ့စောင့်နေရတာကြာပြီ...
မကြာတော့ပါဘူး ဒင်းတို့  ငရဲအိုးကို ခုန်ချကြမယ်ဆိုတဲ့ ဝမ်းသာစရာသတင်း။ အဲဒီအခါကျရင် လက်ခုပ်လက်ဝါးတီးလိုက်ကြရအောင်။
မကြာတော့ပါဘူး...... အသက်လဲ ကြီးလှပြီလေ...သေမင်းကိုတော့ သူတို့ အကောက်ကြံပြီး လာမခေါ်အောင် လုပ်လို့မရလောက်ပါဘူး...။
၁၀ နာရီထိုးခါနီးလေ ရင်တုန်လေဘဲ
ဖွားကိရေ..
မမကိ..ရေ..သူတို့ မိုက်ပစ်..သူတို့ .ခံရတော့မှာပါ.
အသက်လဲ..ကြီး.လို့ .အဝီစိသွားဖို့ လဲ..နီးလာပြီ.ပဲနော်
ီဖတ်ရှုသွားပါတယ် ခင်ဗျာ
သူဘ၀နှင့် သူသာ ခံရမှာပါ
ဆေးပုလင်း လှူပ်သောက်နော် ဖွားကိး))
ဒီလောက် များ ကောင်းရင် မြန်မာပြည် ကဆင်းရဲသားတွေ ထောင်ထဲပဲ ပို့ ထားလိုက်တော့မယ်..
ရယ်စရာ ပြောတာပါ.. ဟဲဟဲ
ဖတ်ရှုသွားပါတယ် ကာရံ အစပ်ကောင်းလိုက်တာနော်
ကိုယ်စိုက်တဲ့ပင် ကိုရိတ်သိမ်းရမှာပါ
ကြားထဲကနေ အမျှယူသလို ဒေါသတွေ ဖြစ်မနေပါနဲ့ဗျာ... ဘာဖြစ်လို့လဲဆိုတော့
အဲဒီဒေါသကို အစ်မပဲပြန်ရိတ်ရမှာမိုလို့ပါ.....
လောဘနဲ့သေပြိတ္တာပြည်
ဒေါသနဲ့သေ ငရဲပြည်
မောဟနဲ့သေ တိရစ္တာန်ပြည်ပေါ့
သူများအမှားကို ကိုယ့်အမှားဖြစ်အောင် လုပ်လိုက်တဲ့လူလောက် သနားစရာကောင်းတာမရှိပါဘူး အစ်မရေ
အကြံပြုတာပါ(ဘာသဘောထားမှ မပါပါဘူး) မိတ်ဆွေဆိုတာ အမုန်းခံပြီး မိမိအကျိုးသည်ပိုးချင်း ဆိုတာ နားလည်နိုင်ပါစေ........
စေတနာဖြင့်ပါ။
ကာရံတွေ နဘေတွေနဲ့ပါလားဟရိုးးးးး
နိပ်ဟ !!!!
ကောင်းလေစွ
ရှေးဟောင်းဗမာရုပ်ရှင်သရဲကားကြီးတစ်ခုမှာ အဒေါ်ကြီးတစ်ယောက်က ထမီခြုံလိုက်တာနဲ့လဒဖြစ်ရော
ဟီးးးး ဒို့ဘဘကြီးနဲ့နောက်လိုက်တွေကိုထမီခြုံပေးလိုက်ရင်ဘာဖြစ်သွား
မလဲမသိဘူး လဒထက်တော့နိမ့်လိမ့်မယ်မထင်ဘူး
သူတို့ကအကောင်းစားကြီးတွေဆိုတော့ :P
တစ်မနက်လုံး မောရသုတ်တွေရွတ်နေလို့ မရောက်ဖြစ် ဘူး။ နောက်တော့ ကွန်နက်ရှင်အဖြတ်ခံရတယ်။ ဒါကြောင့် ခုမှလမ်းပေါက်တော့တယ်။
ရယ်ရအခက် ငိုရအခက်ပဲ အမရေ...။
Post a Comment