ိ
ဝ တဲ့သူများ ဘာလို့ ပိန်ချင်ကြတာလည်း ဆိုတာ အကြောင်း တခုတော့ရှိမယ်နော်.. တချို့ ကျတော့လည်း တခု မကသော အကြောင်းများကြောင့် ဖြစ်မယ် ..
လငိ နဲ့ မယား လျှာနဲ့ သွား ။ အဟက် ဘယ်သူက လျှာ ၊ ဘယ်သူက သွား လည်းတော့ မသိပါဖူး ။
ခံရတဲ့ဖက် က လျှာ လို့ ပဲ မှတ် လိုက် ။ သွား ကတော့ သူများကို အမြဲ ကိုက် နေမှာပဲ ။ အဆင်မသင့် ရင် အကုတ် အဖဲ့  လေးတွေလည်း ပါလိမ့်မယ် ။
ဒီပုံလေး ထဲ က ဘူဒါးကြီး ကတော့ သနားစရာ ပါ ။ နေရင်း ထိုင်ရင်း နဲ့ ကို သမ ခံနေရတယ် .ယနေ့ လည်း တွတ်ပီ ကံမကောင်း ပါ ပေါ့ .. ။
ခုခေတ် အမျိုးသမီး များ ( ကြီး၊ လတ်၊ ငယ် ရွယ် မရွေး) ဘယ်သူမဆို ပိန်ပိန် သွယ်သွယ် လှတ ပတ လေး တွေ ဖြစ်ချင်ကြမှာပေါ့ နော် ။ ( ဟဲ ဟဲ ပိန်ချင်တယ် ဆိုတဲ့ မမ..ကြီး ရေ .. ဒီလို ပဲ မဟုတ်လား ။သူ့  ယောကျီင်္ား ခမျာ တော့ ဒီပုံ ထဲ ကလို သနားစရာ လေး ပဲ နေမှာ လို့ တွေး နေမိသေး .. အဟေး )။
ဒီတော့ ....ပိန်အောင် လုပ်ကြ မှာလား ။။ ယောင်္ကျားကို ပဲ ဗလ အားကိုးနဲ့ အနိုင် ကျင့် ချင် ကြလား .။ ကြိုက်ရာ သာရွေး ကြပါတော့ နော် ..
ဝ တဲ့သူများ ဘာလို့ ပိန်ချင်ကြတာလည်း ဆိုတာ အကြောင်း တခုတော့ရှိမယ်နော်.. တချို့ ကျတော့လည်း တခု မကသော အကြောင်းများကြောင့် ဖြစ်မယ် ..
လငိ နဲ့ မယား လျှာနဲ့ သွား ။ အဟက် ဘယ်သူက လျှာ ၊ ဘယ်သူက သွား လည်းတော့ မသိပါဖူး ။
ခံရတဲ့ဖက် က လျှာ လို့ ပဲ မှတ် လိုက် ။ သွား ကတော့ သူများကို အမြဲ ကိုက် နေမှာပဲ ။ အဆင်မသင့် ရင် အကုတ် အဖဲ့  လေးတွေလည်း ပါလိမ့်မယ် ။
ဒီပုံလေး ထဲ က ဘူဒါးကြီး ကတော့ သနားစရာ ပါ ။ နေရင်း ထိုင်ရင်း နဲ့ ကို သမ ခံနေရတယ် .ယနေ့ လည်း တွတ်ပီ ကံမကောင်း ပါ ပေါ့ .. ။
ခုခေတ် အမျိုးသမီး များ ( ကြီး၊ လတ်၊ ငယ် ရွယ် မရွေး) ဘယ်သူမဆို ပိန်ပိန် သွယ်သွယ် လှတ ပတ လေး တွေ ဖြစ်ချင်ကြမှာပေါ့ နော် ။ ( ဟဲ ဟဲ ပိန်ချင်တယ် ဆိုတဲ့ မမ..ကြီး ရေ .. ဒီလို ပဲ မဟုတ်လား ။သူ့  ယောကျီင်္ား ခမျာ တော့ ဒီပုံ ထဲ ကလို သနားစရာ လေး ပဲ နေမှာ လို့ တွေး နေမိသေး .. အဟေး )။
ဒီတော့ ....ပိန်အောင် လုပ်ကြ မှာလား ။။ ယောင်္ကျားကို ပဲ ဗလ အားကိုးနဲ့ အနိုင် ကျင့် ချင် ကြလား .။ ကြိုက်ရာ သာရွေး ကြပါတော့ နော် ..
အောက် မှာ ရေး ပြ ထားတာ တွေ က ဒီဆိုဒ် ထဲ က အချက် တွေ ကို ပြန်လည် တင်ပြ ပြီး ဖြည့်စွက် ထား တာ ပါ ။
လူတိုင်းအတွက် အသက်ရှည်စေတဲ့ ဆောင်ပုဒ်ကတော့
*လေရှူ ၊ လမ်းလျှောက် ၊ ရေပိုသောက် ၊ ဆီငန်သကြား လျှော့လို့စား * .... ဖြစ်ပါတယ်။
The Longer Your Belt, The Shorter your Life..
*ခါးပတ်ရှည်လေ..အသက်တိုလေဖြစ်ပါတယ်..*
-ကိုယ်အလေးချိန်ပုံမှန်ရှိသူတွေ ရော ၊ အိုဗာဝိတ် ၊ အဝလွန် နေသူတွေအတွက် ပါ လေ့ကျင့်ခန်းလေးတွေ အလိုက် အသုံး ပြု ရတဲ့  အင်အားဓါတ် သုံးစွဲ မှု တွေ ပါ…
(1).လူတစ်ယောက် ထိုင်ခုံမှာထိုင်နေရင် တစ်နာရီလောင်ကျွမ်းတဲ့ ကယ်လိုရီမှာ 80Cal/hr ဖြစ်ပါတယ်။
(2).တစ်နာရီကြာ ဘော်လီဘော ကစားရင်(သို့) တစ်နာရီကြာ ဝိတ်မမယ်ဆိုရင်လောင်ကျွမ်းတဲ့ ကယ်လိုရီမှာ 215 Cal/hr ဖြစ်ပါတယ်။
(3). တစ်နာရီကြာ ဂေါက်ရိုက်ရင် လောင်ကျွမ်းတဲ့ ကယ်လိုရီမှာ 80 Cal/hr ဖြစ်ပါတယ်။ ( ဂေါကိရိုက်တာကြီး က ပိုကိဆံလည်း ပိုကုန်သေး ..ပြီးတော့ ပိန်ဖို့ လမ်း ကလည်း အနည်းဆုံး ။ ထိုင်ခုံပေါ် ထိုင် သာနေလိုက် ပါတော့ . အတူတူ ပဲ လေ )
(4). တစ်နာရီ(4) မိုင်နှုန်းနဲ့ တစ်နာရီ လမ်းလျှောက်ရင် 325 Cal/hrဖြစ်သွားပါပြီ။
(5). တစ်နာရီကြာ လှေလှော်မယ်ဆိုရင်တော့ 360 Cal/hr ဖြစ်ပါတယ်။
(6). တစ်နာရီကြာ ချစ်သူနဲ့ နှစ်ပါးသွားကမယ်ဆိုရင်တော့ 390 Cal/hr ပါ။ ( အို .. ဘာ ကို ဆိုလိုတာ ပါလိမ့် နော် )
(7). တစ်နာရီကြာ တောင်တက်မယ်ဆိုရင် 430 Cal/hr ဖြစ်ပါတယ်။
(8). Aerobic တစ်နာရီကြာ ကစားရင်တော့(သို့) တစ်နာရီ တင်းနစ်ရိုက်ရင် 505 Cal/hr
ဖြစ်ပါတယ်။
(9). တစ်နာရီကြာ စကိတ် စီးတာပဲဖြစ်ဖြစ် ဟော်ကီကစားတာပဲဖြစ်ဖြစ် 575 Cal/hr လောင်ကျွမ်းပါတယ်။
(10). တစ်နာရီကြာ ကရာတေးဒို ကစားတာဖြစ်စေ.. စက်ဘီးကို တစ်နာရီ(15)မိုင်နှုန်းနဲ့ တစ်နာရီကြာ စီးတာဖြစ်စေ.. တစ်နာရီ(6)မိုင်နှုန်းနဲ့ ပြေးတာဖြစ်စေ 750 Cal/hr လောင်ကျွမ်းပါတယ်။
(11). ရေကူးတာကတော့…790 Cal/hr နှုန်းနဲ့ လောင်ကြွမ်းမှု့အများဆုံးဖြစ်ပါတယ်..။
ကဲ..ကြိုက်တဲ့လေ့ကျင့်ခန်းကို ရွေးချယ်နှိုင်ပါပြီ……. :P
- ကဲ ... ဝိတ်ချ ကြမယ်လား .... ဇမ်ဘာ လုပ်နေတဲ့ ဘလောဂါ မမ ၂ ဦး အတွက် အေရိုးဘစ် ကတာ ပို ကောင်း လား တော့ မသိပါ ။ သိရင် ပြော ပြ ပါအုံး ။ ဘယ်ဟာ ပို ကောင်း သလဲ လို့  ။။
►Posted by
:kiki
:
at
7/21/2009 01:00:00 AM
Subscribe to:
Post Comments (Atom)
24 comments:
ဖွားကိက တော်တော် ဒေါသကြီးတာပဲ....
လန့်တောင်လန့်တယ်...းD
းဝ)
အဟမ်း!! အဟမ်း!!
တစ်နာရီကြာ ချစ်သူနဲ့ နှစ်ပါးသွားကတယ်ဆိုတာကဘာကြီးတုန်း?
မြိုင်ထလား?၊ ထွက်တော်မူခန်းလား?
ရှင်းရှင်းလင်းလင်းလေးလုပ်ပါဂျ
ကလေးဆိုတော့နားလည်ဘူးရယ် ဒါတွေကို :P
မကိ... မကိ...
လုပ်ချလိုက်ပြန်ပြီ...း)
နောက်ကျအိပ်လို့ နောက်ကျထလို့ ခပ်သွက်သွက်လေး ပြေးကြပါစို့။ :) ရုံးနောက်ကျနေလို့.
နောက်နေ့ ဘွားနဲ့လမ်းလျှောက်ထွက်မယ်နော်။
pwar ki....mat tar twar par tal...
aerobics/zumba လုပ်ပြီးရင် ကြွက်သားတက်အောင် နည်းနည်းပါးပါးကစားရမယ်လေ။။ muscles burn more calories
လေရှု ၊ လမ်းလျှေက် ၊ ရေပိုသောက် ၊ ဆီငန်သကြား လျှော့လို့စား
မှတ်သားလောက်ပါတယ်ဗျာ
ကျန်းမာရေး ဗဟုသုတတွေရသွားပါတယ်
အပြစ်ပြောတာနဲ့ ရှက်တာလေး သဘောကြတယ်.. ခုလိုရှင်းပြပေးတာ ကျေးဇူးပါ
ဖွားကိ
မှတ်သားသွားတယ်သိလား
း)
ချစ်တဲ့
မြူးလေး
မကိ...
ကျနော်ကတော့ မလိုဘူးထင်တယ်ဗျ... ဟဲဟဲ...
ဒါပေမယ့်မှတ်သွားတယ်... ပြောပြဘူး ဘယ်သူ့အတွက်လည်းဆိုတာကို... :) :) :)
သင့်တော်မယ့်ဟာပေါ့... ;)
ရေကူးတာအကောင်းဆုံးပေါ့နော်... ရေကူးသင်ရတော့မှာပေါ့....
ဟုတ်ပ.. မိန်းမယူရင် အတော်ရွေးရခက်မယ်.. တချို့တွေက ငယ်ငယ်တုန်းက လှတယ်ဗျာ..အဲ.. ယောကျာ်လည်းရရော ပုံစပျက်တော့တာပဲ.. ကံကောင်းအောင်ဘယ်လိုလုပ်ရပ..ငှဲလျောင်းငှဲလျောင်း..း)
ရေကူးမယ် ရေကူးမယ်... အဲ့ဒါ အကြိုက်ဆုံးပဲ... ဟင့် ဒါပေမယ့် ရေးကူးတတ်ဘူး.... သင်ပေးမမ...
ဝိတ်ချတော့မယ်
ဝိတ်ချတော့မယ်
ပုံထဲကလိုတော့အဖြစ်မခံနိုင်ဘူး
တနားပါဒယ်
တုခမျာ ဘာမှလည်းလုပ်ရဘဲနဲ့
ဘလာချိကြီး စော်ပလော်တီးခံရတာ
ဟားဟားဟား
ကာတွန်းပုံလေး..ကတော့..ရေလည်ရီရတယ်.
ယောကျာ်းကတော့..တော်တော်.အီသွားမှာပဲ..
ခစ်ခစ်...
ပိန်တော့ ပိန်ချင်တယ် လေ့ကျင့်ခန်းတော့ မလုပ်ချင်ဘူး...ပျင်းလို့...
ဝိတ်တော့ ချနေ တာပဲ.. နဲနဲ ပိန်လိုက ပြန်စား လိုက်..
ပြန် ဝလိုက်နဲ့ .. ရေကူး ရမှာ ကြောက်တယ်.. အသားမဲလို့ .. နဂို မဲ တဲ့ လူဆိုတော့.း))
ဖွားကိရေ ကြည့်ပြီး ရယ်သွားတယ် ဟားးးးးးဟားးးးးးးးးး
သူ့ကိုလာဖတ်ခိုင်းရင်းကောင်းမလားမသိဘူး
ပီား ပုံလေးက ရယ်ရတယ်။။။။။။။။။။။
သေချာဖက်သွားတယ်........ အားကစားတော့ လုပ်ဖြစ်တယ် ဒါပေမဲ့ ပိန်ပြီးသားး)
မကီရေ
ထိုင်ရင်းကုန်တဲ့ ကယ်လိုရီကိုတိုးပေးပါ
ထိုင်တာများလို့
:)
ခင်မင်စွာဖြင့်
သီဟသစ်
ဟင့် သူများ မပြေးနိုင်တာ တလလောက်ရှိပီ....
မမကီ
ဒီနေ့ကစပြီး ရေသွားကူးတော့မယ်။ ဟိဟိ
ကျေးဇူးနော်။
ရေတစ်နာရီ ကူးမယ့် အစား ကိုယ့်ချစ်သူနဲ့ ပဲ ၂ နာရီ နေလိုက်ရင် ကောင်းမလား။ အင်း... တော်ပါပြီ။ ရုံးမှာ တစ်နေ့ ၈ နာရီ ထိုင်ပြီးပြီပဲ။ အိမ်ရောက်တော့ TV ရှေ့ ဆက်ထိုင်ရုံပေါ့
Post a Comment