ဦးနှောက် အနည်းငယ်ခြောက်နေတယ် ။အိမ်သားတွေ အကျယ်ချုပ်ကျ နေတာ ၃ ရက်လေးပဲ ရှိသေးတယ် ၊ ၁၃ နှစ်တောင် မဟုတ်သေးပါ ။ ၁၃ နှစ် အချုပ်ခံနေရတာ တော်ရုံလူ ဆို ရူးသွားမယ်ဆိုတာ တွေးကြည့်လို့ ရတယ်။
တူတော်မောင်အတွက်တော့ လုံးဝစိတ်မပူပါ ။လူငယ်ဆိုတော့ ခံနိုင်ရည်အားကောင်းပြီးသား ။သူ့ ကို ဘယ်လိုကုသမှုတွေပေးသလည်း သိချင်လို့  ဖုံးဆက်မေးတော့ ဘယ်သူမှ မသိရပါဘူး ။ ဆေးနာမည်ကို ဆရာဝန်အား မေးပေမဲ့  မပြောပါတဲ့  ။ UN ကပေးထားတဲ့ နောက်ဆုံးပေါ်ဆေး လို့ သာ သိရတယ်။ ထားပါတော့ ဒါက ။အရေးမကြီးလှပါဘူး ။
အရေးကြီးတာက မာတာမိခင်ကျေးဇူးရှင် ။ နဂိုကတည်းက နှလုံး သွေးတိုးရှိပါတယ် ။ဆေးကို ပုံမှန် သောက်နေပါတယ် ။ ဒီည ရင်ဘတ်အောင့်တယ် ။နှာစေးတာကတော့ တပတ်လောက်ရှိပါပြီ ။ ချမ်းတယ် တုန်တယ် ဆိုတော့ အဖျားရှိလာနိုင်တဲ့ လက္ခဏာပါ ။ ဒီတော့ သူ့ ကိုပြောပါတယ် ။ နေမကောင်းရင် ဆရာဝန်ပြပါဆိုတော့ ခုနေပြရင် ဟို နေရာကို ပဲသူ့ ပါခေါ်သွားမှာ တဲ့  ။ အဲလိုတွေးတယ်ပေါ့ ။ ဒါဆို ညရေးညတာ နှလုံးရောဂါ ပြန်ထနေရင် ဘယ်လိုလုပ် မလည်းဆိုတော့ ကိုယ့်ဟာကိုယ်ဘယ်မှ မသွားရဘူးတဲ့ ။သူတို့ ကို အကြောင်းကြားပါတဲ့ ၊သက်ဆိုင်ရာကလူတွေ လာအောင် ဘယ်လောက်ကြာကြာစောင့်ရမလည်း။ ဘယ်သူမှ ချက်ချင်းရောက်လာမှာမဟုတ်ပါဘူး ။ ဒီတော့ ဘယ်လိုလုပ်မလည်း တဲ့  ။
အမေ့ ကို ပြောပြလိုက်ပါတယ် ။ ကိုယ်က ဘာမှ ပြစ်မှု ကျုးလွန် ထားသူ မဟုတ် ။ ကိုယ့်အသက် က ပို အရေးကြီးတယ် လို့  ။ အဲလို အရေးအကြောင်းဖြစ်လာရင် ဘာမှ ဂရုစိုက် မနေနဲ့လို့  ။ သွားသင့်တဲ့ ဆိုင်ရာဆေးရုံသာ အရောက်သွားပါ လို့  ။ နောင်ဖြစ်လာမဲ့ ပြသနာ နောင်မှ ရှုင်းမယ် လို့  ။ အင်း ဘာဥပဒေတွေ ထုတ်ပြီး စွဲချက်တင် မလည်းတော့ မပြောတတ်ပါ ။
နှလုံးရောဂါ ထ နေတဲ့ သူ တယောက်ကို ဝေဘာဂီ ခေါ်သွားလို့ ရမလား ။
တကယ်လို့  ဒီ အိမ်သား ထဲ က နောက် တဦး ထပ်ဖျားရင် နောက်ထပ် ၁၀ ရက်စီ ထပ်တိုး ပြီး အကျယ်ချုပ် လား ၊။ ခု အဲ လို သဘောမျိုး ဖြစ်နေတော့ ....
ခက်ပါတယ် ၊
ကမ္ဘာသူ ကမ္ဘာ သား များအားလုံး ကျန်းမာကြပါစေ ...
( တကူးတက အချိန်ပေး စာဖတ် ဆုတောင်း ပေးသွားကြသူ များ အားလုံး ကို ကျေးဇူးတင်ပါကြောင်း )
ခုလောလောဆယ် ပျော်ရွှင်ဇိမ်ကျ နေသူ ၂ ဦးတော့ အိမ်မှာ ရှိနေပါတယ် ။တူလေး အငယ်ဆုံး နဲ့ တူ မလေး တို့  က ကျောင်းမသွား ရ လို့  ပျော်နေကြတယ် တဲ့ ။ ပြီးတော့ သူ တို့ ရဲ့  သူငယ်ချင်းလေးတွေ က သူတို့ ကြည့်ဖို့  ဗီဒီယို ခွေများ နှင့် စားစရာတွေ ကို အောက်က အစောင့်ဆီ မှ တဆင့်  ပို့ ပေးကြလို့  အတော် ဇိမ်ကျ နေ တယ်တဲ့  ။ အင်းလေ ။။ ဒီလိုဆိုတော့ လည်း ကလေး ဖြစ်နေတာ မှ ကောင်းသေးရဲ့ ။ဘာမှ အပူအပင် မရှိ ဘူး ပေါ့ ။
နောက်တချက် ... သေချာသိရမှ ပြောပါတော့မည် ။ သူတို့ ကြောက်တတ်ကြပုံများ လေ...ဆန့် တငင်ငင်ဖြစ်အောင် ထားခဲ့ခြင်း မဟုတ်ပါ ။ :(
►Posted by
:kiki
:
at
7/29/2009 12:20:00 AM
Subscribe to:
Post Comments (Atom)
16 comments:
ဆန့် ငင် ဆန့် ငင်မထား လို့ တော်သေးတယ်
ဟ ဟ
မပြောချင်ဘူး မပြောလိုပါ လုံးဝကို မပြောချင်ပါ
သက်ဆိုင်သူ တွေကို မပြောလိုပါ
ဟောတော့ ဘွားကီရယ်။ အိမ်သားအားလုံ ကျန်းမာပါစေ။ မြန်မြန်နေကောင်းပါစေနော်။
အမေလဲ ဒီရက်တွေပါ နေကောင်ပါစေ ဆုတောင်ပေးပါတယ် ကိကိရေ
ဆန့်တငင်မထားခဲ့လည်း
ယက်ကန်ယက်ကန်တော့ဖြစ်ကျန်ခဲ့တယ်
ဘယ်အချိန်ပဲဖြစ်ဖြစ်ကလေးဖြစ်ရတာတော့ဇိမ်အကျဆုံးပါပဲလေ
အားလုံး ကျန်းမာကြပါစေဗျာ...
ဆုတောင်းပေးပါတယ်...
အင်းလေ...
တကယ်တော့လည်း
ကိုယ်တွေ့ကြုံမှ ဘယ်လိုဆိုတာ သိကြတာကိုး...
ဆယ်စုနှစ်ကျော် အကျယ်ချုပ်နဲ့နေရတဲ့သူကို ကိုယ်ချင်းစာတတ်သွားပြီဆို
၆၅ နှစ်ကျော် အကျဉ်းချုပ်နဲ့ နေရမယ့်သူတွေကို လူတွေအားလုံး စာနာကြည့်ကြစေချင်ပါတယ်...
မကီး မေမေ ကျမ်းမာပါစေ
နေအမြန်ကောင်းပါစေ
ပကတိအတိုင်း ပြုံးနိုင်ပျော်နိုင်ပါစေလို့
သားတစ်ယောက်က အမေတစ်ယောက်အပေါ်ထားတဲ့မေတ္တာနဲ့ ဆုတောင်းပေးသွားပါတယ်
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်
ကီး မေမေ ကျမ်းမာပါစေ
ဖွားကိတို့အမျိုးတွေခေတ်မှီတယ်နော်
ဟိ ဦးလူထွေးကို ပြောပီးဖွားကိကို blog လည်ခွင့်ပိတ်ထားရမယ်
ဒီလာတာတောင်mask တပ်လာရတယ်
စိတ်ညစ်နေမှာဆိုးလို့ စသွားတယ်
ဘာပြောရမှန်းကိုမသိတော့ပါဘူး... ခလေးတွေဘဲကောင်းတယ်နော်
မမရေ.... နောက်တစ်ချက် သိချင်တယ်လေ...း( ပြောပြ... နောင့် ဆိုရင် လဲ အိမ်မှာ ဇိမ်ကျနေလို့ ပျော်မှာပဲ သိလား... ဟိဟိ... ဒါပေမယ့် လူကြီးတွေကို တော့ သနားပါတယ်နော်...။ အစ်မ မေမေ အတွက် တာဝန်ရှိတဲ့သူတွေကို နားလည်အောင် ပြောပြလိုက်ပေါ့...မကောင်းဘူးလား။
မကီကီရေ ဒါမျိုးက ... ဒီလိုလုပ်ရတယ်.. အထဲမှာ ဒီလိုဖြစ်ရင်.. အပြင်ကလဲ ဆန္ဒလိုက်ပြရတယ်... မကီကီ လဲ အိမ်ထဲမှ အပြင်မထွက်ဘဲ ဆန္ဒပြနေပါလား? အဟိ .... ကလိသွားသည်... တကယ်တော့ ဒါဟာလွဲချော်မှုတခုပါ.. ခုတ်ရာနဲ့ ထစ်ရာတခြားစီပါလား...
ကြီးတော် အဲလို လုပ်နဲ့လေ။ ဆန့်ငင် ဆန့်င်နဲ့
မကီရဲ့ မေမေ အတွက် ဆုတောင်းပေးပါတယ်နော်
ခင်တဲ့ မရောင်
ကိကိတို့မိသားစုတွေ အမြန်ဆုံးကျန်းမာပါစေလို့ဆုတောင်းပါတယ်ဟာ...
မကီကလဲဗျာ.. မိသားစုအရေးဒီလောက်ကြုံရတာတောင်
နိုင်ငံရေးနဲ့ ဆက်ဆပ်ပြီးခနဲ့ ချင်ရွဲ့ ချင်နေသေးတယ်
မြန်မာပြည်နိုင်ငံရေးကသိပ်ညစ်ပတ်လွန်းပါတယ်
မိသားစုနဲ့ သူတို့ ကိုမနှိုင်းပါနဲ့ ဗျာ
ဖွားကိရေ ကဲ နောက်တခါ ဆုတောင်းပေးလိုက်မယ် အိမ်သားအားလုံးကျန်းမာပေါစေ နော်
ဘိုင်
ကိုးနတ်ရှင်သာရှိလို့ကတော့
ကိကီဆိုရင်လဲ အိမ်ထဲကအိမ်ပြင် မထွက်ဘဲ ချက်တင်ဝင်နေမှာ မဟုတ်လား...
သိနေဒယ်နော်.. သိနေဒယ်...
းဝ)
Post a Comment